Allergy ခေါ် ဓာတ်မတည့်ခြင်း ပြသနာ

Allergy ခေါ် ဓာတ်မတည့်ခြင်းပြသနာဟာ လူတော်တော်များများကြုံတွေ့ဖူးတဲ့ ကိစ္စမျိုးပါ။လူတွေမှာသူတို့နဲ့မတည့်တဲ့ အစားအသောက် အနံ့ အလှကုန် ဆေးစသည်ဖြင့်ရှိတတ်ကြပါတယ်။ဓာတ်မတည့်ခြင်းဟာ သာမန်မပြင်းထန်တဲ့လက္ခဏာလေးတွေသာမက တစ်ခါတစ်ရံမှာ အသက်ဆုံးသည်အထိတောင်ဖြစ်စေတတ်ပါတယ်။

ဓာတ်မတည့်ခြင်းဟာ ဘာကြောင့်ဖြစ်ရတာလဲ။

ဓာတ်မတည့်ခြင်းဆိုတာဟာ လူတွေရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ အန္တရာယ်မရှိတဲ့သာမန်ပစ္စည်းလေးတွေကို ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်က အလွန်အမင်းတုံ့ပြန်တိုက်ခိုက်ခြင်းကြောင့်ဖြစ်ရပါတယ်။ဒါကြောင့်လည်းတခြားလူတွေအတွက် ဘာမှမဖြစ်စေတဲ့အရာလေးတွေက ကိုယ်နဲ့ကျမှမတည့်ဘူးဆိုတဲ့ဖြစ်ရပ်လေးတွေ ဖြစ်လာတာပါ။

ဓာတ်မတည့်ခြင်းကိုဖြစ်စေတတ်တဲ့အရာတွေကဘာတွေလဲ။

အစားအသောက်_ကြက်ဥ ငါး နို့ အစေ့အဆံ မြေပဲ ဂျံ ု ပဲနို့ ဂုံး ပြောင်းဖူး ဖရုံသီး နှမ်း၊ တိရစ္ဆာန်ထွက်ပစ္စည်းများ_ အမွေး အညစ်အကြေး စသည်အင်းဆက်ပိုးမွှားကိုက်ခံရခြင်း၊ထူးထူးခြားခြားအနေနဲ့ပိုးဟပ်၊ ဝတ်မှုန်၊ အိမ်သုံးဓာတုပစ္စည်းများ ဥပမာ ဆပ်ပြာ Latex ရာဘာလက်အိပ်၊ ဆေးဝါးများ (ပင်နယ်ဆလင် အက်စပရင် ဆာလ်ဖာစသဖြင့်)

ဓာတ်မတည့်ခြင်းရဲ့လက္ခဏာတွေကဘာတွေလဲ။

ဓာတ်မတည့်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ အင်္ဂါအဖွဲ့အစည်းတော်တော်များများကို ထိခိုက်စေပါတယ်။
အရေပြား အသက်ရှူလမ်းကြောင်း အစာအိမ်နဲ့အူလမ်းကြောင်းတွေမှာ လက္ခဏာပြတတ်ပါတယ်။

အရေပြားမှာအဖုအပိမ့်ထွက်တာ ယားယံတာတွေဖြစ်တတ်ပါတယ်။
အသက်ရှူလမ်းကြောင်းဆိုင်ရာအနေနဲ့တော့ နှာချေတာ နှာခေါင်းပိတ်တာ နှာရည်ယိုတာ ချောင်းဆိုးတာ အသက်ရှူ လေပြွန်ရောင်ပြီးအသက်ရှူ ရခက်တာတွေဖြစ်တတ်ပါတယ်။

အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေကတော့ ခံတွင်းယားတာ အန်တာ ဗိုက်အောင့်တာ ဝမ်းလျှောတာနဲ့ ဝမ်းသွားရင်းသွေးပါတာတွေဖြစ်တတ်ပါတယ်။

ဆိုးရွာပြင်းထန်တဲ့ ဓာတ်မတည့်ခြင်း(Anaphylaxis)တွေမှာတော့ အထက်ပါလက္ခဏာတွေအပြင် သွေးပေါင်ရုတ်တရက်ပြုတ်ကျပြီး သွေးလန့်တာမျိုးအထိဖြစ်နိုင်ပြီး အသက်သေဆုံးတာတွေလည်း ဖြစ်တတ်ပါတယ်။အရပ်ထဲမှာပြောလေ့ရှိတဲ့ ဆေးထိုးမှားတယ်ဆိုတဲ့ကိစ္စတော်တော်များများဟာ ဆေးထိုးမှားတာမဟုတ်ဘဲ ဆေးဓာတ်မတည့်ခြင်းကြောင့်ဖြစ်ရတာများပါတယ်။

ဓာတ်မတည့်ခြင်းတွေကို ဘယ်လိုကာကွယ်ကုသမလဲ။

အဓိကကတော့ ဓာတ်မတည့်ခြင်းဖြစ်စေတဲ့အရာကို ရှောင်ရှားခြင်းပါပဲ။မိမိနဲ့မတည့်တဲ့အစားအသောက် အနံ့ အလှကုန်တွေကိုရှောင်ခြင်းကအကောင်းဆုံးပါပဲ။မလိုအပ်ပဲဆေးသောက်တာ ဆေးထိုးတာတွေကိုလည်း ရှောင်ရှားသင့်ပါတယ်။ဆေးရုံဆေးခန်းသွားတဲ့အခါ မိမိနဲ့မတည့်တဲ့ဆေးဝါးရှိရင်လည်း ဆရာဝန်ကို ကြိုတင်ပြောပြရပါမယ်။

အကယ်၍ မရှောင်နိုင်ဘဲ ထိတွေ့မှုရှိလို့ ဝေဒနာခံစားရပြီဆိုရင် ဆေးဝါးကုသမှုခံယူဖို့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ရပါမယ်။မိမိရဲ့ ရောဂါပြင်းထန်မှုအလိုက်ကုသမှုပေးမှာဖြစ်ပါတယ်။

Dr. ပွင့်ဖြိုးကျော်

Reference;https://www.medicalnewstoday.com/articles/264419.php

Allergy ေခၚ ဓာတ္မတည့္ျခင္း ျပသနာ

Allergy ေခၚ ဓာတ္မတည့္ျခင္းျပသနာဟာ လူေတာ္ေတာ္မ်ားမ်ားၾကံဳေတြ႕ဖူးတဲ႔ ကိစၥမ်ိဳးပါ။လူေတြမွာသူတို႕နဲ႔မတည့္တဲ႔ အစားအေသာက္ အနံ႕ အလွကုုန္ ေဆးစသည္ျဖင့္ရွိတတ္ၾကပါတယ္။ဓာတ္မတည့္ျခင္းဟာ သာမန္မျပင္းထန္တဲ့လကၡဏာေလးေတြသာမက တစ္ခါတစ္ရံမွာ အသက္ဆံုးသည္အထိေတာင္ျဖစ္ေစတတ္ပါတယ္။

ဓာတ္မတည့္ျခင္းဟာ ဘာေၾကာင့္ျဖစ္ရတာလဲ။

ဓာတ္မတည့္ျခင္းဆိုတာဟာ လူေတြရဲ႕ပတ္ဝန္းက်င္မွာရွိတဲ႔ အႏၱရာယ္မရွိတဲ႔သာမန္ပစၥည္းေလးေတြကို ခႏၶာကိုယ္ရဲ႕ခုခံအားစနစ္က အလြန္အမင္းတံု႕ျပန္တိုက္ခိုက္ျခင္းေၾကာင့္ျဖစ္ရပါတယ္။ဒါေၾကာင့္လည္းတျခားလူေတြအတြက္ ဘာမွမျဖစ္ေစတဲ႔အရာေလးေတြက ကိုယ္နဲ႔က်မွမတည့္ဘူးဆိုတဲ႔ျဖစ္ရပ္ေလးေတြ ျဖစ္လာတာပါ။

ဓာတ္မတည့္ျခင္းကိုျဖစ္ေစတတ္တဲ႔အရာေတြကဘာေတြလဲ။

အစားအေသာက္_ၾကက္ဥ ငါး နို႕ အေစ့အဆံ ေျမပဲ ဂ်ံ ဳ ပဲႏို႕ ဂံုး ေျပာင္းဖူး ဖရုံသီး ႏွမ္း၊ တိရစၧာန္ထြက္ပစၥည္းမ်ား_ အေမြး အညစ္အေၾကး စသည္အင္းဆက္ပိုးမႊားကိုက္ခံရျခင္း၊ထူးထူးျခားျခားအေနနဲ႔ပိုးဟပ္၊ ဝတ္မႈန္၊ အိမ္သံုးဓာတုပစၥည္းမ်ား ဥပမာ ဆပ္ျပာ Latex ရာဘာလက္အိပ္၊ ေဆးဝါးမ်ား (ပင္နယ္ဆလင္ အက္စပရင္ ဆာလ္ဖာစသျဖင့္)

