ပါဝင်သောပစ္စည်း-domperidone ၁၅မီလီဂရမ်/ ၃၀မီလီဂရမ်။
ဆေးပုံစံ-ဆေးတောင့်ပုံစံ။(စအိုမှထည့်ရသောဆေး)
အသုံးပြုနိုင်သော ရောဂါများ- ပျို့ခြင်း၊ အန်ခြင်းများသက်သာစေရန် (သောက်ဆေး၊ ကင်ဆာဆေးများ၊ ဓာတ်ကင်ခြင်းများကြောင့် ဖြစ်တတ်သော ပျို့အန်ခြင်းများ)။ အစာမကြေခြင်း၊ အစာအိမ်ရှိ အက်ဆစ် အပေါ်အစာမျိုပြွန်သို့ဆန်တက်၍ ယောင်ခြင်း။ အစာအိမ်နှင့် အစာမျိုပြွန်ရောင်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ barium သောက်၍ ဓာတ်မှန်ရိုက်ခြင်း၊ ဆီးချိုကြောင့် အူလှုပ်ရှားမှု မမှန်သောရောဂါ။
သုံးစွဲရန်အညွှန်း- ၃၀-၆၀ မီလီဂရမ် တစ်နေ့ ၂ ကြိမ်။ ၁၂ပတ်ထက်ပိုမသုံးစွဲရ။
ဘေးထွက်ဆိုးကျိုး-ရင်သားကြီးခြင်း၊ နို့ထွက်ခြင်း၊ ဆေးမတည့်ခြင်းများ။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ။
သတိပြုရမည့်အချက်များ-ကြာရှည် မသုံးစွဲသင့်ပါ။
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များတွင် ဆေးလုံခြုံလေ့လာထားခြင်း မပြုလုပ်ထားသဖြင့် ဆေးမသုံးစွဲသင့်ပါ။
ကလေးများတွင် ဦးနှောက်အကာလွှာကို ဖြတ်၍ဆေးဝင်နိုင်သဖြင့် မသုံးသင့်ပါ။
တွဲဖက် အသုံးမပြုသင့်သော ဆေးဝါးများ-နို့ခမ်းဆေး၏ ဆေးအာနိသင်ကျစေပါသည်။ ဘိန်းပါဝင်သော အကိုက်အခဲပျောက်ဆေးများနှင့် အာရုံကြောဆေး( အန်တီ မာစကာရင်း)များ၏ အာနိသင်ကို ပျက်စေပါသည်။
ဒေါက်တာချို(ဆေး ၁)