အော်တစ်ဇင်ဘဝ လှပဖို့၊ ဝိုင်းဝန်းကူညီ လက်ကမ်းစို့ (၃)
အမရယ်
လက်ဆုပ်လက်ကိုင် ပြစရာလည်း ဘာမှမရှိပဲ သမီးလေးက အော်တစ်ဇင်လို့ လက်ခံလိုက်ရတော့မှာလားဟင်
ဒီလိုပဲ ညီမလေးရယ်
အမတုန်းကလည်း ဒီလိုပဲ ခံစားခဲ့ရတယ်
သွေးစစ်လို့လည်း မရ၊
ဓာတ်မှန်တွေ ရိုက်စစ်လို့လည်း မရ
ဘာနဲ့မှ လက်ဆုပ်လက်ကိုင်ပြလို့ မရတာပါ
ဒါပေမယ့် ကလေးက ပြုမူလာတာတွေက ဆရာတွေပြောသလို ဒက်ထိဖြစ်နေတော့လည်း အမလည်း လက်ခံလိုက်ရတာပါ
သူမ ငိုင်ကျသွားသည်
ကျွန်မ နားလည်ပါသည်၊ သူမ လိုချင်တာ ဒီလိုအဖြေမျိုး မဟုတ်ပါ
အရာရာဟာ လိမ်ညာနေတာပါ
အရာရာဟာ အိပ်မက်တွေပါ
သိပ်မကြာခင် ကောင်းသွားမှာပါ
ဒါမျိုးစကားတွေပဲ ကြားချင်မှာပေါ့လေ
အင်းးး
ကိုယ်နိုင်သလောက် နှစ်သိမ့်ပေးမှပါလေ
ဒါတွေက ကုသိုလ်တွေမလား
သူ့နားတိုးထိုင်ရင်း
ညီမလေးရယ်
သိသိချင်းတော့ ဒီလိုပါပဲ
ဘယ်လက်ခံချင်ပါ့မလဲ
အမ နားလည်ပါတယ်
အရမ်းတုန်လှုပ်ပြီး ကြေကွဲဝမ်းနည်းရမှာပေါ့
အကြိမ်ကြိမ် ငြင်းဆန်မိမှာပေါ့ ညီမလေးရယ်
သူမ ငိုနေပါပြီ
ကျွန်မ ဖက်ထားပေးလိုက်ပါသည်
သူမက ငိုရင်း
အမရယ်
ကျွန်မတော့ သေသာသေလိုက်ချင်တော့တာပါ
အမျိုးသားကလည်း လက်မခံနိုင်ဘူး
သူ့ကြောင့်လား ကိုယ့်ကြောင့်လားဆိုတော့လည်း မဟုတ်
ဘယ်သူ့အပြစ်မှလည်း မဟုတ်တော့ ဘယ်သူ့ပေါက်ကွဲရမယ်မှန်းလည်း မသိ
အခု ၂လလောက်ကြာလာပြီဆိုတော့ စိတ်ဓာတ်ကျလာတယ် အမရယ်
အမျိုးသားဆို အိမ်တောင် မပြန်လာဘူး
အလုပ်မှာပဲ အိပ်တာ
သမီးလေးမြင်ရင် ဝမ်းနည်းလို့တဲ့
အမရယ်
ကယ်နိုင်ရင် ကယ်ပါဦး
အိမ်မှာလည်း ညီမမှာ မငိုရ၊ လူကြားထဲမှာလည်း ကံတရားပဲ ပုံချမိနေပေမယ့် ရင်ထဲမချိဘူး အမရယ်
ဘာကြောင့်များ သမီးလေးမှာမှ ဒီလိုဖြစ်ရတာလဲ
ကံဆိုးတယ်ပဲ ဆိုပါရစေတော့ ငါ့ညီမရယ်
ကလေး အယောက် ၁၀၀မွေးမှ တစ်ယောက်လောက်ဖြစ်တာ
ကိုယ့်မှာမှ လာဖြစ်နေရတယ်ဆိုတော့ ဘယ်လိုမှ မတတ်နိုင်ဘူးပေါ့
နည်းနည်း လက္ခဏာမပြင်းထန်တဲ့ အမျိုးအစား ဖြစ်ပါစေလို့ပဲ ဆုတောင်းကြတာပေါ့ ညီမရယ်
အမရယ်
ဘာမှ လုပ်လို့ မရတော့ဘူးလား
ရတယ် ညီမလေး
