All Articlesမျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေး

မိန်းမကိုယ်တွင်း ထည့်သွင်းအသုံးပြုရတဲ့ ဆေးများအကြောင်း

1 Mins read

မိန်းမကိုယ်တွင်း ထည့်သွင်းအသုံးပြုရတဲ့ ဆေးများအကြောင်း

Vaginal suppositories ဆိုတာ မိန်းမကိုယ်တွင်း ထိုးသွင်းအသုံးပြုရတဲ့ ဆေးတောင့်အခဲလေးတွေပဲ ဖြစ်ပါတယ်။ ဆေးတောင့်လေးတွေကို မိန်းမကိုယ်တွင်း စနစ်တကျထည့်ပြီးတာနဲ့ ကိုယ်ခန္ဓာရဲ့ အပူချိန်ကြောင့် အရည်ပျော်သွားကာ ဆေးအာနိသင်ကို ရရှိစေပါတယ်။

မိန်းမကိုယ်တွင်း မှိုစွဲရာမှာကုသတဲ့ဆေးတောင့်များ၊ မိန်းမကိုယ် ယားယံရာမှာ ကုသတဲ့ vaginal suppo များ၊ မိန်းမကိုယ်ခြောက်သွေ့ခြင်းတွေကို သက်သာစေတဲ့ suppo များ စတဲ့ vaginal suppositories အမျိုးအစား အများအပြားရှိပါတယ်။ ယခုအခါ သားဆက်ခြားနည်းအဖြစ်လည်း vaginal suppo တွေကို တီထွင်အသုံးပြုနေကြပါပြီ။

✔ မိန်းမကိုယ်မှိုစွဲခြင်း

Candida albican လို့ခေါ်တဲ့ မှိုတစ်မျိုးကြောင့် မိန်းမကိုယ်ယားယံပြီး မှိုရောဂါတစ်မျိုး ဖြစ်နိုင်ပါတယ်။ ဒီလို မှိုရောဂါမျိုးကို Clotrimazole, Miconazole ကဲ့သို့ မိန်းမကိုယ်တွင်းထည့်သွင်း အသုံးပြုရတဲ့ ဆေးများဖြင့် ကုသနိုင်ပါတယ်။ ရောဂါအနေအထားနှင့် ဆေးပမာဏပေါ်မူတည်ပြီး ဆရာဝန်ညွှန်ကြားချက်ဖြင့် ၃-၇ ရက်အထိ ကုသရနိုင်ပါတယ်။

✔ မိန်းမကိုယ်ခြောက်သွေ့ခြင်း

ရာသီသွေးဆုံးပြီး အမျိုးသမီးတွေမှာ မိန်းမကိုယ်ခြောက်သွေ့ခြင်းတွေ ဖြစ်လေ့ရှိတတ်ပါတယ်။ မိန်းမကိုယ်ခြောက်သွေ့ခြင်းတွေ သက်သာစေဖို့ သားဖွားမီးယပ်ဆရာဝန်နှင့် တိုင်ပင်၍ မိန်းမကိုယ်တွင်း ထည့်သွင်းအသုံးပြုရတဲ့ Estrogen vaginal tablets တွေအသုံးပြုနိုင်ပါတယ်။

✔ သားဆက်ခြားအဖြစ် vaginal suppository

သားဆက်ခြားနည်းအဖြစ် အသုံးပြုတဲ့ vaginal suppository တွေက သုတ်ပိုးများမဝင်ရောက်နိုင်အောင် သားအိမ်ခေါင်းထိပ်ဝမှာ အမြှုပ်တွေအဖြစ်နဲ့ တားဆီးပါတယ်။ ထို့အပြင် သားအိမ်သို့ မသွားရောက်နိုင်အောင် သုတ်ပိုးတွေကို သေစေပါတယ်။ ဆေးအာနိသင် ရရှိရန် လိင်မဆက်ဆံမီ ၁၀မိနစ်အလိုမှမ၍ မိန်းမကိုယ်ထဲ ဆေးတောင့်ကို ထည့်သွင်းထားရပါမယ်။ ထိုမှသာ ဆေးအရည်ပျော်ဖို့အတွက် အချိန်အလုံအလောက် ရရှိနိုင်မှာပါ။ သို့သော် vaginal suppository သားဆက်ခြားနည်းကို မှန်မှန်ကန်ကန်သုံးသော်လည်း ကိုယ်ဝန်ရနိုင်ချေ ၁၈% ထိရှိတာကို သိထားသင့်ပါတယ်။ လိင်မှတစ်ဆင့် ကူးစက်သောရောဂါများကို vaginal suppository များက မကာကွယ်ပေးနိုင်ပါ။

