အော်တစ်ဇင်ဘဝ လှပဖို့၊ ဝိုင်းဝန်းကူညီ လက်ကမ်းစို့ (၂)

ဟော
အတွေးတွေ ကောင်းနေတာ အိမ်ရှေ့က ဘဲလ်သံကြားတယ်
ဘယ်သူများပါလိမ့်
အမျိုးသမီးလေးတစ်ယောက်နဲ့ အဒေါ်ကြီး တစ်ယောက်
အမျိုးသမီးလေးက ဖွေးဖွေးသန့်သန့် ငယ်ငယ်ရယ်
ပညာတတ် လူကုံထံ အသိုင်းအဝိုင်းကနဲ့ တူပါရဲ့

ဟုတ်ကဲ့
မရွှေရည်ဝင်းနဲ့ တွေ့ချင်လို့ပါ

သြော်
ကျွန်မပါပဲ

အမျိုးသမီးလေးက ကြောင်ကြည့်နေသည်
ဟုတ်ပါရဲ့
ကိုယ်ကလည်း အိမ်နေရင်းနဲ့ ဟင်းချက်တုန်းဆိုတော့ ချွေးတွေသံတွေနဲ့လေ

ကိုယ်ပြုံးပြီး ခေါင်းညိတ်ပြတော့ သူက အားနာသွားပုံရတယ်

လာ ညီမလေး
ထိုင်ပါ

ဧည့်ခန်းမှာ ထိုင်မိကြတော့ ကိုယ်ကပဲ စကားစရပါတယ်

ညီမလေး လာရင်းလေး ပြောပါဦး

သူမ ပြောရမှာ အားနာနေပုံရသည်
ဧည့်ခန်းကို ဝေ့ကြည့်လိုက်တော့ သားကို တွေ့သွားသည်
သားကို တစ်အောင့်လောက် ငေးနေသည်
သားက ချာချာလည် မွှေ့နေတာ
ဒါကို အံ့အားသင့်နေပုံရသည်

ကျွန်မ သိလိုက်ပါပြီ
ကျွန်မက အော်တစ်ဇင်အသင်း ဝင်ထားတာလေ
အော်တစ်ဇင် ကလေးသစ်လေးတွေ လာတိုင်း မိဘတွေကို ဖျောင်းဖျပေးနေကျ
ကျွန်မ အတွေ့အကြုံတွေကို မျှတာပေါ့လေ
ဒါကိုပဲ ဒါနတစ်ခု မှတ်ယူပြီး သားလေးကြောင့်ရတဲ့ကုသိုလ်ရယ်လို့ ရှာကြံ ဝမ်းသာရတာမလား
ဒါမှ ဘဝမှာ အသက်ဆက်ရတာ စိတ်ချမ်းသာမှာပေါ့

ကိုယ်ကပဲ စကားစလိုက်သည်
ညီမလေး
ညီမလေးကလေးမှာ ဘာအခက်အခဲရှိလို့လဲ

ကျွန်မ အော်တစ်ဇင်အသင်းက အဆက်အသွယ်ရလို့ အမနဲ့လာတွေ့တာပါ
ပြောပြောဆိုဆို အမျိုးသမီးလေးခမျာ ချုံးပွဲချ ငိုပါလေရော
အိမ်မှာရော အပြင်မှာပါ ဟန်ဆောင်ထိန်းထားရတယ် ထင်ပါ့
အင်းးး
ဝိပါက်ကြမ္မာ မလွတ်သာတဲ့လေ
ကိုယ့်လို ကံဆိုးခဲ့သူ သားသည်မိခင်တစ်ယောက်ပဲနဲ့ တူပါရဲ့

ခဏပါပဲ
သူလည်း စိတ်ထိန်းလိုက်ပုံရတယ်
အမရယ်
ဘယ်လိုမှ မအောက်မေ့ပါနဲ့
ကျွန်မ တော်တော်လေး အခက်အခဲ တွေ့နေလို့ပါ

