ဆေးပုံစံ-ဆေးတောင့်ပုံစံ၊ ထိုးဆေးပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-သည်းခြေလမ်းကြောင်းပိုးဝင်ခြင်း၊ လေပြွှန်ရောင်ခြင်း၊ နှလုံးကြွက်သားရောင်ခြင်း၊ လည်ချောင်းနာခြင်း၊ အစာအိမ်နှင့် အူရောင်ခြင်း၊ ဆီးပူညောင်းကျရောဂါ၊ နာပြည်ယိုခြင်း၊ အဆုတ်ရောင်ရောဂါ၊ ဦးနှောက်အမြှေးပါးရောင်ခြင်း၊ အူရောင်ငန်းဖျားရောဂါ၊ ဆီးပိုးဝင်ခြင်း စသည်။
သုံးစွဲရန်အညွှန်း- ရောဂါပေါ်မူတည်၍ ဆေးပမာဏကွာခြားပါသည်။ ဆရာဝန်နှင့် တိုင်ပင်သောက်သုံးပါ။
အစာနှင့်စားရန်သင့်မသင့်-အစာနှင့် တွဲမသောက်ရ။ အစားမစားခင် ၁ နာရီ သို့ စားပြီး ၂ နာရီတွင် သောက်သုံးရန်။ ရေများများဖြင့်သောက်ပါ။
လုံးဝအသုံးမပြုသင့်သောသူများ-ပင်နီဆလင် ဆေးနှင့်ဓာတ်မတည့်သူများ၊ ပင်နီဆလင်ဆေးနှင့် မတိုးသောပိုးကြောင့် ဖြစ်သောရောဂါများ။
သတိပြုရမည့်အချက်များ-ဆီးချိုသမားများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲပါ။
ဘေးထွက်ဆိုးကျိုး-ဆေးမတည့်ခြင်း။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-ဂေါက်ရောဂါတွင် သုံးသော allopurinol ဆေးနှင့်တွဲသောက်ပါက အရေပြားတွင် အနီစက်များထွက်တတ်ပါသည်။ ကိုယ်ဝန်တားဆေးများ၏ အာနိသင်ကိုကျစေသည်။ probenecid နှင့်တွဲသုံးပါက ကိုယ်တွင်း၌ ဆေးပမာဏကြာရှည်ရှိနေစေပါသည်။
ဒေါက်တာချို(ဆေး ၁)