” ကိုဆေးကြောက် ဗိုက်အောင့်သောအခါ”

” အား….ကျွတ်…. ကျွတ်…အီး…”

” ယောကျာ်း…ရရဲ့လား…ဖြေးဖြေးလျှောက်….ဖြေးဖြေးလျှောက် ” ပြောပြောဆိုဆိုနဲ့ လင်မယားနှစ်ယောက် ဆေးခန်းအတွင်းဝင်လာသည်။

ကျွန်ုပ်: ဘာဖြစ်တာလဲဗျ?

အမျိုးသမီး: ဗိုက်တွေအောင့်လို့တဲ့ ဆရာရေ့။နေ့လည်တည်းကအောင့်နေတာ….။အဲ့အချိန် ဆေးခန်းတွေလည်းမဖွင့်သေးတာနဲ့ပဲ…

ဗိုက်ကိုပရုတ်ဆီတော့ လိမ်းပေးထားတယ်…အဲ့ဒါလည်းမသက်သာ…ပိုဆိုးလာလို့တဲ့ဆရာ…။

ကျွန်ုပ်: အင်း…ဗိုက်အောင့်တာက အထဲကဖြစ်တာ…အပြင်က ပရုတ်ဆီလူးတာနဲ့တော့မဆိုင်ဘူး အဒေါ်ရဲ့။လူနာပြောပါဦး။ဘယ်နားက အောင့်လဲ ဘယ်လိုအောင့်လဲ?တခြားရော…ဘာဖြစ်သေးလဲ?

အမျိုးသား: ရင်ညွန့်က မီးစနဲ့ထိုးသလို ပူပြီးအောင့်တာဆရာ။အား…အခြားတော့ ထွေထွေထူးထူးမရှိပါဘူး။အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်နေတာတော့ သုံးလေးရက်ရှိပြီ။

ဒီလိုနဲ့ ဆက်မေးကြည့်တော့ လူနာလင်မယားက ဈေးမှာဆိုင်ထွက်တာ…ဆိုတော့….အစားစားချိန်မမှန်၊ ဆိုင်မှာဝယ်သူကျရင်ကျသလို …။အရက်ဘီယာ…အမြဲမဟုတ်သော်လည်း မကြာခဏဆိုသလိုသောက်ဖြစ်ကြောင်း…. ဆေးလိပ်တော့ကြိုက်ကြောင်း။စပ်ဆေးတွေ အကိုက်အခဲပျောက်ဆေးတွေလည်း ဆရာဝန်ညွှန်ကြားလို့မဟုတ်ဘဲ မိမိသဘောနှင့်မိမိ ဝယ်သောက်တတ်ကြောင်းသိရသည်။အားလုံးချုံကြည့်တော့ အစာအိမ်ရောင်တာဖြစ်ဖို့ သေချာသလောက်ရှိသည်။

img

ကျွန်ုပ်: ကဲ… ဒီလောက်အောင့်နေရင် လောလောဆယ် ဒီဆေးလေးဝါးစား…

အမျိုးသား: ဒီတိုင်းမျိုချလို့မရဘူးလားဆရာ?

ကျွန်ပ်: ခင်ဗျားနှယ်….အရက်ကျတော့ ချိုလို့သောက်တာလား?

အမျိုးသား: မတူဘူးလေဆရာရယ်….အရက်ခါးတာခံနိုင်ပေမယ့် ဆေးခါးတာတော့ မခံနိုင်ဘူးဗျ။

အမျိုးသမီး: ဟုတ်ပါတယ်ဆရာရယ်…ကျွန်မယောကျ်ားက ထိုးဆေးဆိုမကြောက်ဘူး။ သောက်ဆေးဆို ရိုးရိုးတောင်ကြောက်တာ….ဝါးစားရမယ်ဆို တကယ်မဖြစ်လို့ပါ….ဆေးထိုးရမယ်ဆိုလည်း ထိုးသာထိုးလိုက်ပါဆရာရယ်…အမျိုးသမီးဖြစ်သူကပါ ဝင်ပြောကူသည်။

ကျွန်ုပ်: ကဲပါ….ကျုပ်ကနောက်တာပါဗျာ….ဆေးက မခါးဘူး..ချိုချိုလေးရယ်…ရော့ ဒီမယ်…ရေ…။ခနနေ သက်သာသွားလိမ့်မယ်..မသက်သာမှ ဆေးထိုးပေးမယ်။

ဆေးသောက်ပြီးနောက်…

အမျိုးသား: ဆေးတိုင်းသာ ဒီလိုချိုရင် အသားနာခံပြီး ဆေးဘယ်ထိုးတော့ မလဲဗျ… နော့်? ဒါနဲ့ ဒါဘာဆေးလဲဆရာ?

