ရာသီလာခြင်းနှင့် ပတ်သက်သော သိကောင်းစရာများ
၁။ ရာသီလာတယ်ဆိုတာ ဘာလဲ။
မိန်းကလေးတစ်ယောက် အပျိုဖြစ်တဲ့အချိန်ကနေစပြီး သွေးဆုံးတဲ့အချိန်ထိ ခန္ဓာကိုယ်ထဲမှာ မမျိုးဥဆိုတာလေးက တစ်လကို တစ်ခါ ကြွေတယ်။ အဲဒီမမျိုးဥလေးက အဖိုသုက်ပိုးနဲ့ ပေါင်းလိုက်ရရင် သန္ဓေအောင်သွားမယ်။ သန္ဓေအောင်သွားရင် အဆင်သင့် သန္ဓေတည်နိုင်အောင်ဆိုပြီး မမျိုးဥကြွေတာနဲ့ သားအိမ်နံရံကလည်း ထူလာပေးရတယ်။ အဲ့ဒီလို မပေါင်းလိုက်ရရင်တော့ မမျိုးဥလေးဟာ သေသွားမယ်။ ခုနက အဆင်သင့် သန္ဓေတည်နိုင်အောင်လို့ ထူထားပေးတဲ့ သားအိမ်နံရံတွေကလည်း မလိုအပ်တော့တဲ့အတွက် ကွာကျလာမယ်။ အဲဒီလို သေသွားတဲ့ မျိုးဥလေးနဲ့ သားအိမ်နံရံတွေကနေ ကွာကျလာတဲ့ အလွှာတွေ ပေါင်းပြီး ဆင်းလာတာကို ရာသီလာတယ်လို့ ခေါ်တာဖြစ်ပါတယ်။
၂။ ယုတ်ညံ့တဲ့ကိစ္စလား
ဒါက လူတွေပြောတတ်ကြတဲ့ အယူအဆတစ်ခုပါ။ ဓမ္မတာပေါ်တယ်ဆိုတာ ယုတ်ညံ့တာတဲ့။ သေချာစဉ်းစားကြည့်ရင် ဒါက အမျျိုးသမီးတစ်ယောက်ရဲ့ သဘာဝဖြစ်စဉ်ပါ။ လူရယ်လို့ဖြစ်ဖို့ အဖိုသုက်ပိုးနဲ့ မမျိုးဥနဲ့ ပေါင်းစပ်ရတာပါ။ အမျိုးသမီးတစ်ယောက် ဓမ္မတာပေါ်တာဟာ ရှက်စရာ၊ ယုတ်ညံ့တာလို့ တွေးရင် မမျိုးဥကြွေတာဟာလည်း ရှက်စရာ၊ ယုတ်ညံ့စရာပဲပေါ့။ ဘာလို့ဆိုတော့ မမျိုးဥသေဆုံးပြီး ဆင်းလာတာကို ရာသီလာတယ်ခေါ်တာကိုး။ ဒါဆို မမျိုးဥကနေ လူဖြစ်လာတဲ့သူတွေကရော ယုတ်ညံ့သလို ဖြစ်မကုန်ဘူးလား။ ဒါကြောင့် ရာသီလာတယ်ဆိုတာ သဘာဝဖြစ်စဉ်တစ်ရပ်ပဲ ဆိုတာမျိုး ရှုမြင်ပေးကြဖို့ လိုပါတယ်။
၃။ ဘယ်ရက်တွေမှာ ကိုယ်ဝန်ရနိုင်သလဲ
ဒါက လူငယ်အများစု၊ အိမ်ထောင်သည်အများစု သိချင်ကြတဲ့ မေးခွန်းဖြစ်တယ်။ မမျိုးဥကြွေမှ သုက်ပိုးနဲ့ပေါင်းပြီး ကိုယ်ဝန်ရတာဆိုတော့ အဲဒီမျိုးဥကြွေမယ့်ရက်ကို သိချင်ကြတယ်။ အဲဒီရက်ကို ခန့်မှန်းလို့ရတဲ့ နည်းတွေအများကြီးပဲ။ အမျိုးသမီးရဲ့ ကိုယ်အပူချိန်ကို တိုင်းပြီး ခန့်မှန်းတာရှိတယ်။ သားအိမ်ခေါင်းချွဲကို ကြည့်ပြီး ခန့်မှန်းတာရှိတယ်။ အသေးစိတ်ကို မပြောတော့ဘဲ အရေးကြီးတဲ့ နှစ်ချက်ကိုပဲ ပြောပြချင်တယ်။ ပထမတစ်ချက်က အဲ့လိုရက်တွက်ပြီး အတူနေဖို့က မိန်းကလေးသည် တစ်လတစ်ခါ ပုံမှန်ပေါ်နေတဲ့ အမျိုးသမီးမျိုး ဖြစ်ဖို့လိုတယ် ဆိုတာပဲ။ အကြောင်းကြောင်းကြောင့် ရာသီမမှန်နေတဲ့ အမျိုးသမီးဟာ အဲ့လိုရက်တွက်ပြီး အတူနေလို့မရဘူး။ ကိုယ်ဝန်ရနိုင်ချေများတယ်။
နောက်တစ်ခုက ဘယ်ရက်တွေမှာ ကိုယ်ဝန်ရနိုင်သလဲပေါ့။ ယေဘုယျဖြေရရင်တော့ ရာသီစက်ဝန်းရဲ့ အလယ်တည့်တည့်မှာ မမျိုးဥကြွေတယ်။ ဒါပေမယ့် အတိအကျ ပြောမရဘူး။ နောက်ပြီး ကြွေပြီးရင် သူကလည်း ရက်အနည်းငယ်တော့ သုက်ပိုးကို စောင့်သေးသလို၊ သုက်ပိုးကလည်း မိန်းကလေးခန္ဓာကိုယ်ထဲဝင်ပြီး ရက်အနည်းငယ် နေနိုင်သေးတယ်။ ဒါကြောင့် အရှင်းလင်းဆုံး ပြောရရင် ဓမ္မတာစပေါ်တဲ့ရက်ကနေ ၇ ရက်အတွင်းသည် ကိုယ်ဝန်မရဖို့ စိတ်အချရဆုံး ကာလဖြစ်ပါတယ်။
၄။ ဓမ္မတာလာရင် ဖြစ်တတ်တဲ့ ပြဿနာတွေ
တချို့ကတော့ ပြင်းပြင်းထန်ထန်ဖြစ်နိုင်ပြီး တချို့က သာမန်လောက်ပဲ ဖြစ်တယ်။ ဖြစ်တတ်တာတွေကတော့
- ရင်သားတွေ တင်းပြီးနာတာ
- ခေါင်းကိုက်တာ
- ဗိုက်အောင့်တာ၊ ခါးနာတာ
- မောပန်းလွယ်တာ၊ အားနည်းတာ
- မူးဝေပျို့အန်တာ
- စိတ်တင်းကြပ်တာ၊ စိတ်တိုလွယ်တာ
- စိတ်ဓါတ်ကျတာ၊ ပူပန်စိတ်များတာ၊ ခံစားလွယ်တာ
- အိပ်မပျော်တာ၊ လိင်စိတ်နည်းပါးတာ
- စိတ်ကယောက်ကယက်ဖြစ်တာ
- အထီးကျန် အဖော်မဲ့သလို ခံစားရတာတို့ ဖြစ်နိုင်ပါတယ်။
ဓမ္မတာလာချိန် ကိုက်ခဲတာတွေက သဘာဝကြောင့် ဖြစ်နိုင်သလို၊ သားအိမ်ထဲ အသားလုံးရှိနေတာ၊ မျိုးပွားအင်္ဂါ ပိုးဝင်ပြီး ယောင်ယမ်းနေတာ စတဲ့ပြဿနာတွေကြောင့်လည်း ဖြစ်နိုင်တယ်။
၅။ ဘယ်လိုဆို ပုံမှန်လဲ၊ ဘယ်လိုဆို ပုံမှန်မဟုတ်ဘူးလဲ
ဓမ္မတာပေါ်တယ်ဆိုတာ အမျိုးသမီးတိုင်း ကြုံတွေ့ရတဲ့ ကိစ္စမို့ ဒါနဲ့ပတ်သက်တဲ့ ပြဿနာတွေ၊ မေးခွန်းတွေကလည်း တော်တော်များပါတယ်။ တချို့ကပြောတယ်၊ တစ်လတည်း ၂ ခါ ပေါ်သတဲ့။ တချို့ကျတော့ ၅၀ ကျော်တဲ့အထိ သွေးမဆုံးသေးလို့တဲ့။ ဒါကြောင့် ဘယ်လိုဟာတွေက ပုံမှန်လဲဆိုတာကို သိစေချင်ပါတယ်။
