သွားကျင်ခြင်းအများစု၏ တရားခံ သို့မဟုတ် သွားမျက်နှာပြင်များ ပွန်းပဲ့ပြုန်းတီးခြင်း
သွားတိုက်နည်းစနစ်မှန်နှင့် ကောင်းစွာကျင့်သားမရသေးသော၊ ၆လတစ်ကြိမ် သွားကျန်းမာရေးစစ်ဆေးခြင်းအလေ့အထ နည်းပါးနေသေးသော မြန်မာနိုင်ငံတွင် သွားကျင်ခြင်းသည် အများစုခံစားရလေ့ရှိသော သွားနှင့်ခံတွင်းပြဿနာတစ်ခုဖြစ်သည်။ ရေအေးသောက်မိသည့်အခါ၊ လေကို စုပ်မိသည့်အခါ၊ အစာဝါးသည့်အခါ ဖြစ်ပေါ်လာသော သွားကျင်ခြင်းအများစုတွင် တရားခံမှာ သွားမျက်နှာပြင်များ ပွန်းပဲ့ပြုန်းတီးနေခြင်းကြောင့် ဖြစ်နေတတ်သည်။
အစာဝါးသည့် အချိန်တွင် အပေါ်သွားများနှင့် အောက်သွားများ တိုက်မိသည့်အခါ ဖြစ်ပေါ်လာသည့် အကျိုးဆက်ကြောင့် သွားမျက်နှာပြင်များပွန်းစားခြင်းကို သွားမျက်နှာပြင်များ ပွန်းပဲ့ပြုန်းတီးခြင်း (Attrition) ဟု ခေါ်ပါသည်။ ၎င်းကို အစာမာများကို နှစ်ခြိုက်စွာဝါးစားတတ်သောသူများနှင့် အစာဝါးသည့် သက်တမ်းကြာပြီဖြစ်သော အသက်အရွယ်များဖြစ်သည့် လူလတ်ပိုင်း လူကြီးပိုင်းအသက်အရွယ်များတွင် အများဆုံးတွေ့ရတတ်သည်။
လူတို့၏သွားများသည် အစာကြိတ်ဝါးရန် နေ့စဉ်အသုံးပြုနေရ၍ မျက်နှာပြင်များသည် တဖြည်းဖြည်း ပွန်းပဲ့ပျက်စီးလာကြရာ အသက်ကြီးလာသည်နှင့်အမျှ သွား၏မျက်နှာပြင်အခုံးများသည် ညီညာသော မျက်နှာပြင်များအဖြစ်သို့ ပြောင်းလဲသွားကြပါသည်။ အံတိုသည်ဆိုသည်မှာ ၎င်းသွားများကို အစွဲပြု၍ ပေါ်ပေါက်လာသောစကားပင်ဖြစ်သည်။ ၎င်းကဲ့သို့သွားမျက်နှာပြင် ပြုန်းတီးခြင်းကို ရောဂါဟု မသတ်မှတ်ဘဲ အသက်ကြီးရင့်ခြင်း၏ ဇီဝကမ္မဖြစ်စဉ်ဟု သတ်မှတ်ပါသည်။
သွားတိုက်နည်းစနစ် မှားယွင်းနေသူများ၊ ကြမ်းတမ်းသော အမှုန့်များဖြစ်သည့် မီးသွေး၊ ဖွဲပြာတို့ဖြင့်သွားတိုက်သူများတွင် ပို၍ အဖြစ်များပါသည်။
