Astaxanthin (Powerful antioxidant)
အခုနောက်ပိုင်းမှာ လူတော်တော်များများက vitamin A, C, E ကိုတွင်တွင်ကျယ်ကျယ် သုံးလာတာတွေ့ရပါတယ်။ အခုပြောပြချင်တာလေးကတော့ အဲ့ဒီ vitamin A,C,E ထက် အဆပေါင်းများစွာကောင်းတဲ့ vitamin တစ်မျိုးပါ astaxanthin လို့ခေါ်ပါတယ် vitamin A မဖြစ်ခင် provitamin တစ်မျိုးဖြစ်တဲ့ beta-carotene နဲ့ ဖွဲ့စည်းပုံချင်းဆင်ပါတယ် ဓာတ်သဘာဝချင်းတော့ မတူပါဘူးနော် ပင်လယ်ရေမှော်, ဂဏန်း, ပုဇွန်, salmon နဲ့ ငါးသေးသေးလေးတွေ, ပုဇွန်သေးသေးလေးတွေမှာအများဆုံးပါပါတယ် ချက်လိုက်ရင်အနီရောင် ပြောင်းစေတဲ့ ပင်လယ် ရေသတ္တဝါ တွေမှာ astaxanthin ပါပါတယ် Powerful antioxidant ဆိုတဲ့အတိုင်း တစ်ခြား vitamin တွေထက် astaxanthin ရဲ့ အားသာချက်တွေ ကတော့ Alzheimer’s disease, brain attack(stroke, လေဖြတ်,လေဖြန်း) ရောဂါတွေကုသရာမှာသုံးပါတယ် အမြင်အာရုံကိုပိုကောင်းစေပြီး မြင်လွှာပျက်ဆီးခြင်းမှ ကာကွယ်ပေးပါတယ်နော်
ရေတိမ်, အတွင်းတိမ် ဖြစ်ခြင်းမှလဲကာကွယ်ပေးပါတယ် အရိုးအဆစ်နဲ့ကြွက်သားတွေ ယောင်ရမ်းခြင်းကိုသက်သာစေပါတယ် သွေးတွင်းအဆီဓာတ်ကို ကျစေပြီး သွေးပေါင်ချိန်ကိုလဲ ထိန်းညှိပေးပါတယ် ကင်ဆာရောဂါကိုကာကွယ်ပေးပြီး အမျိုးသမီးတွေ သွေးဆုံးချိန်မှာခံစားရတဲ့ ဝေဒနာတွေကိုလျော့နည်းစေပါတယ် အလှအပ အတွက်ဆိုရင်တော့ အရေးအကြောင်းအကြီးတွေကို သက်သာစေပြီး အရေးအကြောင်းသေးသေးလေးတွေ ကိုပျောက်ကင်းစေပါတယ် နေလောင်ဒဏ်ကိုလဲ ကာကွယ်ပေးပါတယ် အထူးသဖြင့်နေရောင်ကြောင့်ဖြစ်တဲ့ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပါတယ်နော်
ကိုယ်ခံအားကိုလဲကောင်းစေပါတယ် ကောင်းကျိုးတွေအရမ်းများပါတယ် ဆိုးကျိုးတော့ ရှာမတွေ့သေးပါဘူး ဆေးသောက်နည်းကတော့ များသောအားဖြင့် ဆေးကုမ္ပဏီတွေက 4mg, 5mg, 10mg, 12mg ထုပ်ပါတယ် ရေရှည်စွဲသောက်မယ် ဆိုရင်တော့ တစ်နေ့ကို 4mgဆိုရင်လုံလောက်ပါတယ် ဆေးမသောက်ချင်ဘူးဆိုရင်တော့ အနီရောင်ပါတဲ့ အသီးအရွက်တွေ ပင်လယ်စာတွေ ဆွဲသာဆွဲပေါ့နော်
*ကိုယ်ဝန်ဆောင် နဲ့ နို့တိုက်မိခင်တွေ ကိုတော့ မသောက်ခိုင်းသေးပါဘူး လေ့လာနေဆဲပါပဲ အားလုံးပဲကျန်းမာပြီး လှပတဲ့ အသားအရေလေး ပိုင်ဆိုင်နိုင်ကြပါစေ
ရွှန်းလဲ့ (ဆေး ၂)
Astaxanthin (Powerful antioxidant)
ရွှန်းလဲ့ (ဆေး ၂)