ကျွန်ုပ်: Kremil-S အဖြူရောင်လေ…ခု ခင်ဗျားဖြစ်သလို ဗိုက်အောင့် ဗိုက်နာ လေပွ အစာအိမ်ရောရာတွေမှာ တစ်ခါသောက် ၁ လုံးနဲ့တစ်နေ့ ၃ကြိမ်လောက်သောက်ရတယ်။သူက အစာအိမ်ထဲက အက်ဆစ်ဓာတ်တွေကို ချေဖျက်ပေးတာ….။

ပြီးနောက် လိုအပ်တဲ့ ဆေးပေး၊အဆာမခံဖို့၊ ဆေးလိပ် အရက်ဖြတ်ဖို့၊ အပူအစပ်မစားဖို့…စသဖြင့် အစာအိမ်ဝေဒနာအတွက် လိုအပ်တာတွေ ညွှန်ကြားပြီးနောက်။

im

ကျွန်ုပ်: ကဲ….ဆေးသေချာသောက်…..ခုပြောတာတွေသေချာလိုက်နာ။အကယ်၍ ဆေးပတ်လည်အောင်သောက်ပြီးလို့မှ မသက်သာရင်ပြန်လာပြမယ်။ဟုတ်ပြီလား?နောက်ပြီး အစ်မကြီးလည်း နောက်ဆို ခုလိုမျိုး ဆေးခန်းသွားဖို့အဆင်မပြေတဲ့အချိန် …ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ယောကျ်ားပဲဖြစ်ဖြစ်၊အိမ်သူအိမ်သားတစ်ယောက်ယောက်ပြဲဖစ်ဖြစ် ဒီလို ဗိုက်အောင့် ဗိုက်နာရင် ပရုတ်ဆီလူးတာ မှန်ကန်တဲ့နည်းလမ်းမဟုတ်ဘူး။ခု ကျွန်တော်ပေးတဲ့ Kremil-S အဖြူတစ်ကဒ်လောက် အိမ်မှာဝယ်ဆောင်ထား… လိုအပ်တဲ့အခါ သောက်လို့ရတာပေါ့။ဆေးချိုသလို ဈေးလည်းချိုတယ်။

အမျိုးသား: မိန်းမ…ဆရာပြောတာဟုတ်တယ်…ဆရာပြောတဲ့ ဆေးနံမည် ဖုန်းထဲ မှတ်ထားစမ်းပါဦး။ ခုတောင်အတော်သက်သာသွားပြီဆရာရေ့ ။ အမျိုးသမီး: ဟုတ်…ဟုတ်ကဲ့..။ကျေးဇူးတင်ပါတယ် ဆရာရေ့..။ကျွန်မ ယောကျ်ား ကိုဆေးကြောက်ကြီးကို ဆေးချိုချိုကောင်းကောင်းလး လမ်းညွှန်ပေးလို့…..။

မေ (ဆေး ၂)

” ကိုေဆးေၾကာက္ ဗိုက္ေအာင့္ေသာအခါ”

” အား….ကြၽတ္…. ကြၽတ္…အီး…”

” ေယာက်ာ္း…ရရဲ႕လား…ေျဖးေျဖးေလ်ွာက္….ေျဖးေျဖးေလ်ွာက္ ” ေျပာေျပာဆိုဆိုနဲ႔ လင္မယားႏွစ္ေယာက္ ေဆးခန္းအတြင္းဝင္လာသည္။

ကြၽႏ္ုပ္: ဘာျဖစ္တာလဲဗ်?

အမ်ိဳးသမီး: ဗိုက္ေတြေအာင့္လို႔တဲ့ ဆရာေရ့။ေန့လည္တည္းကေအာင့္ေနတာ….။အဲ့အခ်ိန္ ေဆးခန္းေတြလည္းမဖြင့္ေသးတာနဲ႔ပဲ…

ဗိုက္ကိုပ႐ုတ္ဆီေတာ့ လိမ္းေပးထားတယ္…အဲ့ဒါလည္းမသက္သာ…ပိုဆိုးလာလို႔တဲ့ဆရာ…။

ကြၽႏ္ုပ္: အင္း…ဗိုက္ေအာင့္တာက အထဲကျဖစ္တာ…အျပင္က ပ႐ုတ္ဆီလူးတာနဲ႔ေတာ့မဆိုင္ဘူး အေဒၚရဲ႕။လူနာေျပာပါဦး။ဘယ္နားက ေအာင့္လဲ ဘယ္လိုေအာင့္လဲ?တျခားေရာ…ဘာျဖစ္ေသးလဲ?

အမ်ိဳးသား: ရင္ၫြန္႔က မီးစနဲ႔ထိုးသလို ပူၿပီးေအာင့္တာဆရာ။အား…အျခားေတာ့ ေထြေထြထူးထူးမ႐ွိပါဘူး။အစာမေၾက ရင္ျပည့္ရင္ကယ္ျဖစ္ေနတာေတာ့ သံုးေလးရက္႐ွိၿပီ။

ဒီလိုနဲ႔ ဆက္ေမးၾကည့္ေတာ့ လူနာလင္မယားက ေစ်းမွာဆိုင္ထြက္တာ…ဆိုေတာ့….အစားစားခ်ိန္မမွန္၊ ဆိုင္မွာဝယ္သူက်ရင္က်သလို …။အရက္ဘီယာ…အျမဲမဟုတ္ေသာ္လည္း မၾကာခဏဆိုသလိုေသာက္ျဖစ္ေၾကာင္း…. ေဆးလိပ္ေတာ့ျကိုက္ေျကာင္း။စပ္ေဆးေတြ အကိုက္အခဲေပ်ာက္ေဆးေတြလည္း ဆရာဝန္ၫႊန္ၾကားလို႔မဟုတ္ဘဲ မိမိသေဘာႏွင့္မိမိ ဝယ္ေသာက္တတ္ေၾကာင္းသိရသည္။အားလံုးခ်ံဳၾကည့္ေတာ့ အစာအိမ္ေရာင္တာျဖစ္ဖို႔ ေသခ်ာသေလာက္႐ွိသည္။

img

ကြၽႏ္ုပ္: ကဲ… ဒီေလာက္ေအာင့္ေနရင္ ေလာေလာဆယ္ ဒီေဆးေလးဝါးစား…

အမ်ိဳးသား: ဒီတိုင္းမ်ိဳခ်လို႔မရဘူးလားဆရာ?

ကြၽန္ပ္: ခင္ဗ်ားႏွယ္….အရက္က်ေတာ့ ခ်ိဳလို႔ေသာက္တာလား?

အမ်ိဳးသား: မတူဘူးေလဆရာရယ္….အရက္ခါးတာခံႏိုင္ေပမယ့္ ေဆးခါးတာေတာ့ မခံႏိုင္ဘူးဗ်။

အမ်ိဳးသမီး: ဟုတ္ပါတယ္ဆရာရယ္…ကြၽန္မေယာက်္ားက ထိုးေဆးဆိုမေၾကာက္ဘူး။ ေသာက္ေဆးဆို ႐ိုး႐ိုးေတာင္ေၾကာက္တာ….ဝါးစားရမယ္ဆို တကယ္မျဖစ္လို႔ပါ….ေဆးထိုးရမယ္ဆိုလည္း ထိုးသာထိုးလိုက္ပါဆရာရယ္…အမ်ိဳးသမီးျဖစ္သူကပါ ဝင္ေျပာကူသည္။

ကြၽႏ္ုပ္: ကဲပါ….က်ဳပ္ကေနာက္တာပါဗ်ာ….ေဆးက မခါးဘူး..ခ်ိုခ်ိဳေလးရယ္…ေရာ့ ဒီမယ္…ေရ…။ခနေန သက္သာသြားလိမ့္မယ္..မသက္သာမွ ေဆးထိုးေပးမယ္။

ေဆးေသာက္ၿပီးေနာက္…

အမ်ိဳးသား: ေဆးတိုင္းသာ ဒီလိုခ်ိဳရင္ အသားနာခံၿပီး ေဆးဘယ္ထိုးေတာ့ မလဲဗ်… ေနာ့္? ဒါနဲ႔ ဒါဘာေဆးလဲဆရာ?

