ဘိုးဘိုးဘွားဘွားများနှင့် အစားမစားချင်သောပြဿနာ
ဘိုးဘိုးဘွားဘွားတွေဟာ အသက်ကြီးလာတာနှင့်အမျှ အစားနည်းလာတတ်ကြပါတယ်။ ဒါရဲ့နောက်ဆက်တွဲဟာ အာဟာရချို့တဲ့ခြင်းဖြစ်စေပါတယ်။
အများအားဖြင့် အသားဓာတ်ချို့တဲ့ပြီး ကိုယ်အလေးချိန်ကျလာတာ သို့မဟုတ် ဗီတာမင်ဓာတ်တွေချို့တဲ့တာတွေ အတွေ့များတတ်ပါတယ်။
ဒီအစားမစားချင်တာဟာ
၁) ရုပ်ပိုင်းဆိုင်ရာ သဘာဝ ခန္တာကိုယ်ပြောင်းလဲမှုအရ အသက်ကြီးလာတာနဲ့ ပျက်စီးယိုယွင်းလာတဲ့အထဲမှာ လျှာပေါ်က အရသာခံ အဖုလေးတွေလည်းပါပါတယ်။ ဒီအရသာခံဖုလေးတွေက အရင်လို ချိုချဉ်ဖန်ခါးကို ထိထိမိမိ သိအောင်မလုပ်ပေးနိုင်တော့ပါဘူး။ ဒါ့အပြင် သွားလေးတွေက ယိုင်နဲ့လာတဲ့အခါ အစားအစာကို ကျေညက်အောင်မဝါးနိုင်တော့ဘဲ အစာမကြေခြင်း။ အများကြီးမစားနိုင်ခြင်းကိုဖြစ်စေပါတယ်။
၂) စိတ်ပိုင်းဆိုင်ရာ စိတ်ဓာတ်ကျခြင်းကြောင့် ဘိုးဘိုးဘွားဘွားတို့မှာ အများအားဖြင့် စိတ်အလိုမကျ စိတ်ဓာတ်ကျခြင်းကို ခံစားရတတ်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ အစားစားခြင်စိတ်က အလိုလို နည်းသွားစေပါတယ်။
၃) သောက်သုံးနေသောဆေးဝါးများကြောင့် ဖြစ်နိုင်ပါတယ်။ ဆီးချိုဆေး အချို့နှင့် နှလုံးဆေးအချို့က ပါးစပ်ပျက်စေတဲ့ အာနိသင်နည်းနည်းရှိတတ်ပါတယ်။ ရောဂါလိုအပ်ချက်အရ ဆေးသောက်ရတဲ့အခါ အစားပါနည်းလာတတ်ပါတယ်။
အစားနည်းလာတဲ့ ဘိုးဘိုးဘွားဘွားတွေကိုဘယ်လိုကူညီပေးနိုင်မလဲ?
ဘိုးဘိုးဘွားဘွားတွေရေရှည်ခံတွင်းပျက်မယ် အစားနည်းမယ်ဆိုရင် မကောင်းပါဘူး။ ဒီလိုဖြစ်နေတယ်ဆိုရင် နီးစပ်ရာ မိသားစုဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။ သောက်နေတဲ့ဆေးတွေကို ပြကြည့်ပါ။ ကျွေးတဲ့အချိန်မှာ အာဟာရပြည့်ဝစေဖို့ ဂရုစိုက်ပေးပါ။
အရည်ရွှမ်းတဲ့အသီးအနှံကို ဖျော်ရည်ဖျော်တိုက်ပေးပါ။ ဗီတာမင် ကြွယ်ဝစွာပါတဲ့အပြင် ဝမ်းမှန်စေမှာပါ။
အသားဓာတ်ကို ပါအောင်ကျွေးပေးပါ။
ကြက်သား၊ အမဲသားစသည်တို့သွားမကောင်း၍ မဝါးနိုင်လျှင် ကြက်ဥ၊ ပဲအမျိုးမျိုး၊ငါးတို့ ကျွေးပေးန်ုင်ပါတယ်။
Vitamin D , Calcium ပါဝင်စေရန်သတ်ပြုပေးပါ။
အသက်ကြီးလာတာနဲ့အမျှ အရိုးပါးခြင်းမဖြစ်စေရန် Calcium ဓာတ်ကြွယ်ဝသော နွားနို့ ၊ ကြက်ဥ တို့ကျွေးပေးနိုင်သလို Vitaminအားဆေးလည်းတိုက်ပေးနိုင်ပါတယ်။ ဒီလောက်ဆို ဘိုးဘိုးဘွားဘွားတို့ပြသနာလေးကို ဖြေရှင်းဖို့ ပံ့ပိုးပေးနိုင်လိမ့်မယ်ထင်ပါတယ်
မယ်တင်( ဆေး ၁)