အော်တစ်ဇင်ဘဝ လှပဖို့၊ ဝိုင်းဝန်းကူညီ လက်ကမ်းစို့ (၄)
မရွှေရည်ဝင်းအိမ်မှ ပြန်လာခဲ့သည်
သြော်
ကိုယ့်လိုမိခင်တစ်ယောက် မြင်ရတော့လည်း စိတ်ထဲ ငါတစ်ယောက်တည်း ကံကွက်ကျားလို့ ကံဆိုးမသွားရာ မိုးလိုက်ရွာနေတာမှ
မဟုတ်တာလေလို့ ဖြေတွေးနိုင်လိုက်တယ်
အင်းးး
တခြားမိခင်တွေတောင် ရင်ဆိုင်နေသေးတာပဲ
ငါလည်း ရင်ဆိုင်မယ်
အိမ်ရောက်တော့ မမျှော်လင့်ပဲ သူပြန်ရောက်နေသည်
ကျွန်မအမျိုးသားလေ
ကို
သြော်
မေ တောင်ပြန်ရောက်ပြီကိုး
ဘယ်သွားတာလဲ
သူ့ကို ကျွန်မ ပြောရခက်နေသည်
ကို သိပါတယ်
အော်တစ်ဇင်အသင်း သွားတယ်ဆို
အော်တစ်ဇင်အသင်းတော့ မဟုတ်ပါဘူး
အဲဒီက ဆက်သွယ်ပေးတဲ့ အော်တစ်ဇင်မိခင်တစ်ယောက်ပါ
သူ စိတ်ဝင်စားသွားပုံရသည်
ဟုတ်လား
ဟိုက ဘာပြောလိုက်လဲ
သူ့ကလေးကရော ဘယ်လိုဖြစ်တာတဲ့လဲ
အားတက်သရော မေးနေသော သူ့ကို ပြန်ဖြေရန်ပင် အားမရှိ
သူလည်း ကိုယ့်လို အော်တစ်ဇင်မဟုတ်လောက်ပါဘူးဆိုတဲ့ အဖြေများ မျှော်လင့်နေလေရော့သလား
အဲဒီအမမှာလည်း အော်တစ်ဇင်သားလေး ရှိတယ် ကိုရယ်
သူက
သူက…
ကျွန်မပြောရင်း ငိုချင်လာပြီ
သူ့ရှေ့၌ မငိုမိအောင် ထိန်းထားရသည်မှာ ပင်ပန်းလှသည်
ဒါပေမယ့် မငိုရဲ
နောက်ဆုံးတစ်ခေါက် ခွန်းတုံ့ပြောရင်း ရုန်းရင်းဆန်ခတ်ဖြစ်ကြရာက ရုံးမှာပဲအိပ်ပြီး အိမ်ပြန်မလာတာပဲ တစ်ပတ်
အခုက ရှစ်ရက်မြောက်
သူက ဘာပြောလိုက်သလဲ
ပြောပါ မေရယ့်
သူ့ကြည့်ရတာ သိပ်စိတ်ညစ်နေပုံ မပေါ်တော့
သူကပြောတယ်
ဒီရောဂါက ဒီလိုပဲတဲ့
လက်ဆုပ်လက်ကိုင် ပြစရာမရှိဘူးတဲ့
ကံအတိုင်းပဲမို့ လက်ခံလိုက်မှ သက်သာမယ်တဲ့
ကျွန်မ ထိန်းထားသည့်ကြားက ရှိုက်သံတစ်ချက် ပါသွားမိသည်
သူ ကျွန်မအနား ရောက်လာပြီး ကျွန်မပခုံးကိုကိုင်ကာ
လက်ခံသင့်ရင်လည်း လက်ခံပြီး တူတူရင်ဆိုင်ကြရုံပေါ့ မေရယ်
အို
ကျွန်မ မျက်ရည်တို့ တားမနိုင် ဆီးမရ ပြိုကျလာပါပြီ
သူကလည်း ကျွန်မကို နှစ်သိမ့်ပါသည်