တစ်ယောက်နဲ့တစ်ယောက် အပျိုဖြစ်တဲ့အသက်ချင်း မတူကြသလို သွေးဆုံးတဲ့အရွယ်ချင်းလည်း မတူကြဘူး။ အသက် ၉ နှစ်ကနေ ၁၅ နှစ် အတွင်း ရာသီစလာတတ်ပြီး အသက် ၄၀ နဲ့ ၅၅ နှစ်ကြားမှာ သွေးဆုံးတတ်တယ်။ သွေးဆုံးတယ်ဆိုတာကတော့ ဓမ္မတာမပေါ်တာ တစ်နှစ်တိတိပြည့်ပြီဆိုရင် သွေးဆုံးပြီလို့ သတ်မှတ်တာဖြစ်ပါတယ်။
ပုံမှန်အားဖြင့် ၂၈ ရက်တစ်ခါ သွေးပေါ်တတ်ပြီး ၂၁ ရက်ကနေ ၃၅ ရက်ထိကိုလည်း ပုံမှန်လို့ပဲ ယူဆနိုင်ပါတယ်။ ဥပမာ ဒီလ ၁ ရက်နေ့မှာ သွေးစပေါ်လိုက်တဲ့ အမျိုးသမီးဟာ ဒီလ ၂၂ ရက်နေ့မှာ နောက်တစ်ခါပေါ်တယ်ဆို တစ်လတည်းမှာ ၂ ကြိမ်တောင်ပေါ်တယ်လို့ ထင်ချင်စရာကြီး။ ဒါပေမယ့် တကယ်တမ်းက သူ့ရဲ့ရာသီစက်ဝန်းသည် ၂၁ ရက်စက်ဝန်းဖြစ်တယ်။ ၂၁ ရက်တစ်ခါ သွေးဆင်းတယ်ပေါ့။ ဒါကြောင့် စိုးရိမ်စရာမလိုဘူး။ ပထမဆုံးသွေးပေါ်တဲ့ရက်ကနေ နောက်တစ်ခါ သွေးပေါ်ရက်ကြား ရက်အရေအတွက်ကို ရေကြည့်လိုက်ပါ။ ဒါဆို ကိုယ့်ရာသီစက်ဝန်းဟာ ဘယ်နှရက်တစ်ခါ လာတဲ့ စက်ဝန်းလဲဆိုတာ သိပါလိမ့်မယ်။ နောက်ပြီး တစ်ခါလာရင် ၃ ရက်ကနေ ၇ ရက်ကြာတတ်သလို၊ ပမာဏအနည်းအများလည်း ကွာနိုင်ပါတယ်။ ကိုက်ခဲတာချင်းလည်း မတူနိုင်ကြပါဘူး။ ဒါတွေအကုန်လုံးဟာ ပုံမှန်လို့ သတ်မှတ်ထားနိုင်တဲ့အတွက် အေးအေးဆေးဆေး နေုလို့ရပါတယ်။
ပုံမှန်လို့ မယူဆသင့်တဲ့ အခြေအနေတွေကတော့
- ကိုယ်ဝန်ရှိတာကြောင့် မဟုတ်ဘဲ ရာသီမပေါ်တာ ရက် ၉၀ ကျော်သွားပြီဆိုရင်
- ပုံမှန်ထက် ရက်ပိုရှည်လာတာ၊ ပမာဏပိုများလာတာ၊ ၂၁ ရက်တောင် မကြာတော့ဘဲ ဒါမှမဟုတ် ၃၅ ရက်ကျော်ပြီး နောက်တစ်ခါ ပြန်လာတာ၊ အရင်ထက်ပိုပြီး နာကျင်လာတာ
- လိင်ဆက်ဆံပြီး သွေးဆင်းတာ
- သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာတို့ ဖြစ်ပါတယ်။
ဒီလိုအခြေအနေတွေဆိုရင်တော့ ဆေးခန်းပြကြည့်သင့်ပါတယ်။ ဘာဖြစ်နိုင်တယ်ရယ်လို့ တိတိကျကျ ပြောရခက်တယ်။ ဘာလို့ဆိုတော့ အမျိုးသမီးရောဂါ တော်တော်များများက အဲ့လိုပုံမမှန် သွေးဆင်းတာနဲ့ ပြတတ်လို့ပါပဲ။