ကျွန်မ ထိုဒုက္ခကို နားလည်ပါတယ်
သည်လိုအချိန်မှာ ကိုယ့်သားသမီးသာ ပြန်ကောင်းမယ်ဆို ကမ္ဘာ့တစ်ဖက်ခြမ်း သွားရမယ်ဆိုလည်း သွားမယ့် မိခင်စိတ်ပဲလေ

ရပါတယ် ညီမလေးရယ်
အမ နားလည်ပါတယ်

ဟုတ် အမရယ်
ဒီလိုပါ
ညီမမှာ ၂နှစ်အရွယ် သမီးကလေး ရှိပါတယ်
အဲဒါ လွန်ခဲ့တဲ့ ၂လလောက်ကမှ ဆရာဝန် သွားပြမိတယ်

သြော်
ဘာဖြစ်လို့လဲ ညီမလေးရဲ့

ကလေးက တစ်နှစ်သာကျော်လာတယ်
ခေါ်ရင်လည်း လှည့်မကြည့်ဘူး
အမေအသံပေးလည်း လှည့်မကြည့်ဘူး
မျက်လုံးချင်းလည်း မဆိုင်ဘူး
လက်ညှိုးထိုးတာ ဘူးမှုတ်တာလည်း မရှိဘူး
အဲဒီလိုဖြစ်တိုင်း ညီမက
သြော်
စိတ်ကောက်နေတယ် ထင်တယ်ဆိုပြီး ကိုယ်တစ်လှည့် သူ့အဖေတစ်လှည့် မြူှပါတယ်
ဒါပေမယ့်ကလေးက အပြုံးအရယ်လည်း မရှိဘူး
စကားလည်း သင်မရဘူး အမရယ်

အမရယ်
ကျွန်မက ကုမ္ပဏီမှာ မန်နေဂျာပါ
အမျိုးသားက ကွန်ပျူတာပညာရှင်
နှစ်ယောက်လုံးက ရုံးတက်ရတော့ ကလေးကို ကိုယ်မြင်သလောက်ပဲ ပြောပြနိုင်တာပါ
အဖိုးအဖွားနဲ့ ဒီကအဒေါ် ကတော့ ပြောရှာသား
နင်တို့ကလေး မဟုတ်သေးဘူးပေါ့
ဒါပေမယ့် တစ်နှစ်လောက်ဆိုတော့
သားဦးလည်းဖြစ်တော့ ဘာမှမသိတာနဲ့
ဒီလိုပဲ ဖြစ်တတ်တယ်ထင်ပြီး ထားထားတာပါ

သြော်
သူလည်း ကိုယ့်လိုပါပဲလား
အဲဒါ အော်တစ်ဇင်ရဲ့ အသက်တစ်နှစ်အောက် ကလေးတွေမှာပြတဲ့ လက္ခဏာတွေ လို့ ကိုယ်ပြောမထွက်ဘူးလေ

သူကပဲ
အမရယ်
ဆရာဝန်က အဲဒါတွေက အော်တစ်ဇင်လက္ခဏာတွေတဲ့
ဟုတ်လားဟင်

အို
ဘယ်လိုပြောရပါ့မလဲ

အော်တစ်ဇင်တွေရဲ့ မိခင်တို့ဘဝက ဒီအတိုင်းပါပဲလေ
သူ့ကို ပြောဖို့ ဆွံ့အနေပေမယ့် ပြောစရာရှိတာတော့ ပြောရမှာပဲလေ
သူ မြန်မြန် လက်ခံနိုင်မှလည်း သူ့အတွက် နာကျင်မှု နည်းမှာမလား

ညီမလေး

ဟုတ် အမ

အခု အမပြောတာကို သေသေချာချာ နားထောင်ပေးနော်
ညီမလေး ကလေးက အော်တစ်ဇင် လက္ခဏာတွေတော့ ရှိနေပြီ ညီမလေးရယ်
နည်းနည်းတော့ စိတ်ပြင်ဆင်ထားရလိမ့်မယ်

