You are here:-tayzar

About tayzar

This author has not yet filled in any details.
So far tayzar has created 2025 blog entries.

အရေပြားမှာ ဖြစ်ပေါ်တက်သောရောဂါများအကြောင်း

By |2020-04-15T13:22:07+00:00November 4th, 2019|Categories: All Articles, အလှအပ, အလှအပနှင့်နေထိုင်စားသောက်မှုပုံစံ|

အရေပြားမှာ ဖြစ်ပေါ်တက်သောရောဂါများအကြောင်း အရေပြားဟာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးနေရာယူထားတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်သလို ဖြစ်နိုင်တဲ့ရောဂါတွေကလည်း စုံလှပါတယ်။ ?အရေပြားရောဂါဖြစ်စေနိုင်တဲ့ အကြောင်းတွေက ဘာတွေလဲ ?? ◾ရောဂါပိုးများ - မှိုကြောင့် ညှင်း၊ပွေး၊ခြေဝဲစားခြင်း..စတာမျိုးတွေဖြစ်နိုင်ပါတယ်။ လိမ်းဆေး၊ သောက်ဆေးတွေရှိပေမဲ့ ကုသချိန်ကြာတတ်ပြီး ချက်ချင်းမပျောက်နိုင်လို့ စိတ်ရှည်ရှည်ကုဖို့လိုပါတယ်။ - ဗိုင်းရပ်စ်ပိုးတွေကြောင့် ရေယုန်၊ ရေကျောက်၊ ကြွက်နို့၊ ကလေးငယ်တွေမှာ အဖြစ်များတဲ့ hand foot and mouth disease (HFMD) လို ရောဂါတွေ အဖြစ်များပါတယ်။ ဗိုင်းရပ်စ်ပိုးကို မြန်မြန်နှိမ်နင်းနိုင်ဖို့အတွက် ကိုယ်ခံအားစနစ်မြှင့်တင်ပေးဖို့ အရေးကြီးပါတယ်။ - ဘက်တီးရီးယားပိုးတွေကြောင့် ဝက်ခြံ၊ ပြည်တည်နာ၊ အနာပဆုပ် စတာတွေ အဖြစ်များပြီး

အရေပြားယားယံမှုကို ထိန်းသိမ်းနည်

By |2020-05-04T04:36:37+00:00November 2nd, 2019|Categories: All Articles, အလှအပ, အလှအပနှင့်နေထိုင်စားသောက်မှုပုံစံ|

?အရေပြားယားယံမှုကို ထိန်းသိမ်းနည်း? အချစ်နဲ့ ယားယံခြင်း ဆိုတာ အောင့်ထားလို့မရတဲ့ အရာတွေထဲမှာ ထိပ်ဆုံးမှာရှိပါတယ်။ တစ်ယောက်ယောက်ကို ချစ်မိလာရင် မနေနိုင်မထိုင်နိုင် မူပျက်လာတတ်သလိုပဲ ယားယံလာပြီဆိုရင်လည်း မကုတ်ဘဲမနေနိုင်အောင် ဂဏှာမငြိမ် ဖြစ်နေတတ်ပါတယ်။ မချစ်ဖူးတဲ့လူမရှိသလို မယားဖူးတဲ့လူလည်းမရှိပါဘူး။ အခုတော့ ယားယံခြင်းအကြောင်း နည်းနည်းပြောပြပါမယ်။ အချစ်အကြောင်းကတော့ နောက်မှ ကြုံရင်ပေါ့။ ?ယားယံစေတဲ့ အကြောင်းတွေအများကြီးရှိပါတယ်။ ဓာတ်မတည့်တာ ၊ အရေပြားရောဂါနဲ့ ယားနာတွေကြောင့် ဖြစ်နိုင်သလို တခြားရောဂါတစ်ခုခုရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့်ယားယား ဖြစ်စေတဲ့အကြောင်းကို ရှာဖွေကုသမှ တကယ်ထိရောက်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ဘာကြောင့်ပဲ ယားယား မြန်မြန်အယားပျောက်ပြီး သက်သာစေဖို့ ဒီအချက်လေးတွေ လုပ်ပေးလို့ရပါတယ်။ - လုံးဝမကုတ်မိအောင် လက်ကိုထိန်းပါ။

