သင်ဟာဆီးချို ရောဂါဖြစ်နိုင်ခြေမြင့်မားသူလား?
ဆီးချိုရောဂါဆိုတာ မကူးစက်နိုင်တဲ့ရောဂါတစ်မျိုးဖြစ်ပြီး နာတာရှည်ရောဂါတစ်မျိုးလည်းဖြစ်ပါတယ်။ယနေ့ကမ္ဘာမှာ ဆီးချိုရောဂါဖြစ်ပွားမှုနှုန်းဟာအလွန်တရာမြင့်မားလျက်ရှိပြီး ဆီးချို ရဲ့နောက်ဆက်တွဲကြောက်စရာရောဂါများကိုခံစားနေရသူများလည်းအများအပြားရှိပါတယ်။
ဆီးချိုရောဂါကို အကြမ်းအားဖြင့် အမျိုးအစား ၁ နဲ့ ၂ ဆိုပြီးခွဲခြားနိုင်ပါတယ်။အမျိုးအစား ၁ ကတော့ ငယ်ရွယ်တဲ့လူတွေမှာအဖြစ်များပြီး ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်တုံ့ပြန်မှုမှားယွင်းတာကြောင့်ဖြစ်ရတာဖြစ်တဲ့အတွက် ကာကွယ်ဖို့ခက်ခဲပါတယ်။အမျိုးအစား ၂ ကတော့ ရောဂါဖြစ်ဖို့အစပျိုးချိန်ကြာမြင့်တတ်ပြီး တဖြည်းဖြည်းနဲ့ရောဂါပီပြင်လာတာမျိုးဖြစ်ပါတယ်။အမျိုးအစား ၂ ကို ဘယ်လိုစားသောက်နေထိုင်မှုတွေကဖြစ်စေသလဲ ဘယ်လိုလူတွေပိုဖြစ်တတ်သလဲဆိုတာ အဓိကအားဖြင့်ပြောပြလိုပါတယ်။
(၁)အသက်အရွယ်
အများအားဖြင့်ဆီးချိုဟာအသက် ၄၀ ကျော်လာရင် သတိပြုရတော့မယ့် ရောဂါဖြစ်ပါတယ်။ဒါပေမယ့် အာဖရိကန်-ကာရေဘီယန် လူမျိုးတွေ နဲ့ အရှေ့တောင်အာရှလူမျိုးတွေမှာတော့ အသက် ၂၅ နှစ်ကျော်တာနဲ့ ဆီးချိုရှိနေလားဆိုတာကို သတိထားသင့်နေပြီလု့ိဆိုပါတယ်။ မြန်မာနိုင်ငံမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ဆီးချို ရောဂါခံစားနေရသူအများအပြားရှိနေတာကို ကြည့်ခြင်းဖြင့် ဒါကိုသိနိုင်ပါတယ်။
(၂)မျိုးရိုး
အကယ်၍ ကိုယ့်ရဲ့မိဘ မောင်နှမနဲ့ ကိုယ့်သားသမီးမှာ ဆီးချိုရှိနေပြီဆိုရင် ကိုယ့်မှာလည်းဆီးချိုဖြစ်နိုင်တဲ့အခွင့်အရေး ၂ ဆကနေ ၆ ဆအထိရှိပါတယ်။
(၃)သွေးတိုး
သွေးတိုးရောဂါရှိသူတစ်ချို့မှာလည်း ဆီးချို ရောဂါနဲ့တွဲနေတတ်ပါတယ်။
(၄)အဝလွန်ခြင်း
အဝလွန်ခြင်း အထူးသဖြင့် ဗိုက်မှာအဆီများနေတတ်တဲ့လူတွေမှာ ဆီးချိုပိုဖြစ်နိုင်ပါတယ်။
(၅)အခြားရောဂါများ
အကယ်၍သင်ဟာ နှလုံးရုတ်တရက်စူးအောင့်ခြင်း နှလုံးသွေးကြောပိတ်ခြင်း လေဖြတ် လေဖြန်းခြင်းတို့ကိုခံစားဖူးပြီဆိုရင်တော့ ဆီးချိုရောဂါရှိမရှိပါစစ်ဆေးသင့်ပါပြီ။Schizophrenia လိုစိတ်ရောဂါတွေ စိတ်ကြွ စိတ်ကျပုံမှန်မရှိသူတွေနဲ့စိတ်ကျရောဂါခံစားနေရသူတွေမှာလည်း ဆီးချိုရှိမရှိဂရုပြုသင့်ပါတယ်။သူတို့သောက်သုံးရတဲ့ စိတ်ရောဂါဆိုင်ရာဆေးဝါးတွေကလည်း ဆီးချိုဖြစ်ဖို့ပိုအားပေးပါတယ်။
အမျိုးသမီးတွေမှာဆိုရင်တော့ သားဥအိမ်မှာရေအိတ်များစွာတည်တဲ့ရောဂါ (Polycystic ovarian syndrome) ကိုယ်ဝန်ဆောင်ဆီးချိုရောဂါနဲ့ မွေးတဲ့ကလေးဆယ်ပေါင်ကျော်ဖူးတာမျိုးတွေရှိရင် ဆီးချိုရောဂါကိုသတိပြုသင့်ပါတယ်။
(၆)သွေးတွင်းအဆီဓာတ်
သွေးတွင်းအဆီဓာတ်စစ်ဆေးရာမှာ HDL လို့ခေါ်တဲ့ ကိုလက်စထရောကျဆင်းပြီး Triglycerides လို့ခေါ်တဲ့အဆီဓာတ်များပြားနေပြီဆိုရင်တော့ ဆီးချိုဖြစ်ဖို့အခွင့်အလမ်းများနေပါပြီ။
(၇)လှုပ်ရှားမှုနည်းခြင်း
တစ်နေကုန် အလုပ်စားပွဲမှာ ထိုင်ခုံတစ်လုံးနဲ့ထိုင်လေ့ရှိသူတွေ တီဗီရှေ့အချိန်ဖြုန်းလေ့ရှိသူတွေဟာလည်း ဆီးချိုရောဂါကိုဖိတ်ခေါ်နေသူတွေဖြစ်ပါတယ်။
ဆီးချိုရောဂါဖြစ်နိုင်ခြေတွေကို ဘယ်လိုလျှော့ချမလဲ??
