ဝမ်းမချုပ်စေဖို့ ဒါတွေလုပ်ပါ။
ဘယ်အချိန်မှာ ဝမ်းချုပ်တယ်ခေါ်မလဲ?
- တစ်ပတ်လျှင် ဝမ်းသွားတဲ့အကြိမ်ရေ ၃ကြိမ်အောက်လျော့နည်းတာ
- ဝမ်းအရမ်းမာတာ
- ဝမ်းသွားလျှင်အားနဲ့ညှစ်သွားရတာ
စတဲ့အချက်တွေရှိနေပြီဆိုရင်တော့ သင်ဝမ်းချုပ်နေပါပြီ။
ဝမ်းမချုပ်စေဖို့ ဒါတွေလုပ်ပါ။
- (1)ရေများများသောက်ပါ။(တစ်နေ့လျှင်အနည်းဆုံး ရေ ၂လီတာသောက်ပါ။)
- (2)ဟင်းသီးဟင်းရွက်၊အသီးအနှံများများစားပါ။
- (3)လှုပ်လှုပ်ရှားရှားတက်တက်ကြွကြွနေပါ။အားကစားလုပ်ပါ။
- (4)ဝမ်းသွားချင်လျှင် အောင့်မထားပါနှင့်။
ဘယ်အချိန်မှာ ဆေးခန်းပြသင့်လဲ?
- (1)ဝမ်းချုပ်တာနဲ့အတူ ဗိုက်ထိုးအောင့်လာမယ်၊ဝမ်းလည်းချုပ်သလို လေလည်းမလည်တော့ဘူးဆိုလျှင်
- (2)ဝမ်းချုပ်နေပြီး ဝမ်းသွားတဲ့အခါမှာလည်း သွေးပါလျှင်
- (3)နှစ်ပတ်ထက်ပိုပြီးဝမ်းချုပ်လျှင်
- (4)ဝိတ်လျှော့နေတာမဟုတ်ဘဲ ကိုယ်အလေးချိန်သိသိသာသာကျဆင်းလာလျှင်
- (5)အပေါ်မှာပြောထားတဲ့ ဝမ်းချုပ်လျှင်လုပ်ရမယ့် နည်းလမ်းတွေအတိုင်း လိုက်နာတာတောင်မှ ဝမ်းချုပ်မြဲချုပ်ဆဲဖြစ်နေလျှင်….
နီးစပ်ရာဆေးရုံ၊ဆေးခန်းမှာ ဆရာဝန်နဲ့အမြန်ဆုံး သွားရောက်ပြသပြီး လိုအပ်တဲ့ စစ်ဆေးကုသမှုခံယူပါ။
ဝမ်းချုပ်စေတဲ့အကြောင်းရင်းတွေက ဘာတွေဖြစ်မလဲ?
- (1)ရေအသောက်နည်းတာ
- (2)ဟင်းသီးဟင်းရွက် အသီးအနှံသိပ်မစားတာ
- (3)အထိုင်များပြီး ကိုယ်လက်လှုပ်ရှားမှုနည်းတာ
- (4)အိမ်သာသွားချင်တာကို အောင့်ထားတာ
- (5)စိတ်ဖိဆီးမှုများတာ
- (6)ကိုယ်ဝန်ဆောင်နေချိန်မှာလည်း ဝမ်းချုပ်တတ်ပါတယ်။
- (7)စိတ်ဖိဆီးမှုများခြင်း
- (8)အချို့သော အူလမ်းကြောင်းဆိုင်ရာရောဂါတွေရှိတာ
- (9)အူမကြီးကင်ဆာ
- (10)အချို့သောဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့လည်း ဝမ်းချုပ်စေတတ်ပါတယ်(ဥပမာ – သံဓာတ်အားဆေး၊စိတ်ကျရောဂါကုသရာတွင်သုံးသောဆေးများ၊မူးယစ်ဆေးပါဝင်သောဆေးများ)
- (11)ဝမ်းပျော့ဆေးများကို အလွန်အကျွံသုံးစွဲမိပါကလည်း ဝမ်းချုပ်ခြင်းကိုဖြစ်စေတတ်ပါတယ်။
- (12)ကယ်လ်စီယမ်၊အလူမီနီယမ်ပါဝင်သော အစာချေအက်ဆစ်ကို ချေဖျက်ပေးသော အစာအိမ်ဆေးများ
- (13)အချို့သော အာရုံကြောဆိုင်ရာရောဂါများ
- (14)သိုင်းရွိုက်ဂလန်း လုပ်ဆောင်မှုအားနည်းခြင်း
ဝမ်းချုပ်တာကြာလာရင်ဘာဖြစ်နိုင်လဲ?
