All Articlesမျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေး

ရာသီသွေးနှင့် သင့်ကျန်းမာရေး

1 Mins read

ရာသီသွေးနှင့် သင့်ကျန်းမာရေး

ရာသီသွေးဆိုတာ.. မိန်းကလေးတစ်ယောက် အပျိုဖော် ဝင်ချိန်ကစလို့… ရာသီသွေးဆုံးပီးချိန်ထိ.. အမြဲ ကြုံတွေ့နေရမယ့်
အရာပဲ ဖြစ်ပါတယ်..
ဒီတော့ ဒီလို ရာသီသွေး ဆင်းရာမှာ များခြင်း နည်းခြင်းနဲ့ လိုက်ပြီး သင့်ရဲ့ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုအကြောင်း ပြောပြချင်ပါတယ်…

အများစုကတော့ ရာသီသွေး ဆင်းခါနီးချိန်မှာ.. စိတ်အလိုမကျခြင်း၊ဝမ်းနည်းခြင်း၊ ဒေါသ ထွက်ခြင်း ၊ နာကျင် ကိုက်ခဲခြင်း စတာတွေကြုံရတယ်.. ဒီလိုသိထားကြပါမယ်.. သို့သော် ရာသီသွေးဆင်းတာ များလား နည်းလား… ပုံမှန် cycle ဝန်းကျင်လား ..အရောင် ကွဲပြားမှုရှိလား စသည်ဖြင့်တော့ သတိထားမိလေ့ မရှိကြပါဘူး…

ပုံမှန်အားဖြင့်.. အမျိုးသမီးတစ်ယောက် ရာသီသွေးဆင်းချိန်ဟာ… လေး ငါး ရက် ဝန်းကျင်(အများဆုံး ၈ ရက်) မှာ ဖြစ်ပါတယ်.. ရာသီသွေးပမာဏဟာ ရာသီတစ်ခုမှာ 5ml -80ml (5ml = 1 teaspoon) လောက် ဆင်းလေ့ရှိပါတယ်…
အကယ်၍ 80 ml ထက် ကျော်သွားရင်တော့ ရာသီသွေးဆင်းများခြင်းလို့ သတ်မှတ်နိုင်ပါတယ်.. ဒီလိုအမျိုးသမီးတွေမှာ သွေးအားနည်းတဲ့ လက္ခဏာ ၊ သံဓာတ်ချို့တဲ့သော လက္ခဏာတွေ တွေ့ရတတ်ပါတယ်..
ဒါြ့ပင် ရာသီသွေးဆင်းခြင်းဟာ.. အပျိုဖော်ဝင်ပီးကာစ ၊ မီးဖွားပီးကာစနဲ့ သွေးဆုံးကာနီးအချိန်တွေမှာ မမှန်တတ်တာကလွဲလို့.. ကျန်ကာလများမှာ ၂၈ရက် ဝန်းကျင်မှာ ရာသီတစ်ခုဖြစ်ပါတယ်. သို့သော် တစ်ယောက်ချင်းစီနဲ့ လိုက်ပြီး အချိန်ကွာဟမှုတော့ ရှိပါတယ်..
မည်သို့ပင်ဆိုစေကာမူ.. အမျိုးသမီးတစ်ယောက်စီမှာ ရာသီသွေးဆင်းချိန်ဟာ အမြဲလို ပုံမှန် ဖြစ်နေပြီး ပမာဏဟာလည်း ပုံမှန် ဖြစ်ဖို့ အဓိက ကျပါတယ်..

ဒီတော့ကာ ရာသီသွေးဆင်းများခြင်း နည်းခြင်းကို ဘယ်လို တိုင်းတာပြီး သိရှိနိုင်မလဲ…
ယေဘုယျအားဖြင့် Tampon တစ်ခုဟာ 3ml (အများဆုံး12ml)ပမာဏ စုပ်ယူနိုင်ပြီး
Pad တစ်ခုဟာ 5ml(အများဆုံး10-15ml) လောက် စုပ်ယူနိုင်ပါတယ်..ဒီတော့ သင်ဟာ တစ်နေ့တည်းမှာ နှစ်နာရီ သုံးနာရီလောက် ခြား တစ်ခု အသစ်တစ်ခု လဲလှယ်နေနေရပြီးဆိုရင်.. သင့်ရာသီသွေးဟာ များနေတာကို ပြနေပါတယ်…

