“ Antihistamine များအကြောင်းသိကောင်းစရာ”
Histamine ဟစ်စ်တာမင်းက ခန္ဓာကိုယ်ရဲ့ အခြေခံထဲမှာပါဝင်တဲ့ amine ဓာတ်တစ်မျိုး ဖြစ်ပါသည် (basic amine )အတိအကျအားဖြင့် ဟစ်စ်တာမင်းသိုလှောင်ထားတဲ့ နေရာများက tissue များတွင်mast cell ဖြစ်ပြီးသွေးထဲမှာတော့ basophil cell များဖြစ်ကြပါသည်။ အရေ ပြား ကလပ်စည်း epidermis, အစာအိမ်အတွင်းရှိ gastric mucosa cell များ, CNS ရှိ neurons များ နှင့် လျှင်မြန်စွာ ကလပ်စည်းဖြစ်ထွန်းနိုင်တဲ့ vegenesating cell များတွင်လည်း ရှိပါသည်။
ဟစ်စ်တာမင်းကို ဆန့်ကျင်သော antihistamine များသည် ကုထုံးများတွင် အသုံး ဝင်ကြသော ကြောင့်ခန္ဓာမှဟစ်စ်တာမင်းထွက်နေသော နေရာများလည်း သိသင့်ပါသည်။
အရေပြားပေါ်တွင် ကုတ်မိခြစ်မိခြင်း(scratching) ဖြစ်လျှင် ထွက်ပါသည်။တစ်ခုခုနှင့် ဓာတ်မတည့်ခြင်း (hypersensitivity reaction) (allergic response) ဖြစ်တဲ့အ ခါ ဟစ်စ်တာမင်း ထွက်တတ်ပါသည်။ အချို့သောဓါတုဗေဒ ပစ္စည်း -ဥပမာ morphine , tubocurarine လို ဆေးမျိုး၊ မြွေဆိပ် (snake venom) စသည်တို့ ကြောင့်လည်း ဟစ်စ်တာမင်းထွက်နိုင်ပါသည်။
ဟစ်စ်တာမင်းကို ဆန့်ကျင်နိုင်သော အရာ များအနေနှင့် နေရာ ၃နေရာတွင် ဆန့်
ကျင်နိုင်ကြောင်း သိရှိပါသည်။ပထမ ဟစ်စ်တာမင်းရဲ့ အာနိသင်ပြခြင်းများနှင့် ဆန့်ကျင်
သော အာနိသင်ပြနိုင်သော ဆေးတစ်ချို့ ဥပမာ adrenalin ရှိပါသည်။ ဟစ်စ်တာမင်းကြောင့် သွေးကြောပွခြင်း (vasodilatation) ကို adrenalin ကသွေးကြောများကျုံ့စေခြင်း (vaso constriction) နှင့်ဆန့်ကျင်နိုင်ပါသည်။
ဒုတိယအနေနှင့် ဟစ်စ်တာမင်း Receptor site များတွင်ဆန့်ကျင်မည့်ဆေး
(antihi stramine) ကဝင်နိုင်ပြီး ဆန့်ကျင်သောအာနိသင်ပေးခြင်းဖြစ်ပါသည်။ Histamine receptor H1 နှင့့််H2 receptor antagonist များဟုခေါ်ပါသည်။`
တတိယအနေနှင့် ဟစ်စ်တာမင်းကို ထိန်းသိမ်းထားတဲ့နေရာHistamine storage က Histamine ထွက်ခြင်းကိုဟန့်တားနိုင်သော ဆေးအုပ်စု ဥပမာ- corticosteroid နှင့်
sodium eromo – glyeate ဆေးတို့ဖြစ်ပါသည်။
Antihistamine လို့အမည်တပ်ခြင်း က ဒုတိယအုပ်စုနှင့် ပိုဆိုင်ပါသည်။
ဒီနေရာမှာ H1 Receptor ကိုပိတ်ဆို့တဲ့အုပ်စုက အသုံးများသော အုပ်စုဖြစ်ပါသည်။
H1 blocker antihistamine များကို first generation နှင့် second generation ဟူပြီး ခွဲထားနိုင်ပါသည်။
First generation antihistamine များမှာ carbinoxamine, dimenhydrinals, diphenhydramine,doxylamine , pyrilamine,tripelennamine, hydroxyzine,cyclizine meclizine, brompheniramine,chlorpheniramine, promethazine နှင့် cyproheptadine တို့ပါဝင်ပါသည်။