ရေနွေးနဲ့ ခေါင်းလျှော်ရင် ဆံသားပျက်စီးနိုင်လား

By |2020-04-15T13:22:46+00:00November 2nd, 2019|Categories: All Articles, အလှအပ, အလှအပနှင့်နေထိုင်စားသောက်မှုပုံစံ|

?ရေနွေးနဲ့ ခေါင်းလျှော်ရင် ဆံသားပျက်စီးနိုင်လား? ခေါင်းလျှော်ခြင်းဆိုတာ လူနေမှုဘဝရဲ့ အစိတ်အပိုင်းတစ်ခုလို့ပြောလို့ရပါတယ်။ တချို့ကတော့ ဘာရယ်မဟုတ် ခေါင်းလျှော်ရည်မရွေး ရေအေး ရေနွေးမရွေး လျှော်လိုက်ကြပေမဲ့ တချို့လူတွေမှာတော့ ဘယ်တံဆိပ်မှ ရေအေးမှ ရေနွေးမှ ဆိုတဲ့ ရွေးချယ်မှုတွေရှိတတ်ကြပါတယ်။ တကယ်လည်း ရွေးချယ်ဖို့ လိုပါတယ်။ ခေါင်းလျှော်ရည်တွေမှာလည်း ပါဝင်ပစ္စည်းပေါ်မူတည်ပြီး အားသာချက် အားနည်းချက်တွေရှိသလို ရေအေး ရေနွေးမှာလည်း ထို့အတူပါပဲ။ ဘယ်အရာမဆို အလယ်အလတ် လမ်းစဉ်ကသာ အကောင်းဆုံးမို့ ချင့်ချိန်သုံးစွဲဖို့ပဲ လိုပါတယ်။ ?ရေနွေးနဲ့ခေါင်းလျှော်ရင် ဘာတွေဖြစ်မလဲ ?? ကောင်းတဲ့အချက်အနေနဲ့ပြောရရင်တော့ ရေနွေးက ချွေးပေါက်တွေကို ပွင့်စေပြီး ဂျီးကျွတ်စေပါတယ်။ ဒါ့ကြောင့် ဆံသားနဲ့ ဦးရေပြားကို ပိုသန့်ရှင်းစေပါတယ်။ မကောင်းတဲ့အချက်ကတော့ အညစ်အကြေးတွေနဲ့အတူ

Hair Damaged

By |2020-02-25T02:13:18+00:00November 1st, 2019|Categories: All Articles, အလှအပ, အလှအပနှင့်နေထိုင်စားသောက်မှုပုံစံ|

?ဆံပင်နှစ်ခွဖြစ်ခြင်း? ဆံသားနှစ်ခွဖြစ်ခြင်းဆိုတာ ဆံသားပျက်စီးခြင်းရဲ့ လက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဆံသားထိပ်ဖျားတွေ နှစ်ခွဖြစ်လာတတ်သလို အမွှာမွှာ ဖွာထွက်လာတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒီတော့ ဆံပင်အလှအပလည်း ထိခိုက် စိတ်တွေလည်းရှုပ်ရပြီပေါ့။ ?ဘာကြောင့် ဆံသားပျက်စီးပြီး နှစ်ခွဖြစ်ရတာလဲ ?? ◾အပူဒဏ် နေပူဒဏ်ကြောင့်လည်း ဖြစ်နိုင်သလို ဆံပင်ကောက်ခြင်း ဆံပင်ပုံသွင်းခြင်းတွေမှာ အသုံးပြုရတဲ့ အပူဒဏ်တွေကြောင့်လည်း ဖြစ်လာနိုင်ပါတယ်။ ◾ဓာတုပစ္စည်း ဆံပင်ဆေးဆိုးခြင်း ပေါင်းတင်ခြင်းတွေကို အလွန်အကျွံလုပ်မိတဲ့အခါမှာလည်း ဓာတုပစ္စည်းတွေကြောင့် ဆံသားကို အကာအကွယ်ပေးထားတဲ့ အပေါ်ယံအလွှာကို ထိခိုက်ပျက်စီးစေပြီး ဆံသားတွေ ဖွာထွက်လာစေတတ်ပါတယ်။ ◾အခြားအကြောင်းရင်းများ ဆံပင်တွေရှုပ်ထွေးနေချိန်မျိုးမှာ ဘီးနဲ့ ခပ်ကြမ်းကြမ်းဖီးချတာမျိုး၊ မလိုအပ်ဘဲ ခေါင်းခဏခဏဖီးနေတာမျိုးတွေကလည်း ဆံသားပျက်စီးပြီး ဆံပင်နှစ်ခွဖြစ်စေတတ်ပါတယ်။ ဆံပင်သပ်တင်တာကြောင့်တော့ ဆံသားနှစ်ခွ မဖြစ်စေပါဘူး။