သူမ မျက်နှာညှိုးသွားတာ သိလိုက်သည်
မတတ်နိုင်ဘူးလေ
အခုမပြောလည်း ထင်းခွေမကြုံ ရေခပ်ကြုံမယ့် ကိစ္စမလား

အမရယ်
ဘာမှ လုပ်လို့ မရတော့ဘူးလား
ဘာတွေ ဆက်ဖြစ်လာနိုင်လဲ

ညီမလေးရယ်
သူ့ကို အတတ်နိုင်ဆုံး လိုတာဖြည့်ဆည်းပေးတာက ကိုယ်အကောင်းဆုံး လုပ်ပေးနိုင်တာပဲပေါ့

ဘာတွေ ဆက်ဖြစ်နိုင်သလဲ ဆိုတော့
ကလေးက သူများကစားသလို အရုပ်တွေကို မကစားတတ်တာတို့
ဥပမာ
တယ်လီဖုန်းအရုပ်ကို တယ်လီဖုန်းဆက်ရကောင်းမှန်း မသိတာတို့
အရုပ်နဲ့ ကစားတာ သူများနဲ့မတူတာတို့
ဖေဖေ မေမေ မခေါ်တတ်တာတို့
သူများနဲ့ လူမှုဆက်ဆံရေး အားနည်းတာတို့
ဟိုမှာလေယာဉ်ကြီးတို့ ဘာတို့ မြူှရင် လိုက်မကြည့်တာတို့ ဖြစ်လာနိုင်တယ်
ဒါတွေက အသက် ၂နှစ်မှာ ဖြစ်တတ်တာလေးတွေပါ

ဒါ့အပြင်
ဝမ်းချုပ်တာ၊ အစာမကြေတာ
သိပ်လို့မရတာ
ခဏခဏနိုးတာ
သူ့ကိုယ်သူ မထိန်းနိုင်ပဲ ခဏခဏ ချော်လဲတာ
ဇွန်းမကိုင်နိုင်တာ
ကြယ်သီးမတပ်နိုင်တာတွေ ဖြစ်လာနိုင်တယ်

အမေက အစစ လိုက်လုပ်ပေးရတာပေါ့ကွယ်

ဒါ ကျွန်မ သူမကို အတတ်နိုင်ဆုံး လျှော့ပြောလိုက်တာပါ
အော်တစ်ဇင်တွေရဲ့ သုံးပုံတစ်ပုံက အတက်ရောဂါ ရှိတတ်သေးတယ်ဆိုတာ သူများသိရင် မတွေးရဲ…

ေအာ္တစ္ဇင္ဘဝ လွပဖို႔၊ ဝိုင္းဝန္းကူညီ လက္ကမ္းစို႔ (၂)

ေဟာ
အေတြးေတြ ေကာင္းေနတာ အိမ္ေရွ႕က ဘဲလ္သံၾကားတယ္
ဘယ္သူမ်ားပါလိမ့္
အမ်ိဳးသမီးေလးတစ္ေယာက္နဲ႔ အေဒၚႀကီး တစ္ေယာက္
အမ်ိဳးသမီးေလးက ေဖြးေဖြးသန္႔သန္႔ ငယ္ငယ္ရယ္
ပညာတတ္ လူကံုထံ အသိုင္းအဝိုင္းကနဲ႔ တူပါရဲ႕

ဟုတ္ကဲ့
မေ႐ႊရည္ဝင္းနဲ႔ ေတြ႕ခ်င္လို႔ပါ

ေၾသာ္
ကြၽန္မပါပဲ

အမ်ိဳးသမီးေလးက ေၾကာင္ၾကည့္ေနသည္
ဟုတ္ပါရဲ႕
ကိုယ္ကလည္း အိမ္ေနရင္းနဲ႔ ဟင္းခ်က္တုန္းဆိုေတာ့ ေခြၽးေတြသံေတြနဲ႔ေလ

