ကလေး ထွားတိုင်း ကောင်းရဲ့လား ???
ကလေး၀၀တုတ်တုတ်ကြီးတွေ မွေးလာရင် အားလုံးက ဝိုင်းချစ်ကြပါတယ်။ ဝတဲ့ ကလေးတွေဟာ ချစ်စရာ ကောင်းတာ မှန်ပါတယ်။ ချီရ ပွေ့ရတာကောင်းပြီး ကလေးကြီးကြီး မွေးတဲ့ အမေ က မျက်နှာရပါတယ်။ အမေကိုယ်တိုင်လည်း ကိုယ့်ကလေးက သူများထက် ကြီးနေတဲ့ အတွက် ဝမ်းသာရပါတယ်။ ကလေး ၉ပေါင် ၁၀ပေါင် စသဖြင့် ပြောရတာ အားရပါတယ်။ ဝတဲ့ ကလေးတွေဟာ ချစ်စရာကောင်းတာ မှန်ပေမယ့် ကျန်းမာရေး ရှုထောင့်က ကြည့်မယ်ဆိုရင် မကောင်းတဲ့ အချက်တွေ ရှိနေပါတယ်။ ဒါကြောင့် ကလေးကြီးကြီး နဲ့ချစ်စရာကောင်းတာ ထက်စာရင် ကိုယ့်ကလေး ကျစ်ကျစ်လစ်လစ် နဲ့ ရောဂါကင်းပြီး ကျန်းမာတာမျိုး က ပိုကောင်းပါတယ်။
ကလေးကြီးကြီး မွေးနိုင်တဲ့ အကြောင်းရင်းတွေကတော့ အမေ မှာ ကိုယ်ဝန်ဆောင်ချိန် ဆီးချိုတက်ခြင်း၊ နဂိုတည်းက ဆီးချို ရောဂါ ရှိခြင်း နဲ့ အမေ ရဲ့ အစားအသောက် ကျန်းမာရေး နဲ့ မညီညွတ်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ဆီးချိုတက်တာဟာ ကလေးကို ပါ ထိခိုက်နိုင်ပါတယ်။ ကလေးဆီကို အချင်းမှ တစ်ဆင့် ရောက်တဲ့ သွေးထဲမှာ သကြားဓာတ်တွေ များနေပါတယ်။ ဒါကြောင့် ကလေးဟာ အချိုများတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာရပါတယ်။ အချိုဓာတ်ကို သုံးစွဲမှု များတာကြောင့် ကလေးဟာ ကြီးလာပါတယ်။ တနည်းပြောရရင် ကလေးဟာ မမွေးခင် ကတည်းက အဝလွန်နေပါတယ်။ အဝလွန်တာဟာ ကလေးမှာရော လူကြီးမှာပါ လုံးဝမကောင်းပါဘူး။ နောက်ဆက်တွဲ ရောဂါတွေ အများကြီးဖြစ်စေပါတယ်။ ဒါကြောင့် ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင်တွေ အနေနဲ့ ဆီးချိုကို တင်းတင်းကျပ်ကျပ် ထိန်းရပါမယ်။
နောက်တစ်ချက်ကတော့ ကိုယ်ဝန်ဆောင် အမေက ဆီးချို မတက်ဘဲနဲ့ ကလေးက အဝလွန်နေတာမျိုးပါ။ ဒါကတော့ ကိုယ်ဝန်ဆောင် အမေ ရဲ့ အစားအသောက်နဲ့ ဆိုင်ပါတယ်။ ကိုယ်ဝန်ဆောင် ကာလတစ်လျှောက်မှာ အချိုဓာတ်များတဲ့ အစားအစာတွေ၊ အဆီများတဲ့ အစားအစာတွေ၊ ဆီကြော်တွေ၊ ရယ်ဒီမိတ် အစားအစာတွေ၊ အပြင်စာ အသင့်စား အစားအသောက်တွေ နဲ့ အချိုရည် ကော်ဖီမစ်တွေ စားသုံးတာ များတာကြောင့် ဖြစ်ပါတယ်။ ကစီဓာတ်နဲ့ အဆီ၊ အချို များသွားတာကြောင့် ဖြစ်ပါတယ်။ ကလေးကို ထွားစေချင်တဲ့ ဇောနဲ့အလွန်အကျွံစားတာမျိုး ရှောင်ပါ။ ကိုယ့်ကလေးက ဝနေစရာ မလိုပါဘူး။ ကျစ်ကျစ်လစ်လစ်နဲ့ အာဟာရ ပြည့်နေရင် ရပါပြီ။ ဝတဲ့ ကလေးဟာ ရောဂါ ထူပါတယ်။
ဒီလို ကလေးကြီးကြီးတွေ မွေးလာရင် တော်တော် သတိထားရပါတယ်။ သူတို့ဟာ အမေ့ဗိုက်ထဲမှာ အချိုဓာတ်များများ ရပြီးနေလာရတော့ အပြင်ရောက်တဲ့ အခါ အချိုဓာတ် ချက်ချင်း မရရင် သွေးတွင်းသကြားဓာတ် ကျတာ မျိူး ဖြစ်လာပါတယ်။ ဒါကြောင့် ကလေးကြီးကြီး တွေ မွေးရင် မွေးပြီးပြီးချင်း သွေးတွင်းသကြားဓာတ် ဖောက်စစ်ရပါတယ်။ မွေးပြီးနာရီဝက် အတွင်း မိခင်နို့တိုက်ရပါမယ်။ နောက်ထက် အချိန်တိုင်း စောင့်ကြည့်ပြီး လိုအပ်သလို သွေးတွင်းသကြားဓာတ်ကို စစ်ဆေးရပါမယ်။ သွေးတွင်း သကြားဓာတ်ကျတာဟာကလေးကို အသက်အန္တာရာယ်ရှိတဲ့ အထိ ဖြစ်စေတတ်ပါတယ်။
ကလေးကြီးကြီး မွေးလာရင် မိခင်နို့ကို အသက် ၆လ အထိ အပြည့် အဝတိုက်ပါ။ ကလေး အသက် ၂ နှစ်ထိ မဖြစ်မနေ ဆက်တိုက်ပါ။ အမေ က ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာကို ရွေးချယ်စားသုံးပါ။ ကလေးကို အဝလွန်ခြင်းမှ ကာကွယ်ပေးပါ။ ဒါမှ ကလေး ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာပြီး ရောဂါ ဘယကင်းဝေးမှာ ဖြစ်ပါတယ်။ ကလေးတွေ အဝလွန်တာဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆီးချို၊ သွေးတိုးနဲ့ နှလုံးရောဂါ ကို ဖြစ်စေနိုင်ပါတယ်။ အလွန်ကြောက်စရာ ကောင်းတဲ့ ရောဂါတွေဖြစ်တာကြောင့် ကိုယ်ဝန်ဆောင်စဉ် ကတည်းက ကာဖွယ်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် ကလေးကြီးတာ အဝလွန်နေတာ ထက် ကျစ်ကျစ်လစ်လစ် နဲ့ ကျန်းမာတဲ့ ကလေးတွေ က ပိုကောင်းတယ်လို့ပြောပါရစေ။
ကျန်းမာပျော်ရွှင်သော ကလေးငယ်များ အတွက်။
Dr. Jasmine
ကေလး ထြားတိုင္း ေကာင္းရဲ႕လား ???
