အော်တစ်ဇင်ဘဝ လှပဖို့၊ ဝိုင်းဝန်းကူညီ လက်ကမ်းစို့ (၁)

ကျွန်မသားလေးက အော်တစ်ဇင်လေ

အော်တစ်ဇင် ဟုပြောလိုက်လျှင်ပင် ပညာတတ်အသိုင်းအဝိုင်းတစ်ချို့က သနားသော ကရုဏာမျက်ဝန်းများ ပေါ်လာတတ်သည်
တစ်ချို့ ပညာနည်း လူကုံထံ အသိုင်းအဝိုင်းများက ကဲ့ရဲ့ရှုံ့မဲ့ ချင်ကြသည်
အများစုကတော့ ဘာမှန်းမသိလို့ ကြောင်တောင်တောင်ကြည့်နေကြတာ များပါသည်

အော်တစ်ဇင်
သည်စကားလုံးကို ကြားကာစက ကျွန်မ မထိတ်သာမလန့်သာ ဖြစ်ခဲ့ရသည်
သားလေးမှာမှ ဘာရယ်ကြောင့်
ကျွန်မ မတွေးချင်တော့ပါ

မသိခင်ကတော့ ကလေးကို သူလိုငါလို ထင်ခဲ့သည်
သားလေးမွေးလာတော့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးပီပီ ရှင်ပြုပေးချင်သည်ပေါ့
ခုတော့
အင်းးး
သားက သိပ်အဆိုးစားအော်တစ်ဇင် ဖြစ်မနေအောင်ပဲ ကြိတ်ဆုတောင်းမိတယ်
ဆရာကတော့ပြောသား
ကလေးက အခြေအနေကောင်းရင် သာမန်လူနဲ့ မတိမ်းမယိမ်း ဖြစ်နိုင်ပါသေးတယ်တဲ့လေ

ဒီအရာအားလုံးရဲ့ အစကို မသိခဲ့ပဲ ၃နှစ်လောက်နေမှ သိခွင့်ရတဲ့ ကျွန်မကိုယ်ကျွန်မသာ ရိုက်နှက်ပစ်ချင်မိတော့တယ်
သားလေးကို မလိမ္မာဘူးထင်ပြီး ရိုက်နှက်မိတာတွေ
သူ အော်ဟစ်တဲ့အခါ ကြောက်လွန်းလို့ နာနာဘာဝ ကပ်သလားဆိုပြီး ထင်ခဲ့မိတာတွေ၊ ဖွားအေက ခေါစာပစ်ခဲ့တာတွေ
နောက်တော့လည်း ရောဂါသဘာဝ ငြိမ်သွားတော့ စိတ်အေးရသည်ပေါ့

အင်းးး
ရောဂါသဘာဝတဲ့လား
လောကမှာ ထူးဆန်းအံ့သြဖွယ် အမျိုးမျိုးအပြားပြား ရှိတယ်ဆိုတာ သူကလေးကပဲ သင်ပေးတာရယ်လေ
အရင်က အိမ်တွင်းမှုလုပ် ချက်ပြုတ်ဆေးကြောတဲ့ မီးဖိုချောင်ထဲကနေ အမေကို လူ့အသိုင်းအဝိုင်းထဲ ဆွဲခေါ်သွားတာလည်း သူပါပဲ
ခုလည်း ကားလေးကို ပက်လက်ကစားနေရှာရဲ့

သည်လို ဆန်းဆန်းပြားပြား အပြုအမူတွေကြောင့် တစ်ချိန်က မေမေတို့ သားကို လူလယ်ကောင်ထုတ်ပြဖို့ ရှက်ရွံ့ဖူးကြသေးရဲ့လေ
မင်းဖေဖေနဲ့ဆို မကွဲတာကံကောင်း

မင်း ငါ့သားကို တစ်ဆိတ်ရှိ ရိုက်နေတော့ ကလေးဒီလိုဖြစ်ပြိပေါ့ ဆိုပြီး
ခုတော့လည်း သားက ညီမလေးတောင်ရလို့ ညီမလေးပဲ မူကြိုရောက်ပြီ