Pores

By |2020-02-25T02:15:55+00:00October 29th, 2019|Categories: All Articles, အလှအပ, အလှအပနှင့်နေထိုင်စားသောက်မှုပုံစံ|

ချွေးပေါက်ကျယ်ခြင်း ချွေးပေါက်ဆိုတာ အရေပြားပေါ်က အပေါက်သေးသေးလေးတွေဖြစ်ပါတယ်။ အရေပြားအောက်က ချွေးနဲ့ အဆီဂလင်းတွေဟာ ဒီအပေါက်ကလေးတွေကတဆင့် ချွေးတွေ အဆီတွေကို ထုတ်လွှတ်ပေးရပါတယ်။ ဒီချွေးပေါက်ကလေးတွေဟာ အသားအရေလှပရေးမှာ အရေးကြီးတဲ့ နေရာက ပါဝင်နေပါတယ်။ တချို့လူတွေမှာ ချွေးပေါက်တွေက ပုံမှန်ထက် ပိုကျယ်နေတတ်ပါတယ်။ ဒီအခါမှာ ပုံမှန်ထက် ပိုအဆီပြန်တဲ့ အသားအရေတွေ ဖြစ်စေတာပေါ့။ ?ချွေးပေါက်ကျယ်စေတဲ့ အကြောင်းရင်းများ ?? - ဝက်ခြံ - အဆီထုတ်လုပ်မှုများရင် - အဆီများတဲ့ မိတ်ကပ်တွေ - နေလောင်ဒဏ် စတဲ့ အချက်တွေကြောင့် ချွေးပေါက်တွေကျယ်လာစေပါတယ်။ ?ချွေးပေါက်ကျယ်ရင် ဘာလုပ်ရမလဲ ?? - မိမိသုံးနေတဲ့ skin care တွေကို

How to relate beauty and Healthy

By |2020-02-25T02:17:00+00:00September 27th, 2019|Categories: All Articles, အလှအပ, အလှအပနှင့်နေထိုင်စားသောက်မှုပုံစံ|

အလှအပပေါ်ကျန်းမာရေးက ဘယ်လိုသက်ရောက်မှုရှိလဲ အလှအပလို့ပြောလိုက်တာနဲ့ ကျန်းမာရေးနဲ့ ဆိုင်နေမယ်လို့ သိတဲ့သူက နည်းပါသေးတယ်။ တစ်ကယ်တော့ ကျန်းမာရေးနဲ့ အလှအပဆိုတာ ခွဲလို့မရတာ အတွဲ တစ်တွဲလိုပါပဲ။ ကျန်းမာရေးလိုက်စားရင်း လှနေပနေသူတွေကို တွေ့ဇူးကြမှာပါ။ ဒါကြောင့်မိုလို့ ဒီနေ့ ဒီစာလေးမှာ အလှအပနဲ့ ကျန်းမာရေးဘယ်လို သက်ဆိုင်နေလဲဆိုတာကို ရှင်းပြပေးပါရစေနော် ... အလှအပနဲ့ ကျန်းမာရေး ဘယ်လိုဆက်နွယ်နေလဲဆိုတာကို GYM ဆော့တဲ့ သူတွေကို ကြည့်ခြင်းအားဖြင့်လည်း သိနိုင်ပါတယ်။ GYM ဆိုတာက လေ့ကျင့်ခန်းတစ်ခုဖြစ်လို့ ခန္ဓာကိုယ်အတွက် အရမ်းကိုကောင်းတဲ့ အလေ့အကျင့် တစ်ခုပါ။ GYM ဆော့တဲ့သူ တော်တေ်ာများများကိုကြည့်ခြင်းအားဖြင့် သက်လုံကောင်းတာတွေ့ရပါတယ်။ အဆီနည်းပြီးရောဂါကင်းတာကိုလည်း လူတိုင်းသတိထားမိကြမှာပါ။ ထို့အတူပဲ အလှအမ ရှူထောင့်ကနေကြည့်မယ်ဆိုရင်လည်း

Things to do about Diaper Rash

By |2020-01-22T05:23:40+00:00September 27th, 2019|Categories: All Articles, ကလေး ကျန်းမာရေး, မိခင်နှင့်ကလေးကျန်းမာရေ|

