‘သင်္ကြန်မှာ အရက်မူးလွန်ခဲ့ရင်’

သင်္ကြန်ကာလမှာ ရေတွေစိုလို့ချမ်းတဲ့အခါ အချမ်းပြေဖို့ဆိုပြီး အရက်၊ဘီယာသောက်သုံးတတ်ကြပါတယ်။ တော်ရုံသောက်တာဟာ ပြဿနာမရှိပေမယ့် သင့်တင့်တဲ့ ပမာဏထက်အလွန်အကြူး သောက်သုံးခဲ့ရင် Alcohol Overdose ဖြစ်စေခနိုင်ပါတယ်။

အရက်အလွန်အကျွံသောက်ပြီး Alcohol Overdose ဖြစ်ရင် အောက်ဖော်ပြပါ လက္ခဏာတွေဖြစ်လာပါမယ်။

  • ခန္ဓာကိုယ်တဖြည်းဖြည်းအေးစက်လာခြင်း
  • နှလုံးခုန်နှေးလာခြင်း
  • လမ်းထမလျှောက်နိုင်တော့ခြင်း
  • တက်ခြင်း
  • အော့အန်ခြင်း
  • စကားတွေဗလုံးဗထွေးပြောခြင်း
  • စိတ်ရှုပ်ထွေးပြီးမကြည်မလင်ဖြစ်လာခြင်း
  • မိန်းမောခြင်း
  • အသက်ရှူရခက်ခဲခြင်း
  • ဗိုက်အောင့်ခြင်း
  • အသိစိတ်လွတ်သွားခြင်း
  • တစ်ကိုယ်လုံးပြာနှမ်းလာခြင်း
  • မေ့မျောသွားခြင်း စသည်တို့ပဲဖြစ်ပါတယ်။

*အရက်အမူးလွန်ခဲ့ရင် သေနိုင်သလား?

Alcohol Overdose ဖြစ်ခဲ့ရင် အသက်အန္တရာယ်ရှိပါတယ်။

ပုံမှန်လူတစ်ယောက်မှာ gag reflex ဆိုတာရှိပါတယ်။ အရက်ကတော့ အဲဒီ gag reflex ကိုတားပါတယ်။ ဒါကြောင့် အရက်အလွန်အကျွံသောက်ပြီး အော့အန်တဲ့လူဟာ တစ်ချိန်တည်းမှာ အသက်ရှူသွင်းမှုလုပ်ပစ်ပါတယ်။ အဲဒီအခါ အစာအိမ်ထဲက အစာတွေဟာ သီးပြီး အသက်ရှူလမ်းကြောင်းပိတ်ဆို့ကာ သေတတ်ပါတယ်။ အန်ဖတ်ဆို့သေတယ်လို့ အရပ်ထဲမှာခေါ်ကြတာဟာ အဲဒီ Aspiration အစာသီးခြင်းကြောင့်ဖြစ်ပါတယ်။

အသက်ရှူခြင်းဟာလည်း နှေးသွားပြီး ရပ်တန့်တဲ့အထိဖြစ်သွားနိုင်ပါတယ်။

နှလုံးခုန်မှုလည်း ထိုနည်းလည်းကောင်းပါပဲ။

ခန္ဓာကိုယ်ရဲ့အပူချိန်ဟာ ထိုးကျလာပြီး ရုတ်တရက် နှလုံးရပ်ခြင်းဖြစ်စေနိုင်ပါတယ်။

အရက်သောက်ပြီး အော့အန်တာကနေ ရေဓာတ်အလွန်အမင်းခမ်းခြောက်သွားရင် တက်ခြင်း၊ ဦးနှောက်ထိခိုက်ခြင်း (secondary brain injury)
နဲ့ သေဆုံးခြင်းတို့ဖြစ်စေနိုင်ပါတယ်။

