နောက်ဖေးပေါက်မှ တိုးဝင်သူ စအိုမှတဆင့် လိင်ဆက်ဆံခြင်း
အိမ်တစ်အိမ်ကို ဧည့်သည်လာရင် ပုံမှန်အားဖြင့် အိမ်ရှေ့တံခါးမှ လာတတ်ကြပါတယ် ။အိမ်နောက်ဖေးပေါက်မှ တိုးဝင်လာရင်တော့ ပုံမှန် မဟုတ်ဘူးလို့ဆိုရပါ့မယ် ။ထို့အတူပဲ လိင်ဆက်ဆံရာမှာလည်း မိန်းမကိုယ်မှ တဆင့် လိင်ဆက်ဆံခြင်းသည် ပုံမှန် ဓမ္မတာလို့ ဆိုနိုင်ပေမယ့် စအိုမှတဆင့် လိင်ဆက်ဆံခြင်းကတော့ ပုံမမှန် လိင်ဆက်ဆံခြင်း ၊ဒါမှမဟုတ် ဓမ္မတာကို ဆန့်ကျင်ပြီး လိင်ဆက်ဆံခြင်းလို့ သတ်မှတ်နိုင်ပါတယ် ။လိင်တူ ဆက်ဆံကြတဲ့ အမျိုးသားတွေရဲ့ ၉၀ ရာခိုင်နှုန်းနဲ့ အမျိုးသမီးတွေရဲ့ ၁၀ ရာခိုင်နှုန်းဟာ စအိုမှတဆင့် လိင်ဆက်ဆံတတ်ကြတယ်လို့ ဆိုကြပါတယ်။တကယ်တမ်းပြောရရင် စအိုမှတဆင့် လိင်ဆက်ဆံခြင်းဟာ ဘေးအန္တရာယ်ကင်းသောလိင်ဆက်ဆံနည်း မဟုတ်ပါ ။
ဒါပေမယ့် ဘာလို့ တချို့လူတွေ စအိုမှတဆင့် လိင်ဆက်ဆံတာကို နှစ်ခြိုက်ကြသလဲ
ဘာဖြစ်လို့လဲဆိုရင် စအိုမှတဆင့် လိင်ဆက်ဆံခံရတဲ့ တချို့သော လူတွေဟာ ပုံမှန်ဓမ္မတာအတိုင်း လိင်ဆက်ဆံနည်းထက် ပိုပြီး သာယာမှု ခံစားရတတ်လိလို့ ဆိုကြပါတယ် ။လိင်တံနဲ့ ထိုးသွင်းဆက်ဆံတဲ့ အမျိုးသားတွေမှာလည်း စအိုကြွက်သားများရဲ့ ညှစ်အားကြောင့် တင်းကျပ်ခြင်းဖြစ်ကာ ပိုပြီး လိင်ဆက်ဆံခြင်းရဲ့ အထွဋ်အထိပ်ကို ခံစားရတတ်ကြပါတယ် ။
စအိုမှတဆင့် လိင်ဆက်ဆံခြင်းကြောင့် ကျန်းမာရေးဆိုးကျိုးများ ဖြစ်တတ်ပါသလား
ဖြစ်တတ်ပါတယ် ။သဘာ၀ ချောဆီ စအိုတွင် မရှိခြင်း ထို့ကြောင့် လိင်ဆက်ဆံရာမှာ ဓမ္မအတိုင်း မိန်းမကိုယ်မှ တဆင့် ဆက်ဆံခြင်း
ထက်စာရင် လျောလျောလျူလျူ မဖြစ်တတ် ။စအိုမှာ ဆုတ်ပြဲနာများ ဖြစ်ခြင်း ၊သွေးထွက်ခြင်း ၊လိပ်ခေါင်းရှိက ပိုဆိုးတတ်ခြင်း ၊အချိန်ကြာမြင့်စွာ စအိုမှတဆင့် လိင်ဆက်ဆံက စအိုကျွံကြတတ်ခြင်း တွေဖြစ်တတ်ပါတယ် ။
စအိုတွင်းရှိ တစ်လျှူးများသည် အရေပြားထက်စာရင် ကာကွယ်မှု နည်းပါးခြင်း
အရေပြားမှာ အလွှာ အဆင့်ဆင့်ဖြင့် ပြင်ပမှ ရောဂါပိုးများ တော်ရုံမဝင်အောင် ကာကွယ်ပေးထားပါတယ် ။ဒါပေမယ့် စအိုတွင်းမှာတော့ ထိုကဲ့သို့ ကာကွယ်
ထားခြင်း မရှိသဖြင့် စအိုမှာ ဆုတ်ပြဲနာ ရတာနဲ့ ရောဂါပိုးများ လွယ်လင့်တကူ ခန္ဓာကိုယ်ထဲ ဝင်ရောက်နိုင်ပါတယ် ။လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများ ပိုမိုဝင်ရောက်နိုင်ခြင်းစအိုတွင် ချောဆီ မရှိခြင်းကြောင့် ပွတ်တိုက် ဒဏ်ရာများ အရများတတ်တာမို့ မိန်းမကိုယ်မှ တဆင့် လိင်ဆက်ဆံခြင်းထက် ပိုပြီး လိင်ဆက်ဆံရာမှ တဆင့် ကူးစက်တတ်တဲ့ရောဂါများ ဖြစ်တဲ့ ကာလသားပိုး ၊ခုခံအားကျဆင်းရောဂါပိုး ၊အသည်းရောင် အသားဝါ ဘီပိုးနဲ့ စီပိုး ၊လိင်အင်္ဂါကြွက်နို့ရောဂါပိုး စတာတွေ အကူးစက်ခံရနိုင်ပါတယ် ။ဒါ့အပြင် စအိုဟာ ခန္ဓာကိုယ်မှာ မသန့်ဆုံးနေရာဖြစ်တဲ့အတွက် စအိုမှတဆင့်လိင်ဆက်ဆံတဲ့အခါ နဂိုရှိနေပြီးသားဖြစ်တဲ့ ဘတ်တီးရီးယားများဟာ ဆီးလမ်းကြောင်းထဲ ဝင်ရောက်ကာ ဆီးရောဂါများဖြစ်နိုင်ပါတယ် ။