ကြၽႏ္ုပ္: Kremil-S အျဖဴေရာင္ေလ…ခု ခင္ဗ်ားျဖစ္သလို ဗိုက္ေအာင့္ ဗိုက္နာ ေလပြ အစာအိမ္ေရာရာေတြမွာ တစ္ခါေသာက္ ၁ လံုးနဲ႔တစ္ေန႔ ၃ႀကိမ္ေလာက္ေသာက္ရတယ္။သူက အစာအိမ္ထဲက အက္ဆစ္ဓာတ္ေတြကို ေခ်ဖ်က္ေပးတာ….။

ျပီးေနာက္ လိုအပ္တဲ့ ေဆးေပး၊အဆာမခံဖို႔၊ ေဆးလိပ္ အရက္ျဖတ္ဖို႔၊ အပူအစပ္မစားဖို႔…စသျဖင့္ အစာအိမ္ေဝဒနာအတြက္ လိုအပ္တာေတြ ၫႊန္ၾကားၿပီးေနာက္။

im

ကြၽႏ္ုပ္: ကဲ….ေဆးေသခ်ာေသာက္…..ခုေျပာတာေတြေသခ်ာလိုက္နာ။အကယ္၍ ေဆးပတ္လည္ေအာင္ေသာက္ၿပီးလို႔မွ မသက္သာရင္ျပန္လာျပမယ္။ဟုတ္ၿပီလား?ေနာက္ၿပီး အစ္မႀကီးလည္း ေနာက္ဆို ခုလိုမ်ိဳး ေဆးခန္းသြားဖို႔အဆင္မေျပတဲ့အခ်ိန္ …ကိုယ္တိုင္ပဲျဖစ္ျဖစ္၊ေယာက်္ားပဲျဖစ္ျဖစ္၊အိမ္သူအိမ္သားတစ္ေယာက္ေယာက္ပျဲဖစ္ျဖစ္ ဒီလို ဗိုက္ေအာင့္ ဗိုက္နာရင္ ပ႐ုတ္ဆီလူးတာ မွန္ကန္တဲ့နည္းလမ္းမဟုတ္ဘူး။ခု ကြၽန္ေတာ္ေပးတဲ့ Kremil-S အျဖဴတစ္ကဒ္ေလာက္ အိမ္မွာဝယ္ေဆာင္ထား… လိုအပ္တဲ့အခါ ေသာက္လို႔ရတာေပါ့။ေဆးခ်ိဳသလို ေစ်းလည္းခ်ိဳတယ္။

အမ်ိဳးသား: မိန္းမ…ဆရာေျပာတာဟုတ္တယ္…ဆရာေျပာတဲ့ ေဆးနံမည္ ဖုန္းထဲ မွတ္ထားစမ္းပါဦး။ ခုေတာင္အေတာ္သက္သာသြားၿပီဆရာေရ႕ ။ အမ်ိဳးသမီး: ဟုတ္…ဟုတ္ကဲ့..။ေက်းဇူးတင္ပါတယ္ ဆရာေရ႕..။ကြၽန္မ ေယာက်္ား ကိုေဆးေၾကာက္ႀကီးကို ေဆးခ်ိဳခ်ိဳေကာင္းေကာင္းလး လမ္းၫႊန္ေပးလို႔…..။

ေမ (ေဆး ၂)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

ကိုဗစ်ကာကွယ်ဆေး Booster ဆိုတာဘာလဲ

1 Mins read
လူတိုင်းထိုးစရာလို‌နေပြီလား??? 💉💉💉💉💉💉💉💉💉💉💉💉💉 အရင်ကကာကွယ်ဆေး ကို နှစ်ကြိမ်ထိုးပြီးသူတွေရဲ့ ရှိပြီးသား ကာကွယ်ဆေးအစွမ်းမကျသွားအောင် ခန္ဓာကိုယ်ထဲမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်အောင် လေ့ကျင့်တဲ့သဘောနဲ့ ထပ်ပြီးBooster Dose ကို တတိယအကြိမ်(1st booster) သာမက အခု စတ္ထုထအကြိမ် (2nd booster) ပါ တခြားနိုင်ငံတွေမှာထိုးနေကြပြီဖြစ်ပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *