သွေးအားနည်းလျှင်ဉာဏ်ရည်ဉာဏ်သွေးလျော့သည်ပင်

‘သမီးလေးကြည့်ရတာ အားမရှိသလိုပဲ၊ မောနေပုံရတယ်။ စာကျက်ပြီးရင်လည်း မေ့သွားတယ်လို့ ပြောတယ်။ သူ အရင်လို ဉာဏ်မကောင်းတော့ဘူးဆိုပြီး ငိုငိုနေတယ် ဒေါက်တာရယ်’

၈ နှစ်အရွယ်ခန့်ရှိသော သမီးငယ်လေးအတွက် ရတတ်မအေးရှာသော မိခင်တစ်ဦး၏ ရင်ဖွင့်သံပင် ဖြစ်ပါသည်။ သမီးလေးကို စမ်းသပ်ကြည့်ရှုသောအခါ ညှိုးငယ်သောမျက်နှာလေး နှင့်၊ နှုတ်ခမ်းလေးကလည်း ဖြူဖပ်ဖြူရော်၊ ခန္ဓာကိုယ်ကလည်း ပိန်လှီလှီ။ အို … အားရစရာ မကောင်းလိုက်တာ။

လက်ဖဝါးလေးများသည် ဖြူရော်ရော်၊နှလုံးခုန်နှုန်းကလည်း သူမ၏ အသက်အရွယ်နှင့် စာလျှင် မြန်သည်ဟု ကောင်းစွာဆိုနိုင်သော အနေအထား။ နှလုံးသည်လည်း ရှိသင့်သည်ထက် ကြီးနေသည်ကို စမ်းသပ်တွေ့ရှိရပါသည်။

‘သမီးကလေးက မှတ်ချက်ချသံအဆုံးတွင် ‘မှန်လိုက်တာ ဒေါက်တာရယ်။ ဟိုဟာမစား၊ ဒီဟာမစားနဲ့ အရမ်းရွေးတာပဲ။ အသား၊ ငါး ဆိုလည်း မစားသလောက်ပဲ။ ကြက်ဥ၊ နွားနို့ ဆိုလည်း ခါရမ်းနေတာပဲ။ ဟင်းရွက်နည်းနည်းပါးပါးနဲ့ ပဲတချို့လောက်ပဲ စားတာ’

မိခင်ဖြစ်သူက ဆရာဝန်၏ မှတ်ချက်ကို အားရပါးရ ထောက်ခံလိုက်ပါသည်။ မှန်ပါသည်။ လူတစ်ဦး၏ ဉာဏ်ရည်ဉာဏ်သွေးသည် အတိတ်ကံနှင့်သက်ဆိုင်သည် မှန်သော်လည်း ပစ္စုပ္ပန်တွင် အထောက်အပံ့ပြုသော အချက်များလည်း ရှိပါသည်။ ထိုအထောက်အပံ့ပြုသော အချက်များတွင် ‘အာဟာရ’သည် လွန်စွာအရေးပါသော အပိုင်းတွင် ပါဝင်ပါသည်။

‘သားလေးက တခြားကလေးတွေလို လှုပ်လှုပ်ရှားရှားလည်း မဆော့ဘူး။ လန်းလန်း ဆန်းဆန်းလည်း မရှိဘူး။ သူ့အစ်ကို၊ အစ်မတွေ ဒီအရွယ်တုန်းက ဆိုရင် အရမ်းဆော့တာပဲ’

မိခင်ဖြစ်သူသည် အသက် ၃ နှစ်အရွယ်ခန့်ရှိသော သားငယ်လေးကို ဟင်းရွက်လည်း မစား၊ ငါးအနည်းငယ်သာ စား၍ ကြက်ဥကိုလည်း ရံခါသာ စားကြောင်းဖြင့် ကလေး၏ အာဟာရရာဇဝင်ကို မေးကြည့်သောအခါ ဖြေကြားပါသည်။

‘ကလေးက သူ့အသက်အရွယ်ထက်စာရင် သေးတယ်လို့ ပြောရမှာပဲ။ နောက်ပြီး တော့ သွေးအားလည်း နည်းနေတယ်။ ဒါဆိုရင် ဦးနှောက်နဲ့ အာရုံကြော ဖွံံ့ဖြိုးမှုမှာ ထိခိုက်နိုင်တယ်’ဟု ကလေးမိခင်အား ရှင်းပြလိုက်ပါသည်။

သူမသည် ဆရာဝန်အား အံ့သြစွာကြည့်လိုက်ပါသည်။ ဘာဆိုင်လို့လဲဟု တွေးမိပုံ ရသည်။ စင်စစ် ကလေးသည် အာရုံကြောများ ကောင်းစွာမဖွံ့ဖြိုးသဖြင့် ဤသို့ငြိမ်သက်ထိုင်း မှိုင်းနေကြောင်း ကလေးမိခင်အား ရှင်းပြရပါတော့သည်။

သွေးအားနည်းခြင်း

သွေးအားနည်းသော ရောဂါသည် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်နိုင်သည့် အသက်အရွယ် အမျိုးသမီးများကို ကမ္ဘာနှင့် အဝှမ်း ကြီးမားသော ပြဿနာကို ပေးဆောင် နေသော ရောဂါတစ်ခုပင် ဖြစ်သည်။

