All Articlesအခြားရောဂါများအထွေထွေရောဂါများ

Are Drip Lines Really Necessary for Healthy People

1 Mins read

” Drip ပုလင်းချိတ်တာ တကယ်အကျိုးရှိရဲ့လား? “

တစ်နေ့ ကျွန်တော့်ဆေးခန်းအတွင်းသို့သန်သန်မာမာ လူလတ်ပိုင်းအမျိုးသားတစ်ဦးဝင်လာသည်။

ကျွန်တော်။ ။ လာအစ်ကို ကျွန်တော်ဘာကူညီပေးရမလဲ။

လူနာ ။ ။ ဆရာကျွန်တော် ပုလင်းချိတ်ချင်လို့။

ကျွန်တော်။ ။ အော်…. အခုဘယ်လိုနေလို့လဲဗျ။

လူနာ ။ ။ ကျွန်တော် နုံးပြီးကိုယ်တွေလက်တွေ ကိုက်ခဲနေသလိုဘဲ မလန်းဘူးဖြစ်နေတယ် ပြီးတော့ နှစ်လလောက်တစ်ခါချိတ်နေကြဆိုတော့ သူ့အချိန်ကျလာရင် ချိတ်လိုက်မှနေကောင်းသွားတာ။

ကျွန်တော်။ ။ အစ်ကို ဘာအလုပ်လုပ်လဲဗျ။

လူနာ ။ ။ ဆိုက်ကားနင်းတယ် ဆရာ။ အခုတလော နေပြင်းလာတော့ ပိုပင်ပန်းတယ်ဆရာ။

ကျွန်တော်။ ။ အင်း… ဟုတ်တယ်ဗျ နေပြင်းတော့ချွေးထွက်များတာနဲ့ နုံးနေတာနေမှာ ပြီးတော့ဆိုက်ကားနင်းတော့ ပင်ပန်းတော့ကိုယ်လက် ကိုက်ခဲတာရှိတတ်ပါတယ်။ အစ်ကိုအစားအသောက်ရော ကောင်းရဲ့လား။ အိမ်မှာရော စိတ်ပင်ပန်းစရာ စိတ်ညစ်စရာ ကိစ္စတွေများရှိလား။

လူနာ ။ ။ စားလို့တော့ကောင်းပါတယ်ဆရာ။ ကလေးသုံးယောက်နဲ့ဆိုတော့ဆရာရယ် ဒီလိုဘဲ လုံးချာလိုက်နေတော့တာပါဘဲ။

ကျွန်တော်။ ။ ကျွန်တော် နည်းနည်းလောက်ရှင်းပြမယ်ဗျ အစ်ကိုချိတ်ချင်တဲ့ ပုလင်းကထူးထူးခြားခြား အားရှိသွားမှာ တော့မဟုတ်ဘူးဗျ။ drip ပုလင်းတွေကိုကျွန်တော်တို့က အကြမ်းဖျဉ်း လေးမျိုးခွဲပြောလို့ရတယ် normal saline(အငန်ရည်)၊ dextrose water(အချိုရည်)၊ dextrose saline(ချိုငန်ရည်)၊ Ringer’s lactate(ရင်ဂါ)စသဖြင့် ပေါ့။ ဓာတ်ဆားထုပ်မှာလည်း အဲ့ပုလင်းတွေထဲမှာပါတဲ့ အချိုဓာတ်အငန်ဓာတ်တွေပါတာဘဲ။ ပါဝင်တဲ့အချိုးအစား မတူတာဘဲရှိတာ။ အဲ့ဒီပုလင်းထဲကိုမှ အနီရောင် အဝါရောင် ပုလင်းလေးတွေဖြစ်တဲ့ Barplex(ဗပလက် အားဆေး) ရောထည့်လိုက်တာဗျ။ အဲ့တော့ အစ်ကိုပုလင်းချိတ်မယ့်အစား ဓာတ်ဆားထုပ်ဖျော်သောက်ပြီး အားဆေးသောက် တာနဲ့အတူတူဘဲဗျ။ အကြောထဲတိုက်ရိုက်သွင်းတာနဲ့ ပါးစပ်ကနေသောက်ရတာဘဲကွာတာ ပြီးတော့ လိုသလောက်ဘဲခန္ဓာကိုယ်ကအသုံးပြုပြီး ပိုတာတွေကို ဆီးထဲမှာ စွန့်ပစ်လိုက်တာ အဲ့တော့ ပိုက်ဆံပိုကုန်တာဘဲ အဖတ်တင်တာပေါ့။

