အူအတက်ရောင်ခြင်း

ဝမ်းဗိုက်ရဲ့ ညာဘက်ခြမ်းအောက်ဘက်မှာ အူမကြီးကနေ ထိုးထွက်နေတဲ့ လက်ချောင်းတစ်ချောင်းအရွယ် အူအတက်ရှိပါတယ်။ အဲဒီအူအတက် ရောင်တာကို Appendicitis (အူအတက်ရောင်ခြင်း) လို့ခေါ်ပါတယ်။

လူတိုင်းအူအတက်ရောင်နိုင်ကြပါတယ်။ ဒါပေမယ့် အသက် ဆယ်နှစ်ကနေ သုံးဆယ်ကြားလူတွေမှာတော့ ပိုအဖြစ်များတာကို တွေ့ရပါတယ်။
အဓိကကုသရမယ့် နည်းလမ်းကတော့ ခွဲစိတ်ကုသခြင်းနည်းလမ်းပဲဖြစ်ပါတယ်။

ဘယ်လိုရောဂါလက္ခဏာတွေ ပြသမလဲ?

*ဝမ်းဗိုက်ညာဘက်အောက်ခြမ်းတွ ရုတ်တရက်နာကျင်ခြင်း

*ချက်နားတစ်ဝိုက်တွင် ကနဦးနာကျင်မှုခံစားရပြီးမှ ထိုနာကျင်မှုသည် ဗိုက်ညာဘက်အောက်ခြမ်းသို့ရွေ့သွားခြင်း

*နာကျင်မှုသည် ချောင်းဆိုးသည့်အခါ၊ လမ်းလျှောက်သည့်အခါများတွင် ပိုဆိုးလာခြင်း

*ပျို့ခြင်း၊ အန်ခြင်း

*ဖျားနာခြင်း (အဖျားသည် ဝေဒနာခံစားရသည်နဲ့အမျှ ပိုတက်လာခြင်း)

*အစာစားချင်စိတ်လျော့နည်းလာခြင်း

*ဗိုက်တင်းကယ်နေခြင်း

*ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း

စသည်တို့ပဲဖြစ်ပါတယ်။

နာကျင်တဲ့နေရာဟာ လူနာရဲ့အသက်အရွယ်၊ အူအတက်ရဲ့တည်နေရာပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။ ကိုယ်ဝန်ရှိတဲ့အမျိုးသမီးဆိုရင် အူအတက်ရောင်ပြီးနာတဲ့နေရာဟာ ဗိုက်ရဲ့အပေါ်ဘက်ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ဝန်ရှိစဉ်မှာ အူအတက်ရဲ့ တည်နေရာဟာ အရင်ကထက် မြင့်သွားလို့ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့သွားပြမလဲ?

အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေကို သင် သို့မဟုတ် သင့်ကလေးမှာ တွေ့ရတာနဲ့ ဆေးခန်းပြသင့်ပါတယ်။ အလွန်အမင်းဗိုက်နာကျင်ခြင်းဟာ ချက်ချင်းကုသပေးရမယ့် ကိစ္စဖြစ်ပါတယ်။

ဘာကြောင့်အူအတက်ရောင်ရသလဲ?

အူအတက်ထဲမှာ တစ်ခုခုပိတ်ဆို့ပြီး ပိုးဝင်တာကြောင့်ဖြစ်ပါတယ်။ ဘတ်တီးရီးယားတွေဟာ လျင်မြန်စွာပွားများပြီး အူအတက်ကိုရောင်ရမ်းစေပါတယ်။ ဖောင်းလာပြီး ပြည်တွေနဲ့ပြည့်လာပါတယ်။ မကုသရင် အူအတက်ရောင်ရာကနေ ပေါက်သွားနိုင်ပါတယ်။

မကုသဘဲထားရင် နောက်ဆက်တွဲဆိုးကျိုးတွေက ဘာတွေလဲ?

*အူအတက်ပေါက်ခြင်း

အူအတက်ပေါက်သွားရင် ပိုးဝင်မှုတွေဟာ ဗိုက်ထဲကိုပျံ့နှံ့သွားပါမယ်။ အသက်အန္တရာယ်ရှိပြီး ချက်ချင်းခွဲစိတ်ကုသမှုလုပ်ဖို့လိုအပ်ပါတယ်။ အူအတက်ကို ဖြတ်ထုတ်ပြီး ဗိုက်ခေါင်းကို ဆေးကြောရပါမယ်။

*အူအတက်ပေါက်ရင် ဗိုက်ခေါင်းထဲမှာ ပြည်အိတ် (Pocket of Pus) ဖြစ်နိုင်ပါတယ်။ ခွဲစိတ်မှုလုပ်ပြီး နှစ်ပတ်လောက်ကြာတဲ့အထိ ဗိုက်ထဲကပြည်တွေကို ထွက်ဖို့ Drain Tube ထည့်ထားရတတ်ပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)

အူအတက္ေရာင္ျခင္း

ဝမ္းဗိုက္ရဲ႕ ညာဘက္ျခမ္းေအာက္ဘက္မွာ အူမႀကီးကေန ထိုးထြက္ေနတဲ့ လက္ေခ်ာင္းတစ္ေခ်ာင္းအရြယ္ အူအတက္ရွိပါတယ္။ အဲဒီအူအတက္ ေရာင္တာကို Appendicitis (အူအတက္ေရာင္ျခင္း) လို႔ေခၚပါတယ္။

လူတိုင္းအူအတက္ေရာင္ႏိုင္ၾကပါတယ္။ ဒါေပမယ့္ အသက္ ဆယ္ႏွစ္ကေန သံုးဆယ္ၾကားလူေတြမွာေတာ့ ပိုအျဖစ္မ်ားတာကို ေတြ႕ရပါတယ္။
အဓိကကုသရမယ့္ နည္းလမ္းကေတာ့ ခြဲစိတ္ကုသျခင္းနည္းလမ္းပဲျဖစ္ပါတယ္။

ဘယ္လိုေရာဂါလကၡဏာေတြ ျပသမလဲ?