ကိုလည်း မှားသွားပါတယ်
မေတစ်ယောက်တည်း ဘယ်လောက်ပင်ပန်းလိုက်မလဲ
ကို တစ်ကိုယ်ကောင်းဆန်သွားမိတယ်
မေ့အပြစ်လည်း မဟုတ်ဘဲ မေ့တစ်ယောက်တည်း ထားခဲ့မိတယ်
ကို့ကို ခွင့်လွှတ်ပါ
အမှန်ပါပဲ
သူနဲ့လည်း စကားများ
ကလေးကလည်း ကောင်းစရာမရှိဘူးဆိုတဲ့ သတင်းတွေပဲကြား
အဆင်ပြေလိုပြေငြား ဟိုနေရာပြေး သည်နေရာပြေး
ရုံးကလည်း ခွင့်မရ
မိဘ နှင့် အဒေါ်ကိုလည်း မပြောရက်
ကျွန်မမှာ တစ်ယောက်တည်း တော်တော်ဒုက္ခရောက်သည်
ဒီလိုပါပဲလား
ကိုယ်ချင်းစာမိသည်
အော်တစ်ဇင်မိသားစုတိုင်း ဒီလို ဒုက္ခတွေ ကြုံကြရတာပါလား
အရင်က သည်လို ကလေးလေးတွေမြင်ရင် သူတို့ကိုချစ်တဲ့ မိသားစုကို အထင်ကြီးမိပါသည်
သို့သော် သာမန်မျှသာ
အခု ကိုယ် နဖူးတွေ့ဒူးတွေ့ ကြုံလာတော့မှ ဒီလို ချို့ယွင်းချက်ရှိတဲ့ ကလေးတွေကို တစ်ယောက်တစ်လက်ထိန်းရင်း တွဲလက်တွေ မြဲကြတဲ့ မိသားစုတွေကို အတိုင်းမသိ ချီးကျူးမိတော့သည်
တော်ရုံစိတ်ဓာတ်ခွန်အား၊ တော်ရုံ အကောင်းမြင်နိုင်စွမ်းနဲ့တော့ ဒီအခက်အခဲကို အပြုံးနဲ့ ရင်ဆိုင်နိုင်ဖို့မလွယ်
ကျွန်မရော သူတို့လို လုပ်နိုင်ပါ့မလား
မေ
ကိုတို့ နောက်နေ့ ဆရာ့နဲ့လည်း ပြန်သွားတွေ့မယ်လေ
ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ
ဘာတွေ ပြင်ဆင်ထားဖို့လိုသလဲ သွားမေးကြတာပေါ့
နက်ဖြန် ရုံးပိတ်တယ်မလား
အင်း
ပိတ်တော့ ပိတ်ပါတယ်
ဒါပေမယ့်…
စာရင်းတွေ မပြီးသေးဘူးလား
ကိုယ် ဝိုင်းလုပ်ပေးမယ် နော်
ဘာမှ စိတ်မပူနဲ့
မေရယ် တစ်ပတ်ထဲနဲ့ မျက်နှာတော်တော် ချောင်သွားတယ်
ဘယ်လောက်များ ငိုထားတာလဲ
မငိုပါဘူး
ကျွန်မ အတတ်နိုင်ဆုံး လိမ်ထားပါသည်
ညစဉ် ငိုရသည် ဆိုပါက သူရော စိတ်ကောင်းပါမည်လားလေ
ကဲ ကဲ
ဒါဖြင့် ညနေစာစားမယ်၊ အလုပ်ပြိးအောင်လုပ်မယ်
စောစောနားမယ်
နက်ဖြန် ဆရာ့နဲ့ သွားတွေ့ရအောင်လား
အင်းး
သို့နှင့်
ဆရာ