အင်းးး
ဒါတွေအားလုံးရဲ့ အစကိုကြည့်ရင်တော့ လွန်ခဲ့တဲ့ ၃နှစ်ကျော်လောက်ကပေါ့

ကလေးက အိမ်မှာတည်းက မူမမှန်တာ ကျွန်မလည်း သတိတော့ ထားမိသား
သူများကလေး စကားပြောလည်း မပြောသေး
ခေါ်လည်း မထူး
မျက်လုံးချင်းလည်း ဆုံမကြည့်
မြူရတာလည်း ခက်လိုက်တာ
အရယ်အပြုံးကလည်း နည်းတယ်
မိဘမောင်ဖွားတွေကတော့
ဒါ သူတကာထက် နောက်ကျတာနေမှာပါ
စိတ်မဆင်းရဲပါနဲ့ ပြောနေကျ
ကိုယ်လည်း ဒီလိုပဲ ယုံကြည်ပြီး ဒင်းကိုက ပေတာပါလို့ ပြန်ပြန်ဖြေနေကျ

နောက် တစ်နှစ်ကျော်လောက် ဖြစ်လာရော
ကလေးက သူများကစားသလို လိုက်မကစား
သူ့ဘာသာ ခွေလှိမ့်ချင်လှိမ့်၊ လက်လှည့်ဂျင်လေး လှည့်လှည့်နေတတ်တော့လည်း
သြော်
ငါ့သားလေး ငြိမ်နေသားဆို ကိုယ်ကမသိခဲ့
အမှန်က အော်တစ်ဇင်လက္ခဏာတစ်ခုမှာ ကလေးက
လူသူလေးပါး မရောတတ်တာ
လည်နေတဲ့ ကစားစရာလေးတွေ ကြိုက်တတ်တာ
ကိုယ့်ကိုယ်ကို ချာလပတ်လှည့်နေတတ်တာတွေ ပါသတဲ့လေ

ဟော
ပြောရင်းဆိုရင်း အိမ်ရှေ့ခန်းမှာ ချာချာလည် လှည့်နေပါပကောလား
ခုတော့လည်း ဒါလေးတွေပါ ချစ်တတ်ခဲ့ပါပြီ
အမေ့ကို မေတ္တာအစစ် ဘယ်လောက်ကြီးတယ်ဆိုတာ သင်ပေးခဲ့တာ သားပါပဲကွယ်

ေအာ္တစ္ဇင္ဘဝ လွပဖို႔၊ ဝိုင္းဝန္းကူညီ လက္ကမ္းစို႔ (၁)

ကြၽန္မသားေလးက ေအာ္တစ္ဇင္ေလ

ေအာ္တစ္ဇင္ ဟုေျပာလိုက္လ်ွင္ပင္ ပညာတတ္အသိုင္းအဝိုင္းတစ္ခ်ိဳ႕က သနားေသာ ကရုဏာမ်က္ဝန္းမ်ား ေပၚလာတတ္သည္
တစ္ခ်ိဳ႕ ပညာနည္း လူကံုထံ အသိုင္းအဝိုင္းမ်ားက ကဲ့ရဲ႕ရွံု႔မဲ့ ခ်င္ၾကသည္
အမ်ားစုကေတာ့ ဘာမွန္းမသိလို႔ ေၾကာင္ေတာင္ေတာင္ၾကည့္ေနၾကတာ မ်ားပါသည္

ေအာ္တစ္ဇင္
သည္စကားလံုးကို ၾကားကာစက ကြၽန္မ မထိတ္သာမလန္႔သာ ျဖစ္ခဲ့ရသည္
သားေလးမွာမွ ဘာရယ္ေၾကာင့္
ကြၽန္မ မေတြးခ်င္ေတာ့ပါ

