negative personality 2

သင်ဟာ အဆိုးမြင်ဝါဒီ (Negative Personality) တစ်ယောက်ဖြစ်နေပြီလား
အဆိုးမြင်ဝါဒီ ( Negative Trait) များတဲ့သူတွေကို ပတ်ဝန်းကျင်မှာတော့ “ အော် ဒီလူက negative sense များတယ်၊ လူ့ဂွစာလို့ေ သတ်မှတ်ထားကြပေမယ့် ရေရှည်မှာတော့ ဒီအဆိုးမြင်ဝါ ဒီကို ကြာရှည် မွေးထားရင် ပင်ကိုယ်ဗီဇ personality မှာပါ ပျက်ယွင်းလာနိုင်တဲ့ အခြေအေ နတွေ ကြုံလာရနိုင်ပါတယ်။ ဒီလိုပျက်ယွင်းလာရင်တော့ ကိုယ်ကိုယ်တိုင်ဟာ ပတ်ဝန်းကျင်ကို အဆိပ်အတောက် ဖြစ်စေနိုင်ပြီး လူ့အသိုင်းအဝိုင်းထဲက အကျင်ခံလိုက်ရတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အခုဆက်လက်ပြီးကျွန်တော် ပြောပြချင်တာကတော့ လုပ်ငန်းခွင်မှာ အလုပ်လုပ်တဲ့အခါ၊ သူငယ်ချင်းတွေထဲမှာ၊ ချစ်သူရည်းစားတွေမှာ ကြုံတွေ့ရနိုင်သလို မိမိကိုယ်တိုင်မှာလဲ ရှိနေနိုင်တဲ့ အဆိုးမြင်မှုပုံစံ ကွဲလေးတွေကို ပြောပြချင်ပါတယ်။

(၁) Egocentric
နားလည်လွယ်အောင်ပြောမယ်ဆိုရင်တော့ တစ်ကိုယ်ကောင်းဆန်ခြင်းဆိုတာနဲ့ နီးစပ်ပါတယ်။ အဲ့ဒီလို လူမျိုးတွေဟာ အလုပ်မှာဆိုလဲ ဆုံးဖြတ်ချက်တွေ၊ လုပ်ဆောင်မှုတွေက အများအတွက်ဆိုတာထက် မိမိကိုယ်ကိုယ်ပိုမိုထင်ပေါ်စေမယ့် အရာတွေ၊ အထင်ကြီးစေမယ့် အရာမျိုးတွေကို ရွေးလုပ်တာများတယ်။အလွယ်မြင်အောင်ပြောရမယ်ဆိုရင် Egocentric လူမျိုးတွေဟာ မိသားစုဝင်အချင်းချင်း မောင်နှမ အချင်းချင်းမှာတောင် ကိုယ်က ပိုမို တန်ဖိုးရှိတဲ့သူ၊ မိဘတွေရဲ့ အချစ်ကို ရဖို့ ထိုက်တန်တဲ့သူပုံစံမျိုး ထုတ်ဖော် ပြောကြားလေ့ရှိပါတယ်။ သူများအပေါ်စဉ်းစားပေးတတ်တာထက် ကိုယ့်ကိုယ်ကိုပဲ ဗဟိုပြုပြီး ဆုံးဖြတ်တာများတဲ့အတွက် ချစ်သူရည်းစားအနေနဲ့ ပတ်သတ်မိရင်တော့ စိတ်ချမ်းသာစရာကောင်းမှာ မဟုတ်တာ သေချာပါတယ်။

(၂) Pessimistic
ဒီလိုလူမျိုးကျတော့ တလောကလုံးက ခင်မို့မို့အေး သူတစ်ယောက်ထဲ ပန်းနုသွေး၊ တလောကလုံးက သူ့ကို မကောင်းမြင်နေကြတယ်၊ သူ့ကို ပျက်စီးရာ ပျက်စီးကြောင်းဖြစ်ဖို့အတွက် ကြံစည်နေကြတယ် ဆိုပြီး အမြဲတမ်းလိုလိုတွေးနေတတ်သလို ပတ်ဝန်းကျင်ကလူတွေက သူကို မကောင်းကြံနေကြောင်းကိုလည်း မရမက သက်သေလုပ်ပြီး ပြောတတ်ကြပါတယ်။ ဒီလိုပုံစံနဲ့ သူတို့ဟာ သူတို့ကိုယ်ကိုယ်ရော ပတ်ဝန်းကျင်ကိုပါ စိတ်ရှုပ်စေတတ်တာဖြစ်ပါတယ်။ အလုပ်ထဲမှာဆိုရင်တော့ ဘာအလုပ်မှသိပ်မဖြစ်ပဲ စကားချင်းပဲ ပွစိပွွစိ ထိုင်များနေမယ့် သူမျိုးနဲ့ ဆင်တူနိုင်ပါတယ်။

