သင့်ကလေးကို ဘယ်အချိန်မှာ ကျောင်းစထားမလဲ?

ကလေးတစ်ယောက် အသက် လေးနှစ်ကျော်လို့ ငါးနှစ်ထဲဝင်လာပြီဆိုတာနဲ့ မိဘတွေဟာ ကျောင်းစထားဖို့ စဉ်းစားလေ့ရှိကြပါတယ်။ အသက်ငါးနှစ်မပြည့်ခင် ကျောင်းစောစောထားချင်တဲ့ မိဘအချို့လည်းရှိပါတယ်။ ဒီနေရာမှာ ပညာတတ်စေလိုလှတဲ့ဆန္ဒနဲ့ ကျောင်းစောစောပို့ချင်စိတ်ကို ခဏဖယ်ထားပြီး ကိုယ့်ရဲ့ကလေးဟာ ကျောင်းထားဖို့ တကယ်အဆင်သင့်ဖြစ်မဖြစ် ဆုံးဖြတ်နိုင်ဖို့ ပိုလိုအပ်ပါတယ်။ အဲလိုဆုံးဖြတ်ဖို့အတွက် အရေးကြီးတဲ့အချက်လေးတွေ ဖော်ပြပေးချင်ပါတယ်။

*ကလေးဟာ ကိုယ့်အားကိုယ်ကိုးနိုင်ပြီလား
ကလေးတစ်ယောက် ကိုယ့်အားကိုယ်ကိုးတယ်ဆိုတာ သူ့ရဲ့ တစ်ကိုယ်ရည်ကိစ္စလေးတွေ လုပ်နိုင်တာကို ဆိုလိုတာပါ။ ဥပမာ အပေါ့အလေးသွားခြင်း၊ သူများခွံ့ကျွေးစရာမလိုဘဲ ကိုယ်တိုင်ထမင်းစားနိုင်ခြင်း၊ လက်ဆေးခြင်း၊ နေ့လည်ခင်း နားချိန် တစ်ရေးတစ်မောအိပ်ခိုင်းတဲ့အခါ ကောင်းကောင်းအိပ်ခြင်း အစရှိသဖြင့် လုပ်ကိုင်နိုင်တာတွေပါ။

*မိဘနဲ့ခွဲနေနိုင်ပြီလား
ကလေးဟာ မိဘနဲ့အချိန်ပြည့်မနေရဘဲ ကလေးထိန်း သို့မဟုတ် ဆွေမျိုးသားချင်းတွေနဲ့ အိမ်မှာနေရတယ်ဆိုရင် ကျောင်းပို့ရတာ သိပ်အခက်အခဲမရှိပါဘူး။ တကယ်လို့ မိဘနဲ့အချိန်ပြည့်နေရတယ်ဆိုရင် တစ်ပတ်မှာတစ်ခါ အဘိုး၊အဘွား အိမ်ပို့ပေးတာမျိုး ၊ ဆွေမျိုးအိမ်ကို အလည်ခေါ်သွားပေးတာမျိုးနဲ့ အလေ့အကျင့်လုပ်လို့ရပါတယ်။

*ကလေးဟာ အချိန်စာရင်းနဲ့ နေသားကျပြီလား
ကျောင်းတွေမှာ စာသင်ချိန်၊ ထမင်းစားချိန်၊ နားချိန်၊ ကစားချိန် စသဖြင့် အချိန်စာရင်းအတိအကျရှိပါတယ်။ ကလေးများဟာလည်း သူ့အချိန်နဲ့သူ ကစားရ၊စာသင်ရတာကို သဘောကျတတ်ပါတယ်။ ဒါပေမယ့် သင့်ကလေးက ဒီလိုအချိန်စာရင်း အတိအကျနဲ့ လည်ပတ်နေတာကို နေသားမကျတာ ဖြစ်နိုင်ပါတယ်။ အဲဒါကိုလည်း အလေ့အကျင့်လုပ်ပေးလို့ရပါတယ်။ ဥပမာ ဒီနေ့ဘယ်အချိန်ရေချိုးပေးမယ် ရေကစားမယ် ညဘက်ကိုဒီအချိန်ပုံပြင်ပြောပြမယ် အရုပ်ဆက်ကြမယ် စသဖြင့် အချိန်ဇယားနဲ့ရင်းနှီးလာအောင် လေ့ကျင့်လို့ရပါတယ်။

*ရုပ်ပိုင်းဆိုင်ရာကျန်းမာမှု အလုံအလောက်ရှိပြီလား
ကျောင်းအများစုဟာ မနက်ကနေ ညနေခင်းထိ တက်ရတာဖြစ်ပါတယ်။ ကလေးငယ်များဟာ ကျောင်းမှာသူ့အချိန်နဲ့သူအလုပ်လုပ်ရတာဖြစ်တဲ့ အတွက် ကလေးဆိုသော်လည်း အထိုက်အလျောက် ပင်ပန်းပါတယ်။ ဒီ့အတွက် ကလေးဟာ ကျန်းမာရေးကောင်းနေဖို့လိုပါတယ်။ မနက်စောစောထနိုင်ဖို့အတွက် ကလေးကို ညစောစောအိပ်စေတဲ့အကျင့် ပြုလုပ်ထားပေးဖို့လိုအပ်ပါတယ်။

*ကလေးဟာ အစုအဖွဲ့နဲ့ ကောင်းမွန်စွာနေတတ်ပြီလား
ကျောင်းမှာ အုပ်စုလိုက်ပြုလုပ်ရတဲ့ အလုပ်တွေအများကြီးရှိပါလိမ့်မယ်။ ဝိုင်းဖွဲ့သီချင်းဆိုကြတာ၊ ပုံဆွဲကြတာ စသဖြင့် အများနဲ့တူတူလုပ်ရတဲ့ အရာလေးတွေကို ရင်းနှီးနေဖို့လိုအပ်ပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ ဘာကြောင့် ကလေးကို ကျောင်းထားချင်နေပြီလဲဆိုတဲ့ သင့်ရဲ့စိတ်ပါပဲ။

ကလေးဟာ အထက်ဖော်ပြပါ အချက်တွေလည်း ပြည့်စုံနေပြီဆိုရင် သင်ကျောင်းထားချင်တဲ့စိတ်ပေါ်လာတာ မှန်ပါတယ်။ တကယ်လို့ ကလေးဟာ အသက်ငါးနှစ်ပြည့်ပြီးဖြစ်ပေမယ့် ကျောင်းထားဖို့ အပေါ်ကအချက်တွေနဲ့ လုံးဝမကိုက်ညီသေးဘူးဆိုရင်တော့ ဆန္ဒမစောစေချင်ပါဘူး။

မိဘတွေအနေနဲ့ မိမိကလေးကို ကျောင်းထားဖို့အဆင်သင့်ဖြစ်တဲ့အထိ ပြင်ဆင်ပေးသင့်ပါတယ်။ ကျောင်းနေဖို့အဆင်သင့်လုံးဝမဖြစ်သေးတဲ့ကလေးကို အများနည်းတူ သွားကိုသွားရမယ်ဆိုပြီး ဇွတ်အတင်းကျောင်းထားတာဟာ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေပါတယ်။ ကလေးကို အသက်တစ်နှစ်စောပြီး ကျောင်းထားလို့ သူ့အနာဂတ် ပိုလှမသွားပါဘူး။ တစ်နှစ်နောက်ကျပြီးမှ ကျောင်းထားလို့လည်း သူ့အနာဂတ်အရုပ်ဆိုးမသွားပါဘူး။

