mydoctor-top-telemedicine

အရက်စွဲခြင်း

တန်ဆေး လွန်ဘေး ဆိုသည့်အတိုင်း အရက်သည်လည်း ပမာဏအနည်းငယ် သောက်သုံးပါက သွေးကြောကျဉ်းရောဂါကာကွယ်ပေးခြင်း၊ ဇီဝဖြစ်စဉ်လုပ်ငန်းများကို ကူညီပေးသော်လည်း များများ ကြာကြာသောက်သုံးပါက အသည်းအဆီဖုံးခြင်း၊ အသည်းခြောက်ခြင်း၊ အစာမျိုပြွန်နှင့် အစာအိမ် သွေးကြောပေါက်ခြင်း၊ အရက်မသောက်ရ မနေနိုင်ခြင်း စသည်တို့ဖြစ်ပြီး အသက်သေဆုံးသည်အထိ ဖြစ်တတ်ပေသည်။

မည်သည့်အချိန်တွင် အရက်စွဲနေသည်ဟု သတ်မှတ်ပါသနည်း။
အောက်ပါ မေးခွန်း ၄ ခု(လျော့ ဆိုး ပြစ် ထ) မေးခြင်းဖြင့် အရက်စွဲခြင်းရှိမရှိ ပျမ်းမျှသိနိုင်ပါသည်။

  • ၁။ အရက်လျော့သောက်သင့်သည်ဟု သင်ထင်ပါသလား။
  • ၂။ လူအများက သင့်ကို သင်အရက်သောက်ခြင်းကြောင့် စိတ်အနှောင့်အယှက်(စိတ်ဆိုး ခြင်း) ဖြစ်စေပါသလား။
  • ၃။ သင်အရက်သောက်ခြင်းသည် အ ပြစ်တစ်ခုဖြစ်သည်ဟု ခံစားရပါသလား။ (ဥပမာ- အရက်သောက်သောကြောင့် သူတစ်ပါးထိခိုက်အောင် ပြုလုပ်မိခြင်း၊ မိမိတာဝန်များကို ဆောင်ရွက်နိုင်မှု မရှိခြင်း)
  • ၄။ အိပ်ရာထထခြင်း အရက်သောက်မှ နေသာထိုင်သာရှိသူဖြစ်ပါသလား။

ဤမေးခွန်း ၄ခုမှ ၂ ခုထက်ပို၍ ဖြစ်နေပါက သင်အရက်စွဲခြင်းဖြစ်နေပါသည်။သို့သော် လူတစ်ဦး၏ အခြေအနေပေါ်မူတည်၍ ဆုံးဖြတ်ရန်လည်း လိုအပ်ပါသည်။
ယခုအခါ အောက်ပါမေးခွန်းများကိုပါ ထည့်သွင်းမေးလာပါသည်။

  • အရင်ကထက် အရက်ရေချိန် ပိုမြင့်လာပါသလား။
  • သင်အရက်သောက်သည်ကို သင်ပူပန်နေမိပါသလား။
  • အရက်သောက်ပြီး သတိမေ့ခြင်းများဖြစ်တတ်ပါသလား။

အရက်စွဲနေပါက အရက်ကို ချက်ချင်း တိခနဲ ဖြတ်ခြင်းကို ရှောင်ကြဉ်ပါ။ ဆေးရုံ ဆေးခန်းများတွင် စနစ်တကျ ဖြတ်ရန်လိုအပ်ပါသည်။

ဒေါက်တာချို(ဆေး ၁)

အရက္စြဲျခင္း

တန္ေဆး လြန္ေဘး ဆိုသည့္အတိုင္း အရက္သည္လည္း ပမာဏအနည္းငယ္ ေသာက္သံုးပါက ေသြးေၾကာက်ဥ္းေရာဂါကာကြယ္ေပးျခင္း၊ ဇီဝျဖစ္စဥ္လုပ္ငန္းမ်ားကို ကူညီေပးေသာ္လည္း မ်ားမ်ား ၾကာၾကာေသာက္သံုးပါက အသည္းအဆီဖံုးျခင္း၊ အသည္းေျခာက္ျခင္း၊ အစာမ်ိဳျပြန္ႏွင့္ အစာအိမ္ ေသြးေၾကာေပါက္ျခင္း၊ အရက္မေသာက္ရ မေနနိုင္ျခင္း စသည္တို႔ျဖစ္ျပီး အသက္ေသဆံုးသည္အထိ ျဖစ္တတ္ေပသည္။

မည္သည့္အခ်ိန္တြင္ အရက္စြဲေနသည္ဟု သတ္မွတ္ပါသနည္း။
ေအာက္ပါ ေမးခြန္း ၄ ခု(ေလ်ာ့ ဆိုး ျပစ္ ထ) ေမးျခင္းျဖင့္ အရက္စြဲျခင္းရွိမရွိ ပ်မ္းမွ်သိနိုင္ပါသည္။

  • ၁။ အရက္ေလ်ာ့ေသာက္သင့္သည္ဟု သင္ထင္ပါသလား။
  • ၂။ လူအမ်ားက သင့္ကို သင္အရက္ေသာက္ျခင္းေၾကာင့္ စိတ္အေနွာင့္အယွက္(စိတ္ဆိုး ျခင္း) ျဖစ္ေစပါသလား။
  • ၃။ သင္အရက္ေသာက္ျခင္းသည္ အ ျပစ္တစ္ခုျဖစ္သည္ဟု ခံစားရပါသလား။ (ဥပမာ- အရက္ေသာက္ေသာေၾကာင့္ သူတစ္ပါးထိခိုက္ေအာင္ ျပဳလုပ္မိျခင္း၊ မိမိတာဝန္မ်ားကို ေဆာင္ရြက္နိုင္မႈ မရွိျခင္း)
  • ၄။ အိပ္ရာထထျခင္း အရက္ေသာက္မွ ေနသာထိုင္သာရွိသူျဖစ္ပါသလား။

ဤေမးခြန္း ၄ခုမွ ၂ ခုထက္ပို၍ ျဖစ္ေနပါက သင္အရက္စြဲျခင္းျဖစ္ေနပါသည္။သို႔ေသာ္ လူတစ္ဦး၏ အေျခအေနေပၚမူတည္၍ ဆံုးျဖတ္ရန္လည္း လိုအပ္ပါသည္။
ယခုအခါ ေအာက္ပါေမးခြန္းမ်ားကိုပါ ထည့္သြင္းေမးလာပါသည္။

  • အရင္ကထက္ အရက္ေရခ်ိန္ ပိုျမင့္လာပါသလား။
  • သင္အရက္ေသာက္သည္ကို သင္ပူပန္ေနမိပါသလား။
  • အရက္ေသာက္ျပီး သတိေမ့ျခင္းမ်ားျဖစ္တတ္ပါသလား။

အရက္စြဲေနပါက အရက္ကို ခ်က္ခ်င္း တိခနဲ ျဖတ္ျခင္းကို ေရွာင္ၾကဥ္ပါ။ ေဆးရံု ေဆးခန္းမ်ားတြင္ စနစ္တက် ျဖတ္ရန္လိုအပ္ပါသည္။

ေဒါက္တာခ်ိဳ(ေဆး ၁)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Vitamin B မချို့တဲ့ရအောင် ဘာတွေ စား‌ပေးရမလဲ ❓

1 Mins read
Vitamin B ဆိုတာကတော့ Vitamin B1, B2,B6 နဲ့ B12 တို့ကို ပေါင်းစပ်ပြီး B Complex လို့လဲ ခေါ်ကြပါတယ်၊B-Complex ကဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ အချို့သော Enzymes တွေ လုပ်ဆောင်ရန်အတွက်မရှိမဖြစ်လိုအပ်ပါတယ်၊Vitamin-B ဟာဆိုရင် ကျန်းမာရေးအတွက်အရမ်းကိုမှအရေးပါ…

Leave a Reply

Your email address will not be published. Required fields are marked *