ဘာကြောင့်လဲ

စင်စစ်အမှတ်တမဲ့ပြုခဲ့သော အရာတို့ကြောင့် အပ်နှင့်မထွင်းနိုင်တော့ဘဲ ပုစိန်နှင့် ထွင်းရသော အခြေအနေသို့ ရောက်ရှိသွားရခြင်း ဖြစ်ပါသည်။ မျှတသောအာဟာရကို မှီဝဲခဲ့လျှင် မိခင်ရော ကလေးပါ သွေးအားနည်း ရောဂါဖြစ်ရန် အကြောင်းမရှိပါပေ။

မိခင်သည် ကိုယ်ဝန်ဆောင်စဉ်ကပင် သွေးအားနည်းနေတတ်သည်။ ကလေးမွေးဖွားပြီး သောအခါ ပို၍ပင်ဆိုးဝါးသော သွေးအားနည်းခြင်း ဖြစ်လာပါသည်။ အဓိကတရားခံမှာ ‘အစားရှောင်ခြင်း’ ပင်ဖြစ်ပါသည်။ ကလေး လေနာမည်၊ ဝမ်းလျှောမည် စသည့် ရိုးရာ အယူ အဆ၊ အစွဲအလမ်းများ အမျိုးမျိုးတို့သည် မိခင် အစားရှောင်ရန် ဖန်တီးပါတော့သည်။

‘ ပဲစားရင် ကလေး ဗိုက်ပွမှာပေါ့’

‘ဟင်းရွက်စားရင် ကလေးလေနာပြီး ဝမ်းစိမ်းမှာပေါ့၊’

‘ ကြက်ဥစားရင် ကလေး ဝမ်းပုပ်မှာပေါ့’

အစရှိသော ဂီတသစဉ်များည် အစဉ်အလာ ကြားသိနေရသော ရိုးရာအယူအဆများ ဖြစ်ပေသည်။ မိခင်ဖြစ်သူ သွေးအားနည်းလျှင် ဖြူဖပ်ဖြူရော် ဖြစ်ပြီး၊ သွေးအားနည်းလွန်းလျှင် နှလုံးကို ထိခိုက်နိုင်သည်ဟူသော ဇာတ်လမ်းမျှနှင့်သာ နိဂုံးချုပ်နိုင်သော်လည်း ကလေးငယ် တို့တွင်မူ ထိုဇာတ်လမ်းသည် ‘ ဆက်ဆံရန်ရှိသေးသည်’ ဟု ဆိုရပါမည်။

ဘယ်လိုဆက်ရန်ရှိသေးသည်လဲ

မွေးကင်းစအရွယ်တွင် မိခင်နို့တိုက်သော်လည်း မိခင်က သံဓာတ်အားနည်းနေလျှင် ကလေး လည်း ထိုသံဓာတ်ကို မရရှိနိုင်ပေ။ သံဓာတ်အားဆေးများဖြင့် ဖြည့်ပေးနေလျှင်မူ လွန်စွာသင့် တော်ပါသည်။ ထိုသို့မဟုတ်လျှင် ကလေးသည် မည်သည်နေရာမှ သံဓာတ်ကို ရနိုင်စရာ ရှိပါ မည်နည်း။

စင်စစ် ကလေးငယ်သည် ထိုသံဓာတ်နှင့် အခြားလိုအပ်သော သတ္တုဓာတ်တို့ကို အသည်းအတွင်း၌ သိမ်းဆည်းထားရပါမည်။ လိုအပ်သော ကိုယ်ခန္ဓာတည်ဆောက်မှုတို့ အတွက် ထုတ်၍သုံးရမည် ဖြစ်ပါသည်။ ရံခါ၌ လိုသည်ထက် ပို၍ ထုတ်သုံးရသော အခြေ အနေများရှိပါသည်။ အထူးသဖြင့် လမစေ့အလေးချိန်မပြည့်သော မွေးကင်းစကလေးငယ် တို့သည် ခန္ဓာကိုယ်နှင့် ဦးနှောက်ဖွံ့ဖြိုးမှုနှုန်း ပို၍မြန်ပါသည်။ ပုံမှန်ကလေးငယ်၏ ဖွံ့ဖြိုးမှုကို လိုက်မီစေရန် လျင်မြန်စွာ ဖွံ့ဖြိုးရသည်။ အာရုံကြောဖွံ့ဖြိုးမှုအတွက် လိုအပ်သောသံဓာတ်များ ကို မည်သည့်နေရာမှ ရနိုင်ပါမည်နည်း။ ထိုသို့သောအခါတွင် အပြုအမှုများကို ထိန်းသိမ်း သော ဦးနှောက်၏ အစိတ်အပိုင်းတို့သည် ဖွံ့ဖြိုးမှုရှိတော့ပေ။ ထိုအစိတ်အပိုင်းတို့ ဖွံ့ဖြိုးရန် သံဓာတ်လိုသည်လေ။ အထူးသဖြင့် ‘ သင်ကြားနာယူနိုင်သည့် လုပ်ရပ်များ’ တွင် ထိခိုက်နိုင် ပါသည်။

