ပွေးပေါက်လေ့ရှိသောနေရာများ

ပွေးဆိုတာကတော့လူတိုင်းသိပြီးသားဖြစ်တဲ့ အရေပြားယားနာရောဂါပဲဖြစ်ပါတယ်။ လူတစ်ဦးနဲ့တစ်ဦး ကူးစက်တတ်တဲ့မှိုယားနာရောဂါတစ်မျိုးပဲဖြစ်တယ်။ ဒီလိုအဖြစ်များတဲ့ ပွေးရောဂါဟာ လူ့ခန္ဓာကိုယ်ရဲ့မည်သည့်နေရာတွေမှာပေါက်လေ့ပေါက်ထရှိလဲဆိုတာကို ပြောပြပေးသွားပါ့မယ်။

ဘယ်နေရာတွေမှာပွေးပေါက်လေ့ရှိသလဲ???

၁။ခြေထောက်တွေဖြစ်ပါတယ်။ ခြေချောင်းလေးတွေကြားနဲ့ခြေထောက်မှာ အရေပြားအနာလေးတွေ၊အရေခွံကွာတာလေးတွေနဲ့ အရည်ကြည်ဖုလေးတွေဖြစ်တတ်ပြီး အတော်ယားယံပါတယ်။ ပူနွေးစွတ်စိုတဲ့ရာသီ၊ခြေထောက်များမကြာခဏစွတ်စိုခြင်းနဲ့ ခြေအိတ်ကြပ်ကြပ်ဝတ်တဲ့လူတွေမှာ အဖြစ်များပါတယ်။

၂။ပေါင်ခြံကြားတွေဖြစ်ပါတယ်။အနီရောင်ယားနာအကွက်ကလေးတွေဖြစ်ပြီး အမျိုးသားတွေမှာအဖြစ်များပါတယ်။ လိင်အဂါၤမှာပါဖြစ်နိုင်ပြီး ကပ်ပယ်အိတ်မှာတော့သိပ်ဖြစ်လေ့မရှိပါဘူး။

၃။ဦးရေပြားမှာလဲအဖြစ်များပါတယ်။ ကလေးအသက် ၂နှစ်မှ ၁၀နှစ်အတွင်းမှာအဖြစ်များပြီး ကူးစက်လွယ်ပါတယ်။ လူကြီးတွေမှာတော့အဖြစ်နည်းပြီး အနီရောင်ယားနာကွက်၊အရေပြားကွာတာလေးတွေရယ် ဆံပင်ကျွတ်တာတွေရယ်ဖြစ်တတ်ပါတယ်။ အရမ်းလဲယားပါတယ်။

၄။လက်သည်းခြေသည်းတွေမှာလဲတွေ့ရပါတယ်။ လက်သည်းခြေသည်းလေးတွေဝါလာတတ်၊ထူလာတတ်ပြီး ပုံစံပျက်ယွင်းတတ်ပါတယ်။ ခြေသည်းမှာပိုအဖြစ်များပြီး အရွယ်ရောက်ပြီးသားလူတွေမှာပိုဖြစ်လေ့ရှိပါတယ်။ ကလေးတွေမှာတော့ ဖြစ်ပွားမှုနှူန်းနည်းပါတယ်။

၅။မျက်နှာနဲ့ခန္ဓာကိုယ်။ ရာသီဥတုပူနွေးစွတ်စိုတဲ့အခါအဖြစ်များပြီး အရွယ်မရွေးဖြစ်ပွားနိုင်ပါတယ်။ အနီရောင်အဝိုင်းလေးတွေဖြစ်ကြီး အနားသတ်တွေဟာထူပြီးမြင့်တက်နေပါတယ်။ ခန္ဓာကိုယ်နေရာအနံှ့ဖြစ်လေ့ရှိပြီး ဖြစ်တဲ့နေရာအလွန်ယားယံပါတယ်။ ဒီလောက်ဆို ပွေးပေါက်လေ့ရှိတဲ့နေရာတွေကိုတီးခေါက်မိပြီ ထင်ပါတယ်။

အားလုံးပဲ အရေပြားယားနာဝေးလို့ အေးချမ်းကြပါစေ။

dr.ye’lwin mm

Related posts
အခြားရောဂါများအထွေထွေရောဂါများ

ရေယုန် ပေါက်ခြင်း (Herpes)

1 Mins read
ရေယုန် (Herpes) ဆိုတာ နာကျင်သော အရည်ကြည်ဖုများ သို့မဟုတ် အနာများကို ဖြစ်စေနိုင်သော အဖြစ်များသော ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Herpes simplex virus (HSV) ရောဂါပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်တာပါ။ အဓိကအားဖြင့် အရေပြားချင်း ထိတွေ့ခြင်းကြောင့် ပျံ့နှံ့တာပါ။…
အခြားရောဂါများအထွေထွေရောဂါများ

အူရောင်ခဲ့သည်ရှိသော် - Inflammatory bowel disease (IBD)

1 Mins read
အူရောင်ခြင်း Inflammatory bowel disease (IBD) ဆိုတာ အများအားဖြင့် ဗိုင်းရပ်စ်၊ ဘက်တီးရီးယား သို့မဟုတ် ကပ်ပါးပိုးဝင်ခြင်း (အစာအဆိပ် သင့်ခြင်း၊ အစာအိမ်ပိုးဝင်ခြင်း) တို့ကြောင့် အူနံရံတွေ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဓာတ်ရောင်ခြည်၊ ဆေးဝါးများ သို့မဟုတ်…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ခုခံအားအမြန်ဆုံးတက်စေမယ့် အစားအသောက်(၁၀)မျိုး - Resistance Foods

1 Mins read
ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ကို အမြန်ဆုံးပြန်လည်မြှင့်တင်ပေးနိုင်မယ့် အစားအသောက်များ (Resistance Foods) တွေကတော့… (1)ကြက်သွန်ဖြူ ကြက်သွန်ဖြူမှာပါဝင်တဲ့ Allicin ဆိုတဲ့ဒြပ်ပေါင်းဟာ ကူးစက်ရောဂါများနဲ့ ဘက်တီးရီးယားအချို့ကိုတိုက်ဖျက်နိုင်ပါတယ်။ (2)ချင်း ချင်းမှာပါဝင်တဲ့ Gingerol လို့ခေါ်တဲ့ဒြပ်ပေါင်းကတော့ ရောင်ရမ်းမှုကိုသက်သာစေပြီး ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများပါဝင်ပါတယ်။ (3)ချဉ်သောအသီး Vitamin…