ကိုယ္ၿပံဳးၿပီး ေခါင္းညိတ္ျပေတာ့ သူက အားနာသြားပံုရတယ္

လာ ညီမေလး
ထိုင္ပါ

ဧည့္ခန္းမွာ ထိုင္မိၾကေတာ့ ကိုယ္ကပဲ စကားစရပါတယ္

ညီမေလး လာရင္းေလး ေျပာပါဦး

သူမ ေျပာရမွာ အားနာေနပံုရသည္
ဧည့္ခန္းကို ေဝ့ၾကည့္လိုက္ေတာ့ သားကို ေတြ႕သြားသည္
သားကို တစ္ေအာင့္ေလာက္ ေငးေနသည္
သားက ခ်ာခ်ာလည္ ေမႊ့ေနတာ
ဒါကို အံ့အားသင့္ေနပံုရသည္

ကြၽန္မ သိလိုက္ပါၿပီ
ကြၽန္မက ေအာ္တစ္ဇင္အသင္း ဝင္ထားတာေလ
ေအာ္တစ္ဇင္ ကေလးသစ္ေလးေတြ လာတိုင္း မိဘေတြကို ေဖ်ာင္းဖ်ေပးေနက်
ကြၽန္မ အေတြ႕အႀကံဳေတြကို မ်ွတာေပါ့ေလ
ဒါကိုပဲ ဒါနတစ္ခု မွတ္ယူၿပီး သားေလးေၾကာင့္ရတဲ့ကုသိုလ္ရယ္လို႔ ရွာႀကံ ဝမ္းသာရတာမလား
ဒါမွ ဘဝမွာ အသက္ဆက္ရတာ စိတ္ခ်မ္းသာမွာေပါ့

ကိုယ္ကပဲ စကားစလိုက္သည္
ညီမေလး
ညီမေလးကေလးမွာ ဘာအခက္အခဲရွိလို႔လဲ

က်ြန္မ ေအာ္တစ္ဇင္အသင္းက အဆက္အသြယ္ရလို႔ အမနဲ႔လာေတြ႕တာပါ
ေျပာေျပာဆိုဆို အမ်ိဳးသမီးေလးခမ်ာ ခ်ံဳးပြဲခ် ငိုပါေလေရာ
အိမ္မွာေရာ အျပင္မွာပါ ဟန္ေဆာင္ထိန္းထားရတယ္ ထင္ပါ့
အင္းးး
ဝိပါက္ၾကမၼာ မလြတ္သာတဲ့ေလ
ကိုယ့္လို ကံဆိုးခဲ့သူ သားသည္မိခင္တစ္ေယာက္ပဲနဲ႔ တူပါရဲ႕

ခဏပါပဲ
သူလည္း စိတ္ထိန္းလိုက္ပံုရတယ္
အမရယ္
ဘယ္လိုမွ မေအာက္ေမ့ပါနဲ႔
ကြၽန္မ ေတာ္ေတာ္ေလး အခက္အခဲ ေတြ႕ေနလို႔ပါ

ကြၽန္မ ထိုဒုကၡကို နားလည္ပါတယ္
သည္လိုအခ်ိန္မွာ ကိုယ့္သားသမီးသာ ျပန္ေကာင္းမယ္ဆို ကမာၻ့တစ္ဖက္ျခမ္း သြားရမယ္ဆိုလည္း သြားမယ့္ မိခင္စိတ္ပဲေလ

ရပါတယ္ ညီမေလးရယ္
အမ နားလည္ပါတယ္

ဟုတ္ အမရယ္
ဒီလိုပါ
ညီမမွာ ၂နွစ္အ႐ြယ္ သမီးကေလး ရွိပါတယ္
အဲဒါ လြန္ခဲ့တဲ့ ၂လေလာက္ကမွ ဆရာဝန္ သြားျပမိတယ္