မွေးကင်းစမှ အသက်၂၂ နှစ်အထိ အရွယ်သည် အရေးအကြီးဆုံးအချိန်ပင် ဖြစ်ပါသည်။ အကြောင်းမှာ ထိုအရွယ်သည် ဦးနှောက်နှင့် အာရုံကြော ဖွံ့ဖြိုးမှုနှုန်း အမြန်မဆုံး အချိန်ဖြစ်သောကြောင့် ဖြစ်သည်။ လျင်မြန်မစွာဖွံ့ဖြိုးနေသော ဦးနှောက်နှင့် အာရုံကြော အတွက် သံဓာတ် အစရှိသော ကုန်ကြမ်းများကို ထုတ်မသုံးနိုင်လျှင် ပုံမှန်ဖွံ့ဖြိုးမှုကို မည်သည့် အကြောင်းနှင့်မျှ မရရှိနိုင်တော့ပေ။ သို့ဆိုလျှင် လသားအရွယ်မှစ၍ ဦးနှောက်နှင့် အာရုံကြော ဖွံ့ဖြိုးမှု နှောင့်နှေးနေပြီ ဖြစ်ပါသည်။

ဖြည့်စွက်စာကျွေးချိန်

ဖြည့်စွက်စာကျွေးချိန်၌လည်း ရိုးရာဂီသစဉ်လေးများ လွှမ်းမိုးနေဆဲပင် ဖြစ်ပါသည်။ ‘ ဟင်းရွက်ကျွေးလျှင် ဝမ်းလျှောမည်၊’ ၊ ‘ပဲ ကျွေးလျှင် ဗိုက်ပွမည်’ ၊ ‘အသားကျွေးလျှင် သံထ မည်’ ဟူသော အယူအဆများကြောင့် ကလေးခမျာ စားစရာပင် မရှိသလောက် အနေအထား ဖြည့်စွက်စာကျွေးစ ကာလများကို ဖြတ်သန်းရပြန်ပါသည်။

စင်စစ် အစာသည် ဆေးပင်ဖြစ်ပါသည်။ သံဓာတ်သည် . . .

* အသား၊ အသည်း

* ကြက်ဥအနှစ်

* ဟင်းရွက်များ၊ အထူးသဖြင့် ဟင်းနုနွယ်ရွက်၊ ဘူးညန့်

စသည်တို့၌အလွန်ကြွယ်စွာ ပါရှိပါသည်။

မျှတသော အာဟာရကိုသာ ကျွေးမည်ဆိုလျှင် ကလေးငယ်သည် သွေးအားနည်းရောဂါ ဖြစ်နိုင်စရာအကြောင်းမရှိနိုင်ပေ။

ဤသို့ဖြင့် ကလေး၏ ပထမသက်တမ်း ၂ နှစ်ကုန်ဆုံးပြီး ဦးနှောက်၏ ဖွံ့ဖြိုးမှု လျင်မြန်စွာ ဖွံ့ဖြိုးသောအချိန်တို့သည်လည်း မပြည့်စုံစွာ၊ လိုအပ်ချက်များစွာဖြင့် ကုန်ဆုံးသွားပြီး ဖြစ်ပါ သည်။ အာဟာရကို ကောင်းစွာ စားသုံးသောကလေး၏ ဦးနှောက်ဖွံ့ဖြိုးမှုနှင့်လည်း မည်သို့မျှ တူနိုင်တော့မည် မဟုတ်ပေ။

မူကြိုအရွယ်

ထိုအရွယ်တွင် ကလေးသည် ဟိုဟာမစား၊ သည်ဟာအစား၊ကိုယ်ကလည်း မကျွေးနှင့်၊ လွန်စွာ ကျွေးရခက်သော အရွယ်ပင် ဖြစ်ပါသည်။ ငယ်စဉ်ကပင် ကောင်းစွာ လေ့ကျင့်ပေးထားခြင်း မရှိသဖြင့် ကလေးသည် အလွန်အစားရွေးလာပါတော့သည်။ မိခင်ကလည်း ဝါယမ မစိုက်ဘဲ စားပြီးလျှင်ပြီးရော ဟူသော ခံယူချက်ဖြင့် ကလေးပူဆာသည်တို့ကိုသာ ကျွေးပါတော့သည်။ ထိုအစားအစာတို့သည်လည်း အာဟာရမဖြစ်သော မုန့်ပဲသရေစာများသာ ဖြစ်သဖြင့် သွေးအား နည်းသည့် ပြဿနာကြီးသည် ဆက်လက်တည်ရှိနေပြန်ပါသည်။

ကလေးများသွေးအားနည်းလျှင်

ကလေးများသွေးအားနည်းလျှင် နှလုံးထိခိုက်ရုံသာမက အထက်၌ ဖော်ပြပြီးသည့်အတို်င်း ဦးနှောက်နှင့် အာရုံကြောဖွံ့ဖြိုးမှုကို အထူးထိခိုက်နိုင်ကြောင်း မိဘများသိရှိရန် လိုပါသည်။ အဓိကထိခိုက်မှုသည် ‘စဉ်းစားတွေးတောနိုင်သည့် လုပ်ငန်း’ ပင် ဖြစ်ပါသည်။ ထိုလုပ်ငန်းသည် စိတ်ဖြင့် မြင်သိပြီး အမှားအမှန် ခွဲခြားနိုင်သောအထိပင် ဖြစ်ပါသည်။ ထိုလုပ်ငန်းကို ထိခိုက်လျှင် ကလေး၏ တွေးတောကြံဆမှု ဖရိုဖရဲဖြစ်ပြီး အမှားအမှန် ခွဲခြားနိုင်စွမ်း နည်းပါးပေလိမ့်မည်။

ဉာဏ်ရည်ဉာဏ်သွေးနှင့် ပတ်သက်၍ . . .

