ဒီနေ့တော့ လူတိုင်းကြားဖူးနေကျဖြစ်တဲ့ မှိုရောပိုးအကြောင်းကို ခြုံငုံပြောပြသွားပါ့မယ်
မှိုရောဂါပိုးဟာ ကမ္ဘာနဲ့တစ်ဝှမ်း လူတို့နေ့စဉ်ကြုံတွေ့ခံစားနေရတဲ့ ရောဂါပိုးတစ်မျိုးပဲဖြစ်ပါတယ်။ ၎င်းဟာ မြေကြီး၊ရေနဲ့လေထဲတွင်သာမကပဲ အပင်တွေပေါ်မှာလဲရှင်သန်နေထိုင်နိုင်ပါတယ်။ လူ့ခန္ဓာကိုယ်ပေါ်မှာ သဘာဝအတိုင်းရှင်သန်နေထိုင်ပြီး လူတွေကိုအကျိုးပြုတဲ့ မှိုတွေလဲရှိပါတယ်။ အကျိုးပြုမှိုတွေရှိသလို ရောဂါဘယကိုဖြစ်ပေါ်စေတတ်တဲ့မှိုတွေလဲရှိပါတယ်။ အဆိုပါရောဂါဖြစ်စေတဲ့မှိုများဟာ လူ့ပတ်ဝန်းကျင်မှာနေထိုင်ပြီး မကြာခနပြန်လည်ဝင်ရောက်လာတတ်ပါတယ်။
မှိုရောဂါရဲ့လက္ခဏာတွေက ဘာတွေလဲ…
ရောဂါပိုးတစ်ခုချင်းစီအတွက် သီးသန့်လက္ခဏာတွေရှိပေမယ့် အရေပြားပုံစံပြောင်းလဲခြင်း၊နီရဲခြင်းနဲ့ ယားယံခြင်းဟာအဖြစ်များဆုံးလက္ခဏာတွေဖြစ်ပါတယ်။
အဖြစ်များတဲ့ မှိုရောဂါတွေကရော ဘာတွေလဲ…
အောက်ပါအတိုင်းပဲဖြစ်ပါတယ်-
၁။Candida
ခြေသည်းလက်သည်းမှိုရောဂါနဲ့ Diaper rash စတဲ့ရောဂါတွေကိုဖြစ်စေတဲ့မှိုတစ်မျိုးဖြစ်ပါတယ်။
ဒါ့အပြင် အမျိုးသမီးတွေမှာအဖြစ်အရမ်းများတဲ့ ယားယံအဖြူဆင်းမှိုရောဂါဟာလဲ ၎င်းကြောင့်ပဲအဖြစ်များပါတယ်။
၎င်းကိုတော့ မှိုရောဂါနိုင်သော သောက်ဆေး၊လိမ်းဆေး၊မိန်းမကိုယ်ထဲထည့်ဆေးစသဖြင့် သင့်တော်ရာဆေးဝါးများဖြင့်ကုသနိုင်ပါတယ်။
၂။Athlete’s foot
ခြေချောင်းလေးတွေကြား၊ခြေချောင်းလေးတွေနဲ့ခြေဖဝါးကြားမှာ အဖုလေးတွေ၊အရေပြားကွာပြီးယားယံတာလေးတွေနဲ့ အနာအကွဲကြောင်းလေးတွေ ဖြစ်ဖူးကြပါလိမ့်မယ်။ သူက စွတ်စိုပြီးပူနွေးတဲ့အခြေအနေမျိုး(ဥပမာ-နွေရာသီမှာ ခြေအိတ်ဝတ် အားကစားဖိနပ်(သို့)ရှူးဖိနပ်တစ်မျိုးမျိုးစီးတဲ့အခါမျိုး)မှာ ဖြစ်တတ်တာပါ။
