ကိုလက်စထရောအကြောင်း သိကောင်းစရာ

ကိုလက်စထရောဆိုသည်မှာ သင့်ခန္ဓာကိုယ်ဆဲလ်များအတွင်းရှိ ဖယောင်းကဲ့သို့ အဆီလေးများပင်ဖြစ်သည် ။ ကိုလက်စထရောကို ဟော်မုန်းများ ထုတ်လုပ်ခြင်း ဗီတာမင် ဒီ ဖွဲ့စည်းချင်းများအပါအဝင် ခန္ဓာကိုယ်၏ လုပ်ဆောင်ချက်တော်တော်များများတွင် လိုအပ်ပါတယ် ။ ထို့အပြင် အာရုံကြောစနစ်တွေအတွက်ရော အဆီတွင်ပျော်ဝင်သော ဗီတာမင်ဓာတ်များစုပ်ယူရာတွင်ပါ အရေးကြီးလှပါတယ် ။

Americans Heart Association (AHA) အရ ကျွန်ုပ်တို့ခန္ဓာကိုယ်အတွက် လိုအပ်သော ကိုလက်စထရောကို အသည်းမှ တဆင့် ထုတ်ပေးနေပြီး ပြင်ပအစားအစာများ စားသုံးခြင်းမှ တဆင့်လဲ ရရှိနေပါတယ် ။ကိုလက်စထရောအစားများပါက အသည်းမှ လျှော့၍ ထုတ်ပြီး ကိုလက်စထရောနည်းသည့်အစားအစာများစားပါက အသည်းမှ ပိုထုတ်ပါတယ် ။ အဓိကရရှိသော အစားအစာရင်းမြစ်များမှာ တိရစ္ဆာန်ထွက်ပစ္စည်းများဖြစ်ပြီး အများအားဖြင့်

•အသား

•ဥ

•ပြည့်ဝဆီထွက်ကုန်များ

•အုန်းဆီ စာအုန်းဆီ

မှရရှိလေ့ရှိပါတယ် ။

ကိုလက်စထရောကို lipoproteins ဆိုတဲ့ အရာလေးတွေက တဆင့် ခန္ဓာကိုယ်တွင်း လှည့်လည်ပါတယ် ။ အဲ့ lipoprotein လေးတွေကို နှစ်အုပ်စုခွဲထားပြီး HDL နဲ့ LDL ဆိုလူသိများကြပါတယ် ။

HDL ဟာ ကောင်းတဲ့ ကိုလက်စထရောလို့ အလွယ် သတ်မှတ်ကြပါတယ် ။ သူက ခန္ဓာကိုယ်က ပိုလျှံတဲ့အဆီတွေကို အသည်းဆီသယ်သွားပြီး ဖျက်ဆီးပစ်လို့ဖြစ်တယ် ။

LDL ကတော့ မကောင်းတဲ့ ကိုလက်စထရော လို့သတ်မှတ်ကြတယ် ။ သွေးထဲမှာ အရမ်းများလာတဲ့အခါ သွေးကြောနံရံတွေမယ် အဆီဖတ်ကလေးတွေဖြစ်စေပြီး သွေးကြောကျဉ်းရောရါဖြစ်စေလို့ပါ ။ အချိန်ကြာလာတာနဲ့အမျှ အဆီတွေ နံရံမှာ တွယ်ကပ်လာမှုကြောင့် နှလုံးကို သွေးစီးဆင်းမှုဟာ အဟန့်အတားဖြစ်စေလာပြီး နှလုံးရောဂါတွေ လေဖြတ်တာ သွေးကြောပိတ်ဆို့တာ အစရှိတဲ့ ရောဂါတွေဖြစ်ပွားလာစေပါတယ် ။

စားသုံးရန်မသင့်တဲ့ ပြည့်ဝဆီ ( saturated fat ) တွေ trans fat တွေများစွာပါဝင်နေတဲ့ အစားအစာများကိုစားပါက သွေးတွင်းကိုလက်စထရော ပမာဏများပြားလာစေပြီး နှလုံးသွေးကြောကျဉ်းရောဂါ နှလုံးရောဂါ ရုတ်တရက်လေဖြတ်သွားတာ ခြေလက်များရှိ သွေးကြောများပိတ်ဆို့ကုန်တာ အစရှိသဖြင့် ဖြစ်ပွားလာစေနိုင်ပါတယ် ။ဒါ့အပြင်ဆေးလိပ်သောက်ခြင်းဟာလဲ ကိုလက်စထရောတက်စေတဲ့အကြောင်းအရင်းတစ်ခုပဲ ဖြစ်ပါတယ် ။

