မျက်မှန်တပ်ဖို့လိုကြောင်းပြနေတဲ့ လက္ခဏာများ
မျက်မှန်တပ်ဖို့လိုအပ်နေတယ်ဆိုတာကတော့ မိမိရဲ့မျက်လုံးဟာ။ လက်ရှိအခြေအနေနဲ့မလုံလောက်တော့လို့၊အားနည်းလာလို့၊ လိုတာထပ်ပိုပြီးအားစိုက်နေရလို့၊ မျက်စိမှာရောဂါရှိနေလို့။ စသဖြင့်အကြောင်းမျိုးစုံရှိနိုင်ပါတယ်။ ဘာအကြောင်းကြောင်ြ့ဖစ်ဖြစ် မျက်မှန်တပ်ဖို့လိုနေပြီဆိုရင်တော့ ခန္ဓာကိုယ်က သတိပေးတတ်ပါတယ်။ အဆိုပါသတိပေးချက်တွေကို သတိမမူပဲထားလိုက်ရင်တော့ အချိန်လွန်သွားပြီး အမြင်အာရုံကိုဆိုးဆိုးဝါးဝါးထိခိုက်စေနိုင်ပါတယ်။ အဆိုပါသတိပေးချက်တွေပေါ်လာတိုင်းမျက်မှန်တပ်စရာမလိုသေးပဲ မျက်စိကု်အနားပေးတာ၊ အာရုံကြောအားဆေးတွေသောက်တာတွေနဲ့ကုလို့ရနိုင်ပါတယ်။
မျက်စိညောင်းတာဟာ အဆိုပါသတိပေးချက်တွေထဲကတစ်ခုဖြစ်ပါတယ်။ မျက်စိအများအပြားမသုံးရပဲ သာမန်စာဖတ်တာ၊ TVကြည့်တာလောက်နဲ့တောင် မျက်စိညောင်းတာ၊ အောင့်တာ၊ နာကျင်တာ၊ နေမထိထိုင်မသာဖြစ်တာတွေရှိနေရင်တော့ မျက်မှန်လိုပြီလားလို့စဉ်းစားရပါမယ်။ တစ်ရက်ဖြစ်တာနဲ့မတပ်ရသေးပဲ နေ့စဉ်ရက်ဆက်သိသိသာသာနှောင့်ယှက်လာပြီဆိုရင်တော့ မျက်စိဆရာဝန်နဲ့ဆွေးနွေးသင့်ပါတယ်။
ခဏခဏခေါင်းကိုက်တယ်ဆိုရင်လည်း မျက်မှန်လိုကောင်းလိုနေနိုင်ပါတယ်။ အနီးကအရာဖြစ်ဖြစ်အဝေးကအရာဖြစ်ဖြစ် မျက်လုံးကကောင်းကောင်းမမြင်ရရင် မှန်ဘီလူးတွေ၊ အာရုံကြောတွေက ပိုမိုပြီးအလုပ်လုပ်ရပါတယ်။ ထိုအခါမျက်လုံးကအလုပ်တွေပိုလုပ်ရပြီး အပိုဝန်တွေပိကာခေါင်းကိုက်တတ်ပါတယ်။
အမြင်မှုန်ဝါးတာကလည်း မျက်မှန်တပ်ဖို့အတွက်အချက်ပေးခြင်းဖြစ်ပါတယ်။ အနီးမှုန်တာဖြစ်ဖြစ်၊ အဝေးမှုန်တာဖြစ်ဖြစ် မှန်ဘီလူးရဲ့အကွာအဝေးကို ချိန်ဆပေးဖို့လိုနေပြီဆိုတဲ့သဘောသက်ရောက်တာကြောင့် မျက်မှန်တပ်ဖို့စစ်ဆေးသင့်ပါတယ်။ မြင်ကွင်းမှာအစက်အပြောက်တွေမြင်တာ၊ လက်ခနဲလက်ခနဲဖြစ်တာ၊ အဝိုင်းတွေအစက်တွေမြင်နေရတာကလည်း။ မျက်မှန်တပ်ဖို့သတိပေးခြင်းတစ်မျိုးဖြစ်နိုင်ပါတယ်။
နောက်ထပ်မသိမသာအချက်ပေးတာတွေကတော့ စာဖတ်ရင်၊ TVကြည့်ရင်၊အလုပ်လုပ်ရင် အဆိုပါနေရာတွေနဲ့မသိမသာပိုပိုပြီးနီးလာတာ၊ စာဖတ်နေရင်းစာကြောင်းပျောက်သွားတာ၊ စာတွေကဝါးလာပြီး
ပူးကပ်ကုန်တာ အစရှိတာတွေကလည်း မျက်မှန်တပ်ရဖို့ပြတဲ့ လက္ခဏာတွေဖြစ်နိုင်ပါတယ်။
မျက်မှန်တပ်ခြင်းဟာမိမိရဲ့မျက်စိကို ဝန်လျော့အောင်၊ အလုပ်သက်သာအောင်၊ မြင်ကွင်းတွေကြည်လင်အောင်ကူညီပေးတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ မျက်မှန်တပ်ဖို့လိုနေရင်လည်း မျက်စိအချက်ပေးတဲ့အတွက် အဆိုပါသတိပေးချက်တွေကို ဂရုစိုက်ပြီးစစ်ဆေးမှာတွေလုပ်သင့်ပါတယ်။
Dr. ZZ
Dr. ZZ
Related posts
အခြားရောဂါများအထွေထွေရောဂါများ
ရေယုန် ပေါက်ခြင်း (Herpes)
1 Mins read
ရေယုန် (Herpes) ဆိုတာ နာကျင်သော အရည်ကြည်ဖုများ သို့မဟုတ် အနာများကို ဖြစ်စေနိုင်သော အဖြစ်များသော ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Herpes simplex virus (HSV) ရောဂါပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်တာပါ။ အဓိကအားဖြင့် အရေပြားချင်း ထိတွေ့ခြင်းကြောင့် ပျံ့နှံ့တာပါ။…
အခြားရောဂါများအထွေထွေရောဂါများ
အူရောင်ခဲ့သည်ရှိသော် - Inflammatory bowel disease (IBD)
1 Mins read
အူရောင်ခြင်း Inflammatory bowel disease (IBD) ဆိုတာ အများအားဖြင့် ဗိုင်းရပ်စ်၊ ဘက်တီးရီးယား သို့မဟုတ် ကပ်ပါးပိုးဝင်ခြင်း (အစာအဆိပ် သင့်ခြင်း၊ အစာအိမ်ပိုးဝင်ခြင်း) တို့ကြောင့် အူနံရံတွေ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဓာတ်ရောင်ခြည်၊ ဆေးဝါးများ သို့မဟုတ်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး
Complication of lack of antenatal care
1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…