ထို့ပြင် သွားတိုက်နည်းစနစ်အမှားဖြစ်သော ကန့်လန့်ဖြတ်သွားတိုက်သူများတွင် သွားဖုံးနှင့်သွားအစပ်နေရာ၌ ချိုင့်ခွက်များဖြစ်ပေါ်နေတတ်ပါသည်။ မည်မျှနူးညံ့သည့် သွားတိုက်တံနှင့်ပင်ဖြစ်စေ အဆိုပါကန့်လန့်ဖြတ်သွားတိုက်နည်းစနစ်နှင့် ကာလကြာရှည်မှားယွင်းစွာ သွားတိုက်ပါက သွားအခြေတွင် တိုက်စားခံရပြီး သွားမျက်နှာပြင် ပြုန်းတီးခြင်း (Abrasion) ဖြစ်ပေါ်လာကာ သွားကျင်ခြင်းကို ဖြစ်ပေါ်စေတတ်သည်။
ဓာတုပစ္စည်းများ (ဥပမာ-အချဉ်ဓာတ်ပါသည့် ဖျော်ရည်များ)၊ အချဉ်ဓာတ်ပါသော သဘာဝအရည်များ (ဥပမာ-သံပုရာရည်) ကို နှစ်ကြာရှည်စွာ သောက်သုံးခြင်း၊ အချဉ်ကို အလွန်အကျွန်စားသုံးခြင်းကြောင့်လည်း သွားမျက်နှာပြင်များပွန်းပဲ့ခြင်း (Erosion) ဖြစ်နိုင်ပါသည်။ ၎င်းကဲ့သို့ ပွန်းပဲ့ ပျက်စီးခြင်းကို ချောမွေ့ပြောင်လက်နေသော ကြွေသွားလွှာအောက်ရှိ ဆင်စွယ်နှစ်လွှာအထိ တွေ့ရ တတ်ပါသည်။ ထိုအခြေအနေများတွင် သွားကျင်ခြင်းဝေဒနာကို ခံစားရပါသည်။ ၎င်းတို့ကို သွားဖုံး နှင့် ကပ်လျက်ရှိ သောသွားအခြေမျက်နှာပြင်များ၊ သွား(၂)ချောင်းကြားမျက်နှာပြင်၊ ပါးနှင့်ကပ်လျက် ရှိသော သွားမျက်နှာပြင်များတွင် အများဆုံးတွေ့ရပါသည်။
သွားမျက်နှာပြင်များသည် ပျက်စီးသွားပါက အလိုအလျောက် ပြန်ကောင်းနိုင်သော အာနိသင် မရှိပါ။ ထို့ကြောင့် သွားကျန်းမာရေး ပြဿနာပေါ်ပေါက်လာမှ သွားနှင့်ခံတွင်းဆေးခန်းပြေးခြင်းထက် မဖြစ်ခင်ကတည်းက မိမိကိုယ်မိမိ ဂရုစိုက်စောင့်ရှောက်သင့်ပါသည်။ သေးငယ်သော သွားမျက်နှာပြင် ပြုန်းတီးမှုများတွင် Sensodyne ကဲ့သို့သော သွားကျင်ခြင်းကို ပျောက်စေသည့် သွားတိုက်ဆေးကို အသုံးပြုခြင်းဖြင့် သက်သာနိုင်သော်လည်း သွားမျက်နှာပြင် ကြီးကြီးမားမားပြုန်းတီးမှုများတွင် ဆေးဖြင့်ဖာထေးပြုပြင်မှသာ သက်သာနိုင်ပါသည်။ အဆိုပါ သွားမျက်နှာပြင်ပြုန်းတီးမှုများကို လျစ်လျူရှုထားပါက အာရုံကြောနှင့် သွေးကြောများရှိသော မွှသွားအလွှာသို့ ရောက်ရှိသွားနိုင်ပြီး သွားတစ်ချောင်း၏ အသက်သေဆုံးခြင်းကို ဖြစ်ပေါ်စေနိုင်ပါသည်။