* ခွဲခြားစိတ်ဖြာနိုင်သော ဉာဏ်ရည်ဉာဏ်သွေး ( analytic)

* ဖန်တီးစီရင်နိုင်သော ဉာဏ်ရည်ဉာဏ်သွေး (creacitve)

* ပြုလုပ်ဆောင်ရွက်နိုင်သော ဉာဏ်ဉာဏ်သွေး (practical)

တို့လည်း နိမ့်ကျသွားနိုင်ပါသည်။

* စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုလည်း လျော့ပါးလာနိုင်ပါသည်။ အထူးသဖြင့် အာရုံကြောများ ဖြစ်သည့် မြင်သိမှုအာရုံကြော၊ ကြားသိမှုအာရုံကြောတို့၏ လုပ်ဆောင်မှုများလည်း ထိခိုက်နိုင် ပါသည်။

* ဉာဏ်ရည်ဉာဏ်သွေးနှင့် တွေးတောဆင်ခြင်နိုင်မှုတို့ ကစဉ့်ကလျားဖြစ်သဖြင့် ကျောင်းတွင်းလုပ်ရပ်များ ထိခိုက်လာနိုင်ပါသည်။ အထူးသဖြင့် မူလတန်း ကျောင်းသား ကျောင်းသူလေးများ၏ ကျောင်းတွင်းလုပ်ရပ်များ သိသိသာသာ လျော့နည်းလာတတ်ကြောင်း တွေ့ရှိရပါသည်။

ပေါ့ပေါ့ဆဆမတွေးပါနှင့်

သို့ဖြစ် ၍ သွေးအားနည်းသောရောဂါသည် ရုပ်ပိုင်းဆိုင်ရာ အကျိုးဆက်များကိုသာ ဖြစ် စေနိုင်သည်မဟုတ်ကြောင်း မိဘများ သတိပြုသင့်ပါသည်။ နာမ်အာဟာရသည်လည်း အရေး ကြီးကြောင်းကို ကျေးဇူးတော်ရှင် မြတ်စွာဘုရားသည် ပဋ္ဋိစ္စသမုပ္ပာဒ်ဒေသနာ၊ ပဠာန်းဒေသနာ တော်တို့တွင် ပီပြင်စွာ ဟောကြားခဲ့ပါသည်။

မျှတစွာစားသုံးစေသော ရုပ်အာဟာရသည် ခန္ဓာကိုယ် ဖွံ့ဖြိုးမှုအတွက် လွန်စွာအရေးပါသလို နာမ်အာဟာရတို့သည်လည်း စိတ်ပိုင်းဆိုင်ရာ၊ အသိဉာဏ်ပိုင်းဆိုင်ရာ၊ တွေးတောဆင်ခြင်မှု ဆိုင်ရာတို့အတွက် အထူးအရေးပါကြောင်းကို ‘ သားသား၊ မီးမီးဉာဏ်ရည်ဖွံ့ဖြိုးရန် သွေးအား သန်မှ ဖြစ်မည်အမှန်’ ဟူသော စကားလက်ဆောင် မိဘများအား ပါးလိုက်ရပါသည်

 

ဒေါက်တာယုဇနစောမြင့် (ကလေးအထူးကုဆရာဝန်ကြီး)

ေသြးအားနည္းလွ်င္ဥာဏ္ရည္ဥာဏ္ေသြးေလ်ာ့သည္ပင္

‘သမီးေလးၾကည့္ရတာ အားမရွိသလုိပဲ၊ ေမာေနပုံရတယ္။ စာက်က္ၿပီးရင္လည္း ေမ့သြားတယ္လုိ႕ ေျပာတယ္။ သူ အရင္လုိ ဥာဏ္မေကာင္းေတာ့ဘူးဆုိၿပီး ငုိငုိေနတယ္ ေဒါက္တာရယ္’

၈ ႏွစ္အရြယ္ခန္႕ရွိေသာ သမီးငယ္ေလးအတြက္ ရတတ္မေအးရွာေသာ မိခင္တစ္ဦး၏ ရင္ဖြင့္သံပင္ ျဖစ္ပါသည္။ သမီးေလးကုိ စမ္းသပ္ၾကည့္႐ႈေသာအခါ ညႇဳိးငယ္ေသာမ်က္ႏွာေလး ႏွင့္၊ ႏႈတ္ခမ္းေလးကလည္း ျဖဴဖပ္ျဖဴေရာ္၊ ခႏၶာကုိယ္ကလည္း ပိန္လွီလွီ။ အုိ … အားရစရာ မေကာင္းလိုက္တာ။