လူနာ ။ ။ ဒါပေမယ့် ဆရာ ချိတ်ပြီးသွားရင်တော့နေလို့ကောင်းသွားသလိုဘဲ။

ကျွန်တော်။ ။ အစ်ကိုလုံးဝမချိတ်ဖူးသေးတုန်းက တခြားလူတွေကခင်ဗျားအားနည်းနေလို့ဖြစ်မယ်အကြောဆေးသွင်းကြည့်ပုလင်းချိတ်ကြည့်ပါလားလို့များပြောကြလားဗျ။

လူနာ ။ ။ ဟုတ်တယ်ဆရာ ကျွန်တော့သူငယ်ချင်းက အဲ့လိုဘဲချိတ်နေလို့ ကျွန်တော့်ကိုချိတ်ကြည့်ပါလားဆိုတာနဲ့ စွဲသွားတာဘဲဗျ။

ကျွန်တော်။ ။ အားဆေးကတော့မစွဲပါဘူး အဓိကက စိတ်စွဲနေတာဗျ။အစ်ကို့သူငယ်ချင်းကလည်းတိုက်တွန်းတယ် သူကိုယ်တိုင်လည်းချိတ်နေတယ်ဆိုတော့ ချိတ်လိုက်ရင်ကောင်းမှာဘဲလို့အစ်ကိုယုံကြည်ထားတယ်။ အဲ့တော့ ကိုယ်လုပ်ချင်တဲ့အရာ ယုံကြည်ရာကိုလုပ်လိုက်ရရင်အနည်းနဲ့အများ နေသာထိုင်သာတော့ရှိသွားတာပေါ့ဗျ။ အဲ့သဘောပါဘဲ။

လူနာ ။ ။ အော်….. ဟုတ်လားဆရာ ဒါဆို ဘယ်လိုလူတွေ ချိတ်ဖို့လိုတာလဲ။

ကျွန်တော်။ ။ ခန္ဓာကိုယ်ထဲက ရေဓာတ်ဆုံးရှုံးမှူ့များတဲ့ အခြေအနေတွေဖြစ်တဲ့ ဥပမာ ဝမ်းအရမ်းသွားလို့ အရမ်းအန်လို့ သွေးပေါင်ထိုးကျသွားတဲ့အခါ၊ သွေးလွန်တုပ်ကွေး သွေးလန့်လို့ ရှော့ခ် ရတဲ့အခါ၊ အကြီးစားခွဲစိတ်မှူ့တွေလုပ်ထားလို့ အစာစားလို့ မရသေးတဲ့အခါ၊ ထိခိုက်ဒဏ်ရာရလို့ သွေးထွက်လွန်ပြီး သွေးသွင်းဖို့သွေးအဆင်သင့်မရသေးတဲ့အခါမျိုးတွေမှာတော့ ပုလင်းချိတ်ဖို့လိုပါတယ်။ အဲ့လိုအချိန်မျိုးှသွေးပေါင် အမြန်တက်ဖို့လိုတယ်လေ ပါးစပ်ကသောက်နေလို့ မရဘူးပေါ့။နေကောင်း ကျန်းမာနေတဲ့လူတွေကတော့ချိတ်ဖို့ မလိုပါဘူး။

လူနာ ။ ။ ဟုတ်ကဲ့ ဆရာ ခုမှဘဲရှင်းသွားတော့တယ် အရင်တုန်းက အဲ့လိုသေချာမမေးမိဘူး။ ကျေးဇူးတင်ပါတယ်ဆရာ။

ကျွန်တော်။ ။ ရပါတယ်ဗျာ လူနာတွေ မသိတာကိုသိအောင်ပြောပြဖို့ အသိမှားနေတာ တွေကိုအသိမှန်အောင် ပြင်ပေးဖို့က ကျွန်တော်တို့ ဆရာဝန်တွေအလုပ်ပါ။ အခုဆို အစ်ကို ရှင်းရှင်းလင်းလင်းသိသွားပြီဆိုတော့ အစ်ကို့သူငယ်ချင်းလို သူများကိုပုလင်းချိတ်ဖို့မတိုက်တွန်းတော့ဘူးဆို ကျွန်တော်ရှင်းပြရကျိုးနပ်တာပေါ့ဗျာ။

ဒေါက်တာမျိုးကိုကို

” Drip ပုလင္းခ်ိတ္တာ တကယ္အက်ိဳး႐ွိရဲ႕လား? “

တစ္ေန႔ ကြၽန္ေတာ့္ေဆးခန္းအတြင္းသို႔သန္သန္မာမာ လူလတ္ပိုင္းအမ်ိဳးသားတစ္ဦးဝင္လာသည္။

ကြၽန္ေတာ္။ ။ လာအစ္ကို ကြၽန္ေတာ္ဘာကူညီေပးရမလဲ။

လူနာ ။ ။ ဆရာကြၽန္ေတာ္ ပုလင္းခ်ိတ္ခ်င္လို႔။

ကြၽန္ေတာ္။ ။ ေအာ္…. အခုဘယ္လိုေနလို႔လဲဗ်။

လူနာ ။ ။ ကြၽန္ေတာ္ ႏံုးၿပီးကိုယ္ေတြလက္ေတြ ကိုက္ခဲေနသလိုဘဲ မလန္းဘူးျဖစ္ေနတယ္ ၿပီးေတာ့ ႏွစ္လေလာက္တစ္ခါခ်ိတ္ေနၾကဆိုေတာ့ သူ႔အခ်ိန္က်လာရင္ ခ်ိတ္လိုက္မွေနေကာင္းသြားတာ။

ကြၽန္ေတာ္။ ။ အစ္ကို ဘာအလုပ္လုပ္လဲဗ်။

လူနာ ။ ။ ဆိုက္ကားနင္းတယ္ ဆရာ။ အခုတေလာ ေနျပင္းလာေတာ့ ပိုပင္ပန္းတယ္ဆရာ။

ကြၽန္ေတာ္။ ။ အင္း… ဟုတ္တယ္ဗ် ေနျပင္းေတာ့ေခြၽးထြက္မ်ားတာနဲ႔ ႏံုးေနတာေနမွာ ၿပီးေတာ့ဆိုက္ကားနင္းေတာ့ ပင္ပန္းေတာ့ကိုယ္လက္ ကိုက္ခဲတာ႐ွိတတ္ပါတယ္။ အစ္ကိုအစားအေသာက္ေရာ ေကာင္းရဲ႕လား။ အိမ္မွာေရာ စိတ္ပင္ပန္းစရာ စိတ္ညစ္စရာ ကိစၥေတြမ်ား႐ွိလား။

လူနာ ။ ။ စားလို႔ေတာ့ေကာင္းပါတယ္ဆရာ။ ကေလးသံုးေယာက္နဲ႔ဆိုေတာ့ဆရာရယ္ ဒီလိုဘဲ လံုးခ်ာလိုက္ေနေတာ့တာပါဘဲ။

ကြၽန္ေတာ္။ ။ ကြၽန္ေတာ္ နည္းနည္းေလာက္႐ွင္းျပမယ္ဗ် အစ္ကိုခ်ိတ္ခ်င္တဲ့ ပုလင္းကထူးထူးျခားျခား အား႐ွိသြားမွာ ေတာ့မဟုတ္ဘူးဗ်။ drip ပုလင္းေတြကိုကြၽန္ေတာ္တို႔က အျကမ္းဖ်ဥ္း ေလးမ်ိဳးခြဲေျပာလို႔ရတယ္ normal saline(အငန္ရည္)၊ dextrose water(အခ်ိဳရည္)၊ dextrose saline(ခ်ိဳငန္ရည္)၊ Ringer’s lactate(ရင္ဂါ)စသျဖင့္ ေပါ့။ ဓာတ္ဆားထုပ္မွာလည္း အဲ့ပုလင္းေတြထဲမွာပါတဲ့ အခ်ိဳဓာတ္အငန္ဓာတ္ေတြပါတာဘဲ။ ပါဝင္တဲ့အခ်ိဳးအစား မတူတာဘဲရွိတာ။ အဲ့ဒီပုလင္းထဲကိုမွ အနီေရာင္ အဝါေရာင္ ပုလင္းေလးေတြျဖစ္တဲ့ Barplex(ဗပလက္ အားေဆး) ေရာထည့္လိုက္တာဗ်။ အဲ့ေတာ့ အစ္ကိုပုလင္းခ်ိတ္မယ့္အစား ဓာတ္ဆားထုပ္ေဖ်ာ္ေသာက္ၿပီး အားေဆးေသာက္ တာနဲ႔အတူတူဘဲဗ်။ အေၾကာထဲတိုက္႐ိုက္သြင္းတာနဲ႔ ပါးစပ္ကေနေသာက္ရတာဘဲကြာတာ ၿပီးေတာ့ လိုသေလာက္ဘဲခႏၶာကိုယ္ကအသံုးျပဳၿပီး ပိုတာေတြကို ဆီးထဲမွာ စြန္႔ပစ္လိုက္တာ အဲ့ေတာ့ ပိုက္ဆံပိုကုန္တာဘဲ အဖတ္တင္တာေပါ့။