ဝမ်းချုပ်တာကြာလာတာနဲ့အမျှ ဒီလို မလိုလားအပ်တဲ့ နောက်ဆက်တွဲ ရောဂါတွေဖြစ်လာနိုင်ပါတယ်။
- (1)လိပ်ခေါင်းရောဂါ (ဝမ်းသွားရင် သွေးပါမယ်၊အရမ်းနာမယ် စတဲ့လက္ခဏာတွေပြနိုင် ပါတယ်။)
- (2)စအိုဝကွဲထွက်ခြင်း (စအိုဝတစ်ဝိုက်မှာ ကွဲကြောင်းလေးတွေဖြစ်မယ်၊ယားမယ်၊နာမ.်၊သွေးထွက်မယ် စတဲ့လက္ခဏာတွေပြနိုင်ပါတယ်။)
- (3)စမြင်းခံခြင်း (ဝမ်းချုပ်တဲ့အချိန်အရမ်းကြာလာတဲ့အခါ အထဲကဝမ်းတွေဟာ အရမ်းကိုမာခဲပြီး အူမကြီးနဲ့အစာဟောင်းအိမ်ထဲမှာ ပိတ်ဆို့နေကာ ဘယ်လောက်ညှစ်ညှစ် ဝမ်းမသွားနိုင်ဖြစ်တာကို စမြင်းတုံးခံတယ်လို့ ပြောကြတာပါ။)
- (4)စအိုအပြင်သို့ထွက်ကျခြင်း (ဝမ်းသွားတိုင်း အားနဲ့ညှစ်သွားရတဲ့အခါ ခန္ဓာကိုယ်တွင်းက ဖိအားတွေများလာပြီး စအိုကိုပါအပြင်ဘက်ကို တွန်းချသလိုဖြစ်ပြီး စအိုအပြင်ဘက်ထွက်လာတာပါ။)
မေ (ဆေး ၂)
ဝမ္းမခ်ဳပ္ေစဖို႔ ဒါေတြလုပ္ပါ။
ဘယ္အခ်ိန္မွာ ဝမ္းခ်ဳပ္တယ္ေခၚမလဲ?
- တစ္ပတ္လ်ွင္ ဝမ္းသြားတဲ့အႀကိမ္ေရ ၃ႀကိမ္ေအာက္ေလ်ာ့နည္းတာ
- ဝမ္းအရမ္းမာတာ
- ဝမ္းသြားလ်ွင္အားနဲ႔ညႇစ္သြားရတာ
စတဲ့အခ်က္ေတြ႐ွိေနၿပီဆိုရင္ေတာ့ သင္ဝမ္းခ်ဳပ္ေနပါၿပီ။
ဝမ္းမခ်ဳပ္ေစဖို႔ ဒါေတြလုပ္ပါ။
- (1)ေရမ်ားမ်ားေသာက္ပါ။(တစ္ေန႔လ်ွင္အနည္းဆံုး ေရ ၂လီတာေသာက္ပါ။)
- (2)ဟင္းသီးဟင္းရြက္၊အသီးအနွံမ်ားမ်ားစားပါ။
- (3)လႈပ္လႈပ္႐ွား႐ွားတက္တက္ႂကြႂကြေနပါ။အားကစားလုပ္ပါ။
- (4)ဝမ္းသြားခ်င္လ်ွင္ ေအာင့္မထားပါႏွင့္။
ဘယ္အခ်ိန္မွာ ေဆးခန္းျပသင့္လဲ?
- (1)ဝမ္းခ်ဳပ္တာနဲ႔အတူ ဗိုက္ထိုးေအာင့္လာမယ္၊ဝမ္းလည္းခ်ဳပ္သလို ေလလည္းမလည္ေတာ့ဘူးဆိုလ်ွင္
- (2)ဝမ္းခ်ဳပ္ေနၿပီး ဝမ္းသြားတဲ့အခါမွာလည္း ေသြးပါလ်ွင္
- (3)ႏွစ္ပတ္ထက္ပိုၿပီးဝမ္းခ်ဳပ္လ်ွင္
- (4)ဝိတ္ေလ်ွာ့ေနတာမဟုတ္ဘဲ ကိုယ္အေလးခ်ိန္သိသိသာသာက်ဆင္းလာလ်ွင္
- (5)အေပၚမွာေျပာထားတဲ့ ဝမ္းခ်ဳပ္လ်ွင္လုပ္ရမယ့္ နည္းလမ္းေတြအတိုင္း လိုက္နာတာေတာင္မွ ဝမ္းခ်ဳပ္ျမဲခ်ဳပ္ဆဲျဖစ္ေနလ်ွင္….
