လေထုထဲက အဆိပ်တွေ
အခုရက်ပိုင်းမှာ ရန်ကုန်မြို့ အနောက်မြောက်ဘက်မှ မီးခိုးငွေ့တွေကြောင့် လူအတော်များများ ကျန်းမာရေးဆိုင်ရာထိခိုက်မှုဖြစ်မှာကို စိုးရိမ်နေကြပါတယ်။ စွန့်ပစ်ပစ္စည်း အမျိုးအမည်ပေါင်းများစွာကိုမီးလောင်ပြီး အခိုးအငွေ့အဖြစ်ထွက်လာတဲ့ မီးခိုးငွေ့တွေဖြစ်တဲ့အတွက် ကျန်းမာရေးကိုအနည်းနဲ့အများ ထိခိုက်စေတတ်တာတော့အမှန်ပါပဲ။ ဒါကြောင့် စွန့်ပစ်အမှိုက်တွေကိုမီးရှို့တဲ့အခါ ထွက်လာတဲ့ဓာတ်ငွေ့အမျိုးအစားတွေနဲ့ ဘေးထွက်ဆိုးကျိုးတွေကို လေ့လာကြည့်ကြရအောင်လား။
စွန့်ပစ်အမှိုက်တွေမီးလောင်တဲ့အခါထွက်လာတဲ့ လေထုညစ်ညမ်းစေတဲ့ဓာတ်ငွေ့နဲ့ ဓာတုငွေ့တွေကတော့
(Carbon dioxide CO2) ကာဘွန်ဒိုင်အောက်ဆိုဒ် – စွန့်ပစ်လောင်စာနဲ့ အိမ်သုံးအမှိုက်များလောင်ကျွမ်းတဲ့အခါ အများဆုံးထွက်လာတဲ့ဓာတ်ငွေ့ဖြစ်ပါတယ်။
(Sulphur dioxide SO2) ဆာလဖာဒိုင်အောက်ဆိုဒ် – လောင်စာဆီနဲ့ သတ္တုပစ္စည်းများလောင်ကျွမ်းတဲ့အခါထွက်လာတဲ့ဓာတ်ငွေ့ဖြစ်ပါတယ်။ အလွန်ဆိုးရွားတဲ့အနံ့အသက်ရှိပါတယ်။
(Nitrogen Oxide NO) နိုက်ထရိုဂျင်အောက်ဆိုဒ် – လောင်စာဆီမှထွက်သော ဓာတ်ငွေ့နောက်တစ်မျိုးဖြစ်ပြီး အိုဇုန်းလွှာကို အကြီးအကျယ်ထိခိုက်စေနိုင်ပါတယ်။
(Carbon monoxide CO) ကာဘွန်မိုနောက်ဆိုဒ် – အရောင်အဆင်း၊ အနံ့ ကင်းမဲ့ခြင်းဂုဏ်သတ္တိကြောင့် တိတ်တဆိတ်လူသတ်သမားအဖြစ် နာမည်ကျော်တဲ့ဓာတ်ငွေ့ဖြစ်ပါတယ်။ လောင်စာဆီမှထွက်သည့်အပြင် အိမ်သုံးပစ္စည်း၊ထင်း၊သစ်သား၊ ပလပ်စတစ် စသည်တို့လောင်ကျွမ်းခြင်းမှလည်းထွက်လာနိုင်တဲ့ ဓာတ်ငွေ့ဖြစ်ပါတယ်။
(Ammonia NH3) အမိုးနီးယား – ဓာတ်မြေသြဇာ၊ မြေဆွေး၊ လူနှင့်တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများမှ ထွက်သောဓာတ်ငွေ့ဖြစ်ပါတယ်။ အသက်ရှူကြပ်စေသောအနံ့ဆိုးရှိပါတယ်။
(Dixoins) ဒိုင်အောက်ဆင် – ကြောက်စရာအလွန်ကောင်းတဲ့ ဓာတ်ငွေ့တစ်မျိုးဖြစ်ပါတယ်။ ပလပ်စတစ်များလောင်ကျွမ်းရာမှ ထွက်လာတဲ့ဓာတ်ငွေ့ဖြစ်ပြီး ကိုယ်ခံအားစနစ်ကိုထိခိုက်စေခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများရနိုင်ခြင်း၊ ဟော်မုန်းထုတ်လွှတ်မှုကိုမညီမျှစေခြင်းတို့အပြင် ကင်ဆာရောဂါဖြစ်ပွားစေနိုင်တဲ့ ဆိုးကျိုးများဖြစ်စေနိုင်ပါတယ်။
မီးခိုးငွေ့တွေကြောင့် ဘာတွေခံစားရနိုင်သလဲ?
