negative personality 1

သင်ဟာ အဆိုးမြင်ဝါဒီ သမားတစ်‌ယောက် (Negative Personality)  ဖြစ်နေပြီလား

            လူတိုင်းမှာ အဆိုးမြင်စိတ်နဲ့ အကောင်းမြင်စိတ် (Negative Traits and Positive Traits) နှစ်ခုဟာ ယှဉ်တွဲပြီး ရှိကြပါတယ်။  ကိုယ်က ဘယ်လောက်ပဲ အကောင်းမြင်တတ်ပါတယ်ပြောပါစေ အဆိုးမြင်စိတ်ဆိုတာကလည်း လူတိုင်းမှာ ရာခိုင်နှုန်းတစ်ခု အနေနဲ့ ပါဝင်နေကြပါတယ်။ ဒါပေမယ့် အရေးကြီးတာက ကိုယ့်မှာ အဆိုးမြင်စိတ် ( Negative traits) နည်းနေဖို့ဟာ လူမှုပေါင်းသင်းဆက်ဆံရေးမှာ အထူးအရေးကြီးပါတယ်။

            တစ်ခါတရံမှာ ကျွန်တော်တို့ သိပ်မလိုချင်တဲ့အရာတွေဟာ မျိုးရိုးဗီဇကြောင့်ပဲဖြစ်စေ၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းကြောင့်ဖြစ်စေ ကျွန်တော်တို့မှာ ပါလာတတ်ပါတယ်။ လူတိုင်းဟာ (ခေတ်စကားနဲ့ပြောရင် ) ခင်မို့မို့အေး မဖြစ်ချင်ကြပါဘူး၊ ပန်းနုသွေးပဲ ဖြစ်ချင်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့စိတ်ရဲ့ အနက်နဲဆုံးအပိုင်းမှာရှိတဲ့ bias ဟာ ဒီလိုဗီလိန်တစ်ယောက်ဖြစ်ဖို့ တွန်းပို့တာပဲ ဖြစ်ပါတယ်။ ကိုယ်ဟာလူတွေရဲ့ အရှေ့မှာ အမြဲတမ်း ဗီလိန်တစ်ယောက်လိုဖြစ်နေတယ်၊ ဒီအရာက ကိုယ်တမင်သက်သက်ရည်ရွယ်ပြီးလုပ်တာ မဟုတ်ပေမယ့် ကိုယ်လုပ်လိုက်တဲ့အရာတိုင်းက တစ်ဖက်လူအတွက် ထိခိုက်နစ်နာစရာဖြစ်နေတာမျိုးတွေ ရှိလာပြီဆိုရင်တော့ ကိုယ့်ကိုယ်ကို ဆန်းစစ်ဖို့ အင်မတန်အရေးကြီးပါတယ်။ တစ်ခု သိထားရမှာကတော့ ကမ္ဘာပေါ်မှာ ပြုပြင်ရအခက်ဆုံးနဲ့ လေ့လာဖို့အခက်ဆုံးဟာ မိမိကိုယ်ကိုယ် ဘယ်လိုလူလဲဆိုတာ သုံးသပ်ခြင်းနဲ့ မိမိမှာရှိတဲ့ အဆိုးမြင်ဝါဒီကို ပြုပြင်ခြင်းပါပဲ။

Guilty Conscious (အပြစ်ရှိသည်ဟု ခံစားရသောစိတ်)

            အဆိုးမြင်ဝါဒီအကြောင်းပြောမယ်ဆိုရင် Guilty Conscious ဆိုတာဟာ ထည့်မပြောမနေရ အပိုင်းထဲမှာ ပါဝင်ပါတယ်။ IQ အသင့်အတင့်ရှိတဲ့ လူတစ်ယောက်ဟာ မိမိတစ်ခုခု အမှားလုပ်လိုက်တိုင်းမှာ Guilty Conscious ရှိကိုရှိရမှာဖြစ်ပါတယ်။ “ငါသူပေါ်လုပ်တာ မှားများ မှားသွားလား၊ ငါလွန်သွားပြီလားဆိုတဲ့ စိတ်ကို Guilty Conscious လို့ခေါ်ပါတယ်။ Guilty Conscious ဟာ လူတစ်ယောက်ကို လူသားဆန်ဖို့အတွက် အင်မတန်အထောက်အကူပြုပေမယ့် အရမ်းများသွားရင်တော့ မကောင်းပါဘူး။ ဒါပေမယ့် ဒီနေရာမှာ တစ်ခုပြောချင်တာကတော့ လူသားတိုင်းဟာ ကိုယ်အမှားလုပ်မိရင် ကိုယ့်ကိုယ်ကို မှားမှန်း သိမြင်တတ်ရပါမယ်။

အဆိုးမြင်ဝါဒီ (Negative Traits)

            အဆိုးမြင်ဝါဒီကို အမျိုးအစားများစွာခွဲခြားလို့ရသလို အခုဆက်ပြောပြမယ့်အပိုင်းကို ဖတ်ကြည့်ရင် ကိုယ့်ပတ်ဝန်းကျင်၊ အလုပ်မှာပါ ဒီလိုလူမျိုးတွေ ရှိတယ်ဆိုတာ ခံစားရမှာဖြစ်ပါတယ်။ မေးစရာမေးခွန်းတစ်ခုက လူတစ်ယောက်က ဘယ်အချိန်မှာ အဆိုးမြင်ဝါဒီဖြစ်လာသလဲဆိုရင် အပေါ်မှာပြောတဲ့ Guilty Conscious ဆိုတဲ့ ကိုယ်အမှားလုပ်လို့ လုပ်မိမှန်း မသိတဲ့အရာ နည်းလာတဲ့ အခါမှာ အဆိုးမြင်ဝါဒီ (Negative Traits) သမားဘ၀ ကို ပြောင်းလဲသွားတတ်ပါတယ်။ အဆိုးမြင်ဝါဒီစိတ်ကို OCEAN ဆိုတဲ့အရာလေးနဲ့ တိုင်းတာပါတယ်။

(၁) Openness (ပွင့်လင်းမြင်သာမှုနှင့် အတွေ့အကြုံအသစ်များကို ရယူသင်ယူလိုမှု)

(၂) Conscientiousness ( စိတ်အားထက်သန်မှုနှင့် ယုံကြည်စိတ်ချရမှု)

(၃) Extraversion (ခင်မင်လိုမှုနှင့် ဖော်ရွေမှု)

(၄) Agreeableness (နွေးထွေးမှုနှင့် သနားဂရုဏာသက်ဝင်မှု)

(၅) Neuroticism ( စိတ်တည်ငြိမ်မှု)

ဒီအချက်အတွေအပေါ်မှာ မူတည်ပြီး တိုင်းတာပါတယ်။ ဒီအချက်တွေမှာ score မြင့်တဲ့ သူတွေဟာ အဆိုးမြင်ဝါဒီသမား ဖြစ်ဖို့အလားအလာနည်းပြီး ဒီအချက်တွေမှာ အားနည်းနေပြီဆိုရင်တော့ သင်ဟာ Negative person တစ်ယောက်ဖြစ်ဖို့ အခြေအနေများပါတယ်။

(ဆက်ရန်ရှိသည်)

ByDr.Zaw Htet Aung

MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Humans that poison the environment part (2)

1 Mins read
လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ (1)       Narcissistic သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့…

Leave a Reply

Your email address will not be published. Required fields are marked *