✏ Vaginal suppositories တွေက ယိုစိမ့်တတ်ပါတယ်။ ဒါကြောင့် လှဲအိပ်ခါနီး သို့ ညအိပ်ခါနီး အချိန်တွေမှာ သုံးခြင်းက ပိုသင့်တော်ပါတယ်။

✏ အသုံးမပြုမီ ဆေးအရည်ပျော်ခြင်းမှ ကာကွယ်ရန် အေးသောနေရာတွင် ထားပါ။ ဆေးအညွှန်းတွင် ရေခဲသေတ္တာထဲထည့်ရန် လိုအပ်ပါက ထည့်ထားရပါမယ်။

✏ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ အသုံးပြုပါ။ မှိုသတ်ဆေး၊ ပိုးသတ်ဆေးများကို ရေရှည်သုံးစွဲရန် မသင့်တော်ပါ။

✏ Tampon များသည် ဆေးအချို့ကို စုပ်ယူသွားနိုင်တဲ့အတွက် Vaginal suppo များအသုံးပြုစဉ် tampon များ အသုံးမပြုသင့်ပါ။

ကျန်းမာလှပသော ဘဝတစ်ခု ပိုင်ဆိုင်စေရန် ရည်ရွယ်လျက်

ပွင့်ရည်(ဆေး၂)

မိန္​းမကိုယ္​တြင္​း ထည့္သြင္း​​အသံုးျပဳရတဲ့ ​ေဆးမ်ားအ​ေၾကာင္​း

Vaginal suppositories ဆိုတာ မိန္​းမကိုယ္​တြင္​း ထိုးသြင္​းအသံုးျပဳရတဲ့ ​ေဆး​ေတာင္​့အခဲ​ေလး​ေတြပဲ ျဖစ္​ပါတယ္​။ ​ေဆး​ေတာင္​့​ေလး​ေတြကို မိ္န္​းမကိုယ္​တြင္​း စနစ္​တက်ထည္​့ၿပီးတာနဲ႔ ကိုယ္​ခႏၶာရဲ႕ အပူခ်ိန္​​ေၾကာင္​့ အရည္​​ေပ်ာ္​သြားကာ ​ေဆးအာနိသင္​ကို ရရိွ​ေစပါတယ္​။

မိန္​းမကိုယ္​တြင္​း မိႈစြဲရာမွာကုသတဲ့​ေဆး​ေတာင္​့မ်ား၊ မိန္​းမကိုယ္​ ယားယံရာမွာ ကုသတဲ့ vaginal suppo မ်ား၊ မိန္​းမကိုယ္​​ေျခာက္​​ေသြ႔ျခင္​း​ေတြကို သက္​သာ​ေစတဲ့ suppo မ်ား စတဲ့ vaginal suppositories အမ်ိဳးအစား အမ်ားအျပားရိွပါတယ္​။ ယခုအခါ သားဆက္​ျခားနည္​းအျဖစ္​လည္​း vaginal suppo ​ေတြကို တီထြင္​အသံုးျပဳ​ေနၾကပါၿပီ။

✔ မိန္​းမကိုယ္​မိႈစြဲျခင္​း

Candida albican လို႔​ေခၚတဲ့ မိႈတစ္​မ်ိဳး​ေၾကာင္​့ မိန္​းမကိုယ္​ယားယံၿပီး မိႈ​ေရာဂါတစ္​မ်ိဳး ျဖစ္​ႏိုင္​ပါတယ္​။ ဒီလို မိႈ​ေရာဂါမ်ိဳးကို Clotrimazole, Miconazole ကဲ့သို႔ မိန္​းမက္ိုယ္​တြင္​းထည္​့သြင္​း အသံုးျပဳရတဲ့ ​ေဆးမ်ားျဖင္​့ ကုသႏိုင္​ပါတယ္​။ ​ေရာဂါအ​ေနအထားႏွင္​့ ​ေဆးပမာဏ​ေပၚမူတည္​ၿပီး ဆရာဝန္​ၫႊန္​​ၾကားခ်က္​ျဖင္​့ ၃-၇ ရက္​အထိ ကုသရႏိုင္​ပါတယ္​။

✔ မိန္​းမကိုယ္​​ေျခာက္​​ေသြ႔ျခင္​း

ရာသီ​ေသြးဆံုးၿပီး အမ်ိဳးသမီး​ေတြမွာ မိန္​းမကိုယ္​​ေျခာက္​​ေသြ႔ျခင္​း​ေတြ ျဖစ္​​ေလ့ရိွတတ္​ပါတယ္​။ မိန္​းမကိုယ္​​ေျခာက္​​ေသြ႔ျခင္​း​ေတြ သက္​သာ​ေစဖို႔ သားဖြားမီးယပ္​ဆရာဝန္​ႏွင္​့ တိုင္​ပင္​၍ မိန္​းမကိုယ္​တြင္​း ထည္​့သြင္​းအသံုးျပဳ​ရတဲ့ Estrogen vaginal tablets ​ေတြအသံုးျပဳႏိုင္​ပါတယ္​။

