အရက်နဲ့ကင်ဆာ
ဆရာရှင့်။ ကျွန်မဟာ အသက်(၆၀) ကျော်အရွယ် မိခင်တစ်ဦးပါ။ သည်ဘက်ခေတ်မှာ ဆေးလိပ်နဲ့ ပတ်သက်လာရင် ကျန်းမာရေးအတွက် မကောင်းကြောင်း၊ ဆေးလိပ်ဖြတ်ဖို့ လို့ကြောင်း၊ ဆေးလိပ်ကြောင့် ကင်ဆာအများအကြီးဖြစ်စေနိုင်ကြောင်း ရေးသားနေကြတာ တွေ့နေရပေမယ့် အရက်နဲ့ပတ်သက်လာရင်တော့ သိပ်ရေးကြတာ မတွေ့ရပါဘူးဆရာ။ အရက်ကို နည်းနည်းသောက်ရင်ကောင်းတယ်လို့တောင် ဆရာတို့ရေးရေးနေတဲ့စာတွေမှာ တွေ့နေရပါတယ်။ အရက်ဟာ ကင်ဆာရောဂါတွေ ဖြစ်စေနိုင်လားဆရာ။ နည်းနည်းသောက် ရင်ကောင်းတယ်ဆိုပေမယ့် အဲသည်နည်းနည်းနဲ့သောက်နေလိုက်ကြတာဟာဖြင့် တစ်နိုင်ငံ လုံး အရက်၊ ဘီယာဆိုင်တွေရှောင်မရဖြစ်နေတာမို့ တခြားရောဂါတွေအသာထား။ ကင်ဆာနဲ့ ပတ်သက်တာလေးတွေကိုပဲ လူငယ်၊ လူကြီးတွေ ချင့်ချိန်နိုင်ကြဖို့ ဖော်ပြပေးစေချင်ပါတယ် ရှင့်။
ဖြေ။ အမှန်တော့ အရက်ဟာ ကင်ဆာဖြစ်စေသော ဓာတ်တစ်မျိုးဖြစ်စေတယ်လို့ အပြည် ပြည်ဆိုင်ရာ ကင်ဆာသုတေသနအဖွဲ့ကြီး( IARC) က (၁၉၈၈)ခုနှစ်ကတည်းက တရားဝင် ထုတ်ပြန်ပြီးသားဖြစ်ပါတယ်။ အရက်ဟာ အစာရေမြိုပြွန်ကင်ဆာကို ဖြစ်စေတယ်ဆိုတာ တိတိ ကျကျသိရှိထားပြီးသားပါ။ တခြားသော အရက်နဲ့ဆက်နွယ်နေတဲ့ ကင်ဆာတွေလည်း အများ ကြီးပါ။ အနောက်နိုင်ငံများမှာ အမျိုးသမီးတွေ အရက်သောက်သုံးမှုများခြင်းဟာ ရင်သားကင် ဆာဖြစ်ပွားမှုတက်လာတာနဲ့ တိုက်ရိုက်ဆက်နွယ်မှုရှိနေတယ်ဆိုတာလည်း ကျွန်တော်တို့ သိလာကြပါပြီ။
အရက်ကို သင့်တင်ရုံလောက် သောက်လို့ရတယ်လို့ ဆရာဝန်တွေက ပြောတယ်ဆို တာမှာ နှလုံးသွေးကြောကျဉ်းရောဂါအတွက်သာ ဖြစ်တယ်လို့ အမြဲတမ်း ထည့်ပြောလေ့ ရှိ ပါတယ်။ အရက်ကို အလွနအကျွံသောက်သူများအတွက်ကတော့ နှလုံးပျက်စီးခြင်း၊ လေဖြတ် ခြင်း၊ နှလုံးခုန်မမှန်ခြင်းစတဲ့ ပြဿာနာတွေ ဖြစ်နိုင်ပါတယ်။ ကင်ဆာရောဂါနဲ့ ပတ်သက်ရင် တော့ အရက်သောက်သုံးမှုနှုန်းများသလို မကောင်းနိုင်ပါ။ အရက်ကိုနည်းနည်းလေးသောက် ရင်ရော ကင်ဆာရောဂါများအတွက် ကောင်းသလားလို့မေးရင် လုံး၀ မကောင်းဘူးလို့ ခိုင် ခိုင်မာမာ ပြောနိုင်ပါတယ်။ အရက်ကို ပေါ့ပေါ့ပါးပါးလေးသောက်သူများက အာခံတွင်း ကင်ဆာ၊ အစာရေမြိပြွန်ကင်ဆာနဲ့ ရင်သားကင်ဆာတွေ ပိုဖြစ်တယ်လို့ သုတေသနများအရ သိရပါသည်။
အရက်ထဲမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်းအနည်းဆုံး (၁၅)မျိုးပါပါတယ်။ အဲသည် ထဲမှာ အီသနောဓာတ်က အဆိုးဆုံးပါ။ အရက်ကို သောက်လိုက်တာနဲ့ ပထမဆုံး Acetaldehyde ဆိုတဲ့ ဓာတ်တစ်မျိုးကို ရပါတယ်။ အဲသည်ဓာတ်ဟာ အာခံတွင်း၊ လည်ပင်း အတွင်းပို်င်း၊ အစာရေမြိုပြွန်နေရာတွေကို တိုက်ရိုက်ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ ကင်ဆာ ဖြစ်နိုင်ခြေကတော့ လူတစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ အရက်ကို နည်းနည်းလေး သောက်လိုက်ရုံနဲ့ တိုက်ရိုက်ထိတွေ့ရတဲ့ ကလာပ်စည်းတွေဟာ ပုံစံတွေပျက်ယွင်းသွား စေနိုင်တယ်။
အရက်ဟာ အီစရိုဂျင်ခေါ်တဲ့ အမျိုးသမီးဟော်မုန်းကို တတ်စေနိုင်တယ်။ အမျိုးသမီး ဟော်မုန်ဟာ နို့ပြွန်လမ်းကြောင်းတလျှောက်က ကလာပ်စည်းတွေကို ပွားများစေပြီး ကင်ဆာ ဖြစ်စေနိုင်တယ်။ အရက်က ကင်ဆာဖြစ်စေတယ် ဆိုတဲ့နေရာမှာ သူနဲ့ တိုက်ရိုက်ထိတွေ့တဲ့ နေရာတွေကို ပိုဖြစ်စေတာပါ။ အူမကြီးနဲ့ အသည်းကင်ဆာများဟာလည်း အရက်သောက်သုံး မှုနဲ့ တိုက်ရိုက်ပတ်သက်နေပြန်ပါတယ်။ ဝိုင်၊ဝီစကီ၊ ဘီယာ ဘာကိုပဲသောက်သောက် မကောင်းကျိုးကတော့ အတူတူပါပဲ။ တစ်ခုပဲ၊ အစာရေမြိုပြွန်ကင်ဆာမှာတော့ အရက်ပို ပြင်းရင် ပြင်းထန်သလို ကင်ဆာမြန်မြန်ဖြစ်စေတယ်လို့ ဆိုကြတယ်။
