” ချိုလိမ်အကြောင်း သိကောင်းစရာ “
သင်ဟာ မကြာခင်မေမေဖြစ်တော့မယ့်သူလား? ဒါဆိုရင်တော့ ချိုလိမ်လေးတွေအကြောင်း မသိမဖြစ်သိထားဖို့တော့လိုမယ်နော်။
ပူတူတူးလေးတွေမွေးလာတဲ့အခါ ချိုလိမ်က မပါမဖြစ်လေ။
ကဲ…ကြည့်ကြမယ်…(1)ချိုလိမ်ဝယ်တဲ့အခါ ပူတူတူးလေးရဲ့ပါးစပ်နဲ့ သင့်လျော်ပြီး ကွက်တိကျမယ့် အရွယ်အစားကိုရွေးဝယ်ရပါမယ်။
(2)ချိုလိမ်စို့ရတာနဲ့ မိခင်နို့စို့ရတာ သဘာဝခြင်းမတူပါဘူး။ဆိုတော့….ကလေးကို မွေးကင်းစတည်းက ချိုလိမ်ပေးစို့လိုက်မယ်ဆိုရင် ကလေးနို့စို့တာ နည်းသွားနိုင်ပါတယ်။ဒါကြောင့် ကလေး ၃ပတ် /၄ပတ် အရွယ်လောက်ရောက်မှ ချိုလိမ်ပေးစို့ပါ။
(3)ခုနကပြောသွားတဲ့ အချက်နှစ်ချက်ကိုကြည့်ခြင်းအားဖြင့် မေမေတို့အနေနဲ့ ကလေးမမွေးမီ ချိုလိမ်ကြိုဝယ်ထားမယ့်အစား မွေးပြီးမှ သင့်တော်ရာရွေးဝယ်သင့်ကြောင်း သိလိုက်ပြီပေါ့နော်။
(4)လေဝင်လေထွက်အပေါက်လေးတွေပါတဲ့ ချိုလိမ်ကိုရွေးဝယ်ပါ။
(5)ကလေးတစ်ယောက်နဲ့အခြားကလေးတစ်ယောက်ကို ချိုလိမ်မျှဝေသုံးစွဲခြင်းရှောင်ရှားပါ။ကလေးတစ်ယောက်နဲ့တစ်ယောပ်ကြား ရောဂါပိုးဝေ မျှဝေပေးသလိုဖြစ်နိုင်လို့ပါ၊
(6)ချိုလိမ်တစ်ခါသုံးပြီးတိုင်း ရေနွေး၊ဆပ်ပြာတို့နှင့် ဆေးကြောပါ။
(7)ချိုလိမ်ကို သူ့အတိုင်းပဲစို့ပါစေ။ချိုလိမ်မှာ သကြားများ၊အချိုများသုတ်လိမ်း၍စို့စေခြင်းက ကလေးသွားများကို ပျက်စီးစေနိုင်လို့ပါ။
(8)ချိုလိမ်ဝယ်တဲ့အခါ Bisphenol A(BPA)မပါတဲ့ အမျိုးအစားရွေးဝယ်ပါ။
(9)ချိုလိမ်ဟာ ကလေးများအိပ်နေစဉ်ရုတ်တရက်သေဆုံးခြင်း (Sudden Infant Deaths,SIDS)ကိုလျှော့ချပေးတာမှန်ပါတယ်။ကဘေးအသက် ၆လပြည့်တဲ့အချိန်မှာ အဆိုပါ အိပ်နေစဉ်ရုတ်တရက်သေဆုံးခြင်းနှုန်းသိသိသာသာကျဆင်းသွားပြီမု့ိ ချိုလိမ်ပေးစို့ခြင်း အလေ့အထကိုဖြည်းဖြည်းခြင်းဖြတ်လို့ရပါပြီ။ဒီလိုဆို ကလေးအတွက် ရေရှည်သွားနဲ့သွားဖုံးပြသနာတွေ မဖြသ်စေတော့ပါဘူး။
မေ (ဆေး ၂)
မေ (ဆေး ၂)