ကေလး၀၀တုတ္တုတ္ၾကီးေတြ ေမြးလာရင္ အားလံုးက ၀ိုင္းခ်စ္ၾကပါတယ္။ ၀တဲ့ ကေလးေတြဟာ ခ်စ္စရာ ေကာင္းတာ မွန္ပါတယ္။ ခ်ီရ ေပြ ့ရတာေကာင္းျပီး ကေလးၾကီးၾကီီး ေမြးတဲ့ အေမ က မ်က္နွာရပါတယ္။ အေမကိုယ္တိုင္လည္း ကိုယ့္ကေလးက သူမ်ားထက္ ၾကီးေနတဲ့ အတြက္ ၀မ္းသာရပါတယ္။ ကေလး ၉ေပါင္ ၁၀ေပါင္ စသျဖင့္ ေျပာရတာ အားရပါတယ္။ ၀တဲ့ ကေလးေတြဟာ ခ်စ္စရာေကာင္းတာ မွန္ေပမယ့္ က်န္းမာေရး ရွုေထာင့္က ၾကည့္မယ္ဆိုရင္ မေကာင္းတဲ့ အခ်က္ေတြ ရွိေနပါတယ္။ ဒါေၾကာင့္ ကေလးၾကီးၾကီး နဲ ့ခ်စ္စရာေကာင္းတာ ထက္စာရင္ ကိုယ့္ကေလး က်စ္က်စ္လစ္လစ္ နဲ ့ ေရာဂါကင္းျပီး က်န္းမာတာမ်ိဳး က ပိုေကာင္းပါတယ္။
ကေလးၾကီးၾကီး ေမြးနိုင္တဲ့ အေၾကာင္းရင္းေတြကေတာ့ အေမ မွာ ကိုယ္၀န္ေဆာင္ခ်ိန္ ဆီးခ်ိဳတက္ျခင္း၊ နဂိုတည္းက ဆီးခ်ိဳ ေရာဂါ ရွိျခင္း နဲ ့ အေမ ရဲ ့ အစားအေသာက္ က်န္းမာေရး နဲ ့ မညီညြတ္ျခင္းတို ့ေၾကာင့္ ျဖစ္ပါတယ္။ ကိုယ္၀န္ေဆာင္ခ်ိန္ ဆီးခ်ိဳတက္တာဟာ ကေလးကို ပါ ထိခိ္ုက္နိုင္ပါတယ္။ ကေလးဆီကို အခ်င္းမွ တစ္ဆင့့္ ေရာက္တဲ့ ေသြးထဲမွာ သၾကားဓာတ္ေတြ မ်ားေနပါတယ္။ ဒါေၾကာင့္ ကေလးဟာ အခ်ိဳမ်ားတဲ့ ပတ္၀န္းက်င္မွာ ၾကီးျပင္းလာရပါတယ္။ အခ်ိဳဓာတ္ကို သံုးစြဲမွု မ်ားတာေၾကာင့္ ကေလးဟာ ၾကီးလာပါတယ္။ တနည္းေျပာရရင္ ကေလးဟာ မေမြးခင္္ ကတည္းက အ၀လြန္ေနပါတယ္။ အ၀လြန္တာဟာ ကေလးမွာေရာ လူၾကီးမွာပါ လံုး၀မေကာင္းပါဘူး။ ေနာက္ဆက္တြဲ ေရာဂါေတြ အမ်ားၾကီးျဖစ္ေစပါတယ္။ ဒါေၾကာင့္ ဆီးခ်ိဳရွိတဲ့ ကိုယ္၀န္ေဆာင္ေတြ အေနနဲ ့ ဆီးခ်ိဳကို တင္းတင္းက်ပ္က်ပ္ ထိန္းရပါမယ္။
ေနာက္တစ္ခ်က္ကေတာ့ ကိုယ္၀န္ေဆာင္ အေမက ဆီးခ်ိဳ မတက္ဘဲနဲ ့ ကေလးက အ၀လြန္ေနတာမ်ိဳးပါ။ ဒါကေတာ့ ကိုယ္၀န္ေဆာင္ အေမ ရဲ ့ အစားအေသာက္နဲ ့ ဆိုင္ပါတယ္။ ကိုယ္၀န္ေဆာင္ ကာလတစ္ေလ်ွာက္မွာ အခ်ိဳဓာတ္မ်ားတဲ့ အစားအစာေတြ၊ အဆီမ်ားတဲ့ အစားအစာေတြ၊ ဆီေၾကာ္ေတြ၊ ရယ္ဒီမိတ္ အစားအစာေတြ၊ အျပင္စာ အသင့္စား အစားအေသာက္ေတြ နဲ ့ အခ်ိဳရည္ ေကာ္ဖီမစ္ေတြ စားသံုးတာ မ်ားတာေၾကာင့္ ျဖစ္ပါတယ္။ ကစီဓာတ္နဲ ့ အဆီ၊ အခ်ိဳ မ်ားသြားတာေၾကာင့္ ျဖစ္ပါတယ္။ ကေလးကို ထြားေစခ်င္တဲ့ ေဇာနဲ ့အလြန္အကၽြံစားတာမ်ိဳး ေရွာင္ပါ။ ကိုယ့္ကေလးက ၀ေနစရာ မလိုပါဘူး။ က်စ္က်စ္လစ္္လစ္နဲ ့ အာဟာရ ျပည့္ေနရင္ ရပါျပီ။ ၀တဲ့ ကေလးဟာ ေရာဂါ ထူပါတယ္။
ဒီလို ကေလးၾကီးၾကီးေတြ ေမြးလာရင္ ေတာ္ေတာ္ သတိထားရပါတယ္။ သူတို ့ဟာ အေမ့ဗိုက္ထဲမွာ အခ်ိဳဓာတ္မ်ားမ်ား ရျပီးေနလာရေတာ့ အျပင္ေရာက္တဲ့ အခါ အခ်ိဳဓာတ္ ခ်က္ခ်င္း မရရင္ ေသြးတြင္းသၾကားဓာတ္ က်တာ မ်ိဴး ျဖစ္လာပါတယ္။ ဒါေၾကာင့္ ကေလးၾကီးၾကီး ေတြ ေမြးရင္ ေမြးျပီးျပီးခ်င္း ေသြးတြင္းသၾကားဓာတ္ ေဖာက္စစ္ရပါတယ္။ ေမြးျပီးနာရီ၀က္ အတြင္း မိခင္နို ့တိုက္ရပါမယ္။ ေနာက္ထက္ အခ်ိန္တိုင္း ေစာင့္ၾကည့္ျပီး လိုအပ္သလို ေသြးတြင္းသၾကားဓာတ္ကို စစ္ေဆးရပါမယ္။ ေသြးတြင္း သၾကားဓာတ္က်တာဟာကေလးကို အသက္အႏၱာရာယ္ရွိတဲ့ အထိ ျဖစ္ေစတတ္ပါတယ္။
ကေလးၾကီးၾကီး ေမြးလာရင္ မိခင္နို ့ကို အသက္ ၆လ အထိ အျပည့္ အ၀တိုက္ပါ။ ကေလး အသက္ ၂ နွစ္ထိ မျဖစ္မေန ဆက္တိုက္ပါ။ အေမ က က်န္းမာေရးနဲ ့ ညီညြတ္တဲ့ အစားအစာကို ေရြးခ်ယ္စားသံုးပါ။ ကေလးကို အ၀လြန္ျခင္းမွ ကာကြယ္ေပးပါ။ ဒါမွ ကေလး က်န္းက်န္းမာမာနဲ ့ ၾကီးျပင္းလာျပီး ေရာဂါ ဘယကင္းေ၀းမွာ ျဖစ္ပါတယ္။ ကေလးေတြ အ၀လြန္တာဟာ ငယ္ငယ္ရြယ္ရြယ္နဲ ့ ဆီးခ်ိဳ၊ ေသြးတုိးနဲ ့ နွလံုးေရာဂါ ကို ျဖစ္ေစနိုင္ပါတယ္။ အလြန္ေၾကာက္စရာ ေကာင္းတဲ့ ေရာဂါေတြျဖစ္တာေၾကာင့္ ကိုယ္၀န္ေဆာင္စဥ္ ကတည္းက ကာဖြယ္ဖို ့လိုအပ္ပါတယ္။ ဒါေၾကာင့္ ကေလးၾကီးတာ အ၀လြန္ေနတာ ထက္ က်စ္က်စ္လစ္လစ္ နဲ ့ က်န္းမာတဲ့ ကေလးေတြ က ပိုေကာင္းတယ္လို ့ေျပာပါရေစ။
က်န္းမာေပ်ာ္ရႊင္ေသာ ကေလးငယ္မ်ား အတြက္။
Dr. Jasmine