သို့အတွက် ကိုလက်စထရောဟာ လျှော့ချသင့်ပြီး အထူးသဖြင့် နေထိုင်မှုပုံစံပြောင်းလဲခြင်းဖြင့် အစပြုသင့်ပါတယ်

ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း

ဆေးလိပ်ဖြတ်ခြင်း

သွေးပေါင်ချိန် ပုံမှန်ထိန်းထားခြင်း

အစေ့အဆံများများ စားသုံးခြင်း

အမျှင်ဓာတ်ပါဝင်သော အသီးအရွက် အသီးအနှံများ စားသုံးခြင်း

ငါးများများ တစ်ပတ်နှစ်ကြိမ် အနည်းဆုံးစားပေးခြင်း

စားအုန်းဆီအစား နေကြာဆီ သံလွင်ဆီများ အစားထိုးသုံးစွဲခြင်း

အသင့်ထုတ်ပိုးထားသော အာလူးကြော်များ မုန့်များ ရှောင်ရှားခြင်း များဖြင့် ကိုလက်စထရောမြင့်တက်ခြင်းကို ကာကွယ်နိုင်ပါတယ် ။

Dr. ရှိန်းသူဟန်

ကိုလက္စထေရာအေၾကာင္း သိေကာင္းစရာ

ကိုလက္စထေရာဆိုသည္မွာ သင့္ခႏၶာကိုယ္ဆဲလ္မ်ားအတြင္းရွိ ဖေယာင္းက့ဲသို႔ အဆီေလးမ်ားပင္ျဖစ္သည္ ။ ကိုလက္စထေရာကို ေဟာ္မုန္းမ်ား ထုတ္လုပ္ျခင္း ဗီတာမင္ ဒီ ဖြဲ႕စည္းခ်င္းမ်ားအပါအဝင္ ခႏၶာကိုယ္၏ လုပ္ေဆာင္ခ်က္ေတာ္ေတာ္မ်ားမ်ားတြင္ လိုအပ္ပါတယ္ ။ ထို႔အျပင္ အာရံုေၾကာစနစ္ေတြအတြက္ေရာ အဆီတြင္ေပ်ာ္ဝင္ေသာ ဗီတာမင္ဓာတ္မ်ားစုပ္ယူရာတြင္ပါ အေရးႀကီးလွပါတယ္ ။

Americans Heart Association (AHA) အရ ကြ်ႏ္ုပ္တို႔ခႏၶာကိုယ္အတြက္ လိုအပ္ေသာ ကိုလက္စထေရာကို အသည္းမွ တဆင့္ ထုတ္ေပးေနၿပီး ျပင္ပအစားအစာမ်ား စားသံုးျခင္းမွ တဆင့္လဲ ရရွိေနပါတယ္ ။ကိုလက္စထေရာအစားမ်ားပါက အသည္းမွ ေလွ်ာ့၍ ထုတ္ၿပီး ကိုလက္စထေရာနည္းသည့္အစားအစာမ်ားစားပါက အသည္းမွ ပိုထုတ္ပါတယ္ ။ အဓိကရရွိေသာ အစားအစာရင္းျမစ္မ်ားမွာ တိရစာၦန္ထြက္ပစၥည္းမ်ားျဖစ္ၿပီး အမ်ားအားျဖင့္

•အသား

•ဥ

•ျပည့္ဝဆီထြက္ကုန္မ်ား

•အုန္းဆီ စာအုန္းဆီ

မွရရွိေလ့ရွိပါတယ္ ။

ကိုလက္စထေရာကို lipoproteins ဆိုတ့ဲ အရာေလးေတြက တဆင့္ ခႏၶာကိုယ္တြင္း လွည့္လည္ပါတယ္ ။ အ့ဲ lipoprotein ေလးေတြကို ႏွစ္အုပ္စုခြဲထားၿပီး HDL နဲ႔ LDL ဆိုလူသိမ်ားၾကပါတယ္ ။