ကင်ဆာဖြစ်စေတဲ့ အန္တရာယ်တွေထဲမှာ အရက်ထက်ပိုပြီး အရေးကြီးတဲ့ အချက်တွေရှိ ပါတယ်။ ဥပမာ – ဆေးလိပ်၊ အသည်းရောင်အသားဝါဘီပိုး၊ စီပိုး စသဖြင့်ပေါ့၊ ကင်ဆာကြောင့် လူနာတစ်ဦးကွယ်လွန်ရပြီဆိုရင် အဲသည်လူနာရဲ့ ဆေးလိပ်သောက်နိုင်ခြေနှုန်းက ၉၀% ဖြစ် ပါတယ်။ အရက်သောက်နိုင်ခြေနှုန်းကတော့ ၅% မှ ၄၀% အထိ ရှိနေနိုင်ပါတယ်။ ကင်ဆာ ရောဂါများရဲ့ ၆၀% ဟာ နောက်ခံအကြောင်းရင်ကိ မသိရှိရသေးပါ။ ဒါကြောင့် အရက်ကို လ လုံးဝမသောက်ပဲနေတာဟာ အကောင်းဆုံးလို့ ဆိုနိုင်ပါတယ်။ သေချာတစ်ခုကတော့ ကင်ဆာရောရှိနေသူတွေ အရက်သောက်ရင်တော့ မြန်မြန်သေစေတယ်ဆိုတဲ့ အချက်ပါ။
(၂၁) ရာစုမှာ အရက်သောက်တဲ့ကိစ္စကို Responsible Drinking လို့ သုံးစွဲကြပါတယ်။ အရက်ဆိုတာ ဘယ်လောက်သောက်သောက် မကောင်းဘူး။ ကိုယ့်တာဝန်ကိုယ်ယူ၊ ကိုယ်ဖြစ် ကိုယ်ခံဆိုတဲ့ သဘောပါပဲ။ အရက်ရော၊ ဆေးလိပ်ပါ လုံးဝရှောင်ကြဉ်မယ်ဆိုရင် အာခံတွင်း ကင်ဆာဖြစ်နိုင်ခြေ ၉၀% အထိ ကျဆင်းသွားနိုင်ပါတယ်။ အမှန်တော့ အရက်ဟာ ကင်ဆာရောဂါတစ်ခုထဲမှာမှ မဟုတ်ဘဲ တကိုယ်လုံးမှာ ပြဿနာတွေဖြစ်စေတယ်ဆို တာလည်း မမေ့ကြဖို့လိုပါတယ်။
ပြည်သူ့ကျန်းမာရေးပညာရှင်တွေကတော့ အရက်ကိုထိန်းချုပ်ဖို့က လူတစ်ယောက် ချင်းစီ အရက်ဘယ်လောက်အများဆုံး သောက်နိုင်သလဲဆိုတာထက် လူဘယ်လောက် များများ အရက်သောက်နေကြသလဲဆိုတဲ့ အချက်က အရေးကြီးပါတယ်လို့ သုံးသပ်ကြတယ်။ သဘောကတော့ သောက်နေတဲ့အရက်ပမာဏ အရေးမကြီးဘူး။ ဘယ်လောက်သောက် သောက် အန္တရာယ်ရှိနေတာမို့ လူဘယ်နှစ်ယောက် သောက်လာသလဲဆိုတဲ့အချက်က အရက်နဲ့ကင်ဆာ ဆက်စပ်မှုမှာပိုအရေးကြီးတဲ့ အဓိပ္ပာယ်ပါ။
အားလုံးပြန်ပြီးခြုံပြောရရင် ကင်ဆာရောဂါနဲ့ ပတ်သက်လာရင်တော့ စိတ်ချရတဲ့ အရက်ပမာဏဆိုတာ မရှိပါ။ မသောက်လေ၊ ကောင်းလေဖြစ်ပါတယ်။ သည်လောက်ဆိုရင်ဖြင့် အရက်အပေါ်မှာရှုမြင်တဲ့ ကင်ဆာဆရာဝန်များရဲ့ သဘောထားကို သိလောက်ပြီထင်ပါတယ်။
