ကိုယ်ဝန်ဆောင်မိခင်များနှင့်သွေးအားနည်းခြင်း
ကိုယ်ဝန်ဆောင်ချိန်မှာ ခန္တာကိုယ်သဘာဝအရပြောင်းလဲမှုမျိုးစုံ ဖြစ်ပေါ်ပါတယ်။ မေမေတို့သတိထားမိမယ့်ပြောင်းလဲမှုတွေဖြစ်တဲ့ ရင်သားကြီးထွားလာတာ၊ ဗိုက်ဖောင်းလာတာအပြင် သွေးထဲမှာလည်း သွေးအားနည်းတယ်လို့ပြောရမယ့် သွေးနီဥလေးတွေနည်းလာတတ်ပါတယ်။
ဒါကြောင့်ကိုယ်ဝန်ဆောင်စဉ်အချိန်မှာသွေးအားနည်းခြင်းပြသနာဟာ ပိုပြီးအတွေ့များပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာသွေးအားနည်းမယ်ဆိုရင်တော့ မေမေတို့ဟာ
- အလွယ်တကူလှုပ်တာနဲ့မောလာတတ်ပါတယ်။
- ရင်တုန်လာတတ်ပါတယ်။
- အစားအသောက်ပျက်တတ်၊ ခေါင်းမူးတတ်၊ အိပ်မပျော်တတ်တာမျိုး ခံစားရနိုင်ပါတယ်။
ဒီလိုသွေးအားနည်းခြင်းဟာ သတ်မှတ်ထားတဲ့စံညွှန်းထက် တော်တော်နည်းမယ်ဆိုရင် ကိုယ်ဝန်ဆောင်တွေအတွက် အန္တရာယ်ရှိပါတယ်။
သွေးအားနည်းတာကြောင့်မေမေတို့ဟာ
- နှလုံးအားနည်းပြီး နှလုံးခုန်နှုန်းမြန်တာ၊ နှလုံးမညှစ်နိုင်တာတွေ
- မွေးဖွားချိန်သွေးထွက်တာကိုမခံနိုင်တာတွေ
- အလွယ်တကူ ပိုးဝင်လွယ်တာတွေ
- ချုပ်ရိုးအနာမကျက်နိုင်တာတွေ
- ဗိုက်ထဲမှာကလေးဆက်ပြီး ကြီးထွားဖွံ့ဖြိုးမှုမရှိတာတွေထိဖြစ်တတ်ပါတယ်။
ဒီလိုမဖြစ်ဖို့ဆိုရင် မေမေတို့အနေနဲ့ ကိုယ်ဝန်စောစောအပ်ထားမယ်။
ကိုယ်ဝန်အပ်ချိန်သွေးစစ်လို့ သွေးအားနည်းမှန်းသိပြီဆိုရင် ဆရာဝန်ညွှန်ကြားတဲ့ သံဓာတ်အားဆေးသောက်မယ်။
ရောဂါကြောင့် သွေးအားနည်းတာဆိုရင်လည်း ကိုယ်ဝန်လနုစဉ်ထဲက ကုထားမယ်ဆိုရင် မွေးဖွားချိန်မှာသွေးအားပြည့်နိုင်မယ်။
အစာအာဟာရမျှတအောင်စားမယ်ဆိုရင် သွေးအားနည်းခြင်းကို မွေးဖွားချိန်မတိုက်ခင်ပဲ ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် မဗိုက်တို့လည်း ကိုယ်ဝန်စောစောအပ်၊ အားဆေးပုံမှန်သောက်ပြီး ကျန်းမာဖွံ့ဖြိုးတဲ့ကလေးတွေ မွေးဖွားနိုင်ပါစေ။
