ပါဝင်သောဆေး-Al and Mg hydroxide
ဆေးပုံစံ-ဆေးပြားပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-အစာအိမ် အက်ဆစ်အထွက်များခြင်း၊ အစာအိမ်ရောင်ခြင်း၊ ရင်ပူခြင်း၊ အစာမကြေဖြစ်ခြင်း၊ အစာအိမ်အနာဖြစ်ခြင်း။
သုံးစွဲရန်အညွှန်း- ၁-၂ လုံး တစ်နေ့ ၃-၄ကြိမ်။
အစာနှင့်စားရန်သင့်မသင့်-အစာစားပြီး မိနစ် ၂၀-၃၀အကြာတွင် သောက်ရန်။ ၀ါးစားရန်။
လုံးဝအသုံးမပြုသင့်သောသူများ-ကျောက်ကပ် မကောင်းသူများ၊ phosphate ဓာတ်ချို့တဲ့သူများ
ဘေးထွက်ဆိုးကျိုး-ဘေးထွက်ဆိုးကျိုးနည်းသောဆေးဖြစ်ပါသည်။ တစ်ခါတစ်ရံ ၀မ်းလျောခြင်း၊ ၀မ်းချုပ်ခြင်း ဖြစ်စေပါသည်။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ- Al ပါဝင်သောကြောင့် tetracycline ပိုးသတ်ဆေး၊ Digoxin နှလုံးဆေးများနှင့် တွဲမသောက်သင့်ပါ။
ဒေါက်တာချို(ဆေး ၁)