မသိခင္ကေတာ့ ကေလးကို သူလိုငါလို ထင္ခဲ့သည္
သားေလးေမြးလာေတာ့ ဗုဒၶဘာသာ ျမန္မာလူမ်ိဳးပီပီ ရွင္ျပဳေပးခ်င္သည္ေပါ့
ခုေတာ့
အင္းးး
သားက သိပ္အဆိုးစားေအာ္တစ္ဇင္ ျဖစ္မေနေအာင္ပဲ ႀကိတ္ဆုေတာင္းမိတယ္
ဆရာကေတာ့ေျပာသား
ကေလးက အေျခအေနေကာင္းရင္ သာမန္လူနဲ႔ မတိမ္းမယိမ္း ျဖစ္နိုင္ပါေသးတယ္တဲ့ေလ

ဒီအရာအားလံုးရဲ႕ အစကို မသိခဲ့ပဲ ၃နွစ္ေလာက္ေနမွ သ္ိခြင့္ရတဲ့ ကြၽန္မကိုယ္ကြၽန္မသာ ရိုက္နွက္ပစ္ခ်င္မိေတာ့တယ္
သားေလးကို မလိမၼာဘူးထင္ၿပီး ရိုက္နွက္မိတာေတြ
သူ ေအာ္ဟစ္တဲ့အခါ ေၾကာက္လြန္းလို႔ နာနာဘာဝ ကပ္သလားဆိုၿပီး ထင္ခဲ့မိတာေတြ၊ ဖြားေအက ေခါစာပစ္ခဲ့တာေတြ
ေနာက္ေတာ့လည္း ေရာဂါသဘာဝ ၿငိမ္သြားေတာ့ စိတ္ေအးရသည္ေပါ့

အင္းးး
ေရာဂါသဘာဝတဲ့လား
ေလာကမွာ ထူးဆန္းအံ့ၾသဖြယ္ အမ်ိဳးမ်ိဳးအျပားျပား ရွိတယ္ဆိုတာ သူကေလးကပဲ သင္ေပးတာရယ္ေလ
အရင္က အိမ္တြင္းမႈလုပ္ ခ်က္ျပဳတ္ေဆးေၾကာတဲ့ မီးဖိုေခ်ာင္ထဲကေန အေမကို လူ႔အသိုင္းအဝိုင္းထဲ ဆြဲေခၚသြားတာလည္း သူပါပဲ
ခုလည္း ကားေလးကို ပက္လက္ကစားေနရွာရဲ႕

သည္လို ဆန္းဆန္းျပားျပား အျပဳအမူေတြေၾကာင့္ တစ္ခ်ိန္က ေမေမတို႔ သားကုိ လူလယ္ေကာင္ထုတ္ျပဖို႔ ရွက္႐ြံ႕ဖူးၾကေသးရဲ႕ေလ
မင္းေဖေဖနဲ႔ဆို မကြဲတာကံေကာင္း

မင္း ငါ့သားကို တစ္ဆိတ္ရွိ ရိုက္ေနေတာ့ ကေလးဒီလိုျဖစ္ၿပိေပါ့ ဆိုၿပီး
ခုေတာ့လည္း သားက ညီမေလးေတာင္ရလို႔ ညီမေလးပဲ မူႀကိဳေရာက္ၿပီ

အင္းးး
ဒါေတြအားလံုးရဲ႕ အစကိုၾကည့္ရင္ေတာ့ လြန္ခဲ့တဲ့ ၃နွစ္ေက်ာ္ေလာက္ကေပါ့

ကေလးက အိမ္မွာတည္းက မူမမွန္တာ ကြၽန္မလည္း သတိေတာ့ ထားမိသား
သူမ်ားကေလး စကားေျပာလည္း မေျပာေသး
ေခၚလည္း မထူး
မ်က္လံုးခ်င္းလည္း ဆံုမၾကည့္
ျမဴရတာလည္း ခက္လိုက္တာ
အရယ္အၿပံဳးကလည္း နည္းတယ္
မိဘေမာင္ဖြားေတြကေတာ့
ဒါ သူတကာထက္ ေနာက္က်တာေနမွာပါ
စိတ္မဆင္းရဲပါနဲ႔ ေျပာေနက်
ကိုယ္လည္း ဒီလိုပဲ ယံုၾကည္ၿပီး ဒင္းကိုက ေပတာပါလို႔ ျပန္ျပန္ေျဖေနက်