*ဝမ္းဗိုက္ညာဘက္ေအာက္ျခမ္းတြ ႐ုတ္တရက္နာက်င္ျခင္း

*ခ်က္နားတစ္ဝိုက္တြင္ ကနဦးနာက်င္မႈခံစားရၿပီးမွ ထိုနာက်င္မႈသည္ ဗိုက္ညာဘက္ေအာက္ျခမ္းသို႔ေရြ႕သြားျခင္း

*နာက်င္မႈသည္ ေခ်ာင္းဆိုးသည့္အခါ၊ လမ္းေလွ်ာက္သည့္အခါမ်ားတြင္ ပိုဆိုးလာျခင္း

*ပ်ိဳ႕ျခင္း၊ အန္ျခင္း

*ဖ်ားနာျခင္း (အဖ်ားသည္ ေဝဒနာခံစားရသည္နဲ႔အမွ် ပိုတက္လာျခင္း)

*အစာစားခ်င္စိတ္ေလ်ာ့နည္းလာျခင္း

*ဗိုက္တင္းကယ္ေနျခင္း

*ဝမ္းခ်ဳပ္ျခင္း သို႔မဟုတ္ ဝမ္းေလွ်ာျခင္း

စသည္တို႔ပဲျဖစ္ပါတယ္။

နာက်င္တဲ့ေနရာဟာ လူနာရဲ႕အသက္အရြယ္၊ အူအတက္ရဲ႕တည္ေနရာေပၚမူတည္ၿပီး ေျပာင္းလဲႏိုင္ပါတယ္။ ကိုယ္ဝန္ရွိတဲ့အမ်ိဳးသမီးဆိုရင္ အူအတက္ေရာင္ၿပီးနာတဲ့ေနရာဟာ ဗိုက္ရဲ႕အေပၚဘက္ျဖစ္ႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကိုယ္ဝန္ရွိစဥ္မွာ အူအတက္ရဲ႕ တည္ေနရာဟာ အရင္ကထက္ ျမင့္သြားလို႔ပါ။

ဘယ္အခ်ိန္မွာ ဆရာဝန္နဲ႔သြားျပမလဲ?

အထက္ေဖာ္ျပပါ ေရာဂါလကၡဏာေတြကို သင္ သို႔မဟုတ္ သင့္ကေလးမွာ ေတြ႕ရတာနဲ႔ ေဆးခန္းျပသင့္ပါတယ္။ အလြန္အမင္းဗိုက္နာက်င္ျခင္းဟာ ခ်က္ခ်င္းကုသေပးရမယ့္ ကိစၥျဖစ္ပါတယ္။

ဘာေၾကာင့္အူအတက္ေရာင္ရသလဲ?

အူအတက္ထဲမွာ တစ္ခုခုပိတ္ဆို႔ၿပီး ပိုးဝင္တာေၾကာင့္ျဖစ္ပါတယ္။ ဘတ္တီးရီးယားေတြဟာ လ်င္ျမန္စြာပြားမ်ားၿပီး အူအတက္ကိုေရာင္ရမ္းေစပါတယ္။ ေဖာင္းလာၿပီး ျပည္ေတြနဲ႔ျပည့္လာပါတယ္။ မကုသရင္ အူအတက္ေရာင္ရာကေန ေပါက္သြားႏိုင္ပါတယ္။

မကုသဘဲထားရင္ ေနာက္ဆက္တြဲဆိုးက်ိဳးေတြက ဘာေတြလဲ?

*အူအတက္ေပါက္ျခင္း

အူအတက္ေပါက္သြားရင္ ပိုးဝင္မႈေတြဟာ ဗိုက္ထဲကိုပ်ံ႕ႏွံ႕သြားပါမယ္။ အသက္အႏၲရာယ္ရွိၿပီး ခ်က္ခ်င္းခြဲစိတ္ကုသမႈလုပ္ဖို႔လိုအပ္ပါတယ္။ အူအတက္ကို ျဖတ္ထုတ္ၿပီး ဗိုက္ေခါင္းကို ေဆးေၾကာရပါမယ္။

*အူအတက္ေပါက္ရင္ ဗိုက္ေခါင္းထဲမွာ ျပည္အိတ္ (Pocket of Pus) ျဖစ္ႏိုင္ပါတယ္။ ခြဲစိတ္မႈလုပ္ၿပီး ႏွစ္ပတ္ေလာက္ၾကာတဲ့အထိ ဗိုက္ထဲကျပည္ေတြကို ထြက္ဖို႔ Drain Tube ထည့္ထားရတတ္ပါတယ္။

အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။

ေမာင္(ေဆး-၁)

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…
All Articlesအခြားရောဂါများ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…

1 Comment

Leave a Reply

Your email address will not be published. Required fields are marked *