သူ့ဘဝလေး တိုးတက်အောင်
ဒီတိုင်း ရပ်မသွားအောင် လုပ်လို့ရတာ အများကြီး
အမတို့လည်း ရှိတယ်လေ
ဒီလိုအခြေအနေနဲ့ တွေ့ကြတဲ့သူတွေဟာ တစ်သက်လုံးတွေ့ဖြစ်ကြတော့မှာ
မပူပါနဲ့ ညီမလေးရယ်
ညီမလေးဘေးမှာ အမတို့ အမြဲရှိမယ်လေ
ညီမလေးရယ်
သူ့ကို တိုးတက်လာအောင် ပြုပြင်ပေးလို့ရပါတယ်
ကုထုံးတွေလည်း အများကြီးရှိတယ်
ညီမလေး ကလေးက ဘယ်လိုအဆင့်လောက်ရှိလဲ ဆရာဝန်နဲ့ သေချာတိုင်ပင်ကြတာပေါ့
ပြီးရင် သင့်တော်တဲ့ ကုထုံးတွေ လုပ်ပေးကြတာပေါ့ ညီမလေးရယ်
စိတ်တော့ရှည်ရမယ်
အမတို့ ဆရာတွေဆီသွားရင် ပြောပေးနေကျ စကားတစ်ခွန်းရှိတယ်
အိုင်းစတိုင်းရဲ့ စကားတဲ့
သူကပြောတယ်
ငါးကို သစ်ပင်တက်ခိုင်းပြီး အရည်အချင်း ဘယ်လောက်ရှိတယ်ဆိုတာ အကဲဖြတ်မယ်ဆိုရင် အကဲဖြတ်တဲ့သူရဲ့ အမှားပဲတဲ့
ကလေးတိုင်းမှာ မတူညီတဲ့ အရည်အချင်းတွေ ရှိပါတယ် ညီမလေးရယ်
အရမ်း ဝမ်းမနည်းပါနဲ့
တစ်ခုပဲ
အရမ်းကြီးလည်း မျှော်လင့်မထားနဲ့
သူရနိုင်သလောက် ကိုယ်လုပ်ပေးမယ်ပေါ့
ဟုတ် အမရယ်
သမီးလေး လူတန်းစေ့ ဖြစ်နိုင်ပါသေးတယ်နော်
လေကျင့်ပေးလို့ ရနိုင်ပါသေးတယ်နော်
ညီမ သူ့ကို လူတောထဲ ခေါ်သွားချင်တယ်
အိမ်ထဲပိတ်ထားရင် ကလေး သနားဖို့ကောင်းတယ် ထင်လို့
ဒါပေါ့ ညီမလေးရယ်
ကလေးက သူဖြစ်ချင်လို့ ဖြစ်ရတာမှ မဟုတ်ပဲ
ပိတ်ထားလိုက်တော့မှ ကလေးက ပိုပို ရိုင်းသွားလိမ့်မယ်
ကျောင်းထားလို့ကော ရလားဟင်အမ
ဆရာကတော့ ထားလို့ပြောတယ်
ရပါတယ်
ဒါပေမယ့် ဆင်လည်းဆင့်အထွာ ဆိတ်လည်းဆိတ်အထွာ
လူတန်းစေ့တော့ မဖြစ်နိုင်ဘူးပေါ့ ညီမလေးရယ်
ဒါလေးတော့ စိတ်ထဲပြင်ဆင်ပြီး လက်ခံထားရမယ်နော်
ဟုတ်ကဲ့ပါ အမရယ်
သူမ သိပ်တော့ စိတ်ကျေနပ်မှု မရနိုင်သေးတာ သိပါတယ်
ဒါပေမယ့် စိတ်လေးတော့ အတော်ပြေသွားပုံပါပဲ
နောက်ဆို အမျိုးသားကိုလည်း ခေါ်ပြီး ကလေးနဲ့အတူ လာခဲ့ပါ
အတူတူ လေ့ကျင့်ရေးနေရာတွေ သွားပါ
သည်လိုနဲ့ သူလည်း ကျင့်သားရလာမှာပါလေ
ဟုတ်ကဲ့ပါ အမ
သူမ အိမ်ပြန်သွားတာကြည့်ပြီး မေတ္တာပို့မိပါတယ်
အရာရာ အဆင်ပြေပါစေ
အကောင်းဆုံးဖြစ်ပါစေ ညီမလေးရယ်