ေၾသာ္
ဘာျဖစ္လို႔လဲ ညီမေလးရဲ႕

ကေလးက တစ္နွစ္သာေက်ာ္လာတယ္
ေခၚရင္လည္း လွည့္မၾကည့္ဘူး
အေမအသံေပးလည္း လွည့္မၾကည့္ဘူး
မ်က္လံုးခ်င္းလည္း မဆိုင္ဘူး
လက္ညႇိုးထိုးတာ ဘူးမႈတ္တာလည္း မရွိဘူး
အဲဒီလိုျဖစ္တိုင္း ညီမက
ေၾသာ္
စိတ္ေကာက္ေနတယ္ ထင္တယ္ဆိုၿပီး ကိုယ္တစ္လွည့္ သူ႔အေဖတစ္လွည့္ ျမဴွပါတယ္
ဒါေပမယ့္ကေလးက အၿပံဳးအရယ္လည္း မရွိဘူး
စကားလည္း သင္မရဘူး အမရယ္

အမရယ္
ကြၽန္မက ကုမၸဏီမွာ မန္ေနဂ်ာပါ
အမ်ိဳးသားက ကြန္ပ်ဴတာပညာရွင္
နွစ္ေယာက္လံုးက ရံုးတက္ရေတာ့ ကေလးကို ကိုယ္ျမင္သေလာက္ပဲ ေျပာျပနိုင္တာပါ
အဖိုးအဖြားနဲ႔ ဒီကအေဒၚ ကေတာ့ ေျပာရွာသား
နင္တို႔ကေလး မဟုတ္ေသးဘူးေပါ့
ဒါေပမယ့္ တစ္နွစ္ေလာက္ဆိုေတာ့
သားဦးလည္းျဖစ္ေတာ့ ဘာမွမသိတာနဲ႔
ဒီလိုပဲ ျဖစ္တတ္တယ္ထင္ၿပီး ထားထားတာပါ

ေၾသာ္
သူလည္း ကိုယ့္လိုပါပဲလား
အဲဒါ ေအာ္တစ္ဇင္ရဲ႕ အသက္တစ္နွစ္ေအာက္ ကေလးေတြမွာျပတဲ့ လကၡဏာေတြ လို႔ ကိုယ္ေျပာမထြက္ဘူးေလ

သူကပဲ
အမရယ္
ဆရာဝန္က အဲဒါေတြက ေအာ္တစ္ဇင္လကၡဏာေတြတဲ့
ဟုတ္လားဟင္

အို
ဘယ္လိုေျပာရပါ့မလဲ

ေအာ္တစ္ဇင္ေတြရဲ႕ မိခင္တို႔ဘဝက ဒီအတိုင္းပါပဲေလ
သူ႔ကို ေျပာဖို႔ ဆြ႕ံအေနေပမယ့္ ေျပာစရာရွိတာေတာ့ ေျပာရမွာပဲေလ
သူ ျမန္ျမန္ လက္ခံနိုင္မွလည္း သူ႔အတြက္ နာက်င္မႈ နည္းမွာမလား

ညီမေလး

ဟုတ္ အမ

အခု အမေျပာတာကို ေသေသခ်ာခ်ာ နားေထာင္ေပးေနာ္
ညီမေလး ကေလးက ေအာ္တစ္ဇင္ လကၡဏာေတြေတာ့ ရွိေနၿပီ ညီမေလးရယ္
နည္းနည္းေတာ့ စိတ္ျပင္ဆင္ထားရလိမ့္မယ္

သူမ မ်က္နွာညႇိုးသြားတာ သိလိုက္သည္
မတတ္နိုင္ဘူးေလ
အခုမေျပာလည္း ထင္းေခြမႀကံဳ ေရခပ္ႀကံဳမယ့္ ကိစၥမလား

