ရေမြွှာရည်နဲ့ ကိုယ်ဝန်ဆောင်တို့၏ ကျန်းမာရေးအကြောင်း
ရေမြွှာရည်နဲ့ ကိုယ်ဝန်ဆောင်တို့၏ ကျန်းမာရေးအကြောင်း မပြောခင်ဦးစွာ ရေမြွှာရည်ဆိုတာ ဘာလဲ ၊ဘာလုပ်ပေးတာလဲဆိုတာ ရှင်းပြပေးပါ့မယ် ။
ရေမြွှာရည်ဆိုတာ ဘာလဲ ၊ဘာလုပ်ပေးတာလဲ
ရေမြွှာရည်ဆိုတာ ကိုယ်ဝန်ဆောင်နေစဉ် သားအိမ်ထဲမှာ ရှိနေတဲ့အရည်တွေပဲဖြစ်ပါတယ် ။ရေမြွှာရည်ဟာ အနည်းငယ်နောက်တတ်ပါတယ် ။ဘာဖြစ်
လို့လဲဆိုရင် သန္ဓေသားရဲ့ အရေပြားနဲ့ ရေမြွှာအမြှေးပါးတို့ကထွက်လာတဲ့ ပစ္စည်းတွေကြောင့်ဖြစ်ပါတယ် ။ ရေမြွှာရည်ဟာ ကိုယ်ဝန်ဆောင်နေစဉ်မှာ မတော်တဆ ကိုယ်ဝန်ထိခိုက်မိတဲ့ အခါ သန္ဓေသား မထိခိုက်အောင် Cushion သဖွယ် ကာကွယ်ပေးထားတယ်။ဒါ့အပြင် သန္ဓေသား လွတ်လပ်စွာ လှုပ်ရှားနိုင်အောင် ကြီးထွားနိုင်အောင် ကူညီပေးတယ် ။ကလေးရဲ့ ကိုယ်အပူချိန်ကိုလည်း ထိန်းထားပေးပါတယ် ။ကလေးမွေးတဲ့အခါမွေးလမ်းကြောင်းမှာ ကလေးရဲ့ ဦးခေါင်း ၊သို့မဟုတ် တင်ပဆုံရှေ့ကနေ ခံပေးပြီး လမ်းကြောင်းချဲ့ပေးပါတယ် ။ထို့အပြင် သားအိမ်နံရံကို ဆေးကြောပေးပြီး ပိုးသေစေနိုင်စွမ်း
ရှိပါတယ် ။
ဒီလောက်တောင် အကျိုးများလှတဲ့ ရေမြွှာရည်ဟာလည်း အခန့်မသင့်ရင် ကိုယ်ဝန်ဆောင်မိခင်ကို ကျန်းမာရေးဆိုးကျိုးပေးပါတယ် ။ရေမြွှာရည်တွေ ကလေး
မွေးဖွားစဉ်မှာ သွေးပြန်ကြောထဲဝင်ပြီး မိခင်ကို ဒုက္ခပေးတတ်ပါတယ် ။ရေမြွှာရည် သွေးပြန်ကြောတဲ့ ဝင်တဲ့အခါ ဘယ်လိုလက္ခဏာတွေ ပြမလဲ
- ရုတ်တရက် ဂဏာမငြိမ် ၊သတိလစ် ၊မေ့မြော ၊တက်ခြင်း
- ရုတ်တရက် အမောဖောက်ခြင်း
- အဆုတ်ကို ရေဝိုင်းခြင်း
- ရုတ်တရက် နှလုံး အလုပ်မလုပ်ခြင်း ၊နှလုံးခုန်နှုန်းများ မြန်လာခြင်း
- ရုတ်တရက် သွေးပေါင်များ ကျဆင်းခြင်း
- သွေးခဲရာတွင် ကောင်းကောင်းမခဲဘဲ သွေးယိုစီးနိုင်ခြင်း ၊မခဲသင့်တဲ့နေရာများတွင်
- သွေးခဲများ လျှောက်ခဲခြင်း
- အခန့်မသင့်လျှင် မိခင်ရော ၊ကလေးပါ အသက်ဆုံးပါးနိုင်ခြင်း
- သန္ဓေသားလောင်းမှာလည်း ရုတ်တရက် နှလုံးခုန်နှုန်းမြန်လာခြင်း ၊ကြီးထွားဖွံ့ဖြိုးရာ မှာလည်း နှောင့်နှေးနိုင်ခြင်း စတာတွေပဲဖြစ်ပါတယ် ။
ဘယ်လိုသူတွေမှာ ပိုဖြစ်နိုင်သလဲ
ကလေးမွေးဖွားတဲ့ မိခင် အယောက် တစ်သိန်းမှာ တစ်ယောက်ကနေ တစ်ဆယ့်နှစ်ယောက်ပဲ ဖြစ်တယ်ဆိုတော့ အဖြစ်နည်းပါတယ် ။
- အသက်ကြီးတဲ့ မိခင်များ(အသက်၃၅နှစ်နဲ့ အထက်)
- ရေမြွှာရည်များလွန်းခြင်း
- အချင်းရောဂါ တစ်ခုခုရှိခြင်း(ဥပမာ-အချင်းရှေ့ရောက် ကိုယ်ဝန်)
- ကိုယ်ဝန်ဆောင်စဉ် သွေးတိုးခြင်း ၊သွေးတိုးပြီးတက်တတ်တဲ့ ရောဂါ ရှိခြင်း
- ကလေး မွေးဖွားရာတွင် ခွဲစိပ်ပြီး မွေးခြင်း ၊ညှပ်ဆွဲပြီး မွေးခြင်း စတာတွေမှာ ပိုဖြစ်ပွားနိုင်ပါတယ် ။
ဒါကြောင့် ရေမြွှာရည် သွေးပြန်ကြောထဲဝင်ခြင်းဟာ အဖြစ်နည်းပေမယ့်ဖြစ်လျှင်လည်း မိခင်ရော သန္ဓေသားပါ အသက်ဆုံးပါးနိုင်တာမို့ မိခင်လောင်းတိုင်း သတိပြုဆင်ခြင်သင့်ပါတယ် ။မိခင်ရော သန္ဓေသားပါ ကာလရေကြည် သန္ဓေတည်သည်မှစပြီး မွေးဖွားတဲ့အထိ အဆင်ပြေ ချောမွေ့နိုင်စေဖို့ရာ ကိုယ်ဝန်ရှိမှန်း သိကတည်းက ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းများနဲ့ ပြသကာ ကျန်းမာရေး စောင့်ရှောက်မှုကို ခံယူသင့်ပါတယ် ။
ခေတ်သစ် ဇီဝက