ေအာ္တစ္ဇင္ဘဝ လွပဖို႔၊ ဝိုင္းဝန္းကူညီ လက္ကမ္းစို႔ (၃)
အမရယ္
လက္ဆုပ္လက္ကိုင္ ျပစရာလည္း ဘာမွမရွိပဲ သမီးေလးက ေအာ္တစ္ဇင္လို႔ လက္ခံလိုက္ရေတာ့မွာလားဟင္
ဒီလိုပဲ ညီမေလးရယ္
အမတုန္းကလည္း ဒီလိုပဲ ခံစားခဲ့ရတယ္
ေသြးစစ္လို႔လည္း မရ၊
ဓာတ္မွန္ေတြ ရိုက္စစ္လို႔လည္း မရ
ဘာနဲ႔မွ လက္ဆုပ္လက္ကိုင္ျပလို႔ မရတာပါ
ဒါေပမယ့္ ကေလးက ျပဳမူလာတာေတြက ဆရာေတြေျပာသလို ဒက္ထိျဖစ္ေနေတာ့လည္း အမလည္း လက္ခံလိုက္ရတာပါ
သူမ ငိုင္က်သြားသည္
ကြၽန္မ နားလည္ပါသည္၊ သူမ လိုခ်င္တာ ဒီလိုအေျဖမ်ိဳး မဟုတ္ပါ
အရာရာဟာ လိမ္ညာေနတာပါ
အရာရာဟာ အိပ္မက္ေတြပါ
သိပ္မၾကာခင္ ေကာင္းသြားမွာပါ
ဒါမ်ဳိးစကားေတြပဲ ၾကားခ်င္မွာေပါ့ေလ
အင္းးး
ကိုယ္နိုင္သေလာက္ နွစ္သိမ့္ေပးမွပါေလ
ဒါေတြက ကုသိုလ္ေတြမလား
သူ႔နားတိုးထိုင္ရင္း
ညီမေလးရယ္
သိသိခ်င္းေတာ့ ဒီလိုပါပဲ
ဘယ္လက္ခံခ်င္ပါ့မလဲ
အမ နားလည္ပါတယ္
အရမ္းတုန္လႈပ္ၿပီး ေၾကကြဲဝမ္းနည္းရမွာေပါ့
အႀကိမ္ႀကိမ္ ျငင္းဆန္မိမွာေပါ့ ညီမေလးရယ္
သူမ ငိုေနပါၿပီ
ကြၽန္မ ဖက္ထားေပးလိုက္ပါသည္
သူမက ငိုရင္း
အမရယ္
ကြၽန္မေတာ့ ေသသာေသလိုက္ခ်င္ေတာ့တာပါ
အမ်ိဳးသားကလည္း လက္မခံနိုင္ဘူး
သူ႔ေၾကာင့္လား ကိုယ့္ေၾကာင့္လားဆိုေတာ့လည္း မဟုတ္
ဘယ္သူ႔အျပစ္မွလည္း မဟုတ္ေတာ့ ဘယ္သူ႔ေပါက္ကြဲရမယ္မွန္းလည္း မသိ
အခု ၂လေလာက္ၾကာလာၿပီဆိုေတာ့ စိတ္ဓာတ္က်လာတယ္ အမရယ္
အမ်ိဳးသားဆို အိမ္ေတာင္ မျပန္လာဘူး
အလုပ္မွာပဲ အိပ္တာ
သမီးေလးျမင္ရင္ ဝမ္းနည္းလို႔တဲ့
အမရယ္
ကယ္ႏိုင္ရင္ ကယ္ပါဦး
အိမ္မွာလည္း ညီမမွာ မငိုရ၊ လူၾကားထဲမွာလည္း ကံတရားပဲ ပံုခ်မိေနေပမယ့္ ရင္ထဲမခ်ိဘူး အမရယ္
ဘာေၾကာင့္မ်ား သမီးေလးမွာမွ ဒီလိုျဖစ္ရတာလဲ
ကံဆိုးတယ္ပဲ ဆိုပါရေစေတာ့ ငါ့ညီမရယ္
ကေလး အေယာက္ ၁၀၀ေမြးမွ တစ္ေယာက္ေလာက္ျဖစ္တာ
ကိုယ့္မွာမွ လာျဖစ္ေနရတယ္ဆိုေတာ့ ဘယ္လိုမွ မတတ္နိုင္ဘူးေပါ့
နည္းနည္း လကၡဏာမျပင္းထန္တဲ့ အမ်ိဳးအစား ျဖစ္ပါေစလို႔ပဲ ဆုေတာင္းၾကတာေပါ့ ညီမရယ္
အမရယ္
ဘာမွ လုပ္လို႔ မရေတာ့ဘူးလား
ရတယ္ ညီမေလး