✔ သားဆက္​ျခားအျဖစ္​ vaginal suppository

သားဆက္​ျခားနည္​းအျဖစ္​ အသံုးျပဳတဲ့ vaginal suppository ​ေတြက သုတ္​ပိုးမ်ားမဝင္​​ေရာက္​ႏိုင္​​ေအာင္​ သားအိမ္​​ေခါင္​းထိပ္​ဝမွာ အျမႇဳပ္​​ေတြအျဖစ္​နဲ႔ တားဆီးပါတယ္​။ ထို႔အျပင္​ သားအိမ္​သို႔ မသြား​ေရာက္​ႏိုင္​​ေအာင္​ သုတ္​ပိုး​ေတြကို ​ေသ​ေစပါတယ္​။ ​ေဆးအာနိသင္​ ရရိွရန္​ လိင္​မဆက္​ဆံမီ ၁၀မိနစ္​အလိုမွမ၍ မိန္​းမကိုယ္​ထဲ ​ေဆး​ေတာင္​့ကို ထည္​့သြင္​းထားရပါမယ္​။ ထိုမွသာ ​ေဆးအရည္​​ေပ်ာ္​ဖို႔အတြက္​ အခ်ိန္​အလံုအ​ေလာက္​ ရရိွႏိုင္​မွာပါ။ သို႔​ေသာ္​ vaginal suppository သားဆက္​ျခားနည္​းကို မွန္​မွန္​ကန္​ကန္​သံုး​ေသာ္​လည္​း ကိုယ္​ဝန္​ရႏိုင္​​ေခ် ၁၈% ထိရိွတာကို သိထားသင္​့ပါတယ္​။ လိင္​မွတစ္​ဆင္​့ ကူးစက္​​ေသာ​ေရာဂါမ်ားကို vaginal suppository မ်ားက မကာကြယ္​​ေပးႏိုင္​ပါ။

✏ Vaginal suppositories ​ေတြက ယိုစိမ္​့တတ္​ပါတယ္​။ ဒါ​ေၾကာင္​့ လွဲအိပ္​ခါနီး သို႔ ညအိပ္​ခါနီး အခ်ိန္​​ေတြမွာ သံုးျခင္​းက ပိုသင္​့​ေတာ္​ပါတယ္​။

✏ အသံုးမျပဳမီ ​ေဆးအရည္​​ေပ်ာ္​ျခင္​းမွ ကာကြယ္​ရန္​ ​ေအး​ေသာ​ေနရာတြင္​ ထားပါ။​ ​ေဆးအၫႊန္​းတြင္​ ​ေရခဲ​ေသတၱာထဲထည္​့ရန္​ လိုအပ္​ပါက ထည္​့ထားရပါမယ္။

✏ ဆရာဝန္​ၫႊန္​ၾကားခ်က္​ျဖင္​့သာ အသံုးျပဳပါ။ မႈိသတ္​​ေဆး၊ ပိုးသတ္​​ေဆးမ်ားကို ​ေရ႐ွည္​သံုးစြဲရန္​ မသင္​့​ေတာ္​ပါ။

✏ Tampon မ်ားသည္​ ​ေဆးအခ်ိဳ႕ကို စုပ္​ယူသြားႏိုင္​တဲ့အတြက္​ Vaginal suppo မ်ားအသံုးျပဳစဥ္​ tampon မ်ား အသံုးမျပဳသင္​့ပါ။

က်န္​းမာလွပ​ေသာ ဘဝတစ္​ခု ပိုင္​ဆိုင္​​ေစရန္​ ရည္​ရြယ္​လ်က္​

ပြင့္ရည္​(​ေဆး၂)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေး

သားမွေးပြွန်ထည့်ကွင်း

1 Mins read
စက်ဝိုင်းပုံသဏ္ဍာန် ရာဘာကွင်းလေး တစ်ကွင်းက သန္ဓေတားနိုင်စွမ်းရှိတာကို သိကြလား။ ကိုယ်ဝန်ကို ဘယ်လိုတားပေးတာလဲ။ ဒီကွင်းလေးဟာ မဟော်မုန်းတွေပါဝင်ပြီး တစ်စိမ့်စိမ့်ထွက်ရှိပေးတဲ့အတွက် သားဥကြွေခြင်းကို တားပေးတယ်။ ကွင်းထည့်ထားတဲ့ တစ်ဝိုက်မှာလည်း ချွဲမြှေးတွေ ထူစေပြီး သုတ်ပိုးများ သားအိမ်အတွင်း ဝင်ရောက်ခြင်းကို တားမြစ်ပေးပြီး ကိုယ်ဝန်မရအောင် တားပေးပါတယ်။…