လူနာ ။ ။ ဒါေပမယ့္ ဆရာ ခ်ိတ္ၿပီးသြားရင္ေတာ့ေနလို႔ေကာင္းသြားသလိုဘဲ။

ကြၽန္ေတာ္။ ။ အစ္ကိုလံုးဝမခ်ိတ္ဖူးေသးတုန္းက တျခားလူေတြကခင္ဗ်ားအားနည္းေနလို႔ျဖစ္မယ္အေျကာေဆးသြင္းၾကည့္ပုလင္းခ်ိတ္ၾကည့္ပါလားလို႔မ်ားေျပာၾကလားဗ်။

လူနာ ။ ။ ဟုတ္တယ္ဆရာ ကြၽန္ေတာ့သူငယ္ခ်င္းက အဲ့လိုဘဲခ်ိတ္ေနလို႔ ကြၽန္ေတာ့္ကိုခ်ိတ္ၾကည့္ပါလားဆိုတာနဲ႔ စြဲသြားတာဘဲဗ်။

ကြၽန္ေတာ္။ ။ အားေဆးကေတာ့မစြဲပါဘူး အဓိကက စိတ္စြဲေနတာဗ်။အစ္ကို႔သူငယ္ခ်င္းကလည္းတိုက္တြန္းတယ္ သူကိုယ္တိုင္လည္းခ်ိတ္ေနတယ္ဆိုေတာ့ ခိ်တ္လိုက္ရင္ေကာင္းမွာဘဲလို႔အစ္ကိုယံုၾကည္ထားတယ္။ အဲ့ေတာ့ ကိုယ္လုပ္ခ်င္တဲ့အရာ ယံုၾကည္ရာကိုလုပ္လိုက္ရရင္အနည္းနဲ႔အမ်ား ေနသာထိုင္သာေတာ့႐ွိသြားတာေပါ့ဗ်။ အဲ့သေဘာပါဘဲ။

လူနာ ။ ။ ေအာ္….. ဟုတ္လားဆရာ ဒါဆို ဘယ္လိုလူေတြ ခ်ိတ္ဖို႔လိုတာလဲ။

ကြၽန္ေတာ္။ ။ ခႏၶာကိုယ္ထဲက ေရဓာတ္ဆံုးရံႈးမႉ႔မ်ားတဲ႔ အေျခအေနေတြျဖစ္တဲ့ ဥပမာ ဝမ္းအရမ္းသြားလို႔ အရမ္းအန္လို႔ ေသြးေပါင္ထိုးက်သြားတဲ့အခါ၊ ေသြးလြန္တုပ္ေကြး ေသြးလန္႔လို႔ ေ႐ွာ့ခ္ ရတဲ့အခါ၊ အႀကီးစားခြဲစိတ္မႉ့ေတြလုပ္ထားလို႔ အစာစားလို႔ မရေသးတဲ့အခါ၊ ထိခိုက္ဒဏ္ရာရလို႔ ေသြးထြက္လြန္ၿပီး ေသြးသြင္းဖို့ေသြးအဆင္သင့္မရေသးတဲ့အခါမ်ိဳးေတြမွာေတာ့ ပုလင္းခ်ိတ္ဖို႔လိုပါတယ္။ အဲ့လိုအခ်ိန္မ်ိဳးွေသြးေပါင္ အျမန္တက္ဖို႔လိုတယ္ေလ ပါးစပ္ကေသာက္ေနလို႔ မရဘူးေပါ့။ေနေကာင္း က်န္းမာေနတဲ့လူေတြကေတာ့ခ်ိတ္ဖို႔ မလိုပါဘူး။

လူနာ ။ ။ ဟုတ္ကဲ့ ဆရာ ခုမွဘဲ႐ွင္းသြားေတာ့တယ္ အရင္တုန္းက အဲ့လိုေသခ်ာမေမးမိဘူး။ ေက်းဇူးတင္ပါတယ္ဆရာ။

ကြၽန္ေတာ္။ ။ ရပါတယ္ဗ်ာ လူနာေတြ မသိတာကိုသိေအာင္ေျပာျပဖို႔ အသိမွားေနတာ ေတြကိုအသိမွန္ေအာင္ ျပင္ေပးဖို႔က ကြၽန္ေတာ္တို႔ ဆရာဝန္ေတြအလုပ္ပါ။ အခုဆို အစ္ကို ႐ွင္း႐ွင္းလင္းလင္းသိသြားၿပီဆိုေတာ့ အစ္ကို႔သူငယ္ခ်င္းလို သူမ်ားကိုပုလင္းခ်ိတ္ဖို႔မတိုက္တြန္းေတာ့ဘူးဆို ကြၽန္ေတာ္႐ွင္းျပရက်ိဳးနပ္တာေပါ့ဗ်ာ။

ေဒါက္တာမ်ိဳးကိုကိုိ္

MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Humans that poison the environment part (2)

1 Mins read
လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ (1)       Narcissistic သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့…

Leave a Reply

Your email address will not be published. Required fields are marked *