သြော် လာပါ
အဆင်ပြေကြရဲ့လား
ပြေပါတယ် ဆရာ
ကလေးအကြောင်း မေးချင်လို့ ဆရာ့ဆီ လာခဲ့ကြတာပါ
ဟုတ်ကဲ့
ပြောပါဗျ
ဆရာရယ်
ကျွန်တော် အော်တစ်ဇင်နဲ့ ပတ်သက်လို့ ထဲထဲဝင်ဝင် နားလည်ချင်တယ်
ဟုတ်ပါတယ် ဆရာရယ်
ကျွန်မတို့ ဘာလုပ်သင့်တယ်ဆိုတာ အကြံပေးပါဆရာ
အင်း
အရင်ဦးဆုံး သိထားရမှာကတော့ သူ့ရဲ့ ရောဂါလက္ခဏာတွေပါပဲ
အော်တစ်ဇင်လေးတွေဟာ
*လူမှုဆက်ဆံရေး ချို့ယွင်းတတ်ပါတယ်
– စကားတော့ ပြောတတ်မယ်၊ ဒါပေမယ့် လက်ဟန်ခြေဟန်ပြတာတွေ၊ မျက်စမျက်နပြတာတွေ သူမသိနိုင်ဘူး
မျက်လုံးချင်း ဆုံဖို့လည်း ခက်ပါတယ်
-သူငယ်ချင်းတွေ ဘာတွေလည်း မဖွဲ့တတ်ဘူးဗျ၊ ကစားဖော်မရကြတာ များတယ်
-သူတစ်ပါးရဲ့ ခံစားချက်တွေကို မျှဝေပြိး မခံစားတတ်တာလည် ပါတာပေါ့လေ
– သူတစ်ပါး သူ့ကို ငြိုငြင်တာလား၊ ကြည်ဖြူတာလား စတဲ့ စိတ်ခံစားချက်တွေ နားမလည်တတ်ပါဘူး
နောက်
*ပြောဆိုဆက်ဆံရာမှာလည်း
– စကားပြော နောက်ကျတတ်တယ်
– အခြားသူနဲ့ စကားလက်ဆုံ ပြောလို့အဆင်မပြေတတ်ဘူး
– တစ်ခါတစ်လေ တစ်ခွန်းတည်းကိုပဲ ထပ်ကာထပ်ကာ ပြောနေတတ်တယ်
ကျွန်မနားထဲ ကြားရတာ ရင်အောင့်လှသည်
ကလေးက တော်တော်လေး လူဝင်မဆံ့ဖြစ်တော့မယ် ထင်ပါရဲ့
ဆရာက ကျွန်မ အခြေအနေ ကြည့်သဖြင့် ပြုံးပြလိုက်ရသည်
မချိပြုံး ဖြစ်နေမှာပါပဲလေ
နောက်တော့
* ကလေးက သူစိတ်ဝင်စားတာဆို တစ်ခုတည်းကို ထပ်ကာထပ်ကာ လုပ်နေလိမ့်မယ်
– သူသုံးနေကျ ပစ္စည်းတွေဆိုလည်း ပြောင်းပေးရ သိပ်ခက်တယ်
– ဘာမှ မက်မောစရာမဟုတ်တဲ့ စက္ကူစလေးကအစ သူစွဲလန်းချင် စွဲလန်းနေပြန်ရော
– သိပ် ငြိမ်ငြိမ် မနေတတ်ဘူး၊ တစ်ခါတစ်လေလည်း ငြိမ်ကုပ်နေတတ်တယ်
– အန္တရာယ်တွေ ဘာတွေ နားမလည်တော့ တစ်ယောက်တည်း လွှတ်ထားလို့ မရဘူးဗျ
– အရာဝတ္ထုတွေကို လှည့်နေ၊ လှိမ့်နေတတ်တယ်
– မရရင် သူ့ကိုယ်သူ ချာချာလည် လှည့်မယ်
အဲဒီလို လက္ခဏာလေးတွေ ပြတတ်ပါတယ်
ဘုရား ဘုရား