၆။ ဓမ္မတာ မလာခြင်း၊ မမှန်ရခြင်း အကြောင်းရင်းတချို့
- စိတ်ဖိစီးမှုတွေ ရှိနေတာ (ဥပမာ စာမေးပွဲဖြေနေရတာ၊ အလုပ်ပင်ပန်းနေတာ)
- ဝလွန်း၊ ပိန်လွန်းတာ
- အစားအသောက် မမှန်တာ၊ ရှောင်လွန်းတာ
- လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်တာ
- ကိုယ်ဝန်ရှိနေတာ၊ မိခင်နို့တိုက်နေတာ
- အမျိုးသမီးရောဂါတခုခု ရှိနေတာ (အသားလုံး၊ အသားပို ရှိနေခြင်း၊ မျိုးပွါးအင်္ဂါ ပိုးဝင်ရောင်ရမ်းခြင်း)
- တခြားရောဂါရှိနေတာ (ဥပမာ သွေးချို၊ သိုင်းရွက် ခေါ် လည်ပင်းကြီးရောဂါ)
- ဆေးတခုခု သောက်နေရတာ (ဥပမာ စိတ်ကျရောဂါသောက်ဆေး၊ ဟော်မုန်းပါဝင်သော သောက်ဆေး)
ဒါကြောင့် ရာသီမမှန်ဘူးဆိုတဲ့ကိစ္စဟာ ဘာကြောင့်ရယ်လို့ တိတိကျကျ ပြောရခက်တာမို့ ကိုယ့်မှာ ဘယ်လိုအချက်တွေနဲ့ ကိုက်နေသလဲဆိုတာလေး ချိန်ထိုးကြည့်။ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန် လုပ်နေသလား၊ စိတ်ဖိစီးမှုများ ရှိနေသလား၊ အဲ့လိုမဟုတ်ဘဲကို မူမမှန်ဖြစ်နေရင်တော့ ဆေးခန်းပြကြည့်သင့်ပါတယ်။
၇။ ဘယ်လိုနေထိုင်သင့်သလဲ
အဓိကကတော့ ဒါဟာ သဘာဝဖြစ်စဉ်ပဲမို့ ရှက်နေကြောက်နေစရာ မလိုဘူး။ သွေးဆင်းလာပြီဆို စနစ်တကျ ထိန်းသိမ်းမယ်။ လစဉ်သုံးပစ္စည်းတွေကို အနည်းဆုံး ၆ နာရီတစ်ခါလောက် လဲပေးသင့်တယ်။ နောက်ပိုင်း ပေါ်နေတဲ့ Tampon လိုမျိုးတွေ သုံးမယ်ဆိုရင်တော့ သုံးနေတုန်း ရုတ်တရက်ဖျားလာတယ်ဆိုရင် ဆေးရုံဆေးခန်း အမြန်ပြသင့်တယ်။ ရှားပေမယ့် ပိုးဝင်တာမျိုး ဖြစ်တတ်လို့ပါ။ နောက်ပြီး အာဟာရပြည့်ပြည့်၀၀ စားရမယ်။ အစားရှောင်စရာ မလိုဘူး။ တစ်ကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ရမယ်။ သွက်သွက်လက်လက် နေထိုင်ရမယ်။ ဗိုက်နာတယ်ဆိုပြီး ကုတင်ပေါ်ခွေနေရင် ပိုဆိုးတတ်တယ်။ နောက်ဆုံးတစ်ခု အရေးကြီးဆုံးကတော့ ကိုယ့်ရဲ့ရာသီစက်ဝန်းအကြောင်းကို သေချာသိထားပြီး မူမမှန်တဲ့ အခြေအနေတွေ ဖြစ်လာသလား သတိထားကြည့်ကြည့်ဖို့ လိုပါမယ်။ ဖြစ်လာခဲ့ရင်တော့ အမြန်ဆုံးဆေးရုံဆေးခန်းပြကြည့်ပြီး စစ်ဆေးကုသမှုခံယူဖို့ လိုပါတယ်။