အရက္နဲ႕ကင္ဆာ
ဆရာရွင့္။ ကၽြန္မဟာ အသက္(၆၀) ေက်ာ္အရြယ္ မိခင္တစ္ဦးပါ။ သည္ဘက္ေခတ္မွာ ေဆးလိပ္နဲ႕ ပတ္သက္လာရင္ က်န္းမာေရးအတြက္ မေကာင္းေၾကာင္း၊ ေဆးလိပ္ျဖတ္ဖုိ႕ လို႕ေၾကာင္း၊ ေဆးလိပ္ေၾကာင့္ ကင္ဆာအမ်ားအႀကီးျဖစ္ေစႏုိင္ေၾကာင္း ေရးသားေနၾကတာ ေတြ႕ေနရေပမယ့္ အရက္နဲ႕ပတ္သက္လာရင္ေတာ့ သိပ္ေရးၾကတာ မေတြ႕ရပါဘူးဆရာ။ အရက္ကုိ နည္းနည္းေသာက္ရင္ေကာင္းတယ္လုိ႕ေတာင္ ဆရာတုိ႕ေရးေရးေနတဲ့စာေတြမွာ ေတြ႕ေနရပါတယ္။ အရက္ဟာ ကင္ဆာေရာဂါေတြ ျဖစ္ေစႏုိင္လားဆရာ။ နည္းနည္းေသာက္ ရင္ေကာင္းတယ္ဆုိေပမယ့္ အဲသည္နည္းနည္းနဲ႕ေသာက္ေနလုိက္ၾကတာဟာျဖင့္ တစ္ႏုိင္ငံ လုံး အရက္၊ ဘီယာဆုိင္ေတြေရွာင္မရျဖစ္ေနတာမုိ႕ တျခားေရာဂါေတြအသာထား။ ကင္ဆာနဲ႕ ပတ္သက္တာေလးေတြကုိပဲ လူငယ္၊ လူႀကီးေတြ ခ်င့္ခ်ိန္ႏုိင္ၾကဖို႕ ေဖာ္ျပေပးေစခ်င္ပါတယ္ ရွင့္။
ေျဖ။ အမွန္ေတာ့ အရက္ဟာ ကင္ဆာျဖစ္ေစေသာ ဓာတ္တစ္မ်ဳိးျဖစ္ေစတယ္လုိ႕ အျပည္ ျပည္ဆုိင္ရာ ကင္ဆာသုေတသနအဖြဲ႕ႀကီး( IARC) က (၁၉၈၈)ခုႏွစ္ကတည္းက တရား၀င္ ထုတ္ျပန္ၿပီးသားျဖစ္ပါတယ္။ အရက္ဟာ အစာေရၿမိဳျပြန္ကင္ဆာကုိ ျဖစ္ေစတယ္ဆုိတာ တိတိ က်က်သိရွိထားၿပီးသားပါ။ တျခားေသာ အရက္နဲ႕ဆက္ႏြယ္ေနတဲ့ ကင္ဆာေတြလည္း အမ်ား ႀကီးပါ။ အေနာက္ႏုိ္င္ငံမ်ားမွာ အမ်ုိးသမီးေတြ အရက္ေသာက္သုံးမႈမ်ားျခင္းဟာ ရင္သားကင္ ဆာျဖစ္ပြားမႈတက္လာတာနဲ႕ တုိက္႐ိုက္ဆက္ႏြယ္မႈရွိေနတယ္ဆုိတာလည္း ကၽြန္ေတာ္တုိ႕ သိလာၾကပါၿပီ။
အရက္ကုိ သင့္တင္႐ုံေလာက္ ေသာက္လုိ႕ရတယ္လုိ႕ ဆရာ၀န္ေတြက ေျပာတယ္ဆုိ တာမွာ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါအတြက္သာ ျဖစ္တယ္လုိ႕ အၿမဲတမ္း ထည့္ေျပာေလ့ ရွိ ပါတယ္။ အရက္ကုိ အလြနအကြ်ံေသာက္သူမ်ားအတြက္ကေတာ့ ႏွလုံးပ်က္စီးျခင္း၊ ေလျဖတ္ ျခင္း၊ ႏွလုံးခုန္မမွန္ျခင္းစတဲ့ ျပႆာနာေတြ ျဖစ္ႏုိင္ပါတယ္။ ကင္ဆာေရာဂါနဲ႕ ပတ္သက္ရင္ ေတာ့ အရက္ေသာက္သုံးမႈႏႈန္းမ်ားသလုိ မေကာင္းႏုိင္ပါ။ အရက္ကုိနည္းနည္းေလးေသာက္ ရင္ေရာ ကင္ဆာေရာဂါမ်ားအတြက္ ေကာင္းသလားလို႕ေမးရင္ လုံး၀ မေကာင္းဘူးလုိ႕ ခိုင္ ခုိင္မာမာ ေျပာႏုိင္ပါတယ္။ အရက္ကုိ ေပါ့ေပါ့ပါးပါးေလးေသာက္သူမ်ားက အာခံတြင္း ကင္ဆာ၊ အစာေရၿမိျပြန္ကင္ဆာနဲ႕ ရင္သားကင္ဆာေတြ ပုိျဖစ္တယ္လုိ႕ သုေတသနမ်ားအရ သိရပါသည္။
အရက္ထဲမွာ ကင္ဆာျဖစ္ေစႏုိင္တဲ့ ျဒပ္ေပါင္းအနည္းဆုံး (၁၅)မ်ဳိးပါပါတယ္။ အဲသည္ ထဲမွာ အီသေနာဓာတ္က အဆုိးဆုံးပါ။ အရက္ကုိ ေသာက္လုိက္တာနဲ႔ ပထမဆုံး Acetaldehyde ဆုိတဲ့ ဓာတ္တစ္မ်ဳိးကုိ ရပါတယ္။ အဲသည္ဓာတ္ဟာ အာခံတြင္း၊ လည္ပင္း အတြင္းပို္္င္း၊ အစာေရၿမိဳျပြန္ေနရာေတြကုိ တုိက္႐ုိက္ကင္ဆာ ျဖစ္ေစႏုိ္င္ပါတယ္။ ကင္ဆာ ျဖစ္ႏို္င္ေျခကေတာ့ လူတစ္ေယာက္နဲ႕တစ္ေယာက္ မတူပါဘူး။ အရက္ကုိ နည္းနည္းေလး ေသာက္လုိက္႐ုံနဲ႕ တုိက္႐ိုက္ထိေတြ႕ရတဲ့ ကလာပ္စည္းေတြဟာ ပုံစံေတြပ်က္ယြင္းသြား ေစႏုိင္တယ္။
အရက္ဟာ အီစ႐ုိဂ်င္ေခၚတဲ့ အမ်ဳိးသမီးေဟာ္မုန္းကုိ တတ္ေစႏုိင္တယ္။ အမ်ဳိးသမီး ေဟာ္မုန္ဟာ ႏုိ႕ျပြန္လမ္းေၾကာင္းတေလွ်ာက္က ကလာပ္စည္းေတြကို ပြားမ်ားေစၿပီး ကင္ဆာ ျဖစ္ေစႏုိင္တယ္။ အရက္က ကင္ဆာျဖစ္ေစတယ္ ဆုိတဲ့ေနရာမွာ သူနဲ႕ တုိက္႐ိုက္ထိေတြ႕တဲ့ ေနရာေတြကုိ ပုိျဖစ္ေစတာပါ။ အူမႀကီးနဲ႕ အသည္းကင္ဆာမ်ားဟာလည္း အရက္ေသာက္သုံး မႈနဲ႕ တုိက္႐ိုက္ပတ္သက္ေနျပန္ပါတယ္။ ၀ိုင္၊၀ီစကီ၊ ဘီယာ ဘာကုိပဲေသာက္ေသာက္ မေကာင္းက်ဳိးကေတာ့ အတူတူပါပဲ။ တစ္ခုပဲ၊ အစာေရၿမိဳျပြန္ကင္ဆာမွာေတာ့ အရက္ပုိ ျပင္းရင္ ျပင္းထန္သလုိ ကင္ဆာျမန္ျမန္ျဖစ္ေစတယ္လုိ႕ ဆုိၾကတယ္။