Second generation ဆေးများကတော့ fexofenadine , loratadine နှင့် cetirizine တို့ဖြစ်ပါသည်။
H2 antagonist များကတော့ cimetidine, ranitidine,famotidine နှင့် nizatidine တို့ ဖြစ်ပြီး H3 antagonist မှာ Thioperamids ဖြစ်ပါသည်။
Antihistamine များဟာ ပါးစပ်ကတိုက်လျှင် ကောင်းစွာစုပ်ယူနိုင်သော ဆေးများ ဖြစ်ပါသည်။ခန္ဓာကိုယ်တစ်ခုလုံးနှင့် ဦးနှောက်ပါေရောက်အောင် အာနိသင်ပြန့်နိုင် ပါ သည်။ အသဲပေါ် antihistamine များအနေနှင့် ဦးနှောက်ထဲသိပ်မရောက်နိုင်ကြောင်းသိရပါသည်။
Antihistamine များကို အသုံးပြုရမည့် အခြေအနေများပါသည်။ Allergy ဓာတ်မ တည့်ခြင်းနှင့်ပတ်သတ်၍ rhinitis , sneezing နှာချေခြင်းနှာရေယိုခြင်း၊ မျက်လုံး။နှာခေါင်း နှင့်လည်ချောင်းများယားခြင်း (itching of eye,nose, and throat) , အရေပြား ရောင်ခြင်း (dermatitis) မျက်စိရောင်ခြင်း(allergic conjvunctivitis) ပိုးမွှားအဆိမ့် အတောက် အ ကိုက် ခဲရခြင်း (insect bites and stings) တို့တွင်သုံးပါသည်။
ဆေးမတည့်လျှင် histamine ထွက်ပြီး သွေးလန့်ခြင်းဖြစ်နိုင်ပါသည်။
(anaphylactic shock) ဥပမာ penicillin ထိုးဆေး burplex ထိုးဆေးကြောင့် shocks ရပါက antihistamine ဖြစ်တဲ့ chlorpheniramine ကိုအကြောဆေး အနေနှင့်ပေးရပါသည်။ adrenaline ထိုးဆေးရဲ့ အကူဆေး adjuvant အနေနှင့် သုံးနိုင်သည်။ သွေးကြောများပွ၍ ရောင်ရမ်းခြင်းများ (severe angioedema) ကိုအထူးသဖြင့် လေပြွန်အိုး (Laryngeal swelling) ဖြစ်ပါကလည်းchlopheniramine နှင့် adrenalin တွဲသုံးပါသည်။
ဦးနှောက် ကိုဖိနှိပ်၍ ငြိမ်စေခြင်း (sedation) ပေးသော antihistamine များမှ
diphenhydramine, promethazineနှင့် trimeprazine တို့ဖြစ်ကြပြီးအချို့ အိပ်မပျော်လျှင်သုံးလေ့ ရှိကြပါသည်။
တစ်ဆက်တည်း လမ်းခရီးသွားရင်း မူးမော်အော့အန်ပါက (motion sickness) dimenhydranate, meclizine နှင့် promethazine တို့ကို သုံးနိုင်ပါသည်။ motion sickness ကိုကြိုတင်ကာကွယ်တဲ့အနေနှင့် လည်း အထက်ပါဆေးတို့ကို သုံးနိုင်ပါသည်။နားရဲ့ vestibular disturbance တွင်လည်း dimenhydrinate, meclizine နှင့် promethazine တို့ကို သုံးနိုင်ပါသည်။
ကိုယ်ဝန်ဆောင်များ အော့အန်နေပါက doxylamine ကိုသုံးနိုင်ပါသည်။ သက္ချာပါဒ ရောဂါ (parkinsonisam) တွင်လည်း antihistamine ကိုလည်း သုံးတဲ့အခါ diphenhydramine ကိုသုံးနိုင်ပါသည်။
ချောင်းဆိုးခြင်း (cough) နှာခေါင်း ရောင်ရမ်းခြင်း non allergic rhinitis တွင် first generation antihistamine များကို သုံးနိုင်ပါသည်။