HDL ဟာ ေကာင္းတ့ဲ ကိုလက္စထေရာလို႔ အလြယ္ သတ္မွတ္ၾကပါတယ္ ။ သူက ခႏၶာကိုယ္က ပိုလွ်ံတ့ဲအဆီေတြကို အသည္းဆီသယ္သြားၿပီး ဖ်က္ဆီးပစ္လို႔ျဖစ္တယ္ ။

LDL ကေတာ့ မေကာင္းတ့ဲ ကိုလက္စထေရာ လို႔သတ္မွတ္ၾကတယ္ ။ ေသြးထဲမွာ အရမ္းမ်ားလာတ့ဲအခါ ေသြးေၾကာနံရံေတြမယ္ အဆီဖတ္ကေလးေတြျဖစ္ေစၿပီး ေသြးေၾကာက်ဥ္းေရာ႐ါျဖစ္ေစလို႔ပါ ။ အခ်ိန္ၾကာလာတာနဲ႔အမွ် အဆီေတြ နံရံမွာ တြယ္ကပ္လာမႈေၾကာင့္ ႏွလံုးကို ေသြးစီးဆင္းမႈဟာ အဟန္႔အတားျဖစ္ေစလာၿပီး ႏွလံုးေရာဂါေတြ ေလျဖတ္တာ ေသြးေၾကာပိတ္ဆို႔တာ အစရွိတ့ဲ ေရာဂါေတြျဖစ္ပြားလာေစပါတယ္ ။

စားသုုံးရန္မသင့္တ့ဲ ျပည့္ဝဆီ ( saturated fat ) ေတြ trans fat ေတြမ်ားစြာပါဝင္ေနတ့ဲ အစားအစာမ်ားကိုစားပါက ေသြးတြင္းကိုလက္စထေရာ ပမာဏမ်ားျပားလာေစၿပီး ႏွလံုးေသြးေျကာက်ဥ္းေရာဂါ ႏွလံုးေရာဂါ ႐ုတ္တရက္ေလျဖတ္သြားတာ ေျခလက္မ်ားရွိ ေသြးေၾကာမ်ားပိတ္ဆို႔ကုန္တာ အစရွိသျဖင့္ ျဖစ္ပြားလာေစႏိုင္ပါတယ္ ။ဒါ့အျပင္ေဆးလိပ္ေသာက္ျခင္းဟာလဲ ကိုလက္စထေရာတက္ေစတ့ဲအေၾကာင္းအရင္းတစ္ခုပဲ ျဖစ္ပါတယ္ ။

သို႔အတြက္ ကိုလက္စထေရာဟာ ေလွ်ာ့ခ်သင့္ၿပီး အထူးသျဖင့္ ေနထိုင္မႈပံုစံေျပာင္းလဲျခင္းျဖင့္ အစျပဳသင့္ပါတယ္

ပံုမွန္ေလ့က်င့္ခန္းလုပ္ျခင္း

ေဆးလိပ္ျဖတ္ျခင္း

ေသြးေပါင္ခ်ိန္ ပံုမွန္ထိန္းထားျခင္း

အေစ့အဆံမ်ားမ်ား စားသံုးျခင္း

အမွ်င္ဓာတ္ပါဝင္ေသာ အသီးအရြက္ အသီးအႏွံမ်ား စားသံုးျခင္း

ငါးမ်ားမ်ား တစ္ပတ္ႏွစ္ႀကိမ္ အနည္းဆံုးစားေပးျခင္း

စားအုန္းဆီအစား ေနၾကာဆီ သံလြင္ဆီမ်ား အစားထိုးသံုးစြဲျခင္း

အသင့္ထုတ္ပိုးထားေသာ အာလူးေၾကာ္မ်ား မုန္႔မ်ား ေရွာင္ရွားျခင္း မ်ားျဖင့္ ကိုလက္စထေရာျမင့္တက္ျခင္းကို ကာကြယ္ႏိုင္ပါတယ္ ။

Dr. ရွိန္းသူဟန္

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…
All Articlesအခြားရောဂါများ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…

Leave a Reply

Your email address will not be published. Required fields are marked *