ဒေါက်တာ – ဖြိုုးသီဟ
ရာသီလာျခင္းႏွင့္ ပတ္သက္ေသာ သိေကာင္းစရာမ်ား
၁။ ရာသီလာတယ္ဆုိတာ ဘာလဲ။
မိန္းကေလးတစ္ေယာက္ အပ်ိဳျဖစ္တဲ့အခ်ိန္ကေနစျပီး ေသြးဆံုးတဲ့အခ်ိန္ထိ ခႏၶာကိုယ္ထဲမွာ မမ်ိဳးဥဆုိတာေလးက တစ္လကုိ တစ္ခါ ေၾကြတယ္။ အဲဒီမမ်ိဳးဥေလးက အဖုိသုက္ပုိးနဲ႕ ေပါင္းလိုက္ရရင္ သေႏၶေအာင္သြားမယ္။ သေႏၶေအာင္သြားရင္ အဆင္သင့္ သေႏၶတည္ႏုိင္ေအာင္ဆုိျပီး မမ်ိဳးဥေၾကြတာနဲ႕ သားအိမ္နံရံကလည္း ထူလာေပးရတယ္။ အဲ့ဒီလို မေပါင္းလုိက္ရရင္ေတာ့ မမ်ိဳးဥေလးဟာ ေသသြားမယ္။ ခုနက အဆင္သင့္ သေႏၶတည္ႏုိင္ေအာင္လို႕ ထူထားေပးတဲ့ သားအိမ္နံရံေတြကလည္း မလိုအပ္ေတာ့တဲ့အတြက္ ကြာက်လာမယ္။ အဲဒီလို ေသသြားတဲ့ မ်ိဳးဥေလးနဲ႕ သားအိမ္နံရံေတြကေန ကြာက်လာတဲ့ အလႊာေတြ ေပါင္းျပီး ဆင္းလာတာကို ရာသီလာတယ္လို႕ ေခၚတာျဖစ္ပါတယ္။
၂။ ယုတ္ညံ႕တဲ့ကိစၥလား
ဒါက လူေတြေျပာတတ္ၾကတဲ့ အယူအဆတစ္ခုပါ။ ဓမၼတာေပၚတယ္ဆုိတာ ယုတ္ညံ႕တာတဲ့။ ေသခ်ာစဥ္းစားၾကည္႕ရင္ ဒါက အမ််ိဳးသမီးတစ္ေယာက္ရဲ႕ သဘာ၀ျဖစ္စဥ္ပါ။ လူရယ္လို႕ျဖစ္ဖုိ႕ အဖိုသုက္ပုိးနဲ႕ မမ်ိဳးဥနဲ႕ ေပါင္းစပ္ရတာပါ။ အမ်ိဳးသမီးတစ္ေယာက္ ဓမၼတာေပၚတာဟာ ရွက္စရာ၊ ယုတ္ညံ႕တာလို႕ ေတြးရင္ မမ်ိဳးဥေၾကြတာဟာလည္း ရွက္စရာ၊ ယုတ္ညံ႕စရာပဲေပါ့။ ဘာလိုိ႕ဆုိေတာ့ မမ်ိဳးဥေသဆံုးျပီး ဆင္းလာတာကို ရာသီလာတယ္ေခၚတာကိုး။ ဒါဆုိ မမ်ိဳးဥကေန လူျဖစ္လာတဲ့သူေတြကေရာ ယုတ္ညံ႕သလို ျဖစ္မကုန္ဘူးလား။ ဒါေၾကာင့္ ရာသီလာတယ္ဆုိတာ သဘာ၀ျဖစ္စဥ္တစ္ရပ္ပဲ ဆုိတာမ်ိဳး ရႈျမင္ေပးၾကဖုိ႕ လုိပါတယ္။
၃။ ဘယ္ရက္ေတြမွာ ကုိယ္၀န္ရႏုိင္သလဲ
ဒါက လူငယ္အမ်ားစု၊ အိမ္ေထာင္သည္အမ်ားစု သိခ်င္ၾကတဲ့ ေမးခြန္းျဖစ္တယ္။ မမ်ိဳးဥေၾကြမွ သုက္ပုိးနဲ႕ေပါင္းျပီး ကုိယ္၀န္ရတာဆုိေတာ့ အဲဒီမ်ိဳးဥေၾကြမယ့္ရက္ကို သိခ်င္ၾကတယ္။ အဲဒီရက္ကုိ ခန္႕မွန္းလို႕ရတဲ့ နည္းေတြအမ်ားၾကီးပဲ။ အမ်ိဳးသမီးရဲ႕ ကုိယ္အပူခ်ိန္ကို တုိင္းျပီး ခန္႕မွန္းတာရွိတယ္။ သားအိမ္ေခါင္းခၽြဲကို