Second generation antihistamine များ ကိုလောလာဆယ် အသုံးများ ကြတာ တွေ့ရပါသည်။ cetirizine ကို cetrine အမည်နှင့် လည်းကောင်းLoratadine တို့ကို Loridin fexofenidine ကို allerday စသည့်အမည်များ နှင့် ဆေးများဆေးဆိုင်များတွင်လွယ်ကူစွာ ရနိုင်ပါသဖြင့် အသုံးများကြပါသည်။First generation တွေထဲက chlorpheniramine ကိုလည်း Buswefon အမည်နှင့် အသုံးများကြပါသည်။ မြန်မာပြည်က ထုတ်သော ဆေး ဖြစ်၍ Buswefon လို့အများသိထားပါသည်။
Loratadine ကိုအသဲရောဂါ (severe liver impairment) တွင် သတိထားသုံးဘို့ waring ပေးထားပါသည်။
Antihistamine များထဲတွင် ketotifen mast cell က Histamine မထွက်အောင် stabilize လုပ်သော ဘေးဖြစ်၍(ketasma) ဆိုသောနာမည်နှင့် ပါသည်။ရင်ကြပ် ပန်း နာ (bronchial asthma) တွင်သုံးပါသည်။cromolyn sodium နှင့်အာနိသင်တူပြီး side effect အဖြစ် drowsiness ရနိုင်ပါသည်။ Ketotifen သည် H1 receptor ကိုလည်းကြာကြာ ပိတ် ဆို့ နိုင်သောဆေးဖြစ်ပါသည်။
Antihistamine များရဲ့ ဘေးထွက်ဆိုးကျိုး (side effect) များက သိပ်ပြင်းထန်ခြင်းမ ရှိဘဲ ဆက်တိုက် သုံးနေလျှင် လည်းသက်သာသွားနိုင်တဲ့သဘောရှိပါသည်။
ဦးနှောက်ကို ဖိနှိပ်ခြင်းကြောင့် ငြိမ်ခြင်း (sedation) မျိုးကနေ့ပိုင်းအလုပ်အကိုင် များ ကိုအဟန့်အတားဖြစ်စေနိုင်ပါသည်။ဥပမာ စက်ပစ္စည်းကိုင်တွယ်ခြင်း ၊ ကားမောင်းခြင်း လုပ် ငန်းလုပ်သူများ တို့အကျုံးဝင်ပါသည်။ ခေါင်းမကြည်ခြင်း (dizziness) အားအင်ပျော့ခြင်း (fatigue) မျက်စိမှ အရိပ်နှစ်ခု မြင်နေခြင်း(diplopia) ၊ အိပ်မပျော်ခြင်း (insomnia) ၊တုံခြင်း (nervousness ) ကလေးများတွင် တတ်ခြင်း(convulsion in children ) ရနိုင်ပါသည်။ antihistamine များတွင် antimuscarinic အာနိသင်ပါရှိခြင်းကြောင့် အာခေါင်ခြောက်ခြင်း (dry moulth) ဆီးချုပ်ခြင်း (retention of urine ) ၊ ရင်တုန်ခြင်း (palpitation) မျက်စိဝါးခြင်း (blurred vision ) တို့ရ နိုင်ပါသည်။ နှလုံးသွေးကြောစနစ် CVS တွင်ခန္ဓာကိုယ်အနေအထား (position) ပြောင်းလဲလျှင် သွေးပေါင်ကျခြင်း (postural hypotension) ရနိုင်ပါသည်-antihistamine ကိုယ်တိုင်ကလည်း ဆေးမတည့်ခြင်း (drug allergy) စသည်တို့တစ်ခါတစ်ရံ ဖြစ်တတ်စေပါသည်။ Piperazine အုပ်စုဖြစ်တဲ့ Hydroxyeine တို့၏ cyeazine တို့တွင် သန္ဓေသားထိခိုက်ခြင်း (teratogenicity) ဖြစ်နိုင်ပြီး overdose ဖြစ်လျှင် သတိမေ့ခြင်း (coma)နှင့် တက်ခြင်း (convulsion) တို့ antihistamine over dose ဖြစ်တဲ့အခါဖြစ်နိုင်ပါ သည်။
ဆေးသစ်များဖြစ်တဲ့ ectirisine အနေနှင့် side effect ထဲမှာ ဝမ်းသွားစေခြင်း (diarrhoea) ရနိုင်တဲ့ အချက်ပါဝင်ပါသည်။ အနည်းငယ် GI tractကိုထိနိုင်ပါသည်။
H2 anti ဟစ်စ်တာမင်းများ၏ မလိုလားအပ်တဲ့ အာနိသင်များကိုတော့ ထည့်သွင်း မဆွေးနွေးတော့ပါ။
ဒေါက်တာမေဝင်းအောင်ခင်