ကလေးဟာ ကျောင်းသွားဖို့အဆင်သင့်ဖြစ်မဖြစ်ကို အထက်ဖော်ပြပါအချက်တွေနဲ့ ချိန်ထိုးစဉ်းစားစေချင်ပါတယ်။ အသက်ငါးနှစ်ဝန်းကျင်ကလေးတစ်ယောက်ဟာ ကျောင်းသွားဖို့အတွက် စိတ်ပိုင်းဆိုင်ရာရော ၊ ရုပ်ပိုင်းဆိုင်ရာပါအဆင်သင့်ဖြစ်တဲ့အချိန်သည်သာလျှင် ကျောင်းစထားဖို့အသင့်တော်ဆုံးအချိန်ပဲဖြစ်ပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)

သင့္ကေလးကို ဘယ္အခ်ိန္မွာ ေက်ာင္းစထားမလဲ?

ကေလးတစ္ေယာက္ အသက္ ေလးႏွစ္ေက်ာ္လို႔ ငါးႏွစ္ထဲဝင္လာၿပီဆိုတာနဲ႔ မိဘေတြဟာ ေက်ာင္းစထားဖို႔ စဥ္းစားေလ့ရွိၾကပါတယ္။ အသက္ငါးႏွစ္မျပည့္ခင္ ေက်ာင္းေစာေစာထားခ်င္တဲ့ မိဘအခ်ိဳ႕လည္းရွိပါတယ္။ ဒီေနရာမွာ ပညာတတ္ေစလိုလွတဲ့ဆႏၵနဲ႔ ေက်ာင္းေစာေစာပို႔ခ်င္စိတ္ကို ခဏဖယ္ထားၿပီး ကိုယ့္ရဲ႕ကေလးဟာ ေက်ာင္းထားဖို႔ တကယ္အဆင္သင့္ျဖစ္မျဖစ္ ဆံုးျဖတ္ႏိုင္ဖို႔ ပိုလိုအပ္ပါတယ္။ အဲလိုဆံုးျဖတ္ဖို႔အတြက္ အေရးႀကီးတဲ့အခ်က္ေလးေတြ ေဖာ္ျပေပးခ်င္ပါတယ္။

*ကေလးဟာ ကိုယ့္အားကိုယ္ကိုးႏိုင္ၿပီလား
ကေလးတစ္ေယာက္ ကိုယ့္အားကိုယ္ကိုးတယ္ဆိုတာ သူ႔ရဲ႕ တစ္ကိုယ္ရည္ကိစၥေလးေတြ လုပ္ႏိုင္တာကို ဆိုလိုတာပါ။ ဥပမာ အေပါ့အေလးသြားျခင္း၊ သူမ်ားခြံ႕ေကြ်းစရာမလိုဘဲ ကိုယ္တိုင္ထမင္းစားႏိုင္ျခင္း၊ လက္ေဆးျခင္း၊ ေန႔လည္ခင္း နားခ်ိန္ တစ္ေရးတစ္ေမာအိပ္ခိုင္းတဲ့အခါ ေကာင္းေကာင္းအိပ္ျခင္း အစရွိသျဖင့္ လုပ္ကိုင္ႏိုင္တာေတြပါ။

*မိဘနဲ႔ခြဲေနႏိုင္ၿပီလား
ကေလးဟာ မိဘနဲ႔အခ်ိန္ျပည့္မေနရဘဲ ကေလးထိန္း သို႔မဟုတ္ ေဆြမ်ိဳးသားခ်င္းေတြနဲ႔ အိမ္မွာေနရတယ္ဆိုရင္ ေက်ာင္းပို႔ရတာ သိပ္အခက္အခဲမရွိပါဘူး။ တကယ္လို႔ မိဘနဲ႔အခ်ိန္ျပည့္ေနရတယ္ဆိုရင္ တစ္ပတ္မွာတစ္ခါ အဘိုး၊အဘြား အိမ္ပို႔ေပးတာမ်ိဳး ၊ ေဆြမ်ိဳးအိမ္ကို အလည္ေခၚသြားေပးတာမ်ိဳးနဲ႔ အေလ့အက်င့္လုပ္လို႔ရပါတယ္။

*ကေလးဟာ အခ်ိန္စာရင္းနဲ႔ ေနသားက်ၿပီလား
ေက်ာင္းေတြမွာ စာသင္ခ်ိန္၊ ထမင္းစားခ်ိန္၊ နားခ်ိန္၊ ကစားခ်ိန္ စသျဖင့္ အခ်ိန္စာရင္းအတိအက်ရွိပါတယ္။ ကေလးမ်ားဟာလည္း သူ႔အခ်ိန္နဲ႔သူ ကစားရ၊စာသင္ရတာကို သေဘာက်တတ္ပါတယ္။ ဒါေပမယ့္ သင့္ကေလးက ဒီလိုအခ်ိန္စာရင္း အတိအက်နဲ႔ လည္ပတ္ေနတာကို ေနသားမက်တာ ျဖစ္ႏိုင္ပါတယ္။ အဲဒါကိုလည္း အေလ့အက်င့္လုပ္ေပးလို႔ရပါတယ္။ ဥပမာ ဒီေန႔ဘယ္အခ်ိန္ေရခ်ိဳးေပးမယ္ ေရကစားမယ္ ညဘက္ကိုဒီအခ်ိန္ပံုျပင္ေျပာျပမယ္ အ႐ုပ္ဆက္ၾကမယ္ စသျဖင့္ အခ်ိန္ဇယားနဲ႔ရင္းႏွီးလာေအာင္ ေလ့က်င့္လို႔ရပါတယ္။

*႐ုပ္ပိုင္းဆိုင္ရာက်န္းမာမႈ အလံုအေလာက္ရွိၿပီလား
ေက်ာင္းအမ်ားစုဟာ မနက္ကေန ညေနခင္းထိ တက္ရတာျဖစ္ပါတယ္။ ကေလးငယ္မ်ားဟာ ေက်ာင္းမွာသူ႔အခ်ိန္နဲ႔သူအလုပ္လုပ္ရတာျဖစ္တဲ့ အတြက္ ကေလးဆိုေသာ္လည္း အထိုက္အေလ်ာက္ ပင္ပန္းပါတယ္။ ဒီ့အတြက္ ကေလးဟာ က်န္းမာေရးေကာင္းေနဖို႔လိုပါတယ္။ မနက္ေစာေစာထႏိုင္ဖို႔အတြက္ ကေလးကို ညေစာေစာအိပ္ေစတဲ့အက်င့္ ျပဳလုပ္ထားေပးဖို႔လိုအပ္ပါတယ္။

*ကေလးဟာ အစုအဖြဲ႕နဲ႔ ေကာင္းမြန္စြာေနတတ္ၿပီလား
ေက်ာင္းမွာ အုပ္စုလိုက္ျပဳလုပ္ရတဲ့ အလုပ္ေတြအမ်ားႀကီးရွိပါလိမ့္မယ္။ ဝိုင္းဖြဲ႕သီခ်င္းဆိုၾကတာ၊ ပံုဆြဲၾကတာ စသျဖင့္ အမ်ားနဲ႔တူတူလုပ္ရတဲ့ အရာေလးေတြကို ရင္းႏွီးေနဖို႔လိုအပ္ပါတယ္။ ေနာက္ဆံုးအေနနဲ႔ကေတာ့ ဘာေၾကာင့္ ကေလးကို ေက်ာင္းထားခ်င္ေနၿပီလဲဆိုတဲ့ သင့္ရဲ႕စိတ္ပါပဲ။

ကေလးဟာ အထက္ေဖာ္ျပပါ အခ်က္ေတြလည္း ျပည့္စံုေနၿပီဆိုရင္ သင္ေက်ာင္းထားခ်င္တဲ့စိတ္ေပၚလာတာ မွန္ပါတယ္။ တကယ္လို႔ ကေလးဟာ အသက္ငါးႏွစ္ျပည့္ၿပီးျဖစ္ေပမယ့္ ေက်ာင္းထားဖို႔ အေပၚကအခ်က္ေတြနဲ႔ လံုးဝမကိုက္ညီေသးဘူးဆိုရင္ေတာ့ ဆႏၵမေစာေစခ်င္ပါဘူး။

