အရက် ဖြတ်ခြင်း
အရက်စွဲသူတစ်ယောက် အရက်ဖြတ်သောအခါ ဖြစ်နိုင်သော ရောဂါလက္ခဏာသည်
- သောက်သုံးသော အရက်ပမာဏ၊
- သောက်သုံးသော အချိန်ကာလပေါ် မူတည်၍ ပြင်းထန်တတ်ပါသည်။
ထို့အပြင် အရက်ဖြတ်မည်ဆိုပါက
- ရောဂါပိုးဝင်ရောက်ခြင်း ရှိမရှိ
- အခြားသော ဆေးများနှင့် တွဲဖက်သုံးစွဲခြင်းများကိုပါ သိရှိထားရန်လိုအပ်ပါသည်။
အရက်သည် ဦးနှောက်နှင့် အာရုံကြောစနစ်ကို ဖိထားသည့်သဘောဖြစ်သည့် အတွက် အရက်ကြာရှည် သုံးစွဲသူတစ်ယောက် အရက်ဖြတ်သောအခါတွင် အောက်ပါ ဦးနှောက်အတွင်း ထကြွသော လက္ခဏာများဖြစ်တတ်ပါသည်။
၁။ အနုစား လက္ခဏာများ
အရက်ဖြတ်ပြီး နာရီအနည်းငယ်အတွင်း
- သတိလစ်ခြင်း၊ အားနည်းသလိုခံစားရခြင်း
- ချွေးပြန်ခြင်း၊ စိတ်ဆက်နေခြင်း၊
- သွေးတိုးခြင်း၊ လက်တုန်ခြင်း၊ ညအိပ်မပျော်ခြင်းတို့ဖြစ်တတ်ပါသည်။
သို့သော် ၁ရက်မှ ၃ ရက်အတွင်း ပြန်ကောင်းနိုင်ပါသည်။
၂။ သာမန်အဆင့် လက္ခဏာများ
- အာရုံခြောက်ခြားခြင်း-ကိုယ်ပေါ်တွင် ပိုးကောင်ငယ်လေးများပြေးနေသကဲ့သို့ ခံစားရခြင်း၊ အကြားနှင့် အမြင်အာရုံ ခြောက်ခြားခြင်း။ သို့သော် ထိုသူများသည် သတိဖြင့် ဆင်ခြင်နိုင်စွမ်းရှိသေးသည်။
- အရက်ဖြတ်သောအခါဖြစ်သော တက်ခြင်း-ပြင်းထန်စွာတက်တတ်ပါသည်။
- နှလုံးခုန်သံမမှန်ခြင်း
၃။ ပြင်းထန်သော လက္ခဏာများ
- အရက်ကြောင်ခြင်း
- စိတ်ရူပ်ထွေးခြင်း
- အသိမရှိဘဲ ပြင်းထန်စွာ အာရုံခြောက်ခြားခြင်း
- သတိမေ့ခြင်း
- ထင်ယောင်ထင်မှားဖြစ်ခြင်း
- ချွေးအထွက်များခြင်း
- ပြင်းထန်သော ညအိပ်မပျော်ခြင်းများဖြစ်တတ်ပါသည်။
ထို့ကြောင့် အရက်စွဲသူတစ်ယောက် အရက်ဖြတ်သည့်အခါတွင် မိမိသဘောဖြင့် ဖြတ်ခြင်းကို ရှောင်ကြဉ်ရပါမည်။ တတ်ကျွမ်းသူနှင့် တိုင်ပင်ကုသသင့်ကြောင်း ဖော်ပြလိုက်ပါသည်။
ဒေါက်တာချို(ဆေး ၁)
အရက္ ျဖတ္ျခင္း
အရက္စြဲသူတစ္ေယာက္ အရက္ျဖတ္ေသာအခါ ျဖစ္နိုင္ေသာ ေရာဂါလကၡဏာသည္
- ေသာက္သံုးေသာ အရက္ပမာဏ၊
- ေသာက္သံုးေသာ အခ်ိန္ကာလေပၚ မူတည္၍ ျပင္းထန္တတ္ပါသည္။
ထို႔အျပင္ အရက္ျဖတ္မည္ဆိုပါက
- ေရာဂါပိုးဝင္ေရာက္ျခင္း ရွိမရွိ
- အျခားေသာ ေဆးမ်ားနွင့္ တြဲဖက္သံုးစြဲျခင္းမ်ားကိုပါ သိရွိထားရန္လိုအပ္ပါသည္။
အရက္သည္ ဦးေနွာက္နွင့္ အာရံုေၾကာစနစ္ကို ဖိထားသည့္သေဘာျဖစ္သည့္ အတြက္ အရက္ၾကာရွည္ သံုးစြဲသူတစ္ေယာက္ အရက္ျဖတ္ေသာအခါတြင္ ေအာက္ပါ ဦးေနွာက္အတြင္း ထၾကြေသာ လကၡဏာမ်ားျဖစ္တတ္ပါသည္။
၁။ အနုစား လကၡဏာမ်ား
အရက္ျဖတ္ျပီး နာရီအနည္းငယ္အတြင္း
- သတိလစ္ျခင္း၊ အားနည္းသလိုခံစားရျခင္း
- ေခၽြးျပန္ျခင္း၊ စိတ္ဆက္ေနျခင္း၊
- ေသြးတိုးျခင္း၊ လက္တုန္ျခင္း၊ ညအိပ္မေပ်ာ္ျခင္းတို႔ျဖစ္တတ္ပါသည္။
သို႔ေသာ္ ၁ရက္မွ ၃ ရက္အတြင္း ျပန္ေကာင္းနိုင္ပါသည္။
၂။ သာမန္အဆင့္ လကၡဏာမ်ား
- အာရံုေျခာက္ျခားျခင္း-ကိုယ္ေပၚတြင္ ပိုးေကာင္ငယ္ေလးမ်ားေျပးေနသကဲ့သို႔ ခံစားရျခင္း၊ အၾကားနွင့္ အျမင္အာရံု ေျခာက္ျခားျခင္း။ သို႔ေသာ္ ထိုသူမ်ားသည္ သတိျဖင့္ ဆင္ျခင္နိုင္စြမ္းရွိေသးသည္။
- အရက္ျဖတ္ေသာအခါျဖစ္ေသာ တက္ျခင္း-ျပင္းထန္စြာတက္တတ္ပါသည္။
- နွလံုးခုန္သံမမွန္ျခင္း
၃။ ျပင္းထန္ေသာ လကၡဏာမ်ား
- အရက္ေၾကာင္ျခင္း
- စိတ္ရူပ္ေထြးျခင္း
- အသိမရွိဘဲ ျပင္းထန္စြာ အာရံုေျခာက္ျခားျခင္း
- သတိေမ့ျခင္း
- ထင္ေယာင္ထင္မွားျဖစ္ျခင္း
- ေခၽြးအထြက္မ်ားျခင္း
- ျပင္းထန္ေသာ ညအိပ္မေပ်ာ္ျခင္းမ်ားျဖစ္တတ္ပါသည္။
ထို႔ေၾကာင့္ အရက္စြဲသူတစ္ေယာက္ အရက္ျဖတ္သည့္အခါတြင္ မိမိသေဘာျဖင့္ ျဖတ္ျခင္းကို ေရွာင္ၾကဥ္ရပါမည္။ တတ္ကၽြမ္းသူနွင့္ တိုင္ပင္ကုသသင့္ေၾကာင္း ေဖာ္ျပလိုက္ပါသည္။
ေဒါက္တာခ်ိဳ(ေဆး ၁)