အရက်နှင့်ဓာတ်မတည့်ခြင်း

ဓာတ်မတည့်ဘူးဆိုတဲ့စကားကို အများစုကြားဖူးပြီးသားဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဓာတ်မတည့်တာရဲ့နောက်မှာ ဘာကိုမတည့်တာလဲဆိုတာလည်း ရှိပါတယ်။ ဝတ်မှုန်တွေ၊ အကောင်တွေရဲအ့မွှေးတွေ၊ ရေမွှေးနံ့တွေစတဲ့ များစွာသောအရာတွေကို ဓာတ်မတည့်တာတွေရှိနိုင်ပါတယ်။ အလားတူပဲalcohol ကို ဓာတ်မတည့်တာလည်းရှိပါတယ်။
အရက်ကိုဓာတ်မတည့်တာဟာ ရှားပါးတယ်ဆိုပေမယ့် တကယ်မတည့်ဘူးဆိုရင်တော့ သောက်မိတာနဲ့တစ်ပြိုင်နက် ဆိုးဆိုးဝါးဝါးအန္တရာယ်ရှိပြီး အသက်ပါပါသွားနိုင်ပါတယ်။

ဓာတ်မတည့်တာရဲ့ လက္ခဏာတွေကတော့ အခြားအရာတွေကို ဓာတ်မတည့်ရင်ဖြစ်တဲ့ ဝေဒနာတွေအတိုင်းဖြစ်ပါတယ်။ အရေပြားမှာ အနီကွက်အနီစက်တွေပေါ်လာနိုင်ပါတယ်။ အရေပြားတွေယားယံပြီး မခံမရပ်နိုင်အောင်ဖြစ်လာတတ်ပါတယ်။ မျက်နှာ၊ နှုတ်ခမ်း၊ လည်ပင်းတွေမှာလည်း ဖောင်းလာတတ်ပါတယ်။ အသက်ကောင်းကောင်းမရှူနိုင်တော့တာ၊ ရှူရင် ရွီှရွီှလို့မြည်တာတွေဖြစ်လာတတ်ပါတယ်။ သွေးပေါင်တိုင်းမရတော့တာ၊ သတ်လစ်သွားတာ၊ အန်တာ၊ ဝမ်းလျှေတာတွေပါဖြစ်နိုင်ပြီး နောက်ဆုံးအသက်ပါပါသွားနိုင်ပါတယ်။

အရက်ကိုဓာတ်မတည့်ဘူးဆိုရင်လည်း အဆိုပါလက္ခဏာတွေနဲ့ပဲ လာနိုင်ပါတယ်။ alcoholပါတဲ့ အဖျော်ယမကာတွေ၊ အရည်တွေသောက်မိတာနဲ့ အဆိုပါဝေဒနာတွေခံစားရနိုင်ပါတယ်။ မိမိကိုယ်မိမိ အရက်နဲ့ဓာတ်မတည့်ဘူးလို့ထင်လာတာနဲ့ သောက်နေတာကိုရပ်ပြီး ဆေးကုသမှုကို ချက်ချင်းခံယူသင့်ပါတယ်။ အနည်းငယ်နောက်ကျတာနဲ့ အသက်ပါနိုင်တာမို့ မြန်မြန်ကုသဖို့လိုပါတယ်။ အဆိုပါဝေဒနာတွေသက်သာသွားပြီးနောက်မှာတော့ အရက်ကိုတကယ်မတည့်တာလား ဒါမှမဟုတ် တခြားမတည့်တာတွေသောက်မိစားမိလားဆိုတာကိုတော့ လိုအပ်တဲ့စမ်းသပ်မှုတွေလုပ်ပြီး အရက်ကိုတကယ်မတည့်တာလားဆိုတာသေချာအောင် စစ်ဆေးရပါမယ်။ သေချာပြီဆိုရင်တော့ အရက်ကို တစ်သက်လုံးရှောင်ကြဉ်ရတော့မှာဖြစ်ပါတယ်။

အရက်နဲ့ဓာတ်မတည့်တာဟာ ရှားပါးပေမယ့်ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဓာတ်မတည့်တဲ့အရာကို ခန္ဓာကိုယ်ကတုံ့ပြန်ပုံဟာလည်း အရမ်းမြန်ဆန်ပြီး ပြင်းထန်ပါတယ်။ ဒါကြောင့် အရက်ကိုဓာတ်မတည့်တာသေချာရင် လုံးဝရှောင်ကြဉ်ရမှာဖြစ်ပါတယ်။ နည်းနည်းလေးတောင်ပြန်ပြီးစမ်းသပ်မသောက်သင့်ပဲ ဓာတ်မတည့်တဲ့ ဝေဒနာတွေရှိလာရင်လည်း မြန်မြန်ကုသသင့်ပါတယ်။

Dr. ZZ

အရက္ႏွင့္ဓာတ္မတည့္ျခင္း

ဓာတ္မတည့္ဘူးဆိုတဲ့စကားကို အမ်ားစုၾကားဖူးၿပီးသားျဖစ္ႏိုင္ပါတယ္။ ဒါ့အျပင္ ဓာတ္မတည့္တာရဲ႕ေနာက္မွာ ဘာကိုမတည့္တာလဲဆိုတာလည္း ရိွပါတယ္။ ဝတ္မႈန္ေတြ၊ အေကာင္ေတြရဲအ့ေမႊးေတြ၊ ေရေမႊးနံ႔ေတြစတဲ့ မ်ားစြာေသာအရာေတြကို ဓာတ္မတည့္တာေတြရိွႏိုင္ပါတယ္။ အလားတူပဲalcohol ကို ဓာတ္မတည့္တာလည္းရိွပါတယ္။
အရက္ကိုဓာတ္မတည့္တာဟာ ရွားပါးတယ္ဆိုေပမယ့္ တကယ္မတည့္ဘူးဆိုရင္ေတာ့ ေသာက္မိတာနဲ႔တစ္ၿပိဳင္နက္ ဆိုးဆိုးဝါးဝါးအႏၲရာယ္ရိွၿပီး အသက္ပါပါသြားႏိုင္ပါတယ္။