ၾကည္႕ျပီး ခန္႕မွန္းတာရွိတယ္။ အေသးစိတ္ကို မေျပာေတာ့ဘဲ အေရးၾကီးတဲ့ ႏွစ္ခ်က္ကိုပဲ ေျပာျပခ်င္တယ္။ ပထမတစ္ခ်က္က အဲ့လုိရက္တြက္ျပီး အတူေနဖို႕က မိန္းကေလးသည္ တစ္လတစ္ခါ ပံုမွန္ေပၚေနတဲ့ အမ်ိဳးသမီးမ်ိဳး ျဖစ္ဖုိ႕လိုတယ္ ဆုိတာပဲ။ အေၾကာင္းေၾကာင္းေၾကာင့္ ရာသီမမွန္ေနတဲ့ အမ်ိဳးသမီးဟာ အဲ့လိုရက္တြက္ျပီး အတူေနလို႕မရဘူး။ ကုိယ္၀န္ရႏုိ္င္ေခ်မ်ားတယ္။
ေနာက္တစ္ခုက ဘယ္ရက္ေတြမွာ ကုိယ္၀န္ရႏုိင္သလဲေပါ့။ ေယဘုယ်ေျဖရရင္ေတာ့ ရာသီစက္၀န္းရဲ႕ အလယ္တည္႕တည္႕မွာ မမ်ိဳးဥေၾကြတယ္။ ဒါေပမယ့္ အတိအက် ေျပာမရဘူး။ ေနာက္ျပီး ေၾကြျပီးရင္ သူကလည္း ရက္အနည္းငယ္ေတာ့ သုက္ပိုးကို ေစာင့္ေသးသလုိ၊ သုက္ပိုးကလည္း မိန္းကေလးခႏၶာကုိယ္ထဲ၀င္ျပီး ရက္အနည္းငယ္ ေနႏုိင္ေသးတယ္။ ဒါေၾကာင့္ အရွင္းလင္းဆံုး ေျပာရရင္ ဓမၼတာစေပၚတဲ့ရက္ကေန ၇ ရက္အတြင္းသည္ ကုိယ္၀န္မရဖုိ႕ စိတ္အခ်ရဆံုး ကာလျဖစ္ပါတယ္။
၄။ ဓမၼတာလာရင္ ျဖစ္တတ္တဲ့ ျပႆနာေတြ
တခ်ိဳ႕ကေတာ့ ျပင္းျပင္းထန္ထန္ျဖစ္ႏုိင္ျပီး တခ်ိဳ႕က သာမန္ေလာက္ပဲ ျဖစ္တယ္။ ျဖစ္တတ္တာေတြကေတာ့
- ရင္သားေတြ တင္းၿပီးနာတာ
- ေခါင္းကုိက္တာ
- ဗုိက္ေအာင့္တာ၊ ခါးနာတာ
- ေမာပန္းလြယ္တာ၊ အားနည္းတာ
- မူးေ၀ပ်ိဳ႕အန္တာ
- စိတ္တင္းၾကပ္တာ၊ စိတ္တုိလြယ္တာ
- စိတ္ဓါတ္က်တာ၊ ပူပန္စိတ္မ်ားတာ၊ ခံစားလြယ္တာ
- အိပ္မေပ်ာ္တာ၊ လိင္စိတ္နည္းပါးတာ
- စိတ္ကေယာက္ကယက္ျဖစ္တာ
- အထီးက်န္ အေဖာ္မဲ့သလုိ ခံစားရတာတုိ႕ ျဖစ္ႏုိင္ပါတယ္။
ဓမၼတာလာခ်ိန္ ကုိက္ခဲတာေတြက သဘာ၀ေၾကာင့္ ျဖစ္ႏုိင္သလို၊ သားအိမ္ထဲ အသားလံုးရွိေနတာ၊ မ်ိဳးပြားအဂၤါ ပိုး၀င္ျပီး ေယာင္ယမ္းေနတာ စတဲ့ျပႆနာေတြေၾကာင့္လည္း ျဖစ္ႏုိင္တယ္။
၅။ ဘယ္လုိဆုိ ပံုမွန္လဲ၊ ဘယ္လုိဆုိ ပံုမွန္မဟုတ္ဘူးလဲ
ဓမၼတာေပၚတယ္ဆုိတာ အမ်ိဳးသမီးတုိင္း ၾကံဳေတြ႕ရတဲ့ ကိစၥမုိ႕ ဒါနဲ႕ပတ္သက္တဲ့ ျပႆနာေတြ၊ ေမးခြန္းေတြကလည္း ေတာ္ေတာ္မ်ားပါတယ္။ တခ်ိဳ႕ကေျပာတယ္၊ တစ္လတည္း ၂ ခါ ေပၚသတဲ့။ တခ်ိဳ႕က်ေတာ့ ၅၀ ေက်ာ္တဲ့အထိ ေသြးမဆံုးေသးလုိ႕တဲ့။ ဒါေၾကာင့္ ဘယ္လုိဟာေတြက ပံုမွန္လဲဆုိတာကို သိေစခ်င္ပါတယ္။
တစ္ေယာက္နဲ႕တစ္ေယာက္ အပ်ိဳျဖစ္တဲ့အသက္ခ်င္း မတူၾကသလို ေသြးဆံုးတဲ့အရြယ္ခ်င္းလည္း မတူၾကဘူး။ အသက္ ၉ ႏွစ္ကေန ၁၅ ႏွစ္ အတြင္း ရာသီစလာတတ္ျပီး အသက္ ၄၀ နဲ႕ ၅၅ ႏွစ္ၾကားမွာ ေသြးဆံုးတတ္တယ္။ ေသြးဆံုးတယ္ဆုိတာကေတာ့ ဓမၼတာမေပၚတာ တစ္ႏွစ္တိတိျပည္႕ျပီဆုိရင္ ေသြးဆံုးျပီလုိ႕ သတ္မွတ္တာျဖစ္ပါတယ္။
ပံုမွန္အားျဖင့္ ၂၈ ရက္တစ္ခါ ေသြးေပၚတတ္ျပီး ၂၁ ရက္ကေန ၃၅ ရက္ထိကိုလည္း ပံုမွန္လို႕ပဲ ယူဆႏိုင္ပါတယ္။ ဥပမာ ဒီလ ၁ ရက္ေန႕မွာ ေသြးစေပၚလိုက္တဲ့ အမ်ိဳးသမီးဟာ ဒီလ ၂၂ ရက္ေန႕မွာ ေနာက္တစ္ခါေပၚတယ္ဆုိ တစ္လတည္းမွာ ၂ ၾကိမ္ေတာင္ေပၚတယ္လုိ႕ ထင္ခ်င္စရာၾကီး။ ဒါေပမယ့္ တကယ္တမ္းက သူ႕ရဲ႕ရာသီစက္၀န္းသည္ ၂၁ ရက္စက္၀န္းျဖစ္တယ္။ ၂၁ ရက္တစ္ခါ ေသြးဆင္းတယ္ေပါ့။ ဒါေၾကာင့္ စိုးရိမ္စရာမလုိဘူး။ ပထမဆံုးေသြးေပၚတဲ့ရက္ကေန ေနာက္တစ္ခါ ေသြးေပၚရက္ၾကား ရက္အေရအတြက္ကုိ ေရၾကည္႕လိုက္ပါ။ ဒါဆုိ ကုိယ့္ရာသီစက္၀န္းဟာ ဘယ္ႏွရက္တစ္ခါ လာတဲ့ စက္၀န္းလဲဆုိတာ သိပါလိမ့္မယ္။ ေနာက္ျပီး တစ္ခါလာရင္ ၃ ရက္ကေန ၇ ရက္ၾကာတတ္သလို၊ ပမာဏအနည္းအမ်ားလည္း ကြာႏုိင္ပါတယ္။ ကုိက္ခဲတာခ်င္းလည္း မတူႏုိင္ၾကပါဘူး။ ဒါေတြအကုန္လံုးဟာ ပံုမွန္လို႕ သတ္မွတ္ထားႏုိင္တဲ့အတြက္ ေအးေအးေဆးေဆး ေနုလို႕ရပါတယ္။
ပံုမွန္လို႕ မယူဆသင့္တဲ့ အေျခအေနေတြကေတာ့
- ကုိယ္၀န္ရွိတာေၾကာင့္ မဟုတ္ဘဲ ရာသီမေပၚတာ ရက္ ၉၀ ေက်ာ္သြားျပီဆုိရင္
- ပံုမွန္ထက္ ရက္ပုိရွည္လာတာ၊ ပမာဏပုိမ်ားလာတာ၊ ၂၁ ရက္ေတာင္ မၾကာေတာ့ဘဲ ဒါမွမဟုတ္ ၃၅ ရက္ေက်ာ္ျပီး ေနာက္တစ္ခါ ျပန္လာတာ၊ အရင္ထက္ပုိျပီး နာက်င္လာတာ
- လိင္ဆက္ဆံျပီး ေသြးဆင္းတာ
- ေသြးဆံုးျပီးမွ ေသြးျပန္ဆင္းတာတုိ႕ ျဖစ္ပါတယ္။
ဒီလိုအေျခအေနေတြဆိုရင္ေတာ့ ေဆးခန္းျပၾကည္႕သင့္ပါတယ္။ ဘာျဖစ္ႏုိင္တယ္ရယ္လုိ႕ တိတိက်က် ေျပာရခက္တယ္။ ဘာလို႕ဆုိေတာ့ အမ်ိဳးသမီးေရာဂါ ေတာ္ေတာ္မ်ားမ်ားက အဲ့လိုပံုမမွန္ ေသြးဆင္းတာနဲ႕ ျပတတ္လို႕ပါပဲ။