(၁)ခန္ဓာကိုယ်အလေးချိန်လျှော့ချပါ။လိုအပ်တာထက်ပိုမစားမိပါစေနဲ့။အာဟာရဖြစ်မယ့်အစားအသောက်ကိုရွေးချယ်စားသုံးပါ။
(၂)ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုပြုလုပ်ပါ။
(၃)ကျွမ်းကျင်ရာဆရာဝန်နဲ့ သုံးလ သို့မဟုတ် ခြောက်လတစ်ခါလောက် ဆီးချိုရှိမရှိစစ်ဆေးကြည့်ပါ။
Ref;https://www.google.com/url…
ဒေါက်တာ ပွင့်ဖြိုးကျော်
သင္ဟာဆီးခ်ိဳ ေရာဂါျဖစ္နိုင္ေျချမင့္မားသူလား?
ဆီးခ်ိဳေရာဂါဆိုတာ မကူးစက္နိုင္တဲ႔ေရာဂါတစ္မ်ိဳးျဖစ္ျပီး နာတာရွည္ေရာဂါတစ္မ်ိဳးလည္းျဖစ္ပါတယ္။ယေန႔ကမၻာမွာ ဆီးခ်ိဳေရာဂါျဖစ္ပြားမႈႏႈန္းဟာအလြန္တရာျမင့္မားလ်က္ရွိျပီး ဆီးခ်ိဳ ရဲ႕ေနာက္ဆက္တြဲေၾကာက္စရာေရာဂါမ်ားကိုခံစားေနရသူမ်ားလည္းအမ်ားအျပားရွိပါတယ္။
ဆီးခ်ိဳေရာဂါကို အၾကမ္းအားျဖင့္ အမ်ိဳးအစား ၁ နဲ႔ ၂ ဆိုျပီးခြဲျခားနိုင္ပါတယ္။အမ်ိဳးအစား ၁ ကေတာ့ ငယ္ရြယ္တဲ႔လူေတြမွာအျဖစ္မ်ားျပီး ခႏၶာကိုယ္ရဲ႕ခုခံအားစနစ္တံု႕ျပန္မႈမွားယြင္းတာေၾကာင့္ျဖစ္ရတာျဖစ္တဲ႔အတြက္ ကာကြယ္ဖို႔ခက္ခဲပါတယ္။အမ်ိဳးအစား ၂ ကေတာ့ ေရာဂါျဖစ္ဖို႔အစပ်ိဳးခ်ိန္ၾကာျမင့္တတ္ျပီး တျဖည္းျဖည္းနဲ႔ေရာဂါပီျပင္လာတာမ်ိဳးျဖစ္ပါတယ္။အမ်ိဳးအစား ၂ ကို ဘယ္လိုစားေသာက္ေနထိုင္မႈေတြကျဖစ္ေစသလဲ ဘယ္လိုလူေတြပိုျဖစ္တတ္သလဲဆိုတာ အဓိကအားျဖင့္ေျပာျပလိုပါတယ္။
(၁)အသက္အရြယ္
အမ်ားအားျဖင့္ဆီးခ်ိဳဟာအသက္ ၄၀ ေက်ာ္လာရင္ သတိျပဳရေတာ့မယ့္ ေရာဂါျဖစ္ပါတယ္။ဒါေပမယ့္ အာဖရိကန္-ကာေရဘီယန္ လူမ်ိဳးေတြ နဲ႔ အေရွ႕ေတာင္အာရွလူမ်ိဳးေတြမွာေတာ့ အသက္ ၂၅ ႏွစ္ေက်ာ္တာနဲ႔ ဆီးခ်ိဳရွိေနလားဆိုတာကို သတိထားသင့္ေနျပီလု႔ိဆိုပါတယ္။ ျမန္မာနိုင္ငံမွာ ငယ္ငယ္ရြယ္ရြယ္နဲ႔႔ဆီးခ်ိဳ ေရာဂါခံစားေနရသူအမ်ားအျပားရွိေနတာကို ၾကည့္ျခင္းျဖင့္ ဒါကိုသိနိုင္ပါတယ္။
(၂)မ်ိဳးရိုး
အကယ္၍ ကိုယ့္ရဲ႕မိဘ ေမာင္ႏွမနဲ႔ ကိုယ့္သားသမီးမွာ ဆီးခ်ိဳရွိေနျပီဆိုရင္ ကိုယ့္မွာလည္းဆီးခ်ိဳျဖစ္နိုင္တဲ႔အခြင့္အေရး ၂ ဆကေန ၆ ဆအထိရွိပါတယ္။