မီးခိုးငွေ့ကြောင့်ဖြစ်ပွားနိုင်တဲ့ သာမန်ပြဿနာတွေကတော့ ချောင်းဆိုးခြင်း၊ လည်ချောင်းယားယံခြင်း၊ မျက်စိစပ်ကာမျက်ရည်ပူများကျခြင်း၊ ခေါင်းကိုက်ခြင်း စသည်တို့ဖြစ်စေနိုင်တဲ့အပြင် ပိုမိုဆိုးရွားလာပါက အသက်ရှူမြန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ နှလုံးရောဂါ၊ ပန်းနာရင်ကြပ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများကိုပိုမိုဆိုးရွားစေနိုင်ပါတယ်။
ဘယ်လိုကာကွယ်ကြမလဲ?
– ပြင်ပပတ်ဝန်းကျင်ရဲ့ လေထုထဲမှာ ဓာတုပစ္စည်းတွေပါနေတဲ့မီးခိုးငွေ့တွေများနေပြီဆိုရင်တော့ တတ်နိုင်သမျှ အိမ်၊ကျောင်း၊ အလုပ် ရုံးခန်းတွင်းမှာနေစေချင်ပါတယ်။
– အပြင်ထွက် သွားလာကြရမယ်ဆိုရင်တော့ လေထုသန့်စင်ပေးတဲ့ Maskများကိုတပ်ဆင်အသုံးပြုနိုင်ပါတယ်။
– လွတ်လွတ်လပ်လပ်ရှိသူတွေအတွက်ကတော့ ခဏတာရှောင်ရှားတဲ့အနေနဲ့ ခရီးထွက်လိုက်မယ်ဆိုရင် အကောင်းဆုံးပါပဲ။
– ရေများများသောက်ပေးခြင်းဟာ ရိုးရှင်းပြီးသဘာဝအကျဆုံး အဆိပ်အတောက်ဖယ်ရှားတဲ့နည်းဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲကိုရောက်လာတဲ့ အဆိပ်အတောက်တွေကို ရေများများသောက်ပြီး ဆေးကြာသန့်စင်ပစ်ခြင်းအားဖြင့် Detoxပြုလုပ်နိုင်ပါတယ်။
– အပူချိန်ပြင်းပြင်း ရာသီဥတုမှာ မီးခိုးငွေ့တွေပါရှိလာတာကြောင့် အထူးသဖြင့်ကလေးငယ်များရဲ့ ကျန်းမာရေး(အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ မဖြစ်ပွားစေရေး)ကို ပိုမိုဂရုစိုက်စေချင်ပါတယ်။
ပြည်သူ့အတွက်ကိုယ်ကျိုးစွန့်ကာ မီးငြိမ်းသတ်နေသော မြန်မာနိုင်ငံမီးသတ်အဖွဲ့မှ မီးသတ်အာဇာနည်များကို ဂုဏ်ယူလေးစားလျက်…။
မေတ္တာဖြင့်
စိုင်းမြတ်သူ
ေလထုထဲက အဆိပ္ေတြ