သူ႔ဘဝေလး တိုးတက္ေအာင္
ဒီတိုင္း ရပ္မသြားေအာင္ လုပ္လို႔ရတာ အမ်ားႀကီး
အမတို႔လည္း ရွိတယ္ေလ
ဒီလိုအေျခအေနနဲ႔ ေတြ႕ၾကတဲ့သူေတြဟာ တစ္သက္လံုးေတြ႕ျဖစ္ၾကေတာ့မွာ
မပူပါနဲ႔ ညီမေလးရယ္
ညီမေလးေဘးမွာ အမတို႔ အၿမဲရွိမယ္ေလ
ညီမေလးရယ္
သူ႔ကို တိုးတက္လာေအာင္ ျပဳျပင္ေပးလို႔ရပါတယ္
ကုထံုးေတြလည္း အမ်ားႀကီးရွိတယ္
ညီမေလး ကေလးက ဘယ္လိုအဆင့္ေလာက္ရွိလဲ ဆရာဝန္နဲ႔ ေသခ်ာတိုင္ပင္ၾကတာေပါ့
ၿပီးရင္ သင့္ေတာ္တဲ့ ကုထံုးေတြ လုပ္ေပးၾကတာေပါ့ ညီမေလးရယ္
စိတ္ေတာ့ရွည္ရမယ္
အမတို႔ ဆရာေတြဆီသြားရင္ ေျပာေပးေနက် စကားတစ္ခြန္းရွိတယ္
အိုင္းစတိုင္းရဲ႕ စကားတဲ့
သူကေျပာတယ္
ငါးကို သစ္ပင္တက္ခိုင္းၿပီး အရည္အခ်င္း ဘယ္ေလာက္ရွိတယ္ဆိုတာ အကဲျဖတ္မယ္ဆိုရင္ အကဲျဖတ္တဲ့သူရဲ႕ အမွားပဲတဲ့
ကေလးတိုင္းမွာ မတူညီတဲ့ အရည္အခ်င္းေတြ ရွိပါတယ္ ညီမေလးရယ္
အရမ္း ဝမ္းမနည္းပါနဲ႔
တစ္ခုပဲ
အရမ္းႀကီးလည္း ေမ်ွာ္လင့္မထားနဲ႔
သူရနိုင္သေလာက္ ကိုယ္လုပ္ေပးမယ္ေပါ့
ဟုတ္ အမရယ္
သမီးေလး လူတန္းေစ့ ျဖစ္နိုင္ပါေသးတယ္ေနာ္
ေလက်င့္ေပးလို႔ ရနိုင္ပါေသးတယ္ေနာ္
ညီမ သူ႔ကို လူေတာထဲ ေခၚသြားခ်င္တယ္
အိမ္ထဲပိတ္ထားရင္ ကေလး သနားဖို႔ေကာင္းတယ္ ထင္လို႔
ဒါေပါ့ ညီမေလးရယ္
ကေလးက သူျဖစ္ခ်င္လို႔ ျဖစ္ရတာမွ မဟုတ္ပဲ
ပိတ္ထားလိုက္ေတာ့မွ ကေလးက ပိုပို ရိုင္းသြားလိမ့္မယ္
ေက်ာင္းထားလို႔ေကာ ရလားဟင္အမ
ဆရာကေတာ့ ထားလို႔ေျပာတယ္
ရပါတယ္
ဒါေပမယ့္ ဆင္လည္းဆင့္အထြာ ဆိတ္လည္းဆိတ္အထြာ
လူတန္းေစ့ေတာ့ မျဖစ္နိုင္ဘူးေပါ့ ညီမေလးရယ္
ဒါေလးေတာ့ စိတ္ထဲျပင္ဆင္ၿပီး လက္ခံထားရမယ္ေနာ္
ဟုတ္ကဲ့ပါ အမရယ္
သူမ သိပ္ေတာ့ စိတ္ေက်နပ္မႈ မရနိုင္ေသးတာ သိပါတယ္
ဒါေပမယ့္ စိတ္ေလးေတာ့ အေတာ္ေျပသြားပံုပါပဲ
ေနာက္ဆို အမ်ိဳးသားကိုလည္း ေခၚၿပီး ကေလးနဲ႔အတူ လာခဲ့ပါ
အတူတူ ေလ့က်င့္ေရးေနရာေတြ သြားပါ
သည္လိုနဲ႔ သူလည္း က်င့္သားရလာမွာပါေလ
ဟုတ္ကဲ့ပါ အမ
သူမ အိမ္ျပန္သြားတာၾကည့္ၿပီး ေမတၱာပို႔မိပါတယ္
အရာရာ အဆင္ေျပပါေစ
အေကာင္းဆံုးျဖစ္ပါေစ ညီမေလးရယ္