အားကစားသမားတွေမှာအတွေ့များလို့ Athlete’s foot လို့ခေါ်ပေမယ့် အထက်ပါအခြေအနေမျိုးမှာဆိုရင် လူတိုင်းမှာဖြစ်ပေါ်နိုင်ပါတယ်။ ၎င်းရောဂါကိုလဲ မှိုရောဂါလိမ်းဆေး၊သောက်ဆေးအပြင် ခြေထောက်ကိုသန့်ရှင်းခြောက်သွေ့စွာထားခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ပါတယ်။
၃။Jock itch
ဒီမှိုရောဂါကတော့ ပူနွေး၊စွတ်စို၊ထိုင်းမှိုင်းတဲ့နေရာတွေ(လိင်အင်္ဂ ါကြား၊ပေါင်ခြံကြား၊တင်ပါးကြားစတဲ့ အကျိုအကြား)မှာ အတွေ့ရများပါတယ်။ တိုက်ရိုက်ထိတွေ့မှုကနေ ရောဂါကူးစက်နိုင်ပြီး ပူနွေးတဲ့ရာသီတွေမှာအဖြစ်များပါတယ်။ မှိုရောဂါသတ်တဲ့လိမ်းဆေးတွေနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးကောင်းမွန်အောင်ဂရုစိုက်နေထိုင်ခြင်းဟာ ၎င်းရောဂါရဲ့ကုထုံးဖြစ်ပါတယ်။
၄။Ringworm
ပွေးဆိုတာကတော့ သိကြပြီးဖြစ်တဲ့အတိုင်း တစ်ကိုယ်လုံးနေရာမရွေးဖြစ်တတ်တဲ့မှိုရောဂါပါပဲ။ Jock itch ရော Athlete’s foot ကိုရောဖြစ်စေနိုင်တဲ့မှိုပါပဲ။
အရေပြား၊ဆံပင်၊လက်သည်း အကုန်လုံးမှာဖြစ်နိုင်ပါတယ်။ အကွက်လိုက်အကွက်လိုက်ကလေးတွေနေတတ်ပြီး ထိတာနဲ့အရမ်းကူးလွယ်ပါတယ်။ ဒါ့အပြင် အဝတ်အစား၊မျက်နှာသုတ်ပဝါတို့အပေါ်မှာလဲ ကပ်ညိရှင်သန်နေနိုင်ပြန်ပါသေးတယ်။ ၎င်းကိုလဲ မှိုရောဂါနိုင်သော သောက်ဆေး၊လိမ်းဆေးများဖြင့်ကုသနိုင်ပြီး အရေပြားသန့်ရှင်းရေးကိုတော့အထူးဂရုစိုက်ဖို့လိုပါတယ်။
ဘယ်လိုလူတွေမှာ မှိုရောဂါအဖြစ်များလဲ…
ကိုယ်ခံစွမ်းအားနည်းတဲ့လူတွေနဲ့ ကင်ဆာရောဂါ၊ဆီးချိုရောဂါသမားတွေမှာ အဖြစ်များတတ်ပါတယ်။ ဒါ့အပြင် တစ်ကိုယ်ရည်သန့်ရှင်းရေးအားနည်းသူတွေ၊ရောဂါပိုးရှိသူနဲ့ထိတွေ့နေရတဲ့သူတွေမှာလဲ ဖြစ်နိုင်ပါတယ်။
ကဲ ဒီလောက်ဆိုရင် All about fungal infections အကြောင်းလုံလောက်ပြီထင်ပါတယ်။
အားလုံးပဲ မှိုရောဂါကင်းဝေးနိုင်ကြပါစေကြောင်း ဆုမွန်တောင်းလျက်…
dr.ye’lwin mm
ဒီေန႕ေတာ့ လူတိုင္းၾကားဖူးေနက်ျဖစ္တဲ့ မွိဳေရာပိုးအေၾကာင္းကို ျခံဳငံုေျပာျပသြားပါ့မယ္
မွဳိေရာဂါပိုးဟာ ကမာၻနဲ႕တစ္ဝွမ္း လူတို႕ေန႕စဥ္ၾကံဳေတြ႕ခံစားေနရတဲ့ ေရာဂါပိုးတစ္မ်ဳိးပဲျဖစ္ပါတယ္။ ၎ဟာ ေျမႀကီး၊ေရနဲ႕ေလထဲတြင္သာမကပဲ အပင္ေတြေပၚမွာလဲရွင္သန္ေနထိုင္ႏိုင္ပါတယ္။ လူ႕ခႏၶာကိုယ္ေပၚမွာ သဘာဝအတိုင္းရွင္သန္ေနထိုင္ၿပီး လူေတြကိုအက်ဳိးျပဳတဲ့ မွိဳေတြလဲရွိပါတယ္။ အက်ဳိးျပဳမွိဳေတြရွိသလို ေရာဂါဘယကိုျဖစ္ေပၚေစတတ္တဲ့မွိဳေတြလဲရွိပါတယ္။ အဆိုပါေရာဂါျဖစ္ေစတဲ့မွိဳမ်ားဟာ လူ႕ပတ္ဝန္းက်င္မွာေနထိုင္ၿပီး မၾကာခနျပန္လည္ဝင္ေရာက္လာတတ္ပါတယ္။
မွိဳေရာဂါရဲ႕လကၡဏာေတြက ဘာေတြလဲ…
ေရာဂါပိုးတစ္ခုခ်င္းစီအတြက္ သီးသန္႕လကၡဏာေတြရွိေပမယ့္ အေရျပားပံုစံေျပာင္းလဲျခင္း၊နီရဲျခင္းနဲ႕ ယားယံျခင္းဟာအျဖစ္မ်ားဆံုးလကၡဏာေတြျဖစ္ပါတယ္။
အျဖစ္မ်ားတဲ့ မွိဳေရာဂါေတြကေရာ ဘာေတြလဲ…
ေအာက္ပါအတိုင္းပဲျဖစ္ပါတယ္-
၁။Candida
ေျခသည္းလက္သည္းမွိဳေရာဂါနဲ႕ Diaper rash စတဲ့ေရာဂါေတြကိုျဖစ္ေစတဲ့မွိဳတစ္မ်ဳိးျဖစ္ပါတယ္။
ဒါ့အျပင္ အမ်ဳိးသမီးေတြမွာအျဖစ္အရမ္းမ်ားတဲ့ ယားယံအျဖဴဆင္းမွိဳေရာဂါဟာလဲ ၎ေၾကာင့္ပဲအျဖစ္မ်ားပါတယ္။
၎ကိုေတာ့ မွိဳေရာဂါႏိုင္ေသာ ေသာက္ေဆး၊လိမ္းေဆး၊မိန္းမကိုယ္ထဲထည့္ေဆးစသျဖင့္ သင့္ေတာ္ရာေဆးဝါးမ်ားျဖင့္ကုသႏိုင္ပါတယ္။
၂။Athlete’s foot
ေျခေခ်ာင္းေလးေတြၾကား၊ေျခေခ်ာင္းေလးေတြနဲ႕ေျခဖဝါးၾကားမွာ အဖုေလးေတြ၊အေရျပားကြာၿပီးယားယံတာေလးေတြနဲ႕ အနာအကြဲေၾကာင္းေလးေတြ ျဖစ္ဖူးၾကပါလိမ့္မယ္။ သူက စြတ္စိုၿပီးပူေႏြးတဲ့အေျခအေနမ်ဳိး(ဥပမာ-ေႏြရာသီမွာ ေျခအိတ္ဝတ္ အားကစားဖိနပ္(သို႕)ရွဴးဖိနပ္တစ္မ်ဳိးမ်ိဳးစီးတဲ့အခါမ်ိဳး)မွာ ျဖစ္တတ္တာပါ။
