Attention Deficit Hyperactivity Disorder (ADHD)
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Attention Deficit Hyperactivity Disorder (ADHD)

1 Mins read

ကလေးများတွင် တွေ့ရတတ်သော အာရုံစိုက်ရန်ခက်ခဲခြင်းပြဿနာ ( ADHD)

            အခုနောက်ပိုင်းကလေးမိဘတွေရဲ့ စကားသံတွေအရ ကလေးငယ်အချို့ဟာ အာရုံစိုက်ရန် ခက်ခဲခြင်း (attention deficit hyperactivity disorder) (ADHD) ဆိုတဲ့ အခြေအနေတစ်ရပ်ကို ခံစားနေရပါတယ်။ သူတို့ရဲ့ စိတ်ဟာ တစ်နေရာမှာအာရုံစိုက်ဖို့ ခက်ခဲတယ်၊ ဂဏှာမငြိမ်ဖြစ်နေတတ်တယ်၊ ဆရာမစာသင်နေတာကို နားထောင်နေရင်းနဲ့ ဆရာမမလာခင်က ကြည့်ထားတဲ့ Deadpool ကားထဲကို ကိုယ်ကိုယ်တိုင်ရောက်သွားတာ မျိုး။

            ADHD ရဲ့ အဓိကလက္ခဏာ တစ်ခုကတော့ အာရုံစိုက်ရန်ခက်ခဲတာ၊ ညွှန်ကြားချက်တွေကို မဆောင်ရွတ်နိုင်ဘူး၊ အလုပ်တွေ မပြီးမြောက်ဘူး၊ ဆရာမ စကားပြောတာကို နားထောင်ဖို့ ခက်ခဲတယ်၊ သူ့မှာ စိတ်ကူးယဉ်စရာတွေ တအားများလွန်းနေပြီး အမှားတွေကို သာမန်ကလေးထက်ပိုလုပ်မိတယ်။ နောက်တစ်ချက် ပြောပါဆိုရင်တော့ အလွန် ဆော့တာပါ။ မျောက်ရှုံးအောင်ဆော့တယ် ဆိုတာထက်ကို ပိုဆော့တယ်။ နိုးနေတဲ့ အချိန်မှာ ငြိမ်ငြိမ်ထိုင်နေတယ် ဆိုတာ မရှိသလောက်ပဲ။ ပြေးမယ်၊ တွယ်တက်မယ်၊ တိုက်မိမယ်၊ ပစ္စည်းတွေ ဆွဲချမယ်၊ စကားတွေ အများကြီးကို အကျယ်ကြီးပြောမယ်၊ သူ့အနေနဲ့ ငြိမ်ငြိမ်ဆော့ဖို့ ဘယ်လိုမှတွေးလို့ မရဘူး။ ဒီအချက်နှစ်ချက်လုံး ကလေးတစ်ယောက်ထဲမှာ ရှိရင်တော့ ဒီကလေးဟာ ADHD ဆိုတဲ့ အခြေအနေကို ခံစားနေရဖို့များပါတယ်။ ဒီလိုကလေးမျိုးဟာ တန်းစီပြီး လုပ်တဲ့ အလုပ်မျိုးကို သည်းမခံနိုင်ဘူး၊ (ဥပမာ တန်းစီပြီး မုန့်ကျွေးတာမျိုး၊ တစ်ယောက်ပြီးမှ တစ်ယောက်ဆိုတာကို လက်မခံနိုင်တာ)၊ ကြားဖြတ်မယ်၊ သူများတွေကို နှောက်ယှက်မယ်၊ ဆရာမမေးခွန်းမပြီးခင် အဖြေကို အော်ဖြေမယ် စသဖြင့် လက္ခဏာတွေကိုလဲ တွေ့ရတတ်ပါတယ်။