အခုရက္ပိုင္းမွာ ရန္ကုန္ၿမိဳ႕ အေနာက္ေျမာက္ဘက္မွ မီးခိုးေငြ႔ေတြေၾကာင့္ လူအေတာ္မ်ားမ်ား က်န္းမာေရးဆိုင္ရာထိခိုက္မႈျဖစ္မွာကို စိုးရိမ္ေနၾကပါတယ္။ စြန္႔ပစ္ပစၥည္း အမ်ိဳးအမည္ေပါင္းမ်ားစြာကိုမီးေလာင္ၿပီး အခိုးအေငြ႔အျဖစ္ထြက္လာတဲ့ မီးခိုးေငြ႔ေတြျဖစ္တဲ့အတြက္ က်န္းမာေရးကိုအနည္းနဲ႔အမ်ား ထိခိုက္ေစတတ္တာေတာ့အမွန္ပါပဲ။ ဒါေၾကာင့္ စြန္႔ပစ္အမိႈက္ေတြကိုမီး႐ိွဳ႕တဲ့အခါ ထြက္လာတဲ့ဓာတ္ေငြ႔အမ်ိဳးအစားေတြနဲ႔ ေဘးထြက္ဆိုးက်ိဳးေတြကို ေလ့လာၾကည့္ၾကရေအာင္လား။
စြန္႔ပစ္အမိႈက္ေတြမီးေလာင္တဲ့အခါထြက္လာတဲ့ ေလထုညစ္ညမ္းေစတဲ့ဓာတ္ေငြ႕နဲ႔ ဓာတုေငြ႔ေတြကေတာ့
(Carbon dioxide CO2) ကာဘြန္ဒိုင္ေအာက္ဆိုဒ္ – စြန္႔ပစ္ေလာင္စာနဲ႔ အိမ္သံုးအမိႈက္မ်ားေလာင္ကြၽမ္းတဲ့အခါ အမ်ားဆံုးထြက္လာတဲ့ဓာတ္ေငြ႔ျဖစ္ပါတယ္။
(Sulphur dioxide SO2) ဆာလဖာဒိုင္ေအာက္ဆိုဒ္ – ေလာင္စာဆီနဲ႔ သတၱဳပစၥည္းမ်ားေလာင္ကြၽမ္းတဲ့အခါထြက္လာတဲ့ဓာတ္ေငြ႕ျဖစ္ပါတယ္။ အလြန္ဆိုးရြားတဲ့အနံ႔အသက္႐ွိပါတယ္။
(Nitrogen Oxide NO) ႏိုက္ထ႐ိုဂ်င္ေအာက္ဆိုဒ္ – ေလာင္စာဆီမွထြက္ေသာ ဓာတ္ေငြ႔ေနာက္တစ္မ်ိဳးျဖစ္ၿပီး အိုဇုန္းလႊာကို အႀကီးအက်ယ္ထိခိုက္ေစႏိုင္ပါတယ္။
(Carbon monoxide CO) ကာဘြန္မိုေနာက္ဆိုဒ္ – အေရာင္အဆင္း၊ အနံ႔ ကင္းမဲ့ျခင္းဂုဏ္သတၱိေၾကာင့္ တိတ္တဆိတ္လူသတ္သမားအျဖစ္ နာမည္ေက်ာ္တဲ့ဓာတ္ေငြ႔ျဖစ္ပါတယ္။ ေလာင္စာဆီမွထြက္သည့္အျပင္ အိမ္သံုးပစၥည္း၊ထင္း၊သစ္သား၊ ပလပ္စတစ္ စသည္တို႔ေလာင္ကြၽမ္းျခင္းမွလည္းထြက္လာႏိုင္တဲ့ ဓာတ္ေငြ႔ျဖစ္ပါတယ္။
(Ammonia NH3) အမိုးနီးယား – ဓာတ္ေျမႀသဇာ၊ ေျမေဆြး၊ လူႏွင့္တိရစၧာန္စြန္႔ပစ္ပစၥည္းမ်ားမွ ထြက္ေသာဓာတ္ေငြ႔ျဖစ္ပါတယ္။ အသက္႐ွဴၾကပ္ေစေသာအနံ႔ဆိုး႐ွိပါတယ္။
(Dixoins) ဒိုင္ေအာက္ဆင္ – ေၾကာက္စရာအလြန္ေကာင္းတဲ့ ဓာတ္ေငြ႔တစ္မ်ိဳးျဖစ္ပါတယ္။ ပလပ္စတစ္မ်ားေလာင္ကြၽမ္းရာမွ ထြက္လာတဲ့ဓာတ္ေငြ႔ျဖစ္ၿပီး ကိုယ္ခံအားစနစ္ကိုထိခိုက္ေစျခင္း၊ အသက္႐ွဴလမ္းေၾကာင္းဆိုင္ရာေရာဂါမ်ားရႏိုင္ျခင္း၊ ေဟာ္မုန္းထုတ္လႊတ္မႈကိုမညီမ်ွေစျခင္းတို႔အျပင္ ကင္ဆာေရာဂါျဖစ္ပြားေစႏိုင္တဲ့ ဆိုးက်ိဳးမ်ားျဖစ္ေစႏိုင္ပါတယ္။
မီးခိုးေငြ႔ေတြေၾကာင့္ ဘာေတြခံစားရႏိုင္သလဲ?
