ဓာတ်မတည့်မှုကြောင့် ဖြစ်သောနှင်းခူနာ

ဆောင်းဝင်လာပြီ ဆိုရင် ပန်းနာရင်ကြပ်၊ ချောင်းဆိုး၊ အအေးမိ အပြင် နောက်ထပ်ဖြစ်နိုင်တာ တစ်ခုကတော့ နှင်းခူနာပေါ့။ အသားတွေပက်၊ အက်ကွဲပြီး ဆေးခန်းရောက်လာတတ်ကြတယ်လေ။ နှင်းခူနာ ဆိုတာ ဓာတ်မတည့်မှုကြောင့် ဖြစ်တတ်တဲ့ အရေပြားနာတစ်မျိုးဖြစ်ပါတယ်။

နှင်းခူနာ ဘာကြောင့် ဖြစ်တာလဲ။

ပုံမှန်အရေပြားက အစိုဓာတ်ကို ထိန်းထားနိုင်ပြီး ဘက်တီးရီးယားပိုးမွှားများနှင့် အမှုန်အမွှား၊ ဓာတ်ပစ္စည်းတွေ ဝင်ရောက်မှုမှ ကာကွယ်ပေးပါတယ်။ သို့သော် အရေပြားက မျိုးရိုးဗီဇပြောင်းလဲမှုကြောင့် ကာကွယ်နိုင်စွမ်းကျသူတွေမှာ ဓာတ်မတည့်တဲ့ အရာတွေကို မကာကွယ်နိုင်တော့ဘဲ နှင်းခူနာတွေ ဖြစ်ကြပါတယ်။

ဘယ်လို လူတွေမှာ ပိုဖြစ်တတ်ပါသလဲ။

  • ဓာတ်မတည့်မှုကြောင့် ဖြစ်တတ်ပြီး မျိုးရိုးလိုက်တာကြောင့် မိသားစု မျိုးရိုးထဲမှာ နှင်းခူနာဖြစ်တဲ့သူ၊ ဓာတ်မတည့်တာတွေရှိသူ၊ ပန်းနာရင်ကြပ်ရှိသူတွေမှာ ပိုဖြစ်တတ်ပါတယ်။
  • ထို့ကြောင့် ဖုန်၊ အမှုန်ထူထပ်ပြီး စပါးရိတ်တဲ့ ဆောင်းရာသီတွေမှာ ပိုဖြစ်လေ့ရှိကြပါတယ်။

ဘယ်လိုလက္ခဏာတွေ တွေ့ရမှာလဲ။

လူတစ်ယောက်နှင့် တစ်ယောက် ဖြစ်ပုံလက္ခဏာချင်း မတူတတ်ကြပါဘူး။

  • အရေပြားခြောက်သွေ့မယ်။
  • ယားယံမယ် ( အချို့ဆို ဆိုးဆိုးရွားရွားယားယံပြီး ညဘက်မှာ ပိုဆိုးတတ်ပါတယ်)
  • အသားမှာ နီစပ်စပ်၊ ညိုခြောက်ခြောက် အကွက်တွေဖြစ်လာတတ်တယ်။ (အထူးသဖြင့် ခြေ၊ လက်၊ ခြေကျင်းဝတ်၊ လက်ကောက်ဝတ်၊ လည်ပင်း၊ ရင်ဘတ်၊ မျက်ခွံ၊ တံတောင်၊ ဒူးတွေမှာ ပိုဖြစ်တတ်ပါတယ်။)
  • အရေကြည်ဖုလေးတွေ ပေါက်မယ်။
  • အရေပြားကွဲအက်ပြီး အဖတ်အဖတ်တွေနဲ့ အကြေးခွံတွေလိုဖြစ်နေတတ်တယ်။
  • အရေပြား ကြမ်းလာပြီးရောင်လာတာမျိုးလည်းရှိပါတယ်။

ဓာတ်မတည့်တာဖြစ်လို့ ငယ်စဉ်ကပင် စဖြစ်တတ်ပါတယ်။

ဘယ်လိုကုသရမလဲ။

ကိုယ်နဲ့ မတည့်တဲ့ အစားအသောက်တွေ၊ အရာဝတ္ထုတွေနဲ့ မထိတွေ့ မစားသောက်အောင် နေထိုင်ရပါမယ်။ အစိုဓာတ်ထိန်းပေးတဲ့ အရေပြား ခရင်တွေ moisturizer တွေ အဆီ လိမ်းပစ္စည်းတွေ လည်း သုံးပြီး ကာကွယ်နိုင်ပါတယ်။