လက္ဖ၀ါးေလးမ်ားသည္ ျဖဴေရာ္ေရာ္၊ႏွလုံးခုန္ႏႈန္းကလည္း သူမ၏ အသက္အရြယ္ႏွင့္ စာလွ်င္ ျမန္သည္ဟု ေကာင္းစြာဆုိႏုိင္ေသာ အေနအထား။ ႏွလုံးသည္လည္း ရွိသင့့္သည္ထက္ ႀကီးေနသည္ကုိ စမ္းသပ္ေတြ႕ရွိရပါသည္။

‘သမီးကေလးက မွတ္ခ်က္ခ်သံအဆုံးတြင္ ‘မွန္လုိက္တာ ေဒါက္တာရယ္။ ဟုိဟာမစား၊ ဒီဟာမစားနဲ႕ အရမ္းေရြးတာပဲ။ အသား၊ ငါး ဆုိလည္း မစားသေလာက္ပဲ။ ၾကက္ဥ၊ ႏြားႏုိ႕ ဆုိလည္း ခါရမ္းေနတာပဲ။ ဟင္းရြက္နည္းနည္းပါးပါးနဲ႕ ပဲတခ်ဳိ႕ေလာက္ပဲ စားတာ’

မိခင္ျဖစ္သူက ဆရာ၀န္၏ မွတ္ခ်က္ကုိ အားရပါးရ ေထာက္ခံလုိက္ပါသည္။ မွန္ပါသည္။ လူတစ္ဦး၏ ဥာဏ္ရည္ဥာဏ္ေသြးသည္ အတိတ္ကံႏွင့္သက္ဆုိင္သည္ မွန္ေသာ္လည္း ပစၥဳပၸန္တြင္ အေထာက္အပံ့ျပဳေသာ အခ်က္မ်ားလည္း ရွိပါသည္။ ထုိအေထာက္အပံ့ျပဳေသာ အခ်က္မ်ားတြင္ ‘အာဟာရ’သည္ လြန္စြာအေရးပါေသာ အပိုင္းတြင္ ပါ၀င္ပါသည္။

‘သားေလးက တျခားကေလးေတြလို လႈပ္လႈပ္ရွားရွားလည္း မေဆာ့ဘူး။ လန္းလန္း ဆန္းဆန္းလည္း မရွိဘူး။ သူ႕အစ္ကုိ၊ အစ္မေတြ ဒီအရြယ္တုန္းက ဆုိ၇င္ အရမ္းေဆာ့တာပဲ’

မိခင္ျဖစ္သူသည္ အသက္ ၃ ႏွစ္အရြယ္ခန္႕ရွိေသာ သားငယ္ေလးကို ဟင္းရြက္လည္း မစား၊ ငါးအနည္းငယ္သာ စား၍ ၾကက္ဥကိုလည္း ရံခါသာ စားေၾကာင္းျဖင့္ ကေလး၏ အာဟာရရာဇ၀င္ကုိ ေမးၾကည့္ေသာအခါ ေျဖၾကားပါသည္။

‘ကေလးက သူ႕အသက္အရြယ္ထက္စာရင္ ေသးတယ္လုိ႕ ေျပာရမွာပဲ။ ေနာက္ၿပီး ေတာ့ ေသြးအားလည္း နည္းေနတယ္။ ဒါဆုိရင္ ဦးေႏွာက္နဲ႕ အာ႐ုံေၾကာ ဖြံံ႕ၿဖိဳးမႈမွာ ထိခိုက္ႏုိင္တယ္’ဟု ကေလးမိခင္အား ရွင္းျပလုိ္က္ပါသည္။

သူမသည္ ဆရာ၀န္အား အံ့ၾသစြာၾကည့္လုိက္ပါသည္။ ဘာဆုိင္လုိ႕လဲဟု ေတြးမိပုံ ရသည္။ စင္စစ္ ကေလးသည္ အာ႐ုံေၾကာမ်ား ေကာင္းစြာမဖြံ႕ၿဖိဳးသျဖင့္ ဤသုိ႕ၿငိမ္သက္ထုိင္း မႈိင္းေနေၾကာင္း ကေလးမိခင္အား ရွင္းျပရပါေတာ့သည္။

ေသြးအားနည္းျခင္း

ေသြးအားနည္းေသာ ေရာဂါသည္ ကေလးငယ္မ်ားႏွင့္ ကိုယ္၀န္ေဆာင္ႏုိ္င္သည့္ အသက္အရြယ္ အမ်ဳိးသမီးမ်ားကုိ ကမၻာႏွင့္ အ၀ွမ္း ႀကီးမားေသာ ျပႆနာကို ေပးေဆာင္ ေနေသာ ေရာဂါတစ္ခုပင္ ျဖစ္သည္။

ဘာေၾကာင့္လဲ

စင္စစ္အမွတ္တမဲ့ျပဳခဲ့ေသာ အရာတုိ႕ေၾကာင့္ အပ္ႏွင့္မထြင္းႏုိင္ေတာ့ဘဲ ပုစိန္ႏွင့္ ထြင္းရေသာ အေျခအေနသုိ႕ ေရာက္ရွိသြားရျခင္း ျဖစ္ပါသည္။ မွ်တေသာအာဟာရကို မွီ၀ဲခဲ့လွ်င္ မိခင္ေရာ ကေလးပါ ေသြးအားနည္း ေရာဂါျဖစ္ရန္ အေၾကာင္းမရွိပါေပ။

မိခင္သည္ ကုိယ္၀န္ေဆာင္စဥ္ကပင္ ေသြးအားနည္းေနတတ္သည္။ ကေလးေမြးဖြားၿပီး ေသာအခါ ပုိ၍ပင္ဆုိး၀ါးေသာ ေသြးအားနည္းျခင္း ျဖစ္လာပါသည္။ အဓိကတရားခံမွာ ‘အစားေရွာင္ျခင္း’ ပင္ျဖစ္ပါသည္။ ကေလး ေလနာမည္၊ ၀မ္းေလွ်ာမည္ စသည့္ ႐ုိးရာ အယူ အဆ၊ အစြဲအလမ္းမ်ား အမ်ဳိးမ်ဳိးတုိ႕သည္ မိခင္ အစားေရွာင္ရန္ ဖန္တီးပါေတာ့သည္။

‘ ပဲစားရင္ ကေလး ဗုိက္ပြမွာေပါ့’

‘ဟင္းရြက္စားရင္ ကေလးေလနာၿပီး ၀မ္းစိမ္းမွာေပါ့၊’

‘ ၾကက္ဥစားရင္ ကေလး ၀မ္းပုပ္မွာေပါ့’

အစရွိေသာ ဂီတသစဥ္မ်ားည္ အစဥ္အလာ ၾကားသိေနရေသာ ႐ုိးရာအယူအဆမ်ား ျဖစ္ေပသည္။ မိခင္ျဖစ္သူ ေသြးအားနည္းလွ်င္ ျဖဴဖပ္ျဖဴေရာ္ ျဖစ္ၿပီး၊ ေသြးအားနည္းလြန္းလွ်င္ ႏွလုံးကို ထိခုိက္ႏုိင္သည္ဟူေသာ ဇာတ္လမ္းမွ်ႏွင့္သာ နိဂုံးခ်ဳပ္ႏုိင္ေသာ္လည္း ကေလးငယ္ တုိ႕တြင္မူ ထုိဇာတ္လမ္းသည္ ‘ ဆက္ဆံရန္ရွိေသးသည္’ ဟု ဆုိရပါမည္။

ဘယ္လုိဆက္ရန္ရွိေသးသည္လဲ

ေမြးကင္းစအရြယ္တြင္ မိခင္ႏုိ႕တုိက္ေသာ္လည္း မိခင္က သံဓာတ္အားနည္းေနလွ်င္ ကေလး လည္း ထုိသံဓာတ္ကုိ မရရွိႏုိင္ေပ။ သံဓာတ္အားေဆးမ်ားျဖင့္ ျဖည့္ေပးေနလွ်င္မူ လြန္စြာသင့္ ေတာ္ပါသည္။ ထုိသုိ႕မဟုတ္လွ်င္ ကေလးသည္ မည္သည္ေနရာမွ သံဓာတ္ကုိ ရႏုိ္င္စရာ ရွိပါ မည္နည္း။

စင္စစ္ ကေလးငယ္သည္ ထုိသံဓာတ္ႏွင့္ အျခားလုိအပ္ေသာ သတၱဳဓာတ္တုိ႕ကို အသည္းအတြင္း၌ သိမ္းဆည္းထားရပါမည္။ လိုအပ္ေသာ ကုိယ္ခႏၶာတည္ေဆာက္မႈတို႕ အတြက္ ထုတ္၍သုံးရမည္ ျဖစ္ပါသည္။ ရံခါ၌ လုိသည္ထက္ ပုိ၍ ထုတ္သုံးရေသာ အေျခ အေနမ်ားရွိပါသည္။ အထူးသျဖင့္ လမေစ့အေလးခ်ိန္မျပည့္ေသာ ေမြးကင္းစကေလးငယ္ တုိ႕သည္ ခႏၶာကုိယ္ႏွင့္ ဦးေႏွာက္ဖြံ႕ၿဖိဳးမႈႏႈန္း ပို၍ျမန္ပါသည္။ ပုံမွန္ကေလးငယ္၏ ဖြံ႕ၿဖိဳးမႈကုိ လုိက္မီေစရန္ လ်င္ျမန္စြာ ဖြံ႕ၿဖိဳးရသည္။ အာ႐ုံေၾကာဖြံ႕ၿဖိဳးမႈအတြက္ လုိအပ္ေသာသံဓာတ္မ်ား ကုိ မည္သည့္ေနရာမွ ရႏုိင္ပါမည္နည္း။ ထုိသို႕ေသာအခါတြင္ အျပဳအမႈမ်ားကုိ ထိန္းသိမ္း ေသာ ဦးေႏွာက္၏ အစိတ္အပုိင္းတို႕သည္ ဖံြ႕ၿဖိဳးမႈရွိေတာ့ေပ။ ထုိအစိတ္အပုိင္းတုိ႕ ဖြံ႕ၿဖိဳးရန္ သံဓာတ္လုိသည္ေလ။ အထူးသျဖင့္ ‘ သင္ၾကားနာယူႏိုင္သည့္ လုပ္ရပ္မ်ား’ တြင္ ထိခုိက္ႏုိင္ ပါသည္။

ေမြးကင္းစမွ အသက္၂၂ ႏွစ္အထိ အရြယ္သည္ အေရးအႀကီးဆုံးအခ်ိန္ပင္ ျဖစ္ပါသည္။ အေၾကာင္းမွာ ထုိအရြယ္သည္ ဦးေႏွာက္ႏွင့္ အာ႐ုံေၾကာ ဖြံ႕ၿဖိဳးမႈႏႈန္း အျမန္မဆုံး အခ်ိန္ျဖစ္ေသာေၾကာင့္ ျဖစ္သည္။ လ်င္ျမန္မစြာဖံြ႕ၿဖိဳးေနေသာ ဦးေႏွာက္ႏွင့္ အာ႐ုံေၾကာ အတြက္ သံဓာတ္ အစရွိေသာ ကုန္ၾကမ္းမ်ားကို ထုတ္မသုံးႏုိင္လွ်င္ ပုံမွန္ဖြံ႕ၿဖိဳးမႈကုိ မည္သည့္ အေၾကာင္းႏွင့္မွ် မရရွိႏုိင္ေတာ့ေပ။ သုိ႕ဆုိလွ်င္ လသားအရြယ္မွစ၍ ဦးေႏွာက္ႏွင့္ အာ႐ုံေၾကာ ဖြံ႕ၿဖိဳးမႈ ေႏွာင့္ေႏွးေနၿပီ ျဖစ္ပါသည္။

ျဖည့္စြက္စာေကၽြးခ်ိန္

ျဖည့္စြက္စာေကၽြးခိ်န္၌လည္း ႐ုိးရာဂီသစဥ္ေလးမ်ား လႊမ္းမုိးေနဆဲပင္ ျဖစ္ပါသည္။ ‘ ဟင္းရြက္ေကၽြးလွ်င္ ၀မ္းေလွ်ာမည္၊’ ၊ ‘ပဲ ေကၽြးလွ်င္ ဗုိက္ပြမည္’ ၊ ‘အသားေကၽြးလွ်င္ သံထ မည္’ ဟူေသာ အယူအဆမ်ားေၾကာင့္ ကေလးခမ်ာ စားစရာပင္ မရွိသေလာက္ အေနအထား ျဖည့္စြက္စာေကၽြးစ ကာလမ်ားကို ျဖတ္သန္းရျပန္ပါသည္။

စင္စစ္ အစာသည္ ေဆးပင္ျဖစ္ပါသည္။ သံဓာတ္သည္ . . .

* အသား၊ အသည္း

* ၾကက္ဥအႏွစ္

*   ဟင္းရြက္မ်ား၊ အထူးသျဖင့္ ဟင္းႏုႏြယ္ရြက္၊ ဘူးညန္႔

စသည္တုိ႕၌အလြန္ၾကြယ္စြာ ပါရွိပါသည္။

မွ်တေသာ အာဟာရကုိသာ ေကၽြးမည္ဆုိလွ်င္ ကေလးငယ္သည္ ေသြးအားနည္းေရာဂါ ျဖစ္နုိင္စရာအေၾကာင္းမရွိႏုိင္ေပ။

ဤသုိ႕ျဖင့္ ကေလး၏ ပထမသက္တမ္း ၂ ႏွစ္ကုန္ဆုံးၿပီး ဦးေႏွာက္၏ ဖြံ႕ၿဖိဳးမႈ လ်င္ျမန္စြာ ဖြံ႕ၿဖိဳးေသာအခ်ိန္တို႕သည္လည္း မျပည့္စုံစြာ၊ လုိအပ္ခ်က္မ်ားစြာျဖင့္ ကုန္ဆုံးသြားၿပီး ျဖစ္ပါ သည္။ အာဟာရကုိ ေကာင္းစြာ စားသုံးေသာကေလး၏ ဦးေႏွာက္ဖြံ႕ၿဖိဳးမႈႏွင့္လည္း မည္သုိ႕မွ် တူႏုိင္ေတာ့မည္ မဟုတ္ေပ။

မူႀကိဳအရြယ္

ထုိအရြယ္တြင္ ကေလးသည္ ဟုိဟာမစား၊ သည္ဟာအစား၊ကုိယ္ကလည္း မေကၽြးႏွင့္၊ လြန္စြာ ေကၽြးရခက္ေသာ အရြယ္ပင္ ျဖစ္ပါသည္။ ငယ္စဥ္ကပင္ ေကာင္းစြာ ေလ့က်င့္ေပးထားျခင္း မရွိသျဖင့္ ကေလးသည္ အလြန္အစားေရြးလာပါေတာ့သည္။ မိခင္ကလည္း ၀ါယမ မစုိက္ဘဲ စားၿပီးလွ်င္ၿပီးေရာ ဟူေသာ ခံယူခ်က္ျဖင့္ ကေလးပူဆာသည္တုိ႕ကိုသာ ေကၽြးပါေတာ့သည္။ ထုိအစားအစာတုိ႕သည္လည္း အာဟာရမျဖစ္ေသာ မုန္႔ပဲသေရစာမ်ားသာ ျဖစ္သျဖင့္ ေသြးအား နည္းသည့္ ျပႆနာႀကီးသည္ ဆက္လက္တည္ရွိေနျပန္ပါသည္။