ကျွန်မ ရင်ဘတ်ကို ဖိမိသည်
ေအာ္တစ္ဇင္ဘဝ လွပဖို႔၊ ဝိုင္းဝန္းကူညီ လက္ကမ္းစို႔ (၄)
မေ႐ႊရည္ဝင္းအိမ္မွ ျပန္လာခဲ့သည္
ေၾသာ္
ကိုယ့္လိုမိခင္တစ္ေယာက္ ျမင္ရေတာ့လည္း စိတ္ထဲ ငါတစ္ေယာက္တည္း ကံကြက္က်ားလို႔ ကံဆုိးမသြားရာ မိုးလိုက္႐ြာေနတာမွ
မဟုတ္တာေလလို႔ ေျဖေတြးနိုင္လိုက္တယ္
အင္းးး
တျခားမိခင္ေတြေတာင္ ရင္ဆိုင္ေနေသးတာပဲ
ငါလည္း ရင္ဆိုင္မယ္
အိမ္ေရာက္ေတာ့ မေမ်ွာ္လင့္ပဲ သူျပန္ေရာက္ေနသည္
ကြၽန္မအမ်ိဳးသားေလ
ကို
ေၾသာ္
ေမ ေတာင္ျပန္ေရာက္ၿပီကိုး
ဘယ္သြားတာလဲ
သူ႔ကို ကြၽန္မ ေျပာရခက္ေနသည္
ကို သိပါတယ္
ေအာ္တစ္ဇင္အသင္း သြားတယ္ဆို
ေအာ္တစ္ဇင္အသင္းေတာ့ မဟုတ္ပါဘူး
အဲဒီက ဆက္သြယ္ေပးတဲ့ ေအာ္တစ္ဇင္မိခင္တစ္ေယာက္ပါ
သူ စိတ္ဝင္စားသြားပံုရသည္
ဟုတ္လား
ဟိုက ဘာေျပာလိုက္လဲ
သူ႔ကေလးကေရာ ဘယ္လိုျဖစ္တာတဲ့လဲ
အားတက္သေရာ ေမးေနေသာ သူ႔ကို ျပန္ေျဖရန္ပင္ အားမရွိ
သူလည္း ကိုယ့္လို ေအာ္တစ္ဇင္မဟုတ္ေလာက္ပါဘူးဆုိတဲ့ အေျဖမ်ား ေမ်ွာ္လင့္ေနေလေရာ႕သလား
အဲဒီအမမွာလည္း ေအာ္တစ္ဇင္သားေလး ရွိတယ္ ကိုရယ္
သူက
သူက…
ကြၽန္မေျပာရင္း ငိုခ်င္လာၿပီ
သူ႔ေရွ႕၌ မငိုမိေအာင္ ထိန္းထားရသည္မွာ ပင္ပန္းလွသည္
ဒါေပမယ့္ မငိုရဲ
ေနာက္ဆံုးတစ္ေခါက္ ခြန္းတံု႔ေျပာရင္း ရုန္းရင္းဆန္ခတ္ျဖစ္ၾကရာက ရံုးမွာပဲအိပ္ၿပီး အိမ္ျပန္မလာတာပဲ တစ္ပတ္
အခုက ရွစ္ရက္ေျမာက္
သူက ဘာေျပာလိုက္သလဲ
ေျပာပါ ေမရယ့္
သူ႔ၾကည့္ရတာ သိပ္စိတ္ညစ္ေနပံု မေပၚေတာ့
သူကေျပာတယ္
ဒီေရာဂါက ဒီလိုပဲတဲ့
လက္ဆုပ္လက္ကိုင္ ျပစရာမရွိဘူးတဲ့
ကံအတိုင္းပဲမို႔ လက္ခံလိုက္မွ သက္သာမယ္တဲ့
ကြၽန္မ ထိန္းထားသည့္ၾကားက ရႈိက္သံတစ္ခ်က္ ပါသြားမိသည္
သူ ကြၽန္မအနား ေရာက္လာၿပီး ကြၽန္မပခံုးကိုကိုင္ကာ
လက္ခံသင့္ရင္လည္း လက္ခံၿပီး တူတူရင္ဆိုင္ၾကရံုေပါ့ ေမရယ္
အို
ကြၽန္မ မ်က္ရည္တို႔ တားမနိုင္ ဆီးမရ ၿပိဳက်လာပါၿပီ