*လူတစ်ယောက်အရက်အလွန်အကျွံသောက်ပြီး Alcohol Overdose ဖြစ်နေခဲ့ရင်

  • အရေးပေါ်ဌာနကိုအမြန်ပို့ဆောင်ရပါမယ်။ အရေးပေါ်ဌာနကို ဖုန်းဆက်တာဖြစ်ဖြစ် ပို့ဆောင်နေတာဖြစ်ဖြစ် ကြားထဲမှာ အရေးပေါ်ကုသမှုတွေလုပ်ပေးရပါမယ်။
  • လူနာကို တစ်ယောက်တည်းမထားရပါဘူး။ သူ့ရဲ့အခြေအနေကိုစောင့်ကြည့်ရပါမယ်။
  • လူနာအန်နေရင် ထိုင်လျက်အနေအထားထားပါ။ တကယ်လို့ လဲနေရင်တောင် ဘေးစောင်းပေးထားပါ။ ဘေးစောင်းပေးတာက အစာတွေသီးပြီး အန်ဖတ်ဆို့ခြင်းကနေ ကာကွယ်ပေးပါတယ်။
  • အသက်ရှူလမ်းကြောင်းကောင်းအောင် ပြုလုပ်ပေးရပါတယ်။
  • ရေဓာတ်ခမ်းခြောက်မှုမဖြစ်အောင် အကြောကနေ IV fluid သွင်းရပါတယ်။
  • အရက်ကြောင့်ဖြစ်တတ်တဲ့ ဓာတ်အဟာရချို့တဲ့လို့ဖြစ်တဲ့ ရောဂါတွေကို ကုသနိုင်တဲ့ Vitamin B12 နဲ့ Thiamine ပေးခြင်း
  • အစာအိမ်ဆေးခြင်း ( ခန္ဓာကိုယ်က စုပ်ယူပြီးသား အရက်နဲ့ အခြားမူးယစ်ဆေးဝါးတွေကို လျှော့ချပေးဖို့အတွက်ဖြစ်ပါတယ်။)
  • Activated Charcoal ပေးပြီးကုသခြင်း (အစာအိမ်ထဲကအရာတွေကို ထပ်မံမစုပ်ယူတော့အောင်ဖြစ်ပါတယ်။)

အရက်အလွန်အကျွံသောက်ပြီး overdose ဖြစ်ရင် အန္တရာယ်များလှပါတယ်။ တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း အရက်သေစာ အသောက်များတဲ့ သင်္ကြန်ကာလမှာ သတိထားပြီး သောက်သုံးသင့်ပါတယ်လို့ ရေးသားဖော်ပြလိုက်ရပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)

‘သၾကၤန္မွာ အရက္မူးလြန္ခဲ့ရင္’

သၾကၤန္ကာလမွာ ေရေတြစိုလို႔ခ်မ္းတဲ့အခါ အခ်မ္းေျပဖို႔ဆိုၿပီး အရက္၊ဘီယာေသာက္သံုးတတ္ၾကပါတယ္။ ေတာ္ရံုေသာက္တာဟာ ျပႆနာမရွိေပမယ့္ သင့္တင့္တဲ့ ပမာဏထက္အလြန္အၾကဴး ေသာက္သံုးခဲ့ရင္ Alcohol Overdose ျဖစ္ေစခႏိုင္ပါတယ္။

အရက္အလြန္အကြ်ံေသာက္ၿပီး Alcohol Overdose ျဖစ္ရင္ ေအာက္ေဖာ္ျပပါ လကၡဏာေတြျဖစ္လာပါမယ္။

  • ခႏၶာကိုယ္တျဖည္းျဖည္းေအးစက္လာျခင္း
  • ႏွလံုးခုန္ေႏွးလာျခင္း
  • လမ္းထမေလွ်ာက္ႏိုင္ေတာ့ျခင္း
  • တက္ျခင္း
  • ေအာ့အန္ျခင္း
  • စကားေတြဗလံုးဗေထြးေျပာျခင္း
  • စိတ္ရႈပ္ေထြးၿပီးမၾကည္မလင္ျဖစ္လာျခင္း
  • မိန္းေမာျခင္း
  • အသက္ရႉရခက္ခဲျခင္း
  • ဗိုက္ေအာင့္ျခင္း
  • အသိစိတ္လြတ္သြားျခင္း
  • တစ္ကိုယ္လံုးျပာႏွမ္းလာျခင္း
  • ေမ့ေမ်ာသြားျခင္း စသည္တို႔ပဲျဖစ္ပါတယ္။

*အရက္အမူးလြန္ခဲ့ရင္ ေသႏိုင္သလား?