ကေလးမ်ားေသြးအားနည္းလွ်င္

ကေလးမ်ားေသြးအားနည္းလွ်င္ ႏွလုံးထိခိုက္႐ုံသာမက အထက္၌ ေဖာ္ျပၿပီးသည့္အတုိ္္င္း ဦးေႏွာက္ႏွင့္ အာ႐ုံေၾကာဖြံ႕ၿဖိဳးမႈကုိ အထူးထိခိုက္ႏုိင္ေၾကာင္း မိဘမ်ားသိရွိရန္ လိုပါသည္။ အဓိကထိခိုက္မႈသည္ ‘စဥ္းစားေတြးေတာႏုိင္သည့္ လုပ္ငန္း’ ပင္ ျဖစ္ပါသည္။ ထုိလုပ္ငန္းသည္ စိတ္ျဖင့္ ျမင္သိၿပီး အမွားအမွန္ ခြဲျခားႏုိင္ေသာအထိပင္ ျဖစ္ပါသည္။ ထုိလုပ္ငန္းကုိ ထိခုိက္လွ်င္ ကေလး၏ ေတြးေတာႀကံဆမႈ ဖ႐ုိဖရဲျဖစ္ၿပီး အမွားအမွန္ ခြဲျခားႏုိင္စြမ္း နည္းပါးေပလိမ့္မည္။

ဉာဏ္ရည္ဉာဏ္ေသြးႏွင့္ ပတ္သက္၍ . . .

* ခြဲျခားစိတ္ျဖာႏုိင္ေသာ ဉာဏ္ရည္ဉာဏ္ေသြး ( analytic)

*   ဖန္တီးစီရင္ႏုိင္ေသာ ဉာဏ္ရည္ဉာဏ္ေသြး (creacitve)

*   ျပဳလုပ္ေဆာင္ရြက္ႏုိင္ေသာ ဉာဏ္ဉာဏ္ေသြး (practical)

တုိ႕လည္း နိမ့္က်သြားႏုိင္ပါသည္။

* စိတ္ပိုင္းဆုိင္ရာ ဖြံ႕ၿဖိဳးမႈလည္း ေလ်ာ့ပါးလာႏုိင္ပါသည္။ အထူးသျဖင့္ အာ႐ုံေၾကာမ်ား         ျဖစ္သည့္ ျမင္သိမႈအာ႐ုံေၾကာ၊ ၾကားသိမႈအာ႐ုံေၾကာတုိ႕၏ လုပ္ေဆာင္မႈမ်ားလည္း ထိခိုက္ႏုိင္ ပါသည္။

* ဉာဏ္ရည္ဉာဏ္ေသြးႏွင့္ ေတြးေတာဆင္ျခင္ႏုိင္မႈတုိ႕ ကစဥ့္ကလ်ားျဖစ္သျဖင့္ ေက်ာင္းတြင္းလုပ္ရပ္မ်ား ထိခိုက္လာႏိုင္ပါသည္။ အထူးသျဖင့္ မူလတန္း ေက်ာင္းသား ေက်ာင္းသူေလးမ်ား၏ ေက်ာင္းတြင္းလုပ္ရပ္မ်ား သိသိသာသာ ေလ်ာ့နည္းလာတတ္ေၾကာင္း ေတြ႕ရွိရပါသည္။

ေပါ့ေပါ့ဆဆမေတြးပါႏွင့္

သုိ႕ျဖစ္ ၍ ေသြးအားနည္းေသာေရာဂါသည္ ႐ုပ္ပုိင္းဆုိင္ရာ အက်ဳိးဆက္မ်ားကုိသာ ျဖစ္ ေစႏုိင္္သည္မဟုတ္ေၾကာင္း မိဘမ်ား သတိျပဳသင့္ပါသည္။ နာမ္အာဟာရသည္လည္း အေရး ႀကီးေၾကာင္းကုိ ေက်းဇူးေတာ္ရွင္ ျမတ္စြာဘုရားသည္ ပ႗ိစၥသမုပၸာဒ္ေဒသနာ၊ ပဠာန္းေဒသနာ ေတာ္တုိ႕တြင္ ပီျပင္စြာ ေဟာၾကားခဲ့ပါသည္။

မွ်တစြာစားသုံးေစေသာ ႐ုပ္အာဟာရသည္ ခႏၶာကိုယ္ ဖြံ႕ၿဖိဳးမႈအတြက္ လြန္စြာအေရးပါသလုိ နာမ္အာဟာရတုိ႕သည္လည္း စိတ္ပုိင္းဆုိင္ရာ၊ အသိဉာဏ္ပုိင္းဆုိင္ရာ၊ ေတြးေတာဆင္ျခင္မႈ ဆုိင္ရာတုိ႕အတြက္ အထူးအေရးပါေၾကာင္းကို ‘ သားသား၊ မီးမီးဉာဏ္ရည္ဖြံ႕ၿဖိဳးရန္ ေသြးအား သန္မွ ျဖစ္မည္အမွန္’ ဟူေသာ စကားလက္ေဆာင္ မိဘမ်ားအား ပါးလုိက္ရပါသည္

 

ေဒါက္တာယုဇနေစာျမင့္ (ကေလးအထူးကုဆရာ၀န္ႀကီး)