ဓာတ္မတည့္ျခင္းရဲ႕လကၡဏာေတြကဘာေတြလဲ။

ဓာတ္မတည့္ျခင္းဟာ ခႏၶာကိုယ္ရဲ႕ အဂၤါအဖြဲ႕အစည္းေတာ္ေတာ္မ်ားမ်ားကို ထိခိုက္ေစပါတယ္။
အေရျပား အသက္ရွဴလမ္းေၾကာင္း အစာအိမ္နဲ႔အူလမ္းေၾကာင္းေတြမွာ လကၡဏာျပတတ္ပါတယ္။

အေရျပားမွာအဖုအပိမ့္ထြက္တာ ယားယံတာေတြျဖစ္တတ္ပါတယ္။
အသက္ရွဴလမ္းေၾကာင္းဆိုင္ရာအေနနဲ႔ေတာ့ ႏွာေခ်တာ နွာေခါင္းပိတ္တာ နွာရည္ယိုတာ ေခ်ာင္းဆိုးတာ အသက္ရွဴ ေလျပြန္ေရာင္ျပီးအသက္ရွဴ ရခက္တာေတြျဖစ္တတ္ပါတယ္။

အစာအိမ္နဲ႔အူလမ္းေၾကာင္းဆိုင္ရာ လကၡဏာေတြကေတာ့ ခံတြင္းယားတာ အန္တာ ဗိုက္ေအာင့္တာ ဝမ္းေလ်ွာတာနဲ႕ ဝမ္းသြားရင္းေသြးပါတာေတြျဖစ္တတ္ပါတယ္။

ဆိုးရြာျပင္းထန္တဲ႔ ဓာတ္မတည့္ျခင္း(Anaphylaxis)ေတြမွာေတာ့ အထက္ပါလကၡဏာေတြအျပင္ ေသြးေပါင္ရုတ္တရက္ျပဳတ္က်ျပီး ေသြးလန္႕တာမ်ိဳးအထိျဖစ္နိုင္ျပီး အသက္ေသဆံုးတာေတြလည္း ျဖစ္တတ္ပါတယ္။အရပ္ထဲမွာေျပာေလ့ရွိတဲ႔ ေဆးထိုးမွားတယ္ဆိုတဲ႔ကိစၥေတာ္ေတာ္မ်ားမ်ားဟာ ေဆးထိုးမွားတာမဟုတ္ဘဲ ေဆးဓာတ္မတည့္ျခင္းေၾကာင့္ျဖစ္ရတာမ်ားပါတယ္။

ဓာတ္မတည့္ျခင္းေတြကို ဘယ္လိုကာကြယ္ကုသမလဲ။

အဓိကကေတာ့ ဓာတ္မတည့္ျခင္းျဖစ္ေစတဲ႔အရာကို ေရွာင္ရွားျခင္းပါပဲ။မိမိနဲ႔မတည့္တဲ႔အစားအေသာက္ အနံ႔ အလွကုန္ေတြကိုေရွာင္ျခင္းကအေကာင္းဆံုးပါပဲ။မလိုအပ္ပဲေဆးေသာက္တာ ေဆးထိုးတာေတြကိုလည္း ေရွာင္ရွားသင့္ပါတယ္။ေဆးရုံေဆးခန္းသြားတဲ႔အခါ မိမိနဲ႔႔မတည့္တဲ႔ေဆးဝါးရွိရင္လည္း ဆရာဝန္ကို ၾကိဳတင္ေျပာျပရပါမယ္။

အကယ္၍ မေရွာင္နိုင္ဘဲ ထိေတြ႔မႈရွိလို႔ ေဝဒနာခံစားရျပီဆုိရင္ ေဆးဝါးကုသမႈခံယူဖို႕ ဆရာဝန္နဲ႕ေဆြးေႏြးတိုင္ပင္ရပါမယ္။မိမိရဲ႕ ေရာဂါျပင္းထန္မႈအလိုက္ကုသမႈေပးမွာျဖစ္ပါတယ္။

Dr. ပြင့္ျဖိဳးေက်ာ္

Reference;https://www.medicalnewstoday.com/articles/264419.php

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…
All Articlesအခြားရောဂါများ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…

Leave a Reply

Your email address will not be published. Required fields are marked *