Dr.Sai TS
သြားက်င္ျခင္းအမ်ားစု၏ တရားခံ သို႔မဟုတ္ သြားမ်က္ႏွာျပင္မ်ား ပြန္းပဲ့ျပဳန္းတီးျခင္း
သြားတုိက္နည္းစနစ္မွန္ႏွင့္ ေကာင္းစြာက်င့္သားမရေသးေသာ၊ ၆လတစ္ႀကိမ္ သြားက်န္းမာေရးစစ္ေဆးျခင္းအေလ့အထ နည္းပါးေနေသးေသာ ျမန္မာႏိုင္ငံတြင္ သြားက်င္ျခင္းသည္ အမ်ားစုခံစားရေလ့ရွိေသာ သြားႏွင့္ခံတြင္းျပႆနာတစ္ခုျဖစ္သည္။ ေရေအးေသာက္မိသည့္အခါ၊ ေလကို စုပ္မိသည့္အခါ၊ အစာ၀ါးသည့္အခါ ျဖစ္ေပၚလာေသာ သြားက်င္ျခင္းအမ်ားစုတြင္ တရားခံမွာ သြားမ်က္ႏွာျပင္မ်ား ပြန္းပဲ့ျပဳန္းတီးေနျခင္းေၾကာင့္ ျဖစ္ေနတတ္သည္။
အစာ၀ါးသည့္ အခ်ိန္တြင္ အေပၚသြားမ်ားႏွင့္ ေအာက္သြားမ်ား တုိက္မိသည့္အခါ ျဖစ္ေပၚလာသည့္ အက်ဳိးဆက္ေၾကာင့္ သြားမ်က္ႏွာျပင္မ်ားပြန္းစားျခင္းကို သြားမ်က္ႏွာျပင္မ်ား ပြန္းပဲ့ျပဳန္းတီးျခင္း (Attrition) ဟု ေခၚပါသည္။ ၄င္းကို အစာမာမ်ားကို ႏွစ္ၿခိဳက္စြာ၀ါးစားတတ္ေသာသူမ်ားႏွင့္ အစာ၀ါးသည့္ သက္တမ္းၾကာၿပီျဖစ္ေသာ အသက္အရြယ္မ်ားျဖစ္သည့္ လူလတ္ပိုင္း လူႀကီးပိုင္းအသက္အရြယ္မ်ားတြင္ အမ်ားဆံုးေတြ႔ရတတ္သည္။
လူတို႔၏သြားမ်ားသည္ အစာႀကိတ္၀ါးရန္ ေန႔စဥ္အသံုးျပဳေနရ၍ မ်က္ႏွာျပင္မ်ားသည္ တျဖည္းျဖည္း ပြန္းပဲ့ပ်က္စီးလာၾကရာ အသက္ႀကီးလာသည္ႏွင့္အမွ် သြား၏မ်က္ႏွာျပင္အခံုးမ်ားသည္ ညီညာေသာ မ်က္္ႏွာျပင္မ်ားအျဖစ္သို႔ ေျပာင္းလဲသြားၾကပါသည္။ အံတိုသည္ဆိုသည္မွာ ၄င္းသြားမ်ားကို အစြဲျပဳ၍ ေပၚေပါက္လာေသာစကားပင္ျဖစ္သည္။ ၄င္းကဲ့သို႔သြားမ်က္ႏွာျပင္ ျပဳန္းတီးျခင္းကို ေရာဂါဟု မသတ္မွတ္ဘဲ အသက္ႀကီးရင့္ျခင္း၏ ဇီ၀ကမၼျဖစ္စဥ္ဟု သတ္မွတ္ပါသည္။
သြားတုိက္နည္းစနစ္ မွားယြင္းေနသူမ်ား၊ ၾကမ္းတမ္းေသာ အမႈန္႔မ်ားျဖစ္သည့္ မီးေသြး၊ ဖြဲျပာတို႔ျဖင့္သြားတုိက္သူမ်ားတြင္ ပို၍ အျဖစ္မ်ားပါသည္။