နှင်းခူနာဖြစ်လာပြီဆိုရင် စောစောစီးစီးသေချာစွာ ကုသတာအကောင်းဆုံးပါ။

  • ယားယံမှုနှင့်ရောင်ရမ်းမှုကို သက်သာစေတဲ့ လိမ်းဆေး
  • ရောဂါပိုးဝင်နေပါက ပဋိဇီဝဆေးပါတဲ့ လိမ်းဆေး
  • ရောင်ရမ်းသက်သာစေတဲ့ သောက်ဆေး စတာတွေနဲ့ကုသရပါမယ်။

ဘယ်လိုအခြေအနေမှာ ဆရာဝန်နဲ့ပြသသင့်သလဲ။

  • ဝေဒနာခံစားရတာကြောင့် နေ့စဉ် လုပ်ငန်းဆောင်တာတွေ၊ အိပ်ရေးတွေ ပျက်လာမယ်ဆိုရင်
  • ပိုးဝင်တဲ့ လက္ခဏာတွေ( ပြည်တည်တာ၊ ရောင်လာတာ) ပြရင်
  • အိမ်မှာ ကုနေသော်လည်း မပျောက်ရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

အကယ်၍ ကလေးတွေမှာ ပိုးဝင်တဲ့ ပုံစံတွေအပြင် အဖျားပါတက်နေပြီ ဆိုရင် ဆေးရုံ၊ ဆေးခန်းကို ချက်ချင်း သွားရောက်ပြသရပါမယ်။

ရီချို(ဆေး ၁)

ဓာတ္မတည့္မႈေၾကာင့္ ျဖစ္ေသာနွင္းခူနာ

ေဆာင္းဝင္လာျပီ ဆိုရင္ ပန္းနာရင္ၾကပ္၊ ေခ်ာင္းဆိုး၊ အေအးမိ အျပင္ ေနာက္ထပ္ျဖစ္နိုင္တာ တစ္ခုကေတာ့ နွင္းခူနာေပါ့။ အသားေတြပက္၊ အက္ကြဲျပီး ေဆးခန္းေရာက္လာတတ္ၾကတယ္ေလ။ ႏွင္းခူနာ ဆိုတာ ဓာတ္မတည့္မႈေၾကာင့္ ျဖစ္တတ္တဲ့ အေရျပားနာတစ္မ်ိဳးျဖစ္ပါတယ္။

ႏွင္းခူနာ ဘာေၾကာင့္ ျဖစ္တာလဲ။

ပံုမွန္အေရျပားက အစိုဓာတ္ကို ထိန္းထားနိုင္ျပီး ဘက္တီးရီးယားပိုးမႊားမ်ားႏွင့္ အမႈန္အမႊား၊ ဓာတ္ပစၥည္းေတြ ဝင္ေရာက္မႈမွ ကာကြယ္ေပးပါတယ္။ သို႔ေသာ္ အေရျပားက မ်ိဳးရိုးဗီဇေျပာင္းလဲမႈေၾကာင့္ ကာကြယ္နုိင္စြမ္းက်သူေတြမွာ ဓာတ္မတည့္တဲ့ အရာေတြကို မကာကြယ္နိုင္ေတာ့ဘဲ နွင္းခူနာေတြ ျဖစ္ၾကပါတယ္။

ဘယ္လို လူေတြမွာ ပိုျဖစ္တတ္ပါသလဲ။

  • ဓာတ္မတည့္မႈေၾကာင့္ ျဖစ္တတ္ျပီး မ်ိဳးရိုးလိုက္တာေၾကာင့္ မိသားစု မ်ိဳးရိုးထဲမွာ ႏွင္းခူနာျဖစ္တဲ့သူ၊ ဓာတ္မတည့္တာေတြရွိသူ၊ ပန္းနာရင္ၾကပ္ရွိသူေတြမွာ ပိုျဖစ္တတ္ပါတယ္။
  • ထို႔ေၾကာင့္ ဖုန္၊ အမႈန္ထူထပ္ျပီး စပါးရိတ္တဲ့ ေဆာင္းရာသီေတြမွာ ပိုျဖစ္ေလ့ရွိၾကပါတယ္။