မယ်တင်( ဆေး ၁)
ကိုယ္ဝန္ေဆာင္မိခင္မ်ားႏွင့္ေသြးအားနည္းျခင္း
ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ခနၱာကိုယ္သဘာဝအရေျပာင္းလဲမႈမ်ိဳးစံု ျဖစ္ေပၚပါတယ္။ ေမေမတို႔သတိထားမိမယ့္ေျပာင္းလဲမႈေတြျဖစ္တဲ့ ရင္သားႀကီးထြားလာတာ၊ ဗိုက္ေဖာင္းလာတာအျပင္ ေသြးထဲမွာလည္း ေသြးအားနည္းတယ္လို႔ေျပာရမယ့္ ေသြးနီဥေလးေတြနည္းလာတတ္ပါတယ္။
ဒါေၾကာင့္ကိုယ္ဝန္ေဆာင္စဥ္အခ်ိန္မွာေသြးအားနည္းျခင္းျပသနာဟာ ပိုၿပီးအေတြ႕မ်ားပါတယ္။
ကိုယ္ဝန္ေဆာင္ခ်ိန္မွာေသြးအားနည္းမယ္ဆိုရင္ေတာ့ ေမေမတို႔ဟာ
- အလြယ္တကူလႈပ္တာနဲ႔ေမာလာတတ္ပါတယ္။
- ရင္တုန္လာတတ္ပါတယ္။
- အစားအေသာက္ပ်က္တတ္၊ ေခါင္းမူးတတ္၊ အိပ္မေပ်ာ္တတ္တာမ်ိဳး ခံစားရႏိုင္ပါတယ္။
ဒီလိုေသြးအားနည္းျခင္းဟာ သတ္မွတ္ထားတဲ့စံညႊန္းထက္ ေတာ္ေတာ္နည္းမယ္ဆိုရင္ ကိုယ္ဝန္ေဆာင္ေတြအတြက္ အနၱရာယ္ရွိပါတယ္။
ေသြးအားနည္းတာေၾကာင့္ေမေမတို႔ဟာ
- ႏွလံုးအားနည္းၿပီး ႏွလံုးခုန္ႏႈန္းျမန္တာ၊ ႏွလံုးမညႇစ္ႏိုင္တာေတြ
- ေမြးဖြားခ်ိန္ေသြးထြက္တာကိုမခံႏိုင္တာေတြ
- အလြယ္တကူ ပိုးဝင္လြယ္တာေတြ
- ခ်ဳပ္ရိုးအနာမက်က္ႏိုင္တာေတြ
- ဗိုက္ထဲမွာကေလးဆက္ၿပီး ႀကီးထြားဖြံ႕ၿဖိဳးမႈမရွိတာေတြထိျဖစ္တတ္ပါတယ္။
ဒီလိုမျဖစ္ဖို႔ဆိုရင္ ေမေမတို႔အေနနဲ႔ ကိုယ္ဝန္ေစာေစာအပ္ထားမယ္။
ကိုယ္ဝန္အပ္ခ်ိန္ေသြးစစ္လို႔ ေသြးအားနည္းမွန္းသိၿပီဆိုရင္ ဆရာဝန္ညႊန္ၾကားတဲ့ သံဓာတ္အားေဆးေသာက္မယ္။
ေရာဂါေၾကာင့္ ေသြးအားနည္းတာဆိုရင္လညး္ ကိုယ္ဝန္လႏုစဥ္ထဲက ကုထားမယ္ဆိုရင္ ေမြးဖြားခ်ိန္မွာေသြးအားျပည့္ႏိုင္မယ္။
အစာအာဟာရမၽွတေအာင္စားမယ္ဆိုရင္ ေသြးအားနည္းျခင္းကို ေမြးဖြားခ်ိန္မတိုက္ခင္ပဲ ေျဖရွင္းႏိုင္မွာျဖစ္ပါတယ္။
ဒါေၾကာင့္ မဗိုက္တို႔လညး္ ကုိယ္ဝန္ေစာေစာအပ္၊ အားေဆးပံုမွန္ေသာက္ၿပီး က်န္းမာဖြံ႕ၿဖိဳးတဲ့ကေလးေတြ ေမြးဖြားႏိုင္ပါေစ။
မယ္တင္( ေဆး ၁)