ေနာက္ တစ္နွစ္ေက်ာ္ေလာက္ ျဖစ္လာေရာ
ကေလးက သူမ်ားကစားသလို လိုက္မကစား
သူ႔ဘာသာ ေခြလွိမ့္ခ်င္လွိမ့္၊ လက္လွည့္ဂ်င္ေလး လွည့္လွည့္ေနတတ္ေတာ့လည္း
ေၾသာ္
ငါ့သားေလး ၿငိမ္ေနသားဆို ကိုယ္ကမသိခဲ့
အမွန္က ေအာ္တစ္ဇင္လကၡဏာတစ္ခုမွာ ကေလးက
လူသူေလးပါး မေရာတတ္တာ
လည္ေနတဲ့ ကစားစရာေလးေတြ ႀကိဳက္တတ္တာ
ကိုယ့္ကုိယ္ကို ခ်ာလပတ္လွည့္ေနတတ္တာေတြ ပါသတဲ့ေလ

ေဟာ
ေျပာရင္းဆိုရင္း အိမ္ေရွ႕ခန္းမွာ ခ်ာခ်ာလည္ လွည့္ေနပါပေကာလား
ခုေတာ့လည္း ဒါေလးေတြပါ ခ်စ္တတ္ခဲ့ပါၿပီ
အေမ့ကို ေမတၱာအစစ္ ဘယ္ေလာက္ႀကီးတယ္ဆိုတာ သင္ေပးခဲ့တာ သားပါပဲကြယ္

Related posts
နေထိုင်မှုပုံစံအခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မခံမရပ်နိုင်အောင် ဇက်ကြောတက် နေရခြင်းရဲ့ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ

1 Mins read
ယနေ့ခေတ်လို ကွန်ပျူတာ၊ laptop၊ ဖုန်း၊ tablet စတာတွေကို အသုံးများလာတဲ့ခေတ်မှာ ဇက်ကြောတက် ခြင်းက အဖြစ် များလာတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။  ဇက်ကြောတက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ကတော့- (၁) ကြွက်သားတောင့်တင်းခြင်း သို့မဟုတ် ညောင်းညာခြင်း ကိုယ်ဟန်အနေအထား မမှန်ခြင်း၊ ရုတ်တရက်…
အခြားရောဂါများအထွေထွေဆေးဝါးများ

နားကိုက်ခြင်း

1 Mins read
နားကိုက်ခြင်း ဟာ ရောဂါပိုးဝင်ခြင်း၊ နားဖာချေးပိတ်ခြင်း၊ နားထဲပစ္စည်းတစ်ခုခုဝင်နေခြင်း၊ နားထဲရေဝင်နေခြင်း၊ နားစည်ပေါက်ခြင်း စတဲ့အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ နားကြောင့်မဟုတ်ဘဲ တခြား တစ်နေရာရာ က ဖြစ်တဲ့ နာကျင်ခြင်းကြောင့်လည်း နားကိုက်ခြင်း ကို ခံစားရနိုင်ပါတယ်။ (ဥပမာ- မေးရိုး နာကျင် ရောင်ရမ်း…
အခြားရောဂါများအသည်းအားဆေးများ

မပေါ့ဆသင့်ပါ အသည်းရောင်အသားဝါ

1 Mins read
ဇူလိုင်လ ၂၈ ရက်နေ့ ကမ္ဘာ့အသည်းရောင်အသားဝါနေ့မှာ အသည်းရောင်အသားဝါ ရောဂါ ကာကွယ်ခြင်းနှင့် ရောဂါကို စီမံခန့်ခွဲမှုအတွက် ယေဘုယျအကြံပြုချက်အချို့ကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးခြင်း- အသည်းရောင်အသားဝါ A နှင့် B အတွက် ကာကွယ်ဆေးများရရှိနိုင်ပြီး ကာကွယ်ဆေး ထိုးသင့်ကြောင်းကို အကြံပြုထားကြပါတယ်။ ကာကွယ်ဆေးထိုးထားခြင်းဟာ…

Leave a Reply

Your email address will not be published. Required fields are marked *