အရွယ်ရောက်ပြီး အမျိုးသမီးတွေမှာ ရာသီသွေးဆင်းများတာမျိုး တစ်ခါတစ်ရံ ကြုံရနိူင်ပါတယ်… သွေးခဲသွေးစလေးတွေပါလာတာမျိုး ဖြစ်တတ်ပါတယ်.သို့သော် ရာသီကုန်ခါနီးရက်မှာ ပုံမှန်ကဲ့သို့ ပြန်လည်ဖြစ်သွားတတ်ပါတယ်.. သို့သော် ရာသီသွေးဆင်းတာ ပုံမှန်တတ် ရက်ကြာနေတာ၊ သွေးရောင် ပြောင်းလဲသွားမှု မရှိတာ၊ ပိုမိုနာကျင်ကိုက်ခဲတာတွေ ဖြစ်ပါက ဆရာဝန်နဲ့ ပြသသင့်ပါတယ်..

အပျိုဖော်ဝင်ကာစ အမျိုးသမီးတွေမှာ ရာသီသွေးဆင်းပြီး လမှ စပြီး လအနည်းငယ် ရာသီသွေးပုံမှန် မဆင်းတတ်တာမျိုး ဖြစ်တတ်ပါတယ်.. ဒါဟာ ပုံမှန်ပါ.. နောက်ပိုင်းကာလတွေမှာ… တစ်သတ်မှတ်တည်း ဖြစ်သွားပါတယ်…

ဒါပြင်.. သန္ဓေတားဆေး အသုံးပြုသူတွေမှာ.. ရာသီမမှန်တာ.. တချို့သူတွေမှာ ရာသီသွေးလုံးဝ မဆင်းတာမျိုး ဖြစ်တာပါတယ်… အထူးသဖြင့် progestin only အသုံးပြုတဲ့သူတွေမှာ ပိုတွေ့ရတတ်ပါတယ်…သားအိမ်ထဲ ထည့် ပစ္စည်း အသုံးပြုသူတွေမှာ ဒီလိုရာသီမမှန်တာတွေ ဖြစ်နိုင်ပါတယ်..

အမျိုးသမီး တစ်ယောက်ချင်းစီနဲ့ လိုက်ပြီး သေချာရှင်းလင်းပြဖို့ရာမလွယ်ကူတာမို့ အကယ်၍.. မိမိဟာ သာမန်ထက် သွေးဆင်းနေတယ်လို့ ခံစားနေရပါက… ဆရာဝန်နှင့် သေချာဆွေးနွေးတိုင်ပင်သင့်ပါတယ်…

ကျန်းမာလှပပြီး ပျော်ရွှင်သော အမျိုးသမီးများ ဘဝကို ပိုင်ဆိုင်ကြပါစေလို့ တောင်းဆုမေတ္တာပြုလျက်..

ပိုင်နီမောင်

ရာသီ​ေသြးႏွင္​့ သင္​့က်န္​းမာ​ေရး

ရာသီ​ေသြးဆိုတာ.. မိန္းက​ေလးတစ္​​ေယာက္​ အပ်ိဳ​ေဖာ္​ ဝင္​ခ်ိန္​ကစလို႔… ရာသီ​ေသြးဆံုးပီးခ်ိန္​ထိ.. အျမဲ ၾကံဳ​ေတြ​႕​ေနရမယ္​့
အရာပဲ ျဖစ္​ပါတယ္​..
ဒီ​ေတာ့ ဒီလုိ ရာသီ​ေသြး ဆင္​းရာမွာ မ်ားျခင္​း နည္​းျခင္​းနဲ႔ လိုက္​ၿပီး သင္​့ရဲ႕ က်န္​းမာ​ေရးအ​ေပၚ အက်ိဳးသက္​​ေရာက္​မႈအ​ေၾကာင္​း ​ေျပာျပခ်င္​ပါတယ္​…