အားကစားသမားေတြမွာအေတြ႕မ်ားလို႕ Athlete’s foot လို႕ေခၚေပမယ့္ အထက္ပါအေျခအေနမ်ဳိးမွာဆိုရင္ လူတိုင္းမွာျဖစ္ေပၚႏိုင္ပါတယ္။ ၎ေရာဂါကိုလဲ မွိဳေရာဂါလိမ္းေဆး၊ေသာက္ေဆးအျပင္ ေျခေထာက္ကိုသန္႕ရွင္းေျခာက္ေသြ႕စြာထားျခင္းျဖင့္ သက္သာေပ်ာက္ကင္းႏိုင္ပါတယ္။
၃။Jock itch
ဒီမွိဳေရာဂါကေတာ့ ပူေႏြး၊စြတ္စို၊ထိုင္းမွဳိင္းတဲ့ေနရာေတြ(လိင္အဂၤ ါၾကား၊ေပါင္ျခံၾကား၊တင္ပါးၾကားစတဲ့ အက်ဳိအၾကား)မွာ အေတြ႕ရမ်ားပါတယ္။ တိုက္႐ိုက္ထိေတြ႕မွဳကေန ေရာဂါကူးစက္ႏိုင္ၿပီး ပူေႏြးတဲ့ရာသီေတြမွာအျဖစ္မ်ားပါတယ္။ မွိဳေရာဂါသတ္တဲ့လိမ္းေဆးေတြနဲ႕ တစ္ကိုယ္ရည္သန္႕ရွင္းေရးေကာင္းမြန္ေအာင္ဂ႐ုစိုက္ေနထိုင္ျခင္းဟာ ၎ေရာဂါရဲ႕ကုထံုးျဖစ္ပါတယ္။
၄။Ringworm
ေပြးဆိုတာကေတာ့ သိၾကၿပီးျဖစ္တဲ့အတိုင္း တစ္ကိုယ္လံုးေနရာမေရြးျဖစ္တတ္တဲ့မွိဳေရာဂါပါပဲ။ Jock itch ေရာ Athlete’s foot ကိုေရာျဖစ္ေစႏိုင္တဲ့မွိဳပါပဲ။
အေရျပား၊ဆံပင္၊လက္သည္း အကုန္လံုးမွာျဖစ္ႏိုင္ပါတယ္။ အကြက္လိုက္အကြက္လိုက္ကေလးေတြေနတတ္ၿပီး ထိတာနဲ႕အရမ္းကူးလြယ္ပါတယ္။ ဒါ့အျပင္ အဝတ္အစား၊မ်က္ႏွာသုတ္ပဝါတို႕အေပၚမွာလဲ ကပ္ညိရွင္သန္ေနႏိုင္ျပန္ပါေသးတယ္။ ၎ကိုလဲ မွိဳေရာဂါႏိုင္ေသာ ေသာက္ေဆး၊လိမ္းေဆးမ်ားျဖင့္ကုသႏိုင္ၿပီး အေရျပားသန္႕ရွင္းေရးကိုေတာ့အထူးဂ႐ုစိုက္ဖို႕လိုပါတယ္။
ဘယ္လိုလူေတြမွာ မွိဳေရာဂါအျဖစ္မ်ားလဲ…
ကိုယ္ခံစြမ္းအားနည္းတဲ့လူေတြနဲ႕ ကင္ဆာေရာဂါ၊ဆီးခ်ဳိေရာဂါသမားေတြမွာ အျဖစ္မ်ားတတ္ပါတယ္။ ဒါ့အျပင္ တစ္ကိုယ္ရည္သန္႕ရွင္းေရးအားနည္းသူေတြ၊ေရာဂါပိုးရွိသူနဲ႕ထိေတြ႕ေနရတဲ့သူေတြမွာလဲ ျဖစ္ႏိုင္ပါတယ္။
ကဲ ဒီေလာက္ဆိုရင္ All about fungal infections အေၾကာင္းလံုေလာက္ၿပီထင္ပါတယ္။
အားလံုးပဲ မွိဳေရာဂါကင္းေဝးႏိုင္ၾကပါေစေၾကာင္း ဆုမြန္ေတာင္းလ်က္…
dr.ye’lwin mm