စအိုမှာ ကင်ဆာဖြစ်နိုင်ခြေ ပိုများခြင်း
လိင်ဆက်ဆံရာမှ ကူးစက်တတ်တဲ့ လိင်အင်္ဂါကြွက်နို့ရောဂါပိုးကြောင့်စအိုကင်ဆာ ဖြစ်နိုင်ခြေ သူများထက် ပိုများနိုင်ပါတယ် ။ဝမ်းမနိုင်လို့ ထွက်ကျခြင်း စအိုမှတဆင့် လိင်ဆက်ဆံခြင်းကို ကြိမ်ဖန်များစွာ ပြုလုပ်ကာ စအိုပတ်လည်ရှိကြွက်သားများ ဒဏ်ဖြစ်ကာ ဝမ်းမထိန်းနိုင်တဲ့ ဝေဒနာကို ခံစားရတတ်ပါတယ် ။
ကိုယ်ဝန်ရနိုင်ခြေ ရှိခြင်း
နောက်ပေါက်နဲ့ လိင်ဆက်ဆံရင် ကိုယ်ဝန်မရဘူးလို့ အရပ်ထဲမှာ သူပြောငါငါပြောတာတွေ ကြားဖူးကြမှာပါ ။မှားပါတယ် ။ထိုအရပ်စကားတွေက လုံးဝမှားပါတယ် ။ကိုယ်ဝန်ရနိုင်ခြေ ရှိပါသေးတယ် ။အမျိုးသားရဲ့ လိင်အင်္ဂါဟာ စအိုမှတဆင့် ဆက်ဆံတယ်ဆိုပေမယ့် နီးကပ်စွာရှိနေတဲ့ မိန်းမကိုယ်နား ရောက်သွားရင် မသိလိုက်တဲ့အချိန်သုတ်ရည်တွေ မိန်းမကိုယ်ထဲ ဝင်သွားတတ်လို့ ကိုယ်ဝန်ရနိုင်တယ် ။ကွန်ဒုံးသုံးရင်ရောဆရာ လို့ စတဲ့အမေးကို ပြန်ဖြေရရင်ဖြင့် ဒါလည်းပဲ ကိုယ်ဝန်ရနိုင်သေးတာပဲ ။ဘာကြောင့်လဲဆိုရင် အထက်မှာ ပြောခဲ့သလိုပဲ ချောဆီ မရှိဘူး ၊ကြွက်သားတွေက တအားညှစ်ထားတာရယ်တွေကြောင့် ကွန်ဒုံးပေါက်တာ ၊ကျွတ်တာတွေသည် ဓမ္မတာနည်းအတိုင်း လိင်ဆက်ဆံတာထက်စာရင် ပိုဖြစ်နိုင်လို့ပါ ။
ဒါကြောင့် ဓမ္မတာကို ဆန့်ကျင်ပြီး လိင်ဆက်ဆံခြင်းရဲ့ ကျန်းမာရေး
ဆိုးပြစ်တွေကို သိပြီး သတိထားနိုင်ကြပါစေ………………………
ခေတ်သစ်ဇီဝက
ခေတ်သစ်ဇီဝက
Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး
Complication of lack of antenatal care
1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး
Fertilization (သန္ဓေအောင်ခြင်း)
1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေး
သားမွေးပြွန်ထည့်ကွင်း
1 Mins read
စက်ဝိုင်းပုံသဏ္ဍာန် ရာဘာကွင်းလေး တစ်ကွင်းက သန္ဓေတားနိုင်စွမ်းရှိတာကို သိကြလား။ ကိုယ်ဝန်ကို ဘယ်လိုတားပေးတာလဲ။ ဒီကွင်းလေးဟာ မဟော်မုန်းတွေပါဝင်ပြီး တစ်စိမ့်စိမ့်ထွက်ရှိပေးတဲ့အတွက် သားဥကြွေခြင်းကို တားပေးတယ်။ ကွင်းထည့်ထားတဲ့ တစ်ဝိုက်မှာလည်း ချွဲမြှေးတွေ ထူစေပြီး သုတ်ပိုးများ သားအိမ်အတွင်း ဝင်ရောက်ခြင်းကို တားမြစ်ပေးပြီး ကိုယ်ဝန်မရအောင် တားပေးပါတယ်။…
Leave a Reply
Your email address will not be published. Required fields are marked *