သွေးလွန်တုပ်ကွေးနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

သွေးလွန်တုပ်ကွေးဆိုတာ မြန်မာပြည်လို အပူပိုင်းဒေသတွေမှာ အဖြစ်များတဲ့ရောဂါပါ..။ ကလေးငယ်တွေမှာ အဖြစ်များပေမယ့် လူကြီးတွေမှာလည်း ဖြစ်နိုင်ပါတယ်..။ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တာမို့ ဂရုစိုက်သင့်တဲ့ရောဂါတစ်ခုလည်းဖြစ်ပါတယ်..။

Dengue virus လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး ဗိုင်းရပ်စ်အမျိူးအစားကွဲလေးမျိူးရှိပါတယ်..။ ရောဂါပိုးကို ခြင်ကတဆင့်သယ်ဆောင်ပါတယ်..။ရောဂါဖြစ်ပြိဆိုရင် သာမန်ဖျားနာတဲ့ပုံစံလောက်ကနေစပြီး ကိုယ်တွင်းသွေးယိုတဲ့အဆင့်… သွေးလန့် သွေးပေါင်ကျတဲ့အဆင့်တွေအထိ ရှိပါတယ်..။

ခြင်တွေဘယ်နေရာမှာ ပေါက်ဖွားကြသလဲ

သန့်ရှင်းတဲ့ရေထဲမှာ ပေါက်ဖွားပါတယ်..။ လူနေအိမ်တွေထဲမှာရှိတဲ့ ရေခွက်.. ရေပုံး… ဘုရားသောက်တော်ရေခွက်… အိုးခြမ်းပဲ့ စတဲ့ ရေကြည်ရေသန့်ရှိတဲ့ နေရာတွေမှာ ပိုးလောက်လန်းတွေကို ပေါက်ဖွားကြပါတယ်..။ ကျပ်စေ့တစ်စေ့လောက်ရှိတဲ့ ရေပမာဏရှိရင် ပေါက်ဖွားနိုင်တယ်ဆိုပါတယ်…။

ရောဂါပိုးဘယ်လိုကူးစက်သလဲ

သွေးလွန်တုပ်ကွေးရောဂါဟာ လူတစ်ယောက်နဲ့တစ်ယောက်တိုက်ရိုက် ကူးစက်တာမျိူးတော့မဟုတ်ပါဘူး..။ ဒါပေမယ့် ရောဂါပိုးရှိတဲ့လူရဲ့သွေးကို ခြင်ကိုက်လိုက်တဲ့အခါ ခြင်ကို ရောဂါပိုးကူးစက်သွားပါတယ်..။ အဲဒီခြင်ကနေ နောက်လူတစ်ယောက်ကို ကိုက်တဲ့အခါ နောက်လူမှာ ရောဂါပိုးကူးစက်ခံရပါတော့တယ်..။

ရောဂါလက္ခဏာတွေက ဘာတွေလဲ

ရောဂါပိုးရှိတဲ့ ခြင်ကိုက်ခံရပြီး တစ်ရက်ခွဲကနေ ဆယ်ရက်အကြာမှာ ရောဂါလက္ခဏာတွေ စပြပါတယ်..။ သာမန်တုပ်ကွေးလက္ခဏာတွေနဲ့ ဆင်တူတတ်ပါတယ်..။ ဖျားနာ.. လည်ချောင်းနာ… အဆစ်အမြစ်ကိုက်.. ကြွက်သားနာကျင်..ခေါင်းကိုက်တာတွေအပြင် ပျိူ့အန်တာတွေလည်းရှိတတ်ပါတယ်..။ ဖျားပြီး ရက်အတော်ကြာမှ ခန္ဒာကိုယ်မှာ အနီစက်တွေပေါ်လာတ်ပါတယ်..။

ပြင်းထန်တဲ့ လက္ခဏာတွေ ဖြစ်တဲ့ အပြင်းအထန်ဗိုက်အောင့်ခြင်း… ဆက်တိုက်အန်ခြင်း.. သွားဖုံးသွေးယိုခြင်း.. ကော်ဖီရောင်အန်ခြင်း… အသက်ရှူမြန်ခြင်း… နုံးခြင်း… မတည်ငြိမ်ကယောက်ကယက်ဖြစ်ခြင်း တွေက စဖျားပြီး သုံးရက်ကနေ ခုနစ်ရက်အကြာမှာဖြစ်တတ်ပါတယ်..။
ဒီလိုလက္ခဏာတွေဖြစ်လာပြီဆိုရင်တော့ နီးစပ်ရာဆရာဝန်ဆီမှာ ပြသတိုင်ပင်ပြီး ကုသမှူခံယူသင့်ပါတယ်..။ လိုအပ်ရင် ဆေးရုံတက်ပြီး အနီးကပ်ကြည့်ရှူစောင့်ရှောက်မှူယူဖို့ ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်..။