အမ်ားစုက​ေတာ့ ရာသီ​ေသြး ဆင္​းခါနီးခ​်ိန္​မွာ.. စိတ္အလိုမက်ျခင္​း၊ဝမ္​းနည္​းျခင္​း၊ ​ေဒါသ ထြက္​ျခင္​း ၊ နာက်င္​ ကိုက္​ခဲျခင္​း စတာ​ေတြၾကံဳရတယ္​.. ဒီလိုသိထားၾကပါမယ္​.. သို႔​ေသာ္​ ရာသီ​ေသြးဆင္​းတာ မ်ားလား နည္​းလား… ပံုမွန္​ cycle ဝန္​းက်င္​လား ..အ​ေရာင္​ ကဲြျပားမႈ႐ွိလား စသည္​ျဖင္​့​ေတာ့ သတိထားမိ​ေလ့ မ႐ွိၾကပါဘူး…

ပံုမွန္​အားျဖင္​့.. အမ်ိဳးသမီးတစ္​​ေယာက္​ ရာသီ​ေသြးဆင္​းခ်ိန္​ဟာ… ​ေလး ငါး ရက္​ ဝန္​းက်င္​(အမ်ားဆံုး ၈ ရက္​) မွာ ျဖစ္​ပါတယ္​.. ရာသီ​ေသြးပမာဏဟာ ရာသီတစ္​ခုမွာ 5ml -80ml (5ml = 1 teaspoon) ​ေလာက္​ ဆင္​း​ေလ့႐ွိပါတယ္​…
အကယ္​၍ 80 ml ထက္​ ​ေက်ာ္​သြားရင္​​ေတာ့ ရာသီ​ေသြးဆင္​းမ်ားျခင္​းလို႔ သတ္​မွတ္​ႏိုင္​ပါတယ္​.. ဒီလုိအမ်ိဳးသမီး​ေတြမွာ ​ေသြးအားနည္​းတဲ့ လကၡဏာ ၊ သံဓာတ္​ခ်ိဳ႕တဲ့​​ေသာ လကၡဏာ​ေတြ ​ေတြ႔ရတတ္​ပါတယ္​..
ဒါျ့ပင္​ ရာသီ​ေသြးဆင္​းျခင္​းဟာ.. အပ်ိဳ​ေဖာ္​ဝင္​ပီးကာစ ၊ မီးဖြားပီးကာစနဲ႔ ​ေသြးဆံုးကာနီးအခ်ိန္​​ေတြမွာ မမွန္​တတ္​တာကလဲြလို႔.. က်န္​ကာလမ်ားမွာ ၂၈ရက္​ ဝန္​းက်င္​မွာ ​ရာသီတစ္​ခုျဖစ္​ပါတယ္​. သို႔​ေသာ္​ တစ္​​ေယာက္​ခ်င္​းစီနဲ႔ လိုက္​ၿပီး အခ်ိန္​ကြာဟမႈ​ေတာ့ ႐ွိပါတယ္​..
မည္​သို႔ပင္​ဆို​ေစကာမူ.. အမ်ိဳးသမီးတစ္​​ေယာက္​စီမွာ ရာသီ​ေသြးဆင္​းခ်ိန္ဟာ အျမဲလို ပံုမွန္​ ျဖစ္​​ေနၿပီး ​ပမာဏဟာလည္​း ပံုမွန္​ ျဖစ္​ဖို႔ အဓိက က်ပါတယ္​..

ဒီ​ေတာ့ကာ ရာသီ​ေသြးဆင္​းမ်ားျခင္​း နည္​းျခင္​းကို ဘယ္​လို တိုင္​းတာၿပီး သိ႐ွိႏိုင္​မလဲ…
​ေယဘုယ်အားျဖင္​့ Tampon တစ္​ခုဟာ 3ml (အမ်ားဆံုး12ml)ပမာဏ စုပ္​ယူႏိုင္​ၿပီး
Pad တစ္​ခုဟာ 5ml(အမ်ားဆံုး10-15ml) ​ေလာက္​ စုပ္​ယူႏိုင္​ပါတယ္​..ဒီ​ေတာ့ သင္​ဟာ တစ္​​ေန႔တည္​းမွာ ႏွစ္​နာရီ သံုး​နာရီ​ေလာက္​ ျခား တစ္​ခု အသစ္​တစ္​ခု လဲလွယ္​​ေန​ေနရၿပီးဆိုရင္​.. သင္​့ရာသီ​ေသြးဟာ မ်ား​ေနတာကို ျပ​ေနပါတယ္​…