အမရယ္
ဘာမွ လုပ္လို႔ မရေတာ့ဘူးလား
ဘာေတြ ဆက္ျဖစ္လာနိုင္လဲ

ညီမေလးရယ္
သူ႔ကို အတတ္နိုင္ဆံုး လိုတာျဖည့္ဆည္းေပးတာက ကိုယ္အေကာင္းဆံုး လုပ္ေပးနိုင္တာပဲေပါ့

ဘာေတြ ဆက္ျဖစ္နိုင္သလဲ ဆိုေတာ့
ကေလးက သူမ်ားကစားသလို အရုပ္ေတြကို မကစားတတ္တာတို႔
ဥပမာ
တယ္လီဖုန္းအရုပ္ကို တယ္လီဖုန္းဆက္ရေကာင္းမွန္း မသိတာတို႔
အရုပ္နဲ႔ ကစားတာ သူမ်ားနဲ႔မတူတာတို႔
ေဖေဖ ေမေမ မေခၚတတ္တာတို႔
သူမ်ားနဲ႔ လူမႈဆက္ဆံေရး အားနည္းတာတို႔
ဟိုမွာေလယာဥ္ႀကီးတို႔ ဘာတို႔ ျမဴွရင္ လိုက္မၾကည့္တာတို႔ ျဖစ္လာနိုင္တယ္
ဒါေတြက အသက္ ၂နွစ္မွာ ျဖစ္တတ္တာေလးေတြပါ

ဒါ့အျပင္
ဝမ္းခ်ဳပ္တာ၊ အစာမေၾကတာ
သိပ္လို႔မရတာ
ခဏခဏနိုးတာ
သူ႔ကိုယ္သူ မထိန္းနိုင္ပဲ ခဏခဏ ေခ်ာ္လဲတာ
ဇြန္းမကိုင္နိုင္တာ
ၾကယ္သီးမတပ္နိုင္တာေတြ ျဖစ္လာနိုင္တယ္

အေမက အစစ လိုက္လုပ္ေပးရတာေပါ့ကြယ္

ဒါ ကြၽန္မ သူမကို အတတ္နိုင္ဆံုး ေလ်ွာ႔ေျပာလိုက္တာပါ
ေအာ္တစ္ဇင္ေတြရဲ႕ သံုးပံုတစ္ပံုက အတက္ေရာဂါ ရွိတတ္ေသးတယ္ဆိုတာ သူမ်ားသိရင္ မေတြးရဲ…

Related posts
အခြားရောဂါများအထွေထွေရောဂါများ

ရေယုန် ပေါက်ခြင်း (Herpes)

1 Mins read
ရေယုန် (Herpes) ဆိုတာ နာကျင်သော အရည်ကြည်ဖုများ သို့မဟုတ် အနာများကို ဖြစ်စေနိုင်သော အဖြစ်များသော ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Herpes simplex virus (HSV) ရောဂါပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်တာပါ။ အဓိကအားဖြင့် အရေပြားချင်း ထိတွေ့ခြင်းကြောင့် ပျံ့နှံ့တာပါ။…
အခြားရောဂါများအထွေထွေရောဂါများ

အူရောင်ခဲ့သည်ရှိသော် - Inflammatory bowel disease (IBD)

1 Mins read
အူရောင်ခြင်း Inflammatory bowel disease (IBD) ဆိုတာ အများအားဖြင့် ဗိုင်းရပ်စ်၊ ဘက်တီးရီးယား သို့မဟုတ် ကပ်ပါးပိုးဝင်ခြင်း (အစာအဆိပ် သင့်ခြင်း၊ အစာအိမ်ပိုးဝင်ခြင်း) တို့ကြောင့် အူနံရံတွေ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဓာတ်ရောင်ခြည်၊ ဆေးဝါးများ သို့မဟုတ်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…

Leave a Reply

Your email address will not be published. Required fields are marked *