(၃) Needing to be right
ဒီပုံစံက အခုလိုနိုင်ငံရေးမငြိမ်မသက်တဲ့ ကာလမှာ အတော်လေးသိသာပါတယ်။ လူတစ်ယောက်ကို အပြစ်ချည်း သပ်သပ်ထိုင်မြင်နေတာမျိုးပါ။ ဒီလိုလူတွေဟာ အထူးသဖြင့် သူများတွေ ဝိုင်းပြီးကြိုက်နှစ်သက်တဲ့အရာဆိုရင် ပိုပြီးသူ့အနေနဲ့ ခံရခက်တယ်။ ဥပမာ KFC ကြက်ကြော်က အရမ်းကောင်းတယ်လို့ ဝိုင်းချီးကျူးနေရင် သူတို့အနေနဲ့ မခံနိုင်ဘူး။ သူတို့အရင်သွားစားကြည့်တယ်၊ ကောင်းတဲ့ အချက်တွေအကုန်လုံးလျစ်လျူရှုပြီး ဟာကွက်လိုက်ရှာပြီး အပြစ်မြင်ပြီး ဆိုးဆိုးရွားရွား ပြောတတ်သူမျိုးပါ။ လူတွေအားလုံးကကောင်းပါတယ်လို့ ပြောနေရင်တောင်မှ သူ့ရဲ့ကန့်လန့်တိုက်ချင်တဲ့ စိတ်ကို ထိန်းချုပ်မရတဲ့ ပုံစံပါ။ ဒီလိုအမူအရာတွေဟာ သူတို့ကိုယ်တိုင် အများပတ်ဝန်းကျင်က ချီးကျူးဂုဏ်ပြုခြင်း၊ အများကြိုက်နှစ်သက်ခြင်းကို မခံရတဲ့ သူတွေမှာအတော်လေး အဖြစ်များပါတယ်။ သူတို့ကိုယ်တိုင် ချီးကျူးမခံရတဲ့အခါ အများက တစ်စုံတစ်ယောက်ကို ဖြစ်စေ၊ လူအုပ်စု တစ်ခုကိုဖြစ်စေ ချီးကျူးအားကိုးနေတာကို မသိစိတ်က Jealous ဖြစ်တဲ့ ပုံစံပါ။ ဒီလိုလူမျိုးတွေရဲ့ နောက်ခံသမိုင်းကိုလေ့လာကြည့်တဲ့အခါမှာ အများစုဟာ broken family/ problem child တွေအဖြစ် ကြီးပြင်းလာခဲ့ သူတွေ ဖြစ်ကြောင်းတွေ့ရပါတယ်။
(To be continue)
Dr.Zaw Htet Aung

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

ကိုဗစ်ကာကွယ်ဆေး Booster ဆိုတာဘာလဲ

1 Mins read
လူတိုင်းထိုးစရာလို‌နေပြီလား??? 💉💉💉💉💉💉💉💉💉💉💉💉💉 အရင်ကကာကွယ်ဆေး ကို နှစ်ကြိမ်ထိုးပြီးသူတွေရဲ့ ရှိပြီးသား ကာကွယ်ဆေးအစွမ်းမကျသွားအောင် ခန္ဓာကိုယ်ထဲမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်အောင် လေ့ကျင့်တဲ့သဘောနဲ့ ထပ်ပြီးBooster Dose ကို တတိယအကြိမ်(1st booster) သာမက အခု စတ္ထုထအကြိမ် (2nd booster) ပါ တခြားနိုင်ငံတွေမှာထိုးနေကြပြီဖြစ်ပါတယ်။…