ဘယ္လိုလကၡဏာေတြ ေတြ႔ရမွာလဲ။

လူတစ္ေယာက္ႏွင့္ တစ္ေယာက္ ျဖစ္ပံုလကၡဏာခ်င္း မတူတတ္ၾကပါဘူး။

  • အေရျပားေျခာက္ေသြ႔မယ္။
  • ယားယံမယ္ ( အခ်ိဳ႕ဆို ဆိုးဆိုးရြားရြားယားယံျပီး ညဘက္မွာ ပိုဆိုးတတ္ပါတယ္)
  • အသားမွာ နီစပ္စပ္၊ ညိဳေျခာက္ေျခာက္ အကြက္ေတြျဖစ္လာတတ္တယ္။ (အထူးသျဖင့္ ေျခ၊ လက္၊ ေျခက်င္းဝတ္၊ လက္ေကာက္ဝတ္၊ လည္ပင္း၊ ရင္ဘတ္၊ မ်က္ခြံ၊ တံေတာင္၊ ဒူးေတြမွာ ပိုျဖစ္တတ္ပါတယ္။)
  • အေရၾကည္ဖုေလးေတြ ေပါက္မယ္။
  • အေရျပားကြဲအက္ျပီး အဖတ္အဖတ္ေတြနဲ႔ အေၾကးခြံေတြလိုျဖစ္ေနတတ္တယ္။
  • အေရျပား ၾကမ္းလာျပီးေရာင္လာတာမ်ိဳးလည္းရွိပါတယ္။

ဓာတ္မတည့္တာျဖစ္လို႔ ငယ္စဥ္ကပင္ စျဖစ္တတ္ပါတယ္။

ဘယ္လိုကုသရမလဲ။

ကိုယ္နဲ႔ မတည့္တဲ့ အစားအေသာက္ေတြ၊ အရာဝတၳဳေတြနဲ႔ မထိေတြ႔ မစားေသာက္ေအာင္ ေနထိုင္ရပါမယ္။ အစိုဓာတ္ထိန္းေပးတဲ့ အေရျပား ခရင္ေတြ moisturizer ေတြ အဆီ လိမ္းပစၥည္းေတြ လည္း သံုးျပီး ကာကြယ္နိုင္ပါတယ္။

ႏွင္းခူနာျဖစ္လာျပီဆိုရင္ ေစာေစာစီးစီးေသခ်ာစြာ ကုသတာအေကာင္းဆံုးပါ။

  • ယားယံမႈႏွင့္ေရာင္ရမ္းမႈကို သက္သာေစတဲ့ လိမ္းေဆး
  • ေရာဂါပိုးဝင္ေနပါက ပဋိဇီဝေဆးပါတဲ့ လိမ္းေဆး
  • ေရာင္ရမ္းသက္သာေစတဲ့ ေသာက္ေဆး စတာေတြနဲ႔ကုသရပါမယ္။

ဘယ္လိုအေျခအေနမွာ ဆရာဝန္နဲ႔ျပသသင့္သလဲ။

  • ေဝဒနာခံစားရတာေၾကာင့္ ေန႔စဥ္ လုပ္ငန္းေဆာင္တာေတြ၊ အိပ္ေရးေတြ ပ်က္လာမယ္ဆိုရင္
  • ပိုးဝင္တဲ့ လကၡဏာေတြ( ျပည္တည္တာ၊ ေရာင္လာတာ) ျပရင္
  • အိမ္မွာ ကုေနေသာ္လည္း မေပ်ာက္ရင္ ဆရာဝန္နဲ့ တိုင္ပင္သင့္ပါတယ္။

အကယ္၍ ကေလးေတြမွာ ပိုးဝင္တဲ့ ပံုစံေတြအျပင္ အဖ်ားပါတက္ေနျပီ ဆိုရင္ ေဆးရံု၊ ေဆးခန္းကို ခ်က္ခ်င္း သြားေရာက္ျပသရပါမယ္။

ရီခ်ိဳ(ေဆး ၁)

Related posts
အခြားရောဂါများအထွေထွေရောဂါများ

ရေယုန် ပေါက်ခြင်း (Herpes)

1 Mins read
ရေယုန် (Herpes) ဆိုတာ နာကျင်သော အရည်ကြည်ဖုများ သို့မဟုတ် အနာများကို ဖြစ်စေနိုင်သော အဖြစ်များသော ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Herpes simplex virus (HSV) ရောဂါပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်တာပါ။ အဓိကအားဖြင့် အရေပြားချင်း ထိတွေ့ခြင်းကြောင့် ပျံ့နှံ့တာပါ။…
အခြားရောဂါများအထွေထွေရောဂါများ

အူရောင်ခဲ့သည်ရှိသော် - Inflammatory bowel disease (IBD)

1 Mins read
အူရောင်ခြင်း Inflammatory bowel disease (IBD) ဆိုတာ အများအားဖြင့် ဗိုင်းရပ်စ်၊ ဘက်တီးရီးယား သို့မဟုတ် ကပ်ပါးပိုးဝင်ခြင်း (အစာအဆိပ် သင့်ခြင်း၊ အစာအိမ်ပိုးဝင်ခြင်း) တို့ကြောင့် အူနံရံတွေ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဓာတ်ရောင်ခြည်၊ ဆေးဝါးများ သို့မဟုတ်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…

Leave a Reply

Your email address will not be published. Required fields are marked *