Alcohol Overdose ျဖစ္ခဲ့ရင္ အသက္အႏၲရာယ္ရွိပါတယ္။

ပံုမွန္လူတစ္ေယာက္မွာ gag reflex ဆိုတာရွိပါတယ္။ အရက္ကေတာ့ အဲဒီ gag reflex ကိုတားပါတယ္။ ဒါေၾကာင့္ အရက္အလြန္အကြ်ံေသာက္ၿပီး ေအာ့အန္တဲ့လူဟာ တစ္ခ်ိန္တည္းမွာ အသက္ရႉသြင္းမႈလုပ္ပစ္ပါတယ္။ အဲဒီအခါ အစာအိမ္ထဲက အစာေတြဟာ သီးၿပီး အသက္ရႉလမ္းေၾကာင္းပိတ္ဆို႔ကာ ေသတတ္ပါတယ္။ အန္ဖတ္ဆို႔ေသတယ္လို႔ အရပ္ထဲမွာေခၚၾကတာဟာ အဲဒီ Aspiration အစာသီးျခင္းေၾကာင့္ျဖစ္ပါတယ္။

အသက္ရႉျခင္းဟာလည္း ေႏွးသြားၿပီး ရပ္တန္႔တဲ့အထိျဖစ္သြားႏိုင္ပါတယ္။

ႏွလံုးခုန္မႈလည္း ထိုနည္းလည္းေကာင္းပါပဲ။

ခႏၶာကိုယ္ရဲ႕အပူခ်ိန္ဟာ ထိုးက်လာၿပီး ႐ုတ္တရက္ ႏွလံုးရပ္ျခင္းျဖစ္ေစႏိုင္ပါတယ္။

အရက္ေသာက္ၿပီး ေအာ့အန္တာကေန ေရဓာတ္အလြန္အမင္းခမ္းေျခာက္သြားရင္ တက္ျခင္း၊ ဦးေႏွာက္ထိခိုက္ျခင္း (secondary brain injury)
နဲ႔ ေသဆံုးျခင္းတို႔ုျဖစ္ေစႏိုင္ပါတယ္။

*လူတစ္ေယာက္အရက္အလြန္အကြ်ံေသာက္ၿပီး Alcohol Overdose ျဖစ္ေနခဲ့ရင္

  • အေရးေပၚဌာနကိုအျမန္ပို႔ေဆာင္ရပါမယ္။ အေရးေပၚဌာနကို ဖုန္းဆက္တာျဖစ္ျဖစ္ ပို႔ေဆာင္ေနတာျဖစ္ျဖစ္ ၾကားထဲမွာ အေရးေပၚကုသမႈေတြလုပ္ေပးရပါမယ္။
  • လူနာကို တစ္ေယာက္တည္းမထားရပါဘူး။ သူ႔ရဲ႕အေျခအေနကိုေစာင့္ၾကည့္ရပါမယ္။
  • လူနာအန္ေနရင္ ထိုင္လ်က္အေနအထားထားပါ။ တကယ္လို႔ လဲေနရင္ေတာင္ ေဘးေစာင္းေပးထားပါ။ ေဘးေစာင္းေပးတာက အစာေတြသီးၿပီး အန္ဖတ္ဆို႔ျခင္းကေန ကာကြယ္ေပးပါတယ္။
  • အသက္ရႉလမ္းေၾကာင္းေကာင္းေအာင္ ျပဳလုပ္ေပးရပါတယ္။
  • ေရဓာတ္ခမ္းေျခာက္မႈမျဖစ္ေအာင္ အေၾကာကေန IV fluid သြင္းရပါတယ္။
  • အရက္ေၾကာင့္ျဖစ္တတ္တဲ့ ဓာတ္အဟာရခ်ိဳ႕တဲ့လို႔ျဖစ္တဲ့ ေရာဂါေတြကို ကုသႏိုင္တဲ့ Vitamin B12 နဲ႔ Thiamine ေပးျခင္း
  • အစာအိမ္ေဆးျခင္း ( ခႏၶာကိုယ္က စုပ္ယူၿပီးသား အရက္နဲ႔ အျခားမူးယစ္ေဆးဝါးေတြကို ေလွ်ာ့ခ်ေပးဖို႔အတြက္ျဖစ္ပါတယ္။)
  • Activated Charcoal ေပးၿပီးကုသျခင္း (အစာအိမ္ထဲကအရာေတြကို ထပ္မံမစုပ္ယူေတာ့ေအာင္ျဖစ္ပါတယ္။)

