နို့တိုက်လို့ဖြစ်တဲ့ နို့ပွေးလေးတွေအကြောင်း
တစ်နှစ်အောက်ကလေးငယ်အချို့ရဲ့ ပါးပေါ်မှာ နို့ပွေးလို့ခေါ်တဲ့နီနီရဲရဲနဲ့ ယားတဲ့အကွက်လေးတွေရှိတတ်ပါတယ်။ ဒါကိုနို့ပွေးလို့အရပ်ခေါ်ခေါ်ကြပေမယ့် သူဟာပွေးကြောင့်ဖြစ်တာတော့မဟုတ်ပါဘူး။ ကလေးရအြရေပြားစနစ်မှာ မွေးရာပါချို့ယွင်းချက်ပါလာတာကြောင့် အရေပြားရဲ့ခံနိုင်ရည်ကျဆင်းပြီး အရာဝတ္ထုအချို့နဲ့ဓာတ်မတည့်မှုတွေဖြစ်လာတဲ့အတွက် နို့ပွေးပေါ်လာရတာပဲဖြစ်ပါတယ်။ အချို့အခါလည်ကျော်မှ အသက်အနည်းငယ်ကြီးတဲ့ကလေးတွေမှာတော့ တကယ်ပဲပွေးကြောင့်ဖြစ်တဲ့ မျက်နှာပွေးကွက် (Face Rigworm)တွေရှိပါတယ်။ ဒီပွေးကွက်တွေအတွက်ကတော့ ကုထုံးသတ်သတ်ရှိပြီး နို့ပွေးနဲ့သဘောတရားခြင်းလဲမတူညီပါ။
နို့ပွေးကို Atopic Eczemaလို့ခေါ်ပါတယ်။ ဓာတ်မတည့်လို့ဖြစ်ပွားတဲ့နှင်းခူသဘောမျိုးဖြစ်ပါတယ်။ နို့ပွေးရှိတဲ့ကလေးရဲ့မိသားစုမှာပန်းနာရင်ကြပ်လဲရှိတတ်ပါတယ်။
နို့ပွေးရဲ့ရောဂါလက္ခဏာတွေကတော့ ယားယံပြီးမအီမသာဖြစ်နေပါမယ်။ ဒါကြောင့်ကလေးကကုတ်ဖဲ့တဲ့အခါ လက်ဆိပ်တက်ပြီးပိုးဝင်ကာ အနီပြင်ကနေ အရင့်ရောင်ဖြစ်လာတတ်ပါတယ်။ ပွေးပုံသဏ္ဌာန်အကွင်းပုံလေးဖြစ်နိုင်သလို ပုံစံအမျိုးမျိုးလဲရှိနေနိုင်ပါတယ်။
နို့ပွေးရှိတဲ့ကလေးကို အထူးသတိထားဂရုစိုက်ပေးရမှာကတော့
- အရေပြားခြောက်သွေ့ခြင်းမရှိအောင်ဂရုစိုက်ပေးပါ။ (အလှဆီလိမ်းပေးနိုင်ပါတယ်။)
- ဖုန်ထူသောနေရာတွင် ကလေးကိုသိပ်ခြင်း၊ ထားခြင်းရှောင်ပါ။
- တိရစ္ဆာန်အမွှေးများနှင့်ထိတွေ့ပါကလည်း ပိုဆိုးနိုင်တဲ့အတွက် ခွေးကြောင် အစရှိသည်တို့ရဲ့အမွှေးများမကပ်အောင်ဂရုပြုပါ။
- ချည်သားအကျီလေးများကိုအဓိကထားဆင်ယင်ပါ။ ပူလွန်းလျှင် ချွေး၊ဖုန်၊ချေးများကပ်ပြီးပိုဆိုးလာနိုင်ပါတယ်။
- ဆပ်ပြာနှင့်မတိုက်ရပါ။ အရေပြားပိုခြောက်သွေ့ပြီးပိုဆိုးနိုင်ပါတယ်။
နို့ပွေးကိုအရှင်းပျောက်အောင် ဆေးလိမ်းဆေးသောက်ကုလို့မရပါဘူး။ ထပ်မဖြစ်အောင်သာဂရုစိုက်ပေးရပါမယ်။ ကံျကာင်းတကြလေးအချို့ဟာ အသက် ၃နှစ်မှ ၅နှစ်အတွင်း အလိုလိုပျောက်သွားပြီး အချို့ကလေးတွေမှာတော့ စိတ်မကောင်းစရာ လူကြီးအရွယ်အထိမပျောက်ဘဲကျန်နေတာမျိုးရှိတတ်ပါတယ်။ လိမ်းဆေးအနေနဲ့ကတော့ စတီးရွိုက်ပါသောလိမ်းဆေးများကို ဆရာဝန်နှင့်တိုင်ပင်ပြီးမှသာ လိမ်းပေးရင်း သက်သာအောင်ကုသနိုင်ပါကြောင်း တင်ပြလိုက်ပါတယ်။
မေတ္တာဖြင့်
