ဆေးပုံစံ-ဆေးတောင့်ပုံစံ။
အသုံးပြုနိုင်သော ရောဂါများ- သည်းခြေလမ်းကြောင်းပိုးဝင်ခြင်း၊ လေပြွှန်ရောင်ခြင်း၊ နှလုံးကြွက်သားရောင်ခြင်း၊ လည်ချောင်းနာခြင်း၊ အစာအိမ်နှင့် အူရောင်ခြင်း၊ ဆီးပူညောင်းကျရောဂါ၊ နာပြည်ယိုခြင်း၊ အဆုတ်ရောင်ရောဂါ၊ ဦးနှောက်အမြှေးပါးရောင်ခြင်း၊ အူရောင်ငန်းဖျားရောဂါ၊ ဆီးပိုးဝင်ခြင်း စသည်။
သုံးစွဲရန်အညွှန်း- ရောဂါပေါ်မူတည်၍ ဆေးပမာဏကွာခြားပါသည်။ ဆရာဝန်နှင့် တိုင်ပင်သောက်သုံးပါ။
အစာနှင့်စားရန်သင့်မသင့်-အစာနှင့် တွဲသောက်ရန်။ အစာဖြင့်တွဲသောက်ခြင်းဖြင့် အစာအိမ်နှင့်ဆိုင်သော ဘေးထွက်ဆိုးကျိုးများကို လျော့နည်းစေပါသည်။
လုံးဝအသုံးမပြုသင့်သောသူများ-ပင်နီဆလင် ဆေးနှင့်ဓာတ်မတည့်သူများ၊
သတိပြုရမည့်အချက်များ- ကိုယ်ဝန်ဆောင်များ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲပါ။ ဆေးကို ကြာရှည်စွာ အသုံးပြုရပါက ကျောက်ကပ်၊ အသည်း နှင့် သွေးဆဲလ်စစ်ဆေးခြင်းများပြုသင့်ပါသည်။
ဘေးထွက်ဆိုးကျိုး- အင်ပြင်ထခြင်း၊ ဆေးမတည့်ခြင်း၊ အသည်းရောင်ခြင်း၊ အသားဝါခြင်း။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-probenecid နှင့်တွဲသုံးပါက ကိုယ်တွင်း၌ ဆေးပမာဏ ကြာရှည်ရှိနေစေပါသည်။ chloramphenicol, erythromycin, tetracycline စသောပိုးသတ်ဆေးများနှင့် သတိပြုသုံးစွဲပါ။
ဒေါက်တာချို(ဆေး ၁)