အရက္အလြန္အကြ်ံေသာက္ၿပီး overdose ျဖစ္ရင္ အႏၲရာယ္မ်ားလွပါတယ္။ တန္ေဆးလြန္ေဘးဆိုတဲ့အတိုင္း အရက္ေသစာ အေသာက္မ်ားတဲ့ သၾကၤန္ကာလမွာ သတိထားၿပီး ေသာက္သံုးသင့္ပါတယ္လို႔ ေရးသားေဖာ္ျပလိုက္ရပါတယ္။

အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။

ေမာင္(ေဆး-၁)

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
စားသောက်မှုပုံစံသွေးတိုးနှင့်နှလုံးရောဂါအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံအသည်းအားဆေးများ

အရက် ဘယ်လောက်သောက်သောက် မမူးတဲ့သူတွေမှာ ဝှက်ဖဲရှိနေလား ?

1 Mins read
လူတွေက အရက် ကိုခံနိုင်ရည်ရှိတယ် (သို့) အရက်ဘယ်လောက်သောက်သောက် မမူးဘူးဆိုရင် ကောင်းတဲ့အရာ ဆိုပြီး မကြာခဏတွေးတတ်ကြပါတယ်။ လူငယ်လူရွယ်တွေမှာဆိုရင်လည်း အဲ့လိုလူကို များများပိုသောက်ဖို့ အားပေးတတ်ကြပြီး ဘယ်လောက်သောက်သောက် မမူးတဲ့အတွက်လည်း ချီးမွမ်းတတ်ကြပါတယ်။ အရက်ကို ဘယ်လောက်သောက်သောက် မမူးတဲ့သူတွေဟာ သူများတွေထက်ယှဉ်ရင် အရက်ကို ပမာဏများများ…
စားသောက်မှုပုံစံသွေးတိုးနှင့်နှလုံးရောဂါအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

သရက်သီးဆားရေစိမ် ရဲ့ ကောင်းကျိုး၊ ဆိုးကျိုး

1 Mins read
သရက်သီးဆားရေစိမ် ဟာ ထမင်းမြိန်စေတဲ့ မြန်မာ့ရိုးရာ တို့စရာတစ်မျိုးပါ။ ဒါပေမယ့် သရက်သီးစဆားရေစိမ်စားခြင်းဟာတကယ်ပဲကျန်မာရေးနဲ့ညီညွတ်သလား ? အကျိုးကျေးဇူးတွေရောရှိနေမလားဆိုတာလေ့လာကြည့်လိုက်ရအောင် သရက်သီးဆားရေစိမ်ဟာ Probiotics ကြွယ်ဝတဲ့စားစရာတစ်မျိုးပါ။ ဒါကြောင့်သရက်သီးဆားရေစိမ်ကိုစားချင်းအားဖြင့် ဝမ်းချုပ်ခြင်းကင်းကာ ဝမ်းမှန်စေပြီး အစာအိမ်နှင့်အူလမ်းကြောင်းအတွက်များစွာအကျိုးကျေးဇူးရှိပါတယ်။ သရက်သီးဆားရေစိမ် ဟာ ဗီတာမင် C နှင့် Antioxidant…

Leave a Reply

Your email address will not be published. Required fields are marked *