စိုင်းမြတ်သူ
ႏို႔တိုက္လို႔ျဖစ္တဲ့ ႏို႔ေပြးေလးေတြအေၾကာင္း
တစ္ႏွစ္ေအာက္ကေလးငယ္အခ်ိဳ႕ရဲ႕ ပါးေပၚမွာ ႏို႔ေပြးလို႔ေခၚတဲ့နီနီရဲရဲနဲ႔ ယားတဲ့အကြက္ေလးေတြ႐ွိတတ္ပါတယ္။ ဒါကိုႏို႔ေပြးလို႔အရပ္ေခၚေခၚၾကေပမယ့္ သူဟာေပြးေၾကာင့္ျဖစ္တာေတာ့မဟုတ္ပါဘူး။ ကေလးရျအေရျပားစနစ္မွာ ေမြးရာပါခ်ိဳ႕ယြင္းခ်က္ပါလာတာေၾကာင့္ အေရျပားရဲ႕ခံႏိုင္ရည္က်ဆင္းၿပီး အရာဝတၳဳအခ်ိဳ႕နဲ႔ဓာတ္မတည့္မႈေတြျဖစ္လာတဲ့အတြက္ ႏို႔ေပြးေပၚလာရတာပဲျဖစ္ပါတယ္။ အခ်ိဳ႕အခါလည္ေက်ာ္မွ အသက္အနည္းငယ္ႀကီးတဲ့ကေလးေတြမွာေတာ့ တကယ္ပဲေပြးေၾကာင့္ျဖစ္တဲ့ မ်က္ႏွာေပြးကြက္ (Face Rigworm)ေတြ႐ွိပါတယ္။ ဒီေပြးကြက္ေတြအတြက္ကေတာ့ ကုထံုးသတ္သတ္႐ွိၿပီး ႏို႔ေပြးနဲ႔သေဘာတရားျခင္းလဲမတူညီပါ။
ႏို႔ေပြးကို Atopic Eczemaလို႔ေခၚပါတယ္။ ဓာတ္မတည့္လို႔ျဖစ္ပြားတဲ့ႏွင္းခူသေဘာမ်ိဳးျဖစ္ပါတယ္။ ႏို႔ေပြး႐ွိတဲ့ကေလးရဲ႕မိသားစုမွာပန္းနာရင္ၾကပ္လဲ႐ွိတတ္ပါတယ္။
ႏို႔ေပြးရဲ႕ေရာဂါလကၡဏာေတြကေတာ့ ယားယံၿပီးမအီမသာျဖစ္ေနပါမယ္။ ဒါေၾကာင့္ကေလးကကုတ္ဖဲ့တဲ့အခါ လက္ဆိပ္တက္ၿပီးပိုးဝင္ကာ အနီျပင္ကေန အရင့္ေရာင္ျဖစ္လာတတ္ပါတယ္။ ေပြးပံုသဏၭာန္အကြင္းပံုေလးျဖစ္ႏိုင္သလို ပံုစံအမ်ိဳးမ်ိဳးလဲ႐ွိေနႏိုင္ပါတယ္။
ႏို႔ေပြး႐ွိတဲ့ကေလးကို အထူးသတိထားဂ႐ုစိုက္ေပးရမွာကေတာ့
- အေရျပားေျခာက္ေသြ႔ျခင္းမ႐ွိေအာင္ဂ႐ုစိုက္ေပးပါ။ (အလွဆီလိမ္းေပးႏိုင္ပါတယ္။)
- ဖုန္ထူေသာေနရာတြင္ ကေလးကိုသိပ္ျခင္း၊ ထားျခင္းေ႐ွာင္ပါ။
- တိရစာၦန္အေမႊးမ်ားႏွင့္ထိေတြ႕ပါကလည္း ပိုဆိုးႏိုင္တဲ့အတြက္ ေခြးေၾကာင္ အစ႐ွိသည္တို႔ရဲ႕အေမႊးမ်ားမကပ္ေအာင္ဂ႐ုျပဳပါ။
- ခ်ည္သားအက်ီေလးမ်ားကိုအဓိကထားဆင္ယင္ပါ။ ပူလြန္းလ်ွင္ ေခြၽး၊ဖုန္၊ေခ်းမ်ားကပ္ၿပီးပိုဆိုးလာႏိုင္ပါတယ္။
- ဆပ္ျပာႏွင့္မတိုက္ရပါ။ အေရျပားပိုေျခာက္ေသြ႔ၿပီးပိုဆိုးႏိုင္ပါတယ္။
ႏို႔ေပြးကိုအ႐ွင္းေပ်ာက္ေအာင္ ေဆးလိမ္းေဆးေသာက္ကုလို႔မရပါဘူး။ ထပ္မျဖစ္ေအာင္သာဂ႐ုစိုက္ေပးရပါမယ္။ ကံ်ကာင္းတၾကေလးအခ်ိဳ႕ဟာ အသက္ ၃ႏွစ္မွ ၅ႏွစ္အတြင္း အလိုလိုေပ်ာက္သြားၿပီး အခ်ိဳ႕ကေလးေတြမွာေတာ့ စိတ္မေကာင္းစရာ လူႀကီးအရြယ္အထိမေပ်ာက္ဘဲက်န္ေနတာမ်ိဳး႐ွိတတ္ပါတယ္။ လိမ္းေဆးအေနနဲ႔ကေတာ့ စတီးရိြဳက္ပါေသာလိမ္းေဆးမ်ားကို ဆရာဝန္ႏွင့္တိုင္ပင္ၿပီးမွသာ လိမ္းေပးရင္း သက္သာေအာင္ကုသႏိုင္ပါေၾကာင္း တင္ျပလိုက္ပါတယ္။
ေမတၱာျဖင့္
စိုင္းျမတ္သူ