မိဘေတြအေနနဲ႔ မိမိကေလးကို ေက်ာင္းထားဖို႔အဆင္သင့္ျဖစ္တဲ့အထိ ျပင္ဆင္ေပးသင့္ပါတယ္။ ေက်ာင္းေနဖို႔အဆင္သင့္လံုးဝမျဖစ္ေသးတဲ့ကေလးကို အမ်ားနည္းတူ သြားကိုသြားရမယ္ဆိုၿပီး ဇြတ္အတင္းေက်ာင္းထားတာဟာ ကေလးရဲ႕ စိတ္ပိုင္းဆိုင္ရာကို ထိခိုက္ေစပါတယ္။ ကေလးကို အသက္တစ္ႏွစ္ေစာၿပီး ေက်ာင္းထားလို႔ သူ႔အနာဂတ္ ပိုလွမသြားပါဘူး။ တစ္ႏွစ္ေနာက္က်ၿပီးမွ ေက်ာင္းထားလို႔လည္း သူ႔အနာဂတ္အ႐ုပ္ဆိုးမသြားပါဘူး။

ကေလးဟာ ေက်ာင္းသြားဖို႔အဆင္သင့္ျဖစ္မျဖစ္ကို အထက္ေဖာ္ျပပါအခ်က္ေတြနဲ႔ ခ်ိန္ထိုးစဥ္းစားေစခ်င္ပါတယ္။ အသက္ငါးႏွစ္ဝန္းက်င္ကေလးတစ္ေယာက္ဟာ ေက်ာင္းသြားဖို႔အတြက္ စိတ္ပိုင္းဆိုင္ရာေရာ ၊ ႐ုပ္ပိုင္းဆိုင္ရာပါအဆင္သင့္ျဖစ္တဲ့အခ်ိန္သည္သာလွ်င္ ေက်ာင္းစထားဖို႔အသင့္ေတာ္ဆံုးအခ်ိန္ပဲျဖစ္ပါတယ္။

အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။

ေမာင္(ေဆး-၁)

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

The most common form of depression

1 Mins read
လူပြောများနေသော စိတ်ကျရောဂါ ဒီနေ့ ပတ်ဝန်းကျင်မှာ အမြဲကြားနေကျ စကားတခုကတော့ “ ငါ Depression ဝင်နေတယ်ကွာ” ဆိုတာပါ။ ကိုယ်ချစ်တဲ့သူတစ်ယောက် ဆုံးရှုံးသွားတဲ့အခါ၊ အလုပ်ပြုတ်သွားတဲ့အခါ၊ အိမ်ထောင်ပြတ်ဆဲသွား တဲ့အခါ စိတ်ဝမ်းနည်းပူဆွေးတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပါ။ဒါဟာ depression မဟုတ်ပါဘူး။ Depression…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Depression

1 Mins read
သဝန်တိုစိတ်လွန် စိတ်ရောဂါ သဝန်တိုစိတ်ဆိုတာ မြင်လိုက်တာနဲ့ ကိုယ့်ကောင်လေး/ကောင်မလေး ပြေးမြင်လိုက်ပြီဆို စိတ်မကောင်းပါဘူး သဝန်မတိုရအောင် နေနေရတဲ့ ဘဝကို စာနာပါတယ် …ဟုတ်ပါတယ်…သဝန်တိုစိတ်ဆိုတာ လူတိုင်းဆီမှာ ရှိတတ်တဲ့ စိတ်ခံစားချက်ပါ…ထပ်ပြောရရင် ချစ်တတ်တဲ့သူတွေဆီမှာ အများဆုံးရှိတတ်တဲ့ အရာတစ်ခု ဆိုရင်လည်း မမှားပါဘူး….FA တွေကတော့ ကံကောင်းပါတယ်…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *