ခေါင်းပေါ်က သန်းတွေအကြောင်း
ခေါင်းပေါ်ကသန်းဆိုတာ လူရဲ့ဦးရေပြားပေါ် ကပ်တွယ်နေထိုင်ပြီး ခေါင်းသွေးစုပ်နေကြတဲ့ ကပ်ပါးကောင်လေးတွေပါ။ ခေါင်းပေါ်မှာတွေ့ရတဲ့သန်းတွေဟာ ဆီးခုံမွှေးနဲ့တခြားခ န ္တာကိုယ် အစိတ်အပိုင်းမှာ တွေ့ရတဲ့ သန်းအမျိုးအစားနဲ့ မတူပါဘူး။ခေါင်းပေါ်မှာ တွေ့ရတဲ့ သန်းတွေကို Pediculus hamanus capitis လို့ခေါ်ပါတယ်။
ခေါင်းပေါ်မှာ သန်းရှိတဲ့လူနဲ့ထိတွေ့ရတဲ့သူတွေမှာ သန်းကူးစက်နိုင်ပါတယ်။ မိသားစုဝင်တွေလည်း ကူးစက်ခံရနိုင်သလို အတန်းဖော်၊ လုပ်ဖော်ကိုင်ဖက်၊ ကျောင်းနေဖက်သူငယ်ချင်း တွေကိုလည်း ကူးစက်နိုင်ပါတယ်။
သန်းရဲ့ ဘဝစက်ဝန်းမှာ ဥအဆင့်၊ အကောင်ပေါက်အရွယ် နဲ့ သန်းအကောင်ကြီးဆိုပြီး အဆင့်၃ဆင့် ရှိပါတယ်။ သန်းဥလေးတွေဟာ ဆံပင်ရဲ့အရင်းနားမှာ ကပ်ပြီးတွယ်လေ့ရှိပြီးတော့ အကောင်ပေါက်ဖို့ တစ်ပတ်ခန့်ကြာတတ်ပါတယ်။ သန်းအကောင်လေးတွေပေါက်လာရင်တော့ သူတို့အသက်ရှင်ကြီးထွားဖို့အတွက် သွေးစုပ်ဖို့ လိုအပ်လာပါပြီ။ ၁ ပတ်ခန့်အကြာမှာ သန်းအကောင်ကြီးတစ်ကောင် (နှမ်းစေ့အရွယ်) ဖြစ်လာပါတယ်။ သန်းအမ တွေဟာ သန်းထီးတွေထက် အကောင်ပိုကြီးပြီး ဥဥပါတယ်။ သန်းအကောင်ကြီးတစ်ကောင်ရဲ့ သက်တန်းဟာ ၁လ ခန့်ရှိပါတယ်။ ဒါပေမဲ့သန်းတွေဟာ ခေါင်းပေါ်မှာမဟုတ်ပဲ ၂ရက်ထက်ပိုပြီး အသက်မရှင်နိုင်ပါဘူး။
သန်းတွေကို ဦးရေပြားအနှံ့မှာ တွေ့ရနိုင်ပေမဲ့ နားရွက်နောက်ဘက်နဲ့ ဂုတ်ပိုးအပေါ်ဘက် ဦးရေပြားမှာအများဆုံးတွေ့ရတတ်ပါတယ်။ သန်းတွေဟာ ဆံပင်နဲ့ ဦးရေပြားပေါ် သူတို့ရဲ့ ချိတ်လိုမျိုးခြေထောက် ၆ ချောင်းနဲ့ ကုတ်တွယ်ပြီးနေထိုင်ကြပါတယ်။
သန်းတွေကြောင့် ယားယံတာ ဦးရေပြားအနာဖြစ်တာတွေ ဖြစ်နိုင်တာကြောင့် သန်းတွေကိုဖယ်ရှားဖို့ကြိုးစားသင့်ပါတယ်။ လက်နဲ့ဖယ်ရှားတာ ဘီးစိတ်နဲ့ သပ်ချတာမျိုး ပြုလုပ်နိုင်သလို Pyrethrins, Permethrin 1%(NIX), Dimethicones, Benzyl alcohol 5%, Ivermectin 0.5% ကဲ့သို့ သန်းသေဆေးတွေကိုလည်း ဆရာဝန်ညွှန်ကြားချက်နဲ့ ထည့်နိုင်ပါတယ်။ ဒါပေမဲ့ ၂လအောက် ကလေးတွေကိုတော့ ဓာတုပိုးသတ်ဆေးတွေ မသုံးသင့်ပါဘူး။
သန်းတွေအရှင်းပျောက်သွားရင်တော့ နောက်ထပ်မဖြစ်အောင် ကာကွယ်ဖို့လည်းလိုပါတယ်။ အိပ်ရာခင်း၊ စောင်၊ ခေါင်းအုံးစွပ် လျှော်ရပါမယ်။ ဘီး၊ ဆံညှပ်၊ ခေါင်းစည်း၊ မျက်နှာသုတ်ပဝါ ကဲ့သို့ပစ္စည်းတွေကိုလည်း ရေနွေးနဲ့ ဆေးကြောသင့်ပါတယ်။
ကျန်းမာလှပသော ဘဝတစ်ခုပိုင်ဆိုင်စေရန် ရည်ရွယ်လျက်
ပွင့်ရည်(ဆေး၂)
ေခါင္းေပၚက သန္းေတြအေၾကာင္း
ေခါင္းေပၚကသန္းဆိုတာ လူရဲ႕ဦးေရျပားေပၚ ကပ္တြယ္ေနထိုင္ၿပီး ေခါင္းေသြးစုပ္ေနၾကတဲ့ ကပ္ပါးေကာင္ေလးေတြပါ။ ေခါင္းေပၚမွာေတြ႔ရတဲ့သန္းေတြဟာ ဆီးခံုေမႊးနဲ႔တျခားခ ႏ ၱာကိုယ္ အစိတ္အပိုင္းမွာ ေတြ႔ရတဲ့ သန္းအမ်ိဳးအစားနဲ႔ မတူပါဘူး။ေခါင္းေပၚမွာ ေတြ႔ရတဲ့ သန္းေတြကို Pediculus hamanus capitis လို႔ေခၚပါတယ္။
ေခါင္းေပၚမွာ သန္း႐ွိတဲ့လူနဲ႔ထိေတြ႔ရတဲ့သူေတြမွာ သန္းကူးစက္ႏိုင္ပါတယ္။ မိသားစုဝင္ေတြလည္း ကူးစက္ခံရႏိုင္သလို အတန္းေဖာ္၊ လုပ္ေဖာ္ကိုင္ဖက္၊ ေက်ာင္းေနဖက္သူငယ္ခ်င္း ေတြကိုလည္း ကူးစက္ႏိုင္ပါတယ္။
သန္းရဲ႕ ဘဝစက္ဝန္းမွာ ဥအဆင့္၊ အေကာင္ေပါက္အရြယ္ နဲ႔ သန္းအေကာင္ႀကီးဆိုၿပီး အဆင့္၃ဆင့္ ရိွပါတယ္။ သန္းဥေလးေတြဟာ ဆံပင္ရဲ႕အရင္းနားမွာ ကပ္ၿပီးတြယ္ေလ့ရိွၿပီးေတာ့ အေကာင္ေပါက္ဖို႔ တစ္ပတ္ခန္႔ၾကာတတ္ပါတယ္။ သန္းအေကာင္ေလးေတြေပါက္လာရင္ေတာ့ သူတို႔အသက္႐ွင္ႀကီးထြားဖို႔အတြက္ ေသြးစုပ္ဖို႔ လိုအပ္လာပါၿပီ။ ၁ ပတ္ခန္႔အၾကာမွာ သန္းအေကာင္ႀကီးတစ္ေကာင္ (ႏွမ္းေစ့အရြယ္) ျဖစ္လာပါတယ္။ သန္းအမ ေတြဟာ သန္းထီးေတြထက္ အေကာင္ပိုႀကီးၿပီး ဥဥပါတယ္။ သန္းအေကာင္ႀကီးတစ္ေကာင္ရဲ႕ သက္တန္းဟာ ၁လ ခန္႔႐ွိပါတယ္။ ဒါေပမဲ့သန္းေတြဟာ ေခါင္းေပၚမွာမဟုတ္ပဲ ၂ရက္ထက္ပိုၿပီး အသက္မ႐ွင္ႏိုင္ပါဘူး။
သန္းေတြကို ဦးေရျပားအႏွံ႔မွာ ေတြ႔ရႏိုင္ေပမဲ့ နားရြက္ေနာက္ဘက္နဲ႔ ဂုတ္ပိုးအေပၚဘက္ ဦးေရျပားမွာအမ်ားဆံုးေတြ႔ရတတ္ပါတယ္။ သန္းေတြဟာ ဆံပင္နဲ႔ ဦးေရျပားေပၚ သူတို႔ရဲ႕ ခ်ိတ္လိုမ်ိဳးေျခေထာက္ ၆ ေခ်ာင္းနဲ႔ ကုတ္တြယ္ၿပီးေနထိုင္ၾကပါတယ္။
သန္းေတြေၾကာင့္ ယားယံတာ ဦးေရျပားအနာျဖစ္တာေတြ ျဖစ္ႏိုင္တာေၾကာင့္ သန္းေတြကိုဖယ္႐ွားဖို႔ႀကိဳးစားသင့္ပါတယ္။ လက္နဲ႔ဖယ္႐ွားတာ ဘီးစိတ္နဲ႔ သပ္ခ်တာမ်ိဳး ျပဳလုပ္ႏိုင္သလို Pyrethrins, Permethrin 1%(NIX), Dimethicones, Benzyl alcohol 5%, Ivermectin 0.5% ကဲ့သို႔ သန္းေသေဆးေတြကိုလည္း ဆရာဝန္ၫႊန္ၾကားခ်က္နဲ႔ ထည့္ႏိုင္ပါတယ္။ ဒါေပမဲ့ ၂လေအာက္ ကေလးေတြကိုေတာ့ ဓာတုပိုးသတ္ေဆးေတြ မသံုးသင့္ပါဘူး။
သန္းေတြအ႐ွင္းေပ်ာက္သြားရင္ေတာ့ ေနာက္ထပ္မျဖစ္ေအာင္ ကာကြယ္ဖို႔လည္းလိုပါတယ္။ အိပ္ရာခင္း၊ ေစာင္၊ ေခါင္းအံုးစြပ္ ေလ်ွာ္ရပါမယ္။ ဘီး၊ ဆံညွပ္၊ ေခါင္းစည္း၊ မ်က္ႏွာသုတ္ပဝါ ကဲ့သို႔ပစၥည္းေတြကိုလည္း ေရေႏြးနဲ႔ ေဆးေၾကာသင့္ပါတယ္။
က်န္းမာလွပေသာ ဘဝတစ္ခုပိုင္ဆိုင္ေစရန္ ရည္ရြယ္လ်က္
ပြင့္ရည္(ေဆး၂)