အလှအပအတွက် ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ် လို့ ပြောလိုက်တာ သူ့မှာ အသားအရည်အတွက်၊ အလှအပအတွက် ကောင်းမွန်တဲ့ အချက်တွေ အများကြီးရှိတာကို ပျိုမေတိုင်းကတော့ သိပြီးသားထင်ပါတယ်ရှင် ….
လျှားစောင်းလက်ပတ် မှာဆိုရင် ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင် B12 နှင့် သံဓာတ် ပါရှိတာကြောင့် အသားအရည် ထိန်းသိမ်းစောင့်ရှောက်တဲ့နေရာမှာ အသင့်တော်ဆုံး အရာတစ်ခုလည်း ဖြစ်ပါတယ်။
ရှားစောင်းလက်ပတ်ကို နေ့စဉ် အသုံးပြုခြင်းအားဖြင့် …
(၁) အသားအရည် ကြည်လင်ခြင်း
(၂) အသားအရည် မညီမညာဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း
(၃) ဝက်ခြံသက်သာခြင်း၊ ဝက်ခြံမဖြစ်အောင်ကာကွယ်ပေးခြင်း
(၄) အသားရောင်ရမ်းခြင်း မှ ကာကွယ်ပေးခြင်း
(၅) နေလောင်ဒဏ်မှ ကာကွယ်ပေးခြင်း
(၆) နေလောင်ကွက်များကို ကုသနိုင်ခြင်း
(၇) အရွယ်မတိုင်ခင် အိုအင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးခြင်း
(၈) ခန္ဓာကိုယ် သို့မဟုတ် မျက်နှာပေါ်ရှိ အမာရွတ်များ သက်သာခြင်း စသဖြင့် ရှားစောင်းလက်ပတ်ရဲ့ အကျိုးကျေးဇူးတွေဟာ များပြားလှပါတယ်။ ဒါကြောင့် သင့်အသားအရည်လေး အမြဲတစ်စေ Baby Skin လေးဖြစ်နေအောင် ဒီနေ့ဒီချိန်က စပြီး ရှားစောင်းလက်ပတ်ကို အသုံးပြုပါလို့တိုက်တွန်းပါရစေနော်။
ရှားစောင်းလက်ပတ်ကို ဈေးတွေမှာ ဝယ်လို့ရသလို ယနေ့ခေတ်ဈေးကွက်ထဲမှာလည်း ရှားစောင်းလက်ပတ်နဲ့ လုပ်ထားတဲ့ Skin Care and Cosmetic တွေ များစွာရှိတာကြောင့် မိမိနဲ့ အဆင်ပြေ ကိုက်ညီမယ့် ပစ္စည်းကို ဝယ်ယူအသုံးပြုနိုင်ပါတယ် …
အားလုံးပဲ လှပကြည်လင်ရှင်းသန့်တဲ့ အသားအရည်မျိုးကို ပိုင်ဆိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် …