ဓာတ္မတည့္တာရဲ႕ လကၡဏာေတြကေတာ့ အျခားအရာေတြကို ဓာတ္မတည့္ရင္ျဖစ္တဲ့ ေဝဒနာေတြအတိုင္းျဖစ္ပါတယ္။ အေရျပားမွာ အနီကြက္အနီစက္ေတြေပၚလာႏိုင္ပါတယ္။ အေရျပားေတြယားယံၿပီး မခံမရပ္ႏိုင္ေအာင္ျဖစ္လာတတ္ပါတယ္။ မ်က္ႏွာ၊ ႏႈတ္ခမ္း၊ လည္ပင္းေတြမွာလည္း ေဖာင္းလာတတ္ပါတယ္။ အသက္ေကာင္းေကာင္းမ႐ႉႏိုင္ေတာ့တာ၊ ႐ႉရင္ ရီႊရီႊလို႔ျမည္တာေတြျဖစ္လာတတ္ပါတယ္။ ေသြးေပါင္တိုင္းမရေတာ့တာ၊ သတ္လစ္သြားတာ၊ အန္တာ၊ ဝမ္းေလွ်တာေတြပါျဖစ္ႏိုင္ၿပီး ေနာက္ဆံုးအသက္ပါပါသြားႏိုင္ပါတယ္။

အရက္ကိုဓာတ္မတည့္ဘူးဆိုရင္လည္း အဆိုပါလကၡဏာေတြနဲ႔ပဲ လာႏိုင္ပါတယ္။ alcoholပါတဲ့ အေဖ်ာ္ယမကာေတြ၊ အရည္ေတြေသာက္မိတာနဲ႔ အဆိုပါေဝဒနာေတြခံစားရႏိုင္ပါတယ္။ မိမိကိုယ္မိမိ အရက္နဲ့ဓာတ္မတည့္ဘူးလို႔ထင္လာတာနဲ႔ ေသာက္ေနတာကိုရပ္ၿပီး ေဆးကုသမႈကို ခ်က္ခ်င္းခံယူသင့္ပါတယ္။ အနည္းငယ္ေနာက္က်တာနဲ႔ အသက္ပါႏိုင္တာမို႔ ျမန္ျမန္ကုသဖို႔လိုပါတယ္။ အဆိုပါေဝဒနာေတြသက္သာသြားၿပီးေနာက္မွာေတာ့ အရက္ကိုတကယ္မတည့္တာလား ဒါမွမဟုတ္ တျခားမတည့္တာေတြေသာက္မိစားမိလားဆိုတာကိုေတာ့ လိုအပ္တဲ့စမ္းသပ္မႈေတြလုပ္ၿပီး အရက္ကိုတကယ္မတည့္တာလားဆိုတာေသခ်ာေအာင္ စစ္ေဆးရပါမယ္။ ေသခ်ာၿပီဆိုရင္ေတာ့ အရက္ကို တစ္သက္လံုးေရွာင္ၾကဥ္ရေတာ့မွာျဖစ္ပါတယ္။

အရက္နဲ႔ဓာတ္မတည့္တာဟာ ရွားပါးေပမယ့္ျဖစ္ေလ့ျဖစ္ထရိွပါတယ္။ ဓာတ္မတည့္တဲ့အရာကို ခႏၶာကိုယ္ကတံု႔ျပန္ပံုဟာလည္း အရမ္းျမန္ဆန္ၿပီး ျပင္းထန္ပါတယ္။ ဒါေၾကာင့္ အရက္ကိုဓာတ္မတည့္တာေသခ်ာရင္ လံုးဝေရွာင္ၾကဥ္ရမွာျဖစ္ပါတယ္။ နည္းနည္းေလးေတာင္ျပန္ၿပီးစမ္းသပ္မေသာက္သင့္ပဲ ဓာတ္မတည့္တဲ့ ေဝဒနာေတြရိွလာရင္လည္း ျမန္ျမန္ကုသသင့္ပါတယ္။

Dr. ZZ

MyDoctor Telemedicine Application
Related posts
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများအထွေထွေ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါ

သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်

1 Mins read
သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်… ဆီးချိုရောဂါရှည်ကြာလာတဲ့အခါမှာ ခန္တာကိုယ်တွင်း ကျောက်ကပ်ရဲ့ အညစ်အကြေးတွေအရည်တွေကို စွန့်ထုတ်ပေးတဲ့ လုပ်ဆောင်မှုဟာ ကျဆင်းလာပါတယ်။ ဒီလိုလုပ်ဆောင်မှုကျဆင်းတာကနေ ကျောက်ကပ်လုံးဝမလုပ်မလုပ်တော့တဲ့အခြေအနေထိဖြစ်နိုင်ပြီး ကျောက်ကပ်ဆေးရတာ၊ ကျောက်ကပ်အစားထိုးရတာ တွေထိဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဆီးချိုကို သေချာထိန်းသိမ်းပြီး ကုသမှုခံယူဖို့လိုပါလိမ့်မယ်။ ဆီးချိုရောဂါမှာ ကျောက်ကပ်ထိခိုက်နေပြီဆိုရင် စစချင်းမှာ လက္ခဏာသိပ်မပြတတ်ပေမယ့်…

Leave a Reply

Your email address will not be published. Required fields are marked *