ထို႔ျပင္ သြားတိုက္နည္းစနစ္အမွားျဖစ္ေသာ ကန္႔လန္႔ျဖတ္သြားတိုက္သူမ်ားတြင္ သြားဖံုးႏွင့္သြားအစပ္ေနရာ၌ ခ်ိဳင့္ခြက္မ်ားျဖစ္ေပၚေနတတ္ပါသည္။ မည္မွ်ႏူးညံ့သည့္ သြားတိုက္တံႏွင့္ပင္ျဖစ္ေစ အဆိုပါကန္႔လန္႔ျဖတ္သြားတိုက္နည္းစနစ္ႏွင့္ ကာလၾကာရွည္မွားယြင္းစြာ သြားတိုက္ပါက သြားအေျခတြင္ တုိက္စားခံရၿပီး သြားမ်က္ႏွာျပင္ ျပဳန္းတီးျခင္း (Abrasion) ျဖစ္ေပၚလာကာ သြားက်င္ျခင္းကို ျဖစ္ေပၚေစတတ္သည္။
ဓာတုပစၥည္းမ်ား (ဥပမာ-အခ်ဥ္ဓာတ္ပါသည့္ ေဖ်ာ္ရည္မ်ား)၊ အခ်ဥ္ဓာတ္ပါေသာ သဘာ၀အရည္မ်ား (ဥပမာ-သံပုရာရည္) ကို ႏွစ္ၾကာရွည္စြာ ေသာက္သံုးျခင္း၊ အခ်ဥ္ကို အလြန္အကၽြန္စားသံုးျခင္းေၾကာင့္လည္း သြားမ်က္ႏွာျပင္မ်ားပြန္းပဲ့ျခင္း (Erosion) ျဖစ္ႏုိင္ပါသည္။ ၄င္းကဲ့သို႔ ပြန္းပဲ့ ပ်က္စီးျခင္းကို ေခ်ာေမြ႔ေျပာင္လက္ေနေသာ ေႂကြသြားလႊာေအာက္ရွိ ဆင္စြယ္ႏွစ္လႊာအထိ ေတြ႔ရ တတ္ပါသည္။ ထုိအေျခအေနမ်ားတြင္ သြားက်င္ျခင္းေ၀ဒနာကို ခံစားရပါသည္။ ၄င္းတုိ႔ကို သြားဖံုး ႏွင့္ ကပ္လ်က္ရွိ ေသာသြားအေျခမ်က္ႏွာျပင္မ်ား၊ သြား(၂)ေခ်ာင္းၾကားမ်က္ႏွာျပင္၊ ပါးႏွင့္ကပ္လ်က္ ရွိေသာ သြားမ်က္ႏွာျပင္မ်ားတြင္ အမ်ားဆံုးေတြ႔ရပါသည္။
သြားမ်က္ႏွာျပင္မ်ားသည္ ပ်က္စီးသြားပါက အလိုအေလ်ာက္ ျပန္ေကာင္းႏိုင္ေသာ အာနိသင္ မရွိပါ။ ထို႔ေၾကာင့္ သြားက်န္းမာေရး ျပႆနာေပၚေပါက္လာမွ သြားႏွင့္ခံတြင္းေဆးခန္းေျပးျခင္းထက္ မျဖစ္ခင္ကတည္းက မိမိကိုယ္မိမိ ဂရုစုိက္ေစာင့္ေရွာက္သင့္ပါသည္။ ေသးငယ္ေသာ သြားမ်က္ႏွာျပင္ ျပဳန္းတီးမႈမ်ားတြင္ Sensodyne ကဲ့သို႔ေသာ သြားက်င္ျခင္းကို ေပ်ာက္ေစသည့္ သြားတုိက္ေဆးကို အသံုးျပဳျခင္းျဖင့္ သက္သာႏိုင္ေသာ္လည္း သြားမ်က္ႏွာျပင္ ႀကီးႀကီးမားမားျပဳန္းတီးမႈမ်ားတြင္ ေဆးျဖင့္ဖာေထးျပဳျပင္မွသာ သက္သာႏိုင္ပါသည္။ အဆိုပါ သြားမ်က္ႏွာျပင္ျပဳန္းတီးမႈမ်ားကို လ်စ္လ်ဴရႈထားပါက အာရံုေၾကာႏွင့္ ေသြးေၾကာမ်ားရွိေသာ မႊသြားအလႊာသို႔ ေရာက္ရွိသြားႏိုင္ၿပီး သြားတစ္ေခ်ာင္း၏ အသက္ေသဆံုးျခင္းကို ျဖစ္ေပၚေစႏိုင္ပါသည္။
Dr.Sai TS