?ဒိုင်ပါလောင်တဲ့အခါ မဖြစ်မနေလုပ်ရမည့်အချက်များ? ကလေးသေးခံ ဒိုင်ပါနဲ့ ထားလေ့ရှိတဲ့ ကလေးတွေမှာ ဒိုင်ပါလောင်တဲ့ ပြဿနာက ဖြစ်လေ့ရှိတဲ့ ပြဿနာပါ။ ဒီတော့ ဒိုင်ပါလောင်ရင် အမြန်သက်သာပျောက်ကင်းဖို့ ဒီအချက်လေးတွေကို သတိထား လိုက်နာဖို့လိုပါတယ်။ ✔ဒိုင်ပါ မကြာခဏလဲပေးပါ။ ဒိုင်ပါ သိပ်မစိုစွတ်ခင် ကြိုလဲပေးခြင်းက အနာကို မြန်မြန်ခြောက်သွေ့ အနာကျက်မြန်စေပါတယ်။ တစ်နာရီတစ်ခါ ဒိုင်ပါကို စစ်ပါ။ ဆီး/ဝမ်း စိုနေရင် ချက်ချင်းလဲပါ။ စိုစွတ်မှုကို စုပ်ယူနိုင်စွမ်းပိုကောင်းတဲ့အတွက် ဒီအခြေအနေမှာ တစ်ခါသုံးဒိုင်ပါတွေက ပိုသင့်တော်ပါတယ်။ ✔ကလေးရဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို လေဝင်လေထွက်ကောင်းအောင် လုပ်ပေးပါ။ ဒိုင်ပါလဲပေးချိန်တိုင်း ချက်ချင်းပြန်မဝတ်ဘဲ ခါးအောက်ပိုင်းဗလာကျင်းပြီး ခဏထားပေးပါ။ ကြာကြာထားလေ အနာမြန်မြန်ခြောက်သွေ့သက်သာလေ ဖြစ်ပါတယ်။ အအေးမမိစေဖို့တော့ ဂရုစိုက်ပါ။

Comments Off on Things to do about Diaper Rash

Things to know about medicine for scar

By |2020-03-04T06:42:18+00:00September 23rd, 2019|Categories: All Articles, အထွေထွေ, အထွေထွေရောဂါများ, အလှအပ, အလှအပနှင့်နေထိုင်စားသောက်မှုပုံစံ|

?အမာရွတ်ပျောက်ဆေးများအကြောင်း သိကောင်းစရာ? ဒဏ်ရာဆိုတာတွေက နာကျင်စရာတွေပေးသလိုပဲ အမာရွတ်တွေကတော့ အဲ့ဒီ့ နာကျင်စရာတွေကို ပြန်ပြောင်းသတိရစေနိုင်စွမ်းပါတယ်။ ဒီ့ထက်ပိုဆိုးတဲ့ အချက်ကတော့ အမာရွတ်ဆိုတာ ရှိတဲ့နေရာပေါ်မူတည်ပြီး အသားအရေ အလှအပကို အမြဲတိုက်ခိုက် ထိုးနှက်နေတတ်ပါတယ်။ အမာရွတ်မှန်ရင် ရာနှုန်းပြည့် လုံးဝပျောက်ကွယ်သွားဖို့တော့ မဖြစ်နိုင်ပေမဲ့ စိတ်ဓာတ်မကျပါနဲ့။ ဒီအမာရွတ်တွေ လျော့ပါးသွားအောင် ၊ သိပ်ရုပ်မဆိုးအောင်၊ မမြင်သာ မသိသာအောင်ပြုလုပ်နိုင်တဲ့ ကုသနည်းတွေတော့ အများကြီး ရှိပါတယ်။ ကိုယ့်အတွက် ဘယ်ကုသနည်းက အဆင်အပြေဆုံးဖြစ်နိုင်မယ်ဆိုတာတော့ အရေပြားအထူးကုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးရပါမယ်။ ? Skin camouflage (make-up) အမာရွတ်ကို ဖုံးကွယ်ဖို့နဲ့ မသိသာအောင် ပြုလုပ်နိုင်တဲ့ အထူးပြုလုပ်ထားတဲ့ ရေစိုခံမိတ်ကပ်တွေလိမ်းလို့ရပါတယ်။ ? Silicone gels

Load More Posts