မီးခိုးေငြ႔ေၾကာင့္ျဖစ္ပြားႏိုင္တဲ့ သာမန္ျပႆနာေတြကေတာ့ ေခ်ာင္းဆိုးျခင္း၊ လည္ေခ်ာင္းယားယံျခင္း၊ မ်က္စိစပ္ကာမ်က္ရည္ပူမ်ားက်ျခင္း၊ ေခါင္းကိုက္ျခင္း စသည္တို႔ျဖစ္ေစႏိုင္တဲ့အျပင္ ပိုမိုဆိုးရြားလာပါက အသက္႐ွဴျမန္ျခင္း၊ ရင္ဘတ္ေအာင့္ျခင္း၊ ႏွလံုးေရာဂါ၊ ပန္းနာရင္ၾကပ္ႏွင့္ အသက္႐ွဴလမ္းေၾကာင္းဆိုင္ရာေရာဂါမ်ားကိုပိုမိုဆိုးရြားေစႏိုင္ပါတယ္။
ဘယ္လိုကာကြယ္ၾကမလဲ?
– ျပင္ပပတ္ဝန္းက်င္ရဲ႕ ေလထုထဲမွာ ဓာတုပစၥည္းေတြပါေနတဲ့မီးခိုးေငြ႔ေတြမ်ားေနၿပီဆိုရင္ေတာ့ တတ္ႏိုင္သမ်ွ အိမ္၊ေက်ာင္း၊ အလုပ္ ရံုးခန္းတြင္းမွာေနေစခ်င္ပါတယ္။
– အျပင္ထြက္ သြားလာၾကရမယ္ဆိုရင္ေတာ့ ေလထုသန္႔စင္ေပးတဲ့ Maskမ်ားကိုတပ္ဆင္အသံုးျပဳႏိုင္ပါတယ္။
– လြတ္လြတ္လပ္လပ္႐ွိသူေတြအတြက္ကေတာ့ ခဏတာေ႐ွာင္႐ွားတဲ့အေနနဲ႔ ခရီးထြက္လိုက္မယ္ဆိုရင္ အေကာင္းဆံုးပါပဲ။
– ေရမ်ားမ်ားေသာက္ေပးျခင္းဟာ ႐ိုး႐ွင္းၿပီးသဘာဝအက်ဆံုး အဆိပ္အေတာက္ဖယ္႐ွားတဲ့နည္းျဖစ္ပါတယ္။ ခႏၶာကိုယ္ထဲကိုေရာက္လာတဲ့ အဆိပ္အေတာက္ေတြကို ေရမ်ားမ်ားေသာက္ၿပီး ေဆးၾကာသန္႔စင္ပစ္ျခင္းအားျဖင့္ Detoxျပဳလုပ္ႏိုင္ပါတယ္။
– အပူခ်ိန္ျပင္းျပင္း ရာသီဥတုမွာ မီးခိုးေငြ႔ေတြပါ႐ွိလာတာေၾကာင့္ အထူးသျဖင့္ကေလးငယ္မ်ားရဲ႕ က်န္းမာေရး(အသက္႐ွဴလမ္းေၾကာင္းဆိုင္ရာ ေရာဂါမ်ား မျဖစ္ပြားေစေရး)ကို ပိုမိုဂ႐ုစိုက္ေစခ်င္ပါတယ္။
ျပည္သူ႔အတြက္ကိုယ္က်ိဳးစြန္႔ကာ မီးၿငိမ္းသတ္ေနေသာ ျမန္မာႏိုင္ငံမီးသတ္အဖြဲ႔မွ မီးသတ္အာဇာနည္မ်ားကို ဂုဏ္ယူေလးစားလ်က္…။
ေမတၱာျဖင့္
စိုင္းျမတ္သူ