၆။ ဓမၼတာ မလာျခင္း၊ မမွန္ရျခင္း အေၾကာင္းရင္းတခ်ိဳ႕
- စိတ္ဖိစီးမႈေတြ ရွိေနတာ (ဥပမာ စာေမးပြဲေျဖေနရတာ၊ အလုပ္ပင္ပန္းေနတာ)
- ၀လြန္း၊ ပိန္လြန္းတာ
- အစားအေသာက္ မမွန္တာ၊ ေရွာင္လြန္းတာ
- ေလ့က်င့္ခန္း ျပင္းျပင္းထန္ထန္ လုပ္တာ
- ကုိယ္၀န္ရွိေနတာ၊ မိခင္နုိ႔တုိက္ေနတာ
- အမ်ိဳးသမီးေရာဂါတခုခု ရွိေနတာ (အသားလံုး၊ အသားပုိ ရွိေနျခင္း၊ မ်ိဳးပြါးအဂၤါ ပုိး၀င္ေရာင္ရမ္းျခင္း)
- တျခားေရာဂါရွိေနတာ (ဥပမာ ေသြးခ်ိဳ၊ သိုင္းရြက္ ေခၚ လည္ပင္းၾကီးေရာဂါ)
- ေဆးတခုခု ေသာက္ေနရတာ (ဥပမာ စိတ္က်ေရာဂါေသာက္ေဆး၊ ေဟာ္မုန္းပါ၀င္ေသာ ေသာက္ေဆး)
ဒါေၾကာင့္ ရာသီမမွန္ဘူးဆုိတဲ့ကိစၥဟာ ဘာေၾကာင့္ရယ္လုိ႕ တိတိက်က် ေျပာရခက္တာမုိ႕ ကုိယ့္မွာ ဘယ္လိုအခ်က္ေတြနဲ႕ ကုိက္ေနသလဲဆိုတာေလး ခ်ိန္ထုိးၾကည္႕။ ေလ့က်င့္ခန္းျပင္းျပင္းထန္ထန္ လုပ္ေနသလား၊ စိတ္ဖိစီးမႈမ်ား ရွိေနသလား၊ အဲ့လိုမဟုတ္ဘဲကို မူမမွန္ျဖစ္ေနရင္ေတာ့ ေဆးခန္းျပၾကည္႕သင့္ပါတယ္။
၇။ ဘယ္လိုေနထုိင္သင့္သလဲ
အဓိကကေတာ့ ဒါဟာ သဘာ၀ျဖစ္စဥ္ပဲမို႕ ရွက္ေနေၾကာက္ေနစရာ မလိုဘူး။ ေသြးဆင္းလာျပီဆုိ စနစ္တက် ထိန္းသိမ္းမယ္။ လစဥ္သံုးပစၥည္းေတြကို အနည္းဆံုး ၆ နာရီတစ္ခါေလာက္ လဲေပးသင့္တယ္။ ေနာက္ပုိင္း ေပၚေနတဲ့ Tampon လိုမ်ိဳးေတြ သံုးမယ္ဆုိရင္ေတာ့ သံုးေနတုန္း ရုတ္တရက္ဖ်ားလာတယ္ဆုိရင္ ေဆးရံုေဆးခန္း အျမန္ျပသင့္တယ္။ ရွားေပမယ့္ ပုိး၀င္တာမ်ိဳး ျဖစ္တတ္လုိ႕ပါ။ ေနာက္ျပီး အာဟာရျပည္႕ျပည္႕၀၀ စားရမယ္။ အစားေရွာင္စရာ မလိုဘူး။ တစ္ကုိယ္ရည္သန္႕ရွင္းေရး ဂရုစိုက္ရမယ္။ သြက္သြက္လက္လက္ ေနထုိင္ရမယ္။ ဗိုက္နာတယ္ဆုိျပီး ကုတင္ေပၚေခြေနရင္ ပိုဆိုးတတ္တယ္။ ေနာက္ဆံုးတစ္ခု အေရးၾကီးဆံုးကေတာ့ ကုိယ့္ရဲ႕ရာသီစက္၀န္းအေၾကာင္းကို ေသခ်ာသိထားျပီး မူမမွန္တဲ့ အေျခအေနေတြ ျဖစ္လာသလား သတိထားၾကည္႕ၾကည္႕ဖုိ႕ လိုပါမယ္။ ျဖစ္လာခဲ့ရင္ေတာ့ အျမန္ဆံုးေဆးရံုေဆးခန္းျပၾကည္႕ျပီး စစ္ေဆးကုသမႈခံယူဖို႕ လုိပါတယ္။
ေဒါက္တာ - ၿဖိဳဳးသီဟ