နီးစပ္ရာေဆးရံု၊ေဆးခန္းမွာ ဆရာဝန္နဲ႔အျမန္ဆံုး သြားေရာက္ျပသၿပီး လိုအပ္တဲ့ စစ္ေဆးကုသမႈခံယူပါ။
ဝမ္းခ်ဳပ္ေစတဲ့အေၾကာင္းရင္းေတြက ဘာေတြျဖစ္မလဲ?
- (1)ေရအေသာက္နည္းတာ
- (2)ဟင္းသီးဟင္းရြက္ အသီးအႏွံသိပ္မစားတာ
- (3)အထိုင္မ်ားၿပီး ကိုယ္လက္လႈပ္႐ွားမႈနည္းတာ
- (4)အိမ္သာသြားခ်င္တာကို ေအာင့္ထားတာ
- (5)စိတ္ဖိဆီးမႈမ်ားတာ
- (6)ကိုယ္ဝန္ေဆာင္ေနခ်ိန္မွာလည္း ဝမ္းခ်ဳပ္တတ္ပါတယ္။
- (7)စိတ္ဖိဆီးမႈမ်ားျခင္း
- (8)အခ်ိဳ႕ေသာ အူလမ္းေၾကာင္းဆိုင္ရာေရာဂါေတြ႐ွိတာ
- (9)အူမႀကီးကင္ဆာ
- (10)အခ်ိဳ႕ေသာေဆးေတြရဲ႕ ေဘးထြက္ဆိုးက်ိဳးအေနနဲ႔လည္း ဝမ္းခ်ဳပ္ေစတတ္ပါတယ္(ဥပမာ – သံဓာတ္အားေဆး၊စိတ္က်ေရာဂါကုသရာတြင္သံုးေသာေဆးမ်ား၊မူးယစ္ေဆးပါဝင္ေသာေဆးမ်ား)
- (11)ဝမ္းေပ်ာ့ေဆးမ်ားကို အလြန္အကြၽံသံုးစြဲမိပါကလည္း ဝမ္းခ်ဳပ္ျခင္းကိုျဖစ္ေစတတ္ပါတယ္။
- (12)ကယ္လ္စီယမ္၊အလူမီနီယမ္ပါဝင္ေသာ အစာေခ်အက္ဆစ္ကို ေခ်ဖ်က္ေပးေသာ အစာအိမ္ေဆးမ်ား
- (13)အခ်ိဳ႕ေသာ အာရံုေၾကာဆိုင္ရာေရာဂါမ်ား
- (14)သိုင္းရြိဳက္ဂလန္း လုပ္ေဆာင္မႈအားနည္းျခင္း
ဝမ္းခ်ဳပ္တာၾကာလာရင္ဘာျဖစ္ႏိုင္လဲ?
ဝမ္းခ်ဳပ္တာၾကာလာတာနဲ႔အမ်ွ ဒီလို မလိုလားအပ္တဲ့ ေနာက္ဆက္တြဲ ေရာဂါေတြျဖစ္လာႏိုင္ပါတယ္။
- (1)လိပ္ေခါင္းေရာဂါ (ဝမ္းသြားရင္ ေသြးပါမယ္၊အရမ္းနာမယ္ စတဲ့လကၡဏာေတြျပႏိုင္ ပါတယ္။)
- (2)စအိုဝကြဲထြက္ျခင္း (စအိုဝတစ္ဝိုက္မွာ ကြဲေၾကာင္းေလးေတြျဖစ္မယ္၊ယားမယ္၊နာမ.္၊ေသြးထြက္မယ္ စတဲ့လကၡဏာေတြျပႏိုင္ပါတယ္။)
- (3)စျမင္းခံျခင္း (ဝမ္းခ်ဳပ္တဲ့အခ်ိန္အရမ္းၾကာလာတဲ့အခါ အထဲကဝမ္းေတြဟာ အရမ္းကိုမာခဲျပီး အူမႀကီးနဲ႔အစာေဟာင္းအိမ္ထဲမွာ ပိတ္ဆို႔ေနကာ ဘယ္ေလာက္ညႇစ္ညႇစ္ ဝမ္းမသြားႏိုင္ျဖစ္တာကို စျမင္းတံုးခံတယ္လို႔ ေျပာၾကတာပါ။)
- (4)စအိုအျပင္သို႔ထြက္က်ျခင္း (ဝမ္းသြားတိုင္း အားနဲ႔ညႇစ္သြားရတဲ့အခါ ခႏၶာကိုယ္တြင္းက ဖိအားေတြမ်ားလာၿပီး စအိုကိုပါအျပင္ဘက္ကို တြန္းခ်သလိုျဖစ္ၿပီး စအိုအျပင္ဘက္္ထြက္လာတာပါ။)
ေမ (ေဆး ၂)