ရောဂါမဖြစ်အောင်ဘယ်လို ကာကွယ်ရမလဲ

အဓိကကတော့ ခြင်ကိုက်မခံရအောင် နေဖို့ပါပဲ..။ အရေပြားကို ဖုံးနိုင်တဲ့ အင်္ကျိ ဘောင်းဘီလက်ရှည်ဝတ်တာ… ခြင်ကိုက်မခံရအောင်ကာကွယ်တဲ့ လိမ်းဆေးတွေလိမ်းတာ..ခြင်ထောင်ထောင်တာ… ခြင်လုံဇကာတပ်တာမျိူး လုပ်သင့်ပါတယ်..။ ခြင်ဆေးခွေကတော့ အဆိပ်ဓာတ်တွေ ပါတဲ့အတွက် တတ်နိုင်သရွေ့ရှောင်သင့်ပါတယ်..။ ခြုံပုတ်တွေကို ရှင်းတာ… ရေမြောင်းတွေကို ရေစီးရေလာကောင်းအောင်လုပ်တာမျိူးလည်း ဆောင်ရွက်သင့်ပါတယ်..။

မေတ္တာဖြင့်

ဒေါက်တာ စိမ်းမိုးစက်

Ref
https://www.mountelizabeth.com.sg/healthplus/article/all-you-need-to-know-about-dengue

ေသြးလြန္တုပ္ေကြးနဲ႕ ပတ္သက္ျပီး သိထားသင့္သမွ်

ေသြးလြန္တုပ္ေကြးဆိုတာ ျမန္မာျပည္လို အပူပိုင္းေဒသေတြမွာ အျဖစ္မ်ားတဲ႕ေရာဂါပါ..။ ကေလးငယ္ေတြမွာ အျဖစ္မ်ားေပမယ့္ လူၾကီးေတြမွာလည္း ျဖစ္နိုင္ပါတယ္..။ အသက္အႏၱရာယ္ကို ျခိမ္းေျခာက္နိုင္တာမို႕ ဂရုစိုက္သင့္တဲ႕ေရာဂါတစ္ခုလည္းျဖစ္ပါတယ္..။

Dengue virus လို႕ေခၚတဲ႕ ဗိုင္းရပ္စ္ပိုးေၾကာင့္ျဖစ္ျပီး ဗိုင္းရပ္စ္အမ်ိဴးအစားကြဲေလးမ်ိဴးရွိပါတယ္..။ ေရာဂါပိုးကို ျခင္ကတဆင့္သယ္ေဆာင္ပါတယ္..။ေရာဂါျဖစ္ျပိဆိုရင္ သာမန္ဖ်ားနာတဲ႕ပံုစံေလာက္ကေနစျပီး ကိုယ္တြင္းေသြးယိုတဲ႕အဆင့္… ေသြးလန္႕ ေသြးေပါင္က်တဲ႕အဆင့္ေတြအထိ ရွိပါတယ္..။

ျခင္ေတြဘယ္ေနရာမွာ ေပါက္ဖြားၾကသလဲ

သန္႕ရွင္းတဲ႕ေရထဲမွာ ေပါက္ဖြားပါတယ္..။ လူေနအိမ္ေတြထဲမွာရွိတဲ႕ ေရခြက္.. ေရပံုး… ဘုရားေသာက္ေတာ္ေရခြက္… အိုးျခမ္းပဲ႕ စတဲ႕ ေရၾကည္ေရသန့္ရွိတဲ႕ ေနရာေတြမွာ ပိုးေလာက္လန္းေတြကို ေပါက္ဖြားၾကပါတယ္..။ က်ပ္ေစ့တစ္ေစ့ေလာက္ရွိတဲ႕ ေရပမာဏရွိရင္ ေပါက္ဖြားနိုင္တယ္ဆိုပါတယ္…။