သူကလည္း ကြၽန္မကို နွစ္သိမ့္ပါသည္
ကိုလည္း မွားသြားပါတယ္
ေမတစ္ေယာက္တည္း ဘယ္ေလာက္ပင္ပန္းလိုက္မလဲ
ကို တစ္ကိုယ္ေကာင္းဆန္သြားမိတယ္
ေမ့အျပစ္လည္း မဟုတ္ဘဲ ေမ့တစ္ေယာက္တည္း ထားခဲ့မိတယ္
ကို႔ကို ခြင့္လႊတ္ပါ
အမွန္ပါပဲ
သူနဲ႔လည္း စကားမ်ား
ကေလးကလည္း ေကာင္းစရာမရွိဘူးဆိုတဲ့ သတင္းေတြပဲၾကား
အဆင္ေျပလိုေျပျငား ဟိုေနရာေျပး သည္ေနရာေျပး
ရံုးကလည္း ခြင့္မရ
မိဘ နွင့္ အေဒၚကိုလည္း မေျပာရက္
ကြၽန္မမွာ တစ္ေယာက္တည္း ေတာ္ေတာ္ဒုကၡေရာက္သည္
ဒီလိုပါပဲလား
ကိုယ္ခ်င္းစာမိသည္
ေအာ္တစ္ဇင္မိသားစုတိုင္း ဒီလို ဒုကၡေတြ ႀကံဳၾကရတာပါလား
အရင္က သည္လို ကေလးေလးေတြျမင္ရင္ သူတို႔ကိုခ်စ္တဲ့ မိသားစုကို အထင္ႀကီးမိပါသည္
သို႔ေသာ္ သာမန္မ်ွသာ
အခု ကိုယ္ နဖူးေတြ႕ဒူးေတြ႕ ႀကံဳလာေတာ့မွ ဒီလို ခ်ိဳ႕ယြင္းခ်က္ရွိတဲ့ ကေလးေတြကို တစ္ေယာက္တစ္လက္ထိန္းရင္း တြဲလက္ေတြ ၿမဲၾကတဲ့ မိသားစုေတြကို အတိုင္းမသိ ခ်ီးက်ဴးမိေတာ့သည္
ေတာ္ရံုစိတ္ဓာတ္ခြန္အား၊ ေတာ္ရံု အေကာင္းျမင္နိုင္စြမ္းနဲ႔ေတာ့ ဒီအခက္အခဲကို အၿပံဳးနဲ႔ ရင္ဆိုင္နိုင္ဖို႔မလြယ္
ကြၽန္မေရာ သူတို႔လို လုပ္နိုင္ပါ့မလား
ေမ
ကိုတို႔ ေနာက္ေန႔ ဆရာ႕နဲ႔လည္း ျပန္သြားေတြ႕မယ္ေလ
ဘာေတြ ဆက္ျဖစ္လာနိုင္သလဲ
ဘာေတြ ျပင္ဆင္ထားဖို႔လိုသလဲ သြားေမးၾကတာေပါ့
နက္ျဖန္ ရံုးပိတ္တယ္မလား
အင္း
ပိတ္ေတာ့ ပိတ္ပါတယ္
ဒါေပမယ့္…
စာရင္းေတြ မၿပီးေသးဘူးလား
ကိုယ္ ဝိုင္းလုပ္ေပးမယ္ ေနာ္
ဘာမွ စိတ္မပူနဲ႔
ေမရယ္ တစ္ပတ္ထဲနဲ႔ မ်က္နွာေတာ္ေတာ္ ေခ်ာင္သြားတယ္
ဘယ္ေလာက္မ်ား ငိုထားတာလဲ
မငိုပါဘူး
ကြၽန္မ အတတ္နိုင္ဆံုး လိမ္ထားပါသည္
ညစဥ္ ငိုရသည္ ဆိုပါက သူေရာ စိတ္ေကာင္းပါမည္လားေလ
ကဲ ကဲ
ဒါျဖင့္ ညေနစာစားမယ္၊ အလုပ္ၿပိးေအာင္လုပ္မယ္
ေစာေစာနားမယ္
နက္ျဖန္ ဆရာ႕နဲ႔ သြားေတြ႕ရေအာင္လား
အင္းး
သို႔နွင့္
ဆရာ
ေၾသာ္ လာပါ