အရြယ္​​ေရာက္​ျပီး အမ်ိဳးသမီး​ေတြမွာ ရာသီ​ေသြးဆင္​းမ်ားတာမ်ိဳး တစ္​ခါတစ္​ရံ ၾကံဳရႏိူင္ပါတယ္​… ​ေသြးခဲ​ေသြးစ​ေလး​ေတြပါလာတာမ်ိဳး ျဖစ္​တတ္​ပါတယ္​.သို႔​ေသာ္​ ရာသီကုန္​ခါနီးရက္​မွာ ပံုမွန္​ကဲ့သို႔ ​ျပန္​လည္ျဖစ္​သြားတတ္​ပါတယ္​.. သို႔​ေသာ္​ ရာသီ​ေသြးဆင္​းတာ ပံုမွန္​တတ္​ ရက္​ၾကာ​ေနတာ၊ ​ေသြး​ေရာင္​ ​ေျပာင္​းလဲသြားမႈ မ႐ွိတာ​၊ ပိုမိုနာက်င္​ကိုက္​ခဲတာ​ေတြ ျဖစ္​ပါက ဆရာဝန္​နဲ႔ ျပသသင္​့ပါတယ္​..

အပ်ိဳ​ေဖာ္​ဝင္​ကာစ အမ်ိဳးသမီး​​ေတြမွာ ရာသီ​ေသြးဆင္​းၿပီး လမွ စၿပီး လအနည္​းငယ္​ ရာသီ​ေသြးပံုမွန္​ မဆင္​းတတ္​တာမ်ိဳး ျဖစ္​တတ္​ပါတယ္​.. ဒါဟာ ပံုမွန္​ပါ.. ​ေနာက္​ပိုင္​းကာလ​ေတြမွာ… တစ္​သတ္​မွတ္​တည္​း ျဖစ္​သြားပါတယ္​…

ဒါျပင္​.. သ​ေႏၶတား​ေဆး အသံုးျပဳ​သူ​ေတြမွာ.. ရာသီမမွန္​တာ.. တခ်ိဳ႕သူ​ေတြမွာ ရာသီ​ေသြးလံုးဝ မဆင္​းတာမ်ိဳး ျဖစ္​တာပါတယ္​… အထူးသျဖင္​့ progestin only အသံုးျပဳတဲ့သူ​ေတြမွာ ပို​ေတြ႕ရတတ္​ပါတယ္​…သားအိမ္​ထဲ ထည္​့ ပစၥည္​း အသံုးျပဳသူ​ေတြမွာ ဒီလိုရာသီမမွန္​တာ​ေတြ ျဖစ္​ႏိုင္​ပါတယ္​..

အမ်ိဳးသမီး တစ္​​ေယာက္​ခ်င္​းစီနဲ႔ လိုက္​ၿပီး ​ေသခ်ာ႐ွင္​းလင္​းျပဖို႔ရာမလြယ္​ကူတာမို႔ အကယ္​၍.. မိမိဟာ သာမန္​ထက္​ ​ေသြးဆင္​း​ေနတယ္​လို႔ ခံစား​ေနရပါက… ဆရာဝန္​ႏွင္​့ ​ေသခ်ာ​ေဆြး​ေႏြးတိုင္​ပင္​သင္​့ပါတယ္​…

က်န္​းမာလွပၿပီး ​ေပ်ာ္​႐ႊင္​​ေသာ အမ်ိဳးသမီးမ်ား ဘဝကို ပိုင္​ဆိုင္​ၾကပါ​ေစလို႔ ​ေတာင္​းဆု​ေမတၱာျပဳလ်က္​..

ပိုင္​နီ​ေမာင္​

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…
All Articlesအခြားရောဂါများ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…

Leave a Reply

Your email address will not be published. Required fields are marked *