ေရာဂါပိုးဘယ္လိုကူးစက္သလဲ

ေသြးလြန္တုပ္ေကြးေရာဂါဟာ လူတစ္ေယာက္နဲ႕တစ္ေယာက္တိုက္ရိုက္ ကူးစက္တာမ်ိဴးေတာ့မဟုတ္ပါဘူး..။ ဒါေပမယ့္ ေရာဂါပိုးရွိတဲ႕လူရဲ႕ေသြးကို ျခင္ကိုက္လိုက္တဲ႕အခါ ျခင္ကို ေရာဂါပိုးကူးစက္သြားပါတယ္..။ အဲဒီျခင္ကေန ေနာက္လူတစ္ေယာက္ကို ကိုက္တဲ႕အခါ ေနာက္လူမွာ ေရာဂါပိုးကူးစက္ခံရပါေတာ့တယ္..။

ေရာဂါလကၡဏာေတြက ဘာေတြလဲ

ေရာဂါပိုးရွိတဲ႕ ျခင္ကိုက္ခံရျပီး တစ္ရက္ခြဲကေန ဆယ္ရက္အၾကာမွာ ေရာဂါလကၡဏာေတြ စျပပါတယ္..။ သာမန္တုပ္ေကြးလကၡဏာေတြနဲ႕ ဆင္တူတတ္ပါတယ္..။ ဖ်ားနာ.. လည္ေခ်ာင္းနာ… အဆစ္အျမစ္ကိုက္.. ၾကြက္သားနာက်င္..ေခါင္းကိုက္တာေတြအျပင္ ပ်ိဴ႕အန္တာေတြလည္းရွိတတ္ပါတယ္..။ ဖ်ားျပီး ရက္အေတာ္ၾကာမွ ခႏၵာကိုယ္မွာ အနီစက္ေတြေပၚလာတ္ပါတယ္..။

ျပင္းထန္တဲ႕ လကၡဏာေတြ ျဖစ္တဲ႕ အျပင္းအထန္ဗိုက္ေအာင့္ျခင္း… ဆက္တိုက္အန္ျခင္း.. သြားဖံုးေသြးယိုျခင္း.. ေကာ္ဖီေရာင္အန္ျခင္း… အသက္ရွဴျမန္ျခင္း… နံုးျခင္း… မတည္ျငိမ္ကေယာက္ကယက္ျဖစ္ျခင္း ေတြက စဖ်ားျပီး သံုုးရက္ကေန ခုနစ္ရက္အၾကာမွာျဖစ္တတ္ပါတယ္..။
ဒီလိုလကၡဏာေတြျဖစ္လာျပီဆိုရင္ေတာ့ နီးစပ္ရာဆရာ၀န္ဆီမွာ ျပသတိုင္ပင္ျပီး ကုသမွဴခံယူသင့္ပါတယ္..။ လိုအပ္ရင္ ေဆးရံုတက္ျပီး အနီးကပ္ၾကည့္ရွူေစာင့္ေရွာက္မွူယူဖို႕ ဆရာ၀န္က ညႊန္ၾကားပါလိမ့္မယ္..။

ေရာဂါမျဖစ္ေအာင္ဘယ္လို ကာကြယ္ရမလဲ

အဓိကကေတာ့ ျခင္ကိုက္မခံရေအာင္ ေနဖို႕ပါပဲ..။ အေရျပားကို ဖံုးနိုင္တဲ႕ အက်ၤိ ေဘာင္းဘီလက္ရွည္၀တ္တာ… ျခင္ကိုက္မခံရေအာင္ကာကြယ္တဲ႕ လိမ္းေဆးေတြလိမ္းတာ..ျခင္ေထာင္ေထာင္တာ… ျခင္လံုဇကာတပ္တာမ်ိဴး လုပ္သင့္ပါတယ္..။ ျခင္ေဆးေခြကေတာ့ အဆိပ္ဓာတ္ေတြ ပါတဲ႕အတြက္ တတ္နိုင္သေရြ႕ေရွာင္သင့္ပါတယ္..။ ျခံဳပုတ္ေတြကို ရွင္းတာ… ေရေျမာင္းေတြကို ေရစီးေ၇လာေကာင္းေအာင္လုပ္တာမ်ိဴးလည္း ေဆာင္ရြက္သင့္ပါတယ္..။

ေမတၱာျဖင့္

ေဒါက္တာ စိမ္းမိုးစက္

Ref
https://www.mountelizabeth.com.sg/healthplus/article/all-you-need-to-know-about-dengue

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…
All Articlesအခြားရောဂါများ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…

Leave a Reply

Your email address will not be published. Required fields are marked *