အဆင္ေျပၾကရဲ႕လား
ေျပပါတယ္ ဆရာ
ကေလးအေၾကာင္း ေမးခ်င္လို႔ ဆရာ႕ဆီ လာခဲ့ၾကတာပါ
ဟုတ္ကဲ့
ေျပာပါဗ်
ဆရာရယ္
ကြၽန္ေတာ္ ေအာ္တစ္ဇင္နဲ႔ ပတ္သက္လို႔ ထဲထဲဝင္ဝင္ နားလည္ခ်င္တယ္
ဟုတ္ပါတယ္ ဆရာရယ္
ကြၽန္မတို႔ ဘာလုပ္သင့္တယ္ဆိုတာ အႀကံေပးပါဆရာ
အင္း
အရင္ဦးဆံုး သိထားရမွာကေတာ့ သူ႔ရဲ႕ ေရာဂါလကၡဏာေတြပါပဲ
ေအာ္တစ္ဇင္ေလးေတြဟာ
*လူမႈဆက္ဆံေရး ခ်ိဳ႕ယြင္းတတ္ပါတယ္
– စကားေတာ့ ေျပာတတ္မယ္၊ ဒါေပမယ့္ လက္ဟန္ေျခဟန္ျပတာေတြ၊ မ်က္စမ်က္နျပတာေတြ သူမသိနိုင္ဘူး
မ်က္လံုးခ်င္း ဆံုဖို႔လည္း ခက္ပါတယ္
-သူငယ္ခ်င္းေတြ ဘာေတြလည္း မဖြဲ႕တတ္ဘူးဗ်၊ ကစားေဖာ္မရၾကတာ မ်ားတယ္
-သူတစ္ပါးရဲ႕ ခံစားခ်က္ေတြကို မ်ွေဝၿပိး မခံစားတတ္တာလည္ ပါတာေပါ့ေလ
– သူတစ္ပါး သူ႔ကို ၿငိဳျငင္တာလား၊ ၾကည္ျဖဴတာလား စတဲ့ စိတ္ခံစားခ်က္ေတြ နားမလည္တတ္ပါဘူး
ေနာက္
*ေျပာဆိုဆက္ဆံရာမွာလည္း
– စကားေျပာ ေနာက္က်တတ္တယ္
– အျခားသူနဲ႔ စကားလက္ဆံု ေျပာလို႔အဆင္မေျပတတ္ဘူး
– တစ္ခါတစ္ေလ တစ္ခြန္းတည္းကိုပဲ ထပ္ကာထပ္ကာ ေျပာေနတတ္တယ္
ကြၽန္မနားထဲ ၾကားရတာ ရင္ေအာင့္လွသည္
ကေလးက ေတာ္ေတာ္ေလး လူဝင္မဆံ့ျဖစ္ေတာ့မယ္ ထင္ပါရဲ႕
ဆရာက ကြၽန္မ အေျခအေန ၾကည့္သျဖင့္ ၿပံဳးျပလိုက္ရသည္
မခ်ိၿပံဳး ျဖစ္ေနမွာပါပဲေလ
ေနာက္ေတာ့
* ကေလးက သူစိတ္ဝင္စားတာဆို တစ္ခုတည္းကို ထပ္ကာထပ္ကာ လုပ္ေနလိမ့္မယ္
– သူသံုးေနက် ပစၥည္းေတြဆိုလည္း ေျပာင္းေပးရ သိပ္ခက္တယ္
– ဘာမွ မက္ေမာစရာမဟုတ္တဲ့ စကၠဴစေလးကအစ သူစြဲလန္းခ်င္ စြဲလန္းေနျပန္ေရာ
– သိပ္ ၿငိမ္ၿငိမ္ မေနတတ္ဘူး၊ တစ္ခါတစ္ေလလည္း ၿငိမ္ကုပ္ေနတတ္တယ္
– အႏၱရာယ္ေတြ ဘာေတြ နားမလည္ေတာ့ တစ္ေယာက္တည္း လႊတ္ထားလို႔ မရဘူးဗ်
– အရာဝတၳဳေတြကို လွည့္ေန၊ လွိမ့္ေနတတ္တယ္
– မရရင္ သူ႔ကိုယ္သူ ခ်ာခ်ာလည္ လွည့္မယ္
အဲဒီလို လကၡဏာေလးေတြ ျပတတ္ပါတယ္
ဘုရား ဘုရား
ကြၽန္မ ရင္ဘတ္ကို ဖိမိသည္