(၃)ေသြးတိုး
ေသြးတိုးေရာဂါရွိသူတစ္ခ်ိဳ႕မွာလည္း ဆီးခ်ိဳ ေရာဂါနဲ႔တြဲေနတတ္ပါတယ္။
(၄)အဝလြန္ျခင္း
အဝလြန္ျခင္း အထူးသျဖင့္ ဗိုက္မွာအဆီမ်ားေနတတ္တဲ့လူေတြမွာ ဆီးခ်ိဳပိုျဖစ္နိုင္ပါတယ္။
(၅)အျခားေရာဂါမ်ား
အကယ္၍သင္ဟာ ႏွလံုးရုတ္တရက္စူးေအာင့္ျခင္း နွလံုးေသြးေၾကာပိတ္ျခင္း ေလျဖတ္ ေလျဖန္းျခင္းတို႕ကိုခံစားဖူးျပီဆိုရင္ေတာ့ ဆီးခ်ိဳေရာဂါရွိမရွိပါစစ္ေဆးသင့္ပါျပီ။Schizophrenia လိုစိတ္ေရာဂါေတြ စိတ္ၾကြ စိတ္က်ပံုမွန္မရွိသူေတြနဲ႔စိတ္က်ေရာဂါခံစားေနရသူေတြမွာလည္း ဆီးခ်ိဳရွိမရွိဂရုျပဳသင့္ပါတယ္။သူတို႕ေသာက္သံုးရတဲ႔ စိတ္ေရာဂါဆိုင္ရာေဆးဝါးေတြကလည္း ဆီးခ်ိဳျဖစ္ဖို႔ပိုအားေပးပါတယ္။
အမ်ိဳးသမီးေတြမွာဆိုရင္ေတာ့ သားဥအိမ္မွာေရအိတ္မ်ားစြာတည္တဲ့ေရာဂါ (Polycystic ovarian syndrome) ကိုယ္ဝန္ေဆာင္ဆီးခ်ိဳေရာဂါနဲ႔ ေမြးတဲ႔ကေလးဆယ္ေပါင္ေက်ာ္ဖူးတာမ်ိဳးေတြရွိရင္ ဆီးခ်ိဳေရာဂါကိုသတိျပဳသင့္ပါတယ္။
(၆)ေသြးတြင္းအဆီဓာတ္
ေသြးတြင္းအဆီဓာတ္စစ္ေဆးရာမွာ HDL လို႔ေခၚတဲ႔ ကိုလက္စထေရာက်ဆင္းျပီး Triglycerides လို႔ေခၚတဲ႔အဆီဓာတ္မ်ားျပားေနျပီဆုိရင္ေတာ့ ဆီးခ်ိဳျဖစ္ဖို႕အခြင့္အလမ္းမ်ားေနပါျပီ။
(၇)လႈပ္ရွားမႈနည္းျခင္း
တစ္ေနကုန္ အလုပ္စားပြဲမွာ ထိုင္ခံုတစ္လံုးနဲ႔ထိုင္ေလ့ရွိသူေတြ တီဗီေရွ႕အခ်ိန္ျဖဳန္းေလ႕ရွိသူေတြဟာလည္း ဆီးခ်ိဳေရာဂါကိုဖိတ္ေခၚေနသူေတြျဖစ္ပါတယ္။
ဆီးခ်ိဳေရာဂါျဖစ္နုိင္ေျခေတြကို ဘယ္လိုေလ်ွာ့ခ်မလဲ??
(၁)ခႏၶာကိုယ္အေလးခ်ိန္ေလ်ွာ့ခ်ပါ။လိုအပ္တာထက္ပိုမစားမိပါေစနဲ႔။အာဟာရျဖစ္မယ့္အစားအေသာက္ကိုေရြးခ်ယ္စားသံုးပါ။
(၂)ကိုု္ယ္လက္လႈပ္ရွားမႈတစ္ခုခုျပဳလုပ္ပါ။
(၃)ကြ်မ္းက်င္ရာဆရာဝန္နဲ႕ သံုးလ သို႔မဟုတ္ ေျခာက္လတစ္ခါေလာက္ ဆီးခ်ိဳရွိမရွိစစ္ေဆးၾကည့္ပါ။
Ref;https://www.google.com/url…
ေဒါက္တာ ပြင့္ျဖိဳးေက်ာ္