ကင္ဆာျဖစ္ေစတဲ့ အႏၱရာယ္ေတြထဲမွာ အရက္ထက္ပုိၿပီး အေရးႀကီးတဲ့ အခ်က္ေတြရွိ ပါတယ္။ ဥပမာ – ေဆးလိပ္၊ အသည္းေရာင္အသား၀ါဘီပုိး၊ စီပုိး စသျဖင့္ေပါ့၊ ကင္ဆာေၾကာင့္ လူနာတစ္ဦးကြယ္လြန္ရၿပီဆိုရင္ အဲသည္လူနာရဲ႕ ေဆးလိပ္ေသာက္ႏုိင္ေျခႏႈန္းက ၉၀% ျဖစ္ ပါတယ္။ အရက္ေသာက္ႏုိင္ေျခႏႈန္းကေတာ့ ၅% မွ ၄၀% အထိ ရွိေနႏိုင္ပါတယ္။ ကင္ဆာ ေရာဂါမ်ားရဲ႕ ၆၀% ဟာ ေနာက္ခံအေၾကာင္းရင္ကိ မသိရွိရေသးပါ။ ဒါေၾကာင့္ အရက္ကုိ လ လုံး၀မေသာက္ပဲေနတာဟာ အေကာင္းဆုံးလုိ႕ ဆိုႏုိင္ပါတယ္။ ေသခ်ာတစ္ခုကေတာ့ ကင္ဆာေရာရွိေနသူေတြ အရက္ေသာက္ရင္ေတာ့ ျမန္ျမန္ေသေစတယ္ဆုိတဲ့ အခ်က္ပါ။
(၂၁) ရာစုမွာ အရက္ေသာက္တဲ့ကိစၥကုိ Responsible Drinking လုိ႕ သုံးစြဲၾကပါတယ္။ အရက္ဆုိတာ ဘယ္ေလာက္ေသာက္ေသာက္ မေကာင္းဘူး။ ကုိယ့္တာ၀န္ကုိယ္ယူ၊ ကိုယ္ျဖစ္ ကိုယ္ခံဆုိတဲ့ သေဘာပါပဲ။ အရက္ေရာ၊ ေဆးလိပ္ပါ လုံး၀ေရွာင္ၾကဥ္မယ္ဆုိရင္ အာခံတြင္း ကင္ဆာျဖစ္ႏုိင္ေျခ ၉၀% အထိ က်ဆင္းသြားႏုိင္ပါတယ္။ အမွန္ေတာ့ အရက္ဟာ ကင္ဆာေရာဂါတစ္ခုထဲမွာမွ မဟုတ္ဘဲ တကိုယ္လုံးမွာ ျပႆနာေတြျဖစ္ေစတယ္ဆုိ တာလည္း မေမ့ၾကဖုိ႕လုိပါတယ္။
ျပည္သူ႕က်န္းမာေရးပညာရွင္ေတြကေတာ့ အရက္ကုိထိန္းခ်ဳပ္ဖို႕က လူတစ္ေယာက္ ခ်င္းစီ အရက္ဘယ္ေလာက္အမ်ားဆုံး ေသာက္ႏုိင္သလဲဆုိတာထက္ လူဘယ္ေလာက္ မ်ားမ်ား အရက္ေသာက္ေနၾကသလဲဆုိတဲ့ အခ်က္က အေရးႀကီးပါတယ္လုိ႕ သုံးသပ္ၾကတယ္။ သေဘာကေတာ့ ေသာက္ေနတဲ့အရက္ပမာဏ အေရးမႀကီးဘူး။ ဘယ္ေလာက္ေသာက္ ေသာက္ အႏၱရာယ္ရွိေနတာမို႕ လူဘယ္ႏွစ္ေယာက္ ေသာက္လာသလဲဆုိတဲ့အခ်က္က အရက္နဲ႕ကင္ဆာ ဆက္စပ္မႈမွာပုိအေရးႀကီးတဲ့ အဓိပၸာယ္ပါ။
အားလုံးျပန္ၿပီးၿခံဳေျပာရရင္ ကင္ဆာေရာဂါနဲ႕ ပတ္သက္လာရင္ေတာ့ စိတ္ခ်ရတဲ့ အရက္ပမာဏဆုိတာ မရွိပါ။ မေသာက္ေလ၊ ေကာင္းေလျဖစ္ပါတယ္။ သည္ေလာက္ဆုိရင္ျဖင့္ အရက္အေပၚမွာ႐ႈျမင္တဲ့ ကင္ဆာဆရာ၀န္မ်ားရဲ႕ သေဘာထားကုိ သိေလာက္ၿပီထင္ပါတယ္။