            ဖြစ်စေတဲ့ အကြောင်းအရာကို အတိအကျတော့ မပြောနိုင်ပေမယ့် ပညာရှင်အများစုက မျိုးရိုးလိုက်တယ် ဆိုပြီး ယူဆကြပါတယ်။ ဒါအပြင် ADHD ရှိတဲ့ ကလေးငယ်တွေဟာ အာရုံစိုက်မှုကို ထိန်းချုပ်တဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းတစ်ခုဟာ အားနည်းနေတယ်လို့ ယူဆကြသလို သူတို့ဦးနှောက်ထဲမှာ Neurotransmitters လို့ခေါ်တယ့် ဦးနှောက်အတွင်း ဘာသာစကားသယ်ဆောင်မှု ဘက်မညီ (imbalance) ဘူးလို့ ယူဆကြပါတယ်။

ADHD အမျိုးအစား နှစ်မျိုးရှိပါတယ်။

(၁) Predominantly inattentive type ဆိုတာကတော့ အဲ့လိုကလေးမျိုးဟာ အာရုံစိုက်ဖို့ခက်တယ်၊ ဆရာမစာသင်နေစဉ်အာရုံ ပြန့်သွားတတ်တာကလွဲရင် အရမ်း ဆော့ကစားတာမျိုး မလုပ်တတ်တဲ့ ကလေးမျိုးပါ။

(၂) Predominantly hyperactive/impulsive type ဆိုတာကတော့ နှစ်မျိုးပေါင်းပေါ့နော်။ အာရုံစိုက်ဖို့လဲခက်တယ်။ တအားလဲ လိုတာထက်ပိုပြီး hyperactive ဖြစ်တဲ့ ကလေးမျိုးပါ။

ADHD ဖြစ်နေတဲ့ ကလေးကို ဘယ်လိုကုသမလဲ။

(၁) ADHD ဖြစ်နေတဲ့ ကလေးတွေကို ကုသလို့ရလားဆိုတော့ ၆၅ – ၈၀%လောက်အထိ ဆေးတိုက်ပြီး ကုသလို့ရပါတယ်။ hyperactive ဖြစ်လွန်းတာ တွေ၊ လူကိုစိတ်အနှောက်အယှက်ဖြစ်စေတဲ့ အမူအယာတွေ လျော့သွားမယ်ပေါ့။ Stimulants တွေမှာလဲ short acting, intermediate, long acting ဆိုပြီး သုံးမျိုးကွဲပါသေးတယ်။ short acting ဆိုရင်တော့ တစ်နေ့ကို နှစ်ကြိမ်ကနေ သုံးကြိမ်ခန့်၊ long acting ဆိုရင်တော့ တစ်ကြိမ်လောက်သောက်ရင်လုံလောက်ပြီ၊ ဒီလိုသဘောမျိုး။ ဘေးထွက်ဆိုးကျိုးတွေရှိတဲ့ အတွက် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးသောက်သုံးနိုင်ပါတယ်။

(၂) နောက်တစ်ခုကတော့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ခြင်း ( counseling) ပါ။ ဒီအရာဟာ ကလေးကို ကပျက်ကချော်ပြုတတ်တဲ့အကျင့်ကို လျော့သွားစေနိုင်တဲ့အပြင် ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်လာပါ လိမ့်မယ်။ ဒါ့ပြင် social skill training လို့ခေါ်တဲ့ အလှည့်တွေ၊ ဝေမျှ သုံးစွဲတတ်တဲ့ အကျင့်တွေ၊ လှူဒါန်းတတ်တဲ့ အပြုအမူတွေ သင်ကြားပေးတာက ဆေးတစ်မျိုးထဲကုသတာထက် များစွာ အထောက်အကူ ပြုပါတယ်။ တစ်ခုအရေးကြီးတာကတော့ ဒီလိုကလေးတွေရဲ့ မိဘတွေဟာ ကလေးတွေ အရှေ့မှာ စံနမူနာကောင်း ဖြစ်ဖို့ လိုအပ်သလို အော်ဟစ် ဆူပူတတ်မှုကို လဲ ရှောင်ရှားရပါမယ်။

(၃) ADHD ရှိတဲ့ ကလေးမျိုးဟာ သာမန် ကျောင်းကို တက်နိုင်သလို ဖြစ်နိုင်ရင် သူအတွက်အနီးကပ်သင်ကြား ဖို့ စံပြပုဂိုလ် တစ်ဦးရှိနေတာ ပိုမိုကောင်းမွန်ပါတယ်။ သူ့အတွက် စာသင်ပြနိုင်သလို အပြောအဆို အပြုအမူကစ အနီးကပ်သင်ယူခွင့်ရှိသင့်ပါတယ်။

(၄) ကျောင်းချိန်ပြီးလို ့ အိမ်မှာနေတဲ့အချိန်မှာ အရမ်းမတင်းကြပ်တဲ့ အချိန်ဇယားဆွဲပေးထားခြင်းက သူ့အတွက် အဆင်ပြေစေပါလိမ့်မယ်။ သူနေ့တဓူဝ လုပ်နေကြအလုပ်တွေကိုပဲ အချိန်ဇယားဆွဲဖို့ စဉ်းစားပါ။ ကိုယ်ထည့်ချင်တာတွေ အရမ်းဇွတ်မထည့်ပါနဲ့။ ဒီအချိန်ဇယားကို သူချစ်တတ်လာပါစေ။

(၅) အစားအသောက်ကျွေးတဲ့နေရာမှာလဲ ဦးနှောက်လုပ်ငန်းစဉ်ကို အားပေးသော အသားဓာတ်ပါဝင်သော အစားအစာများဖြစ်တဲ့ ဥအမျိုးမျိုး၊ အသားအမျိုးမျိုး၊ ပဲအမျိုးမျိုး စတာတွေကို အားပြုကျွေးခြင်းဟာ ကလေးရဲ့ အခြေအနေ တိုးတက်ကောင်းမွန်အောင် အထောက်အကူပြုတယ်လို့ ဆိုပါတယ်။

(၆) တီဗွီကြည့်ချိန်၊ ဖုန်းကြည့်ချိန်ဟာ ကလေးငယ်အတွက် တစ်နေ့ကို ၂ နာရီထပ် လုံးဝမပိုသင့်ပါဘူး။ စာဖတ်ခြင်း၊ အတုံးဆက်အိမ်ဆောက်ခြင်း စတာတွေကိုသာ ပိုမိုအားပေးသင့်ပါတယ။်

             ထပ်ဆောင်းပြောချင်တာကတော့ ADHD ဟာ စနစ်တကျကုသရင် ကလေးအများစုဟာ ပျောက်ကင်းပါတယ်။ မကုသပဲ ထားမယ်ဆိုရင်တော့ အကျင့်တွေဟာ ကလေး ကြီးတဲ့အထိပါသွားနိုင်ပြီး လူကြီးဖြစ်သွားတာတောင် ပတ်ဝန်းကျင်နဲ့ အဆင်မပြေတဲ့ ဆက်ဆံရေး တစ်ခုအနေနဲ့ ကျန်ရစ်နေနိုင်ပါတယ်။

Steven

Related posts
အခြားရောဂါများအထွေထွေရောဂါများ

ရေယုန် ပေါက်ခြင်း (Herpes)

1 Mins read
ရေယုန် (Herpes) ဆိုတာ နာကျင်သော အရည်ကြည်ဖုများ သို့မဟုတ် အနာများကို ဖြစ်စေနိုင်သော အဖြစ်များသော ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Herpes simplex virus (HSV) ရောဂါပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်တာပါ။ အဓိကအားဖြင့် အရေပြားချင်း ထိတွေ့ခြင်းကြောင့် ပျံ့နှံ့တာပါ။…
အခြားရောဂါများအထွေထွေရောဂါများ

အူရောင်ခဲ့သည်ရှိသော် - Inflammatory bowel disease (IBD)

1 Mins read
အူရောင်ခြင်း Inflammatory bowel disease (IBD) ဆိုတာ အများအားဖြင့် ဗိုင်းရပ်စ်၊ ဘက်တီးရီးယား သို့မဟုတ် ကပ်ပါးပိုးဝင်ခြင်း (အစာအဆိပ် သင့်ခြင်း၊ အစာအိမ်ပိုးဝင်ခြင်း) တို့ကြောင့် အူနံရံတွေ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဓာတ်ရောင်ခြည်၊ ဆေးဝါးများ သို့မဟုတ်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…