အရွယ်မတိုင်ခင် အိုမင်းခြင်း
အခုတစ်ခေါက်ဆောင်းပါးမှာတော့ အသက်အရွယ်ကြီးရင့်လာတာနဲ့ အမျှ အမျိုးသမီးတွေ ကြုံတွေ့ရလေ့ရှိတဲ့ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေနဲ့ အဲ့ဒီပြောင်းလဲမှုတွေကို ကာကွယ်ထိန်းသိမ်းလို့ရမယ့် နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်
အမျိုးသမီးတွေဟာ အသက် ၃၀ ကျော်လာတာနဲ့ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုလေးတွေနဲ့ စတင်ကြုံလာရပါတယ်
အဲ့ဒီ လက္ခဏာလေးတွေကတော့-
1)နှဖူးအရေးအကြောင်းများပေါ်လာခြင်း
2)မျက်မှောင်ကျုံ့တဲ့ နေရာ အရေးအကြောင်းများပေါ်လာခြင်း
3)မျက်လုံးဘေး ကျီးခြေရာ အရေးအကြောင်းများ
4)နှာခေါင်း အရေးအကြောင်းများ
5)နှာခေါင်းဘေး smile line အရေးအကြောင်းများ ထင်းလာခြင်း
6)ပါးစပ်ဘေးအရေးအကြောင်းများထင်းလာခြင်း
7)ပါးပြင်အသားအရေ တွဲကျလျော့ရဲလာခြင်း
8)မျက်အိတ်ဖောင်းလာခြင်း
9)မျက်လုံးအောက်အရေးအကြောင်းများ ပေါ်လာပြီး မျက်တွင်းများကျလာခြင်း
10)မေးနှစ်ထပ်ဖြစ်လာခြင်းနဲ့
11)လည်ပင်းအသားအရေ ပျော့လာခြင်း အရေးအကြောင်းများထင်းလာခြင်း တို့ပဲဖြစ်ပါတယ်
အသက် ၅၀ ကျော်လာလျှင်တော့ အထက်ပါအရေးအကြောင်းများ အပြင်
1)ဆံပင်အရောင်ဖျော့လာခြင်း
2)သွေးကြောများပါးလာခြင်း
3)အမြင်အာရုံ ဝေဝါးလာခြင်း
4)အရေပြားပေါ်တွင် အမဲစက်များ, တင်းတိတ်နဲ့ အစက်အပျောက်များပေါ်လာခြင်း
5)မျက်တောင်မွှေးနှင့် မျက်ခုံးမွှေး, ဆံပင်ပါးလာခြင်း
6)တံတောင်ဆစ်နှင့် ဒူးခေါင်းတစ်ဝိုက် အရေးအကြောင်းများပေါ်လာခြင်း
7)သွေးဆုံးပြီးသော အမျိုးသမီးများကတော့ သားမွေးလမ်းကြောင်းခြောက်သွေ့ခြင်း, သွားမွေးလမ်းကြောင်းနံရံ ပါးလာခြင်း, လျော့ရဲလာခြင်းတို့ အပြင် အပူအအေးမမျှခြင်း, စိတ်အပြောင်းအလဲမြန်ခြင်း, ရင်သားများလျော့ရဲလာပြီး သေးသွားခြင်း, အိပ်မပျော်ခြင်း, သတိမေ့တတ်ခြင်း, လိင်စိတ်လျော့နဲလာခြင်း, အရိုးပွခြင်း, ဆီးမထိန်းနိုင်ခြင်း, ဆီးခဏခဏသွားခြင်းတို့အပြင် သားအိမ်ကျွံကျခြင်းများ ခံစားလာရတတ်ပါတယ်
အိုမင်းရင့်ရော်ခြင်းကို ပိုမိုမြန်ဆန်စေတဲ့ အရာတွေကတော့-
1)ပူပြင်းသော နေရောင်ခြည်ထဲ ထွက်၍အလုပ်လုပ်ရခြင်း
2)စိတ်ဖိစီးမှုများခြင်း, အိပ်ချိန်မမှန်ခြင်း
3)ခန္ဓာကိုယ်ကို အန္တာရာယ်ပေးသော အစားအစာများ အသုံးအဆောင်များသုံးစွဲခြင်း( ဥပမာ- ဆိုးဆေးပါသော အစားအစာများ, တာရှည်ခံအောင်လုပ်ထားသောအစားအစာများ, ပြည့်ဝဆီများ စားသုံးခြင်း, ဆံပင်ဆိုးဆေးများ, chemical အပြင်းစားပါသော skincare နှင့် မိတ်ကပ်များ သုံးစွဲခြင်း) တို့ပဲဖြစ်ပါတယ်
အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း မဖြစ်အောင် ကာကွယ်လို့ရမယ့် နည်းလမ်းတွေကတော့-
1)နေပူထဲထွက်တိုင်း နေလောင်ကာ cream မှန်မှန်လိမ်းပေးခြင်း
2)မိမိအသက်အရွယ်, အသားအရေနှင့် သင့်တော်သော skincare များရွေးချယ်အသုံးပြုပေးခြင်း
3)အသားအရေ စိုပြေအောင် အမြဲဂရုစိုက် စားသောက်ပေးခြင်း (အသီးအရွက်များများစားခြင်း, ရေများများသောက်ခြင်း), moisturizer မှန်မှန်လိမ်းပေးခြင်း
4)လိုအပ်သော ဖြည့်စွက်စာများ မှန်မှန်စားပေးခြင်း (fish oil, astaxanthin, vitamin C အစရှိသဖြင့်)
5)မျက်လုံးအောက် cream မှန်မှန်လိမ်းပေးခြင်း
6)ကျွမ်းကျင်သော အရေပြားနှင့် အလှအပဆိုင်ရာဆရာဝန်နှင့် တိုင်ပင်ပြီး Botox , Filler နှင့် Collagen ကြိုးများ, chemical peel, သွေးရည်ကြည်, laser စက်များ အသုံးပြု၍ ကုသမှုခံယူပြီးတော့လဲ ထိန်းသိမ်းပေးနိုင်ပါတယ်
အားလုံး ကျန်းမာပျော်ရွှင်ပြီး ကြည်လင်လှပတဲ့ အသားအရေလေး ပိုင်ဆိုင်နိုင်ကြပါစေ
ရွှန်းလဲ့ (ဆေး ၂)
အရြယ္မတိုင္ခင္ အိုမင္းျခင္း
အခုတစ္ေခါက္ေဆာင္းပါးမွာေတာ့ အသက္အရြယ္ၾကီးရင့္လာတာနဲ႕ အမ်ွ အမ်ိဳးသမီးေတြ ၾကံဳေတြ႕ရေလ့ရွိတဲ႕ ရုပ္ပိုင္းဆိုင္ရာေျပာင္းလဲမႈေတြနဲ႕ အဲ႕ဒီေျပာင္းလဲမႈေတြကို ကာကြယ္ထိန္းသိမ္းလို႕ရမယ့္ နည္းလမ္းေလးေတြကို ေျပာျပေပးခ်င္ပါတယ္
အမ်ိဳးသမီးေတြဟာ အသက္ ၃၀ ေက်ာ္လာတာနဲ႕ ရုပ္ပိုင္းဆိုင္ရာေျပာင္းလဲမႈေလးေတြနဲ႕ စတင္ၾကံဳလာရပါတယ္
အဲ႕ဒီ လကၡဏာေလးေတြကေတာ့-
1)နွဖူးအေရးအေၾကာင္းမ်ားေပၚလာျခင္း
2)မ်က္ေမွာင္က်ံဳ႕တဲ႕ ေနရာ အေရးအေၾကာင္းမ်ားေပၚလာျခင္း
3)မ်က္လံုးေဘး က်ီးေျခရာ အေရးအေၾကာင္းမ်ား
4)နွာေခါင္း အေရးအေၾကာင္းမ်ား
5)နွာေခါင္းေဘး smile line အေရးအေၾကာင္းမ်ား ထင္းလာျခင္း
6)ပါးစပ္ေဘးအေရးအေၾကာင္းမ်ားထင္းလာျခင္း
7)ပါးျပင္အသားအေရ တြဲက်ေလ်ာ့ရဲလာျခင္း
8)မ်က္အိတ္ေဖာင္းလာျခင္း
9)မ်က္လံုးေအာက္အေရးအေၾကာင္းမ်ား ေပၚလာျပီး မ်က္တြင္းမ်ားက်လာျခင္း
10)ေမးနွစ္ထပ္ျဖစ္လာျခင္းနဲ႕
11)လည္ပင္းအသားအေရ ေပ်ာ့လာျခင္း အေရးအေၾကာင္းမ်ားထင္းလာျခင္း တို႕ပဲျဖစ္ပါတယ္
အသက္ ၅၀ ေက်ာ္လာလ်ွင္ေတာ့ အထက္ပါအေရးအေၾကာင္းမ်ား အျပင္
1)ဆံပင္အေရာင္ေဖ်ာ့လာျခင္း
2)ေသြးေၾကာမ်ားပါးလာျခင္း
3)အျမင္အာရံု ေဝဝါးလာျခင္း
4)အေရျပားေပၚတြင္ အမဲစက္မ်ား, တင္းတိတ္နဲ႕ အစက္အေပ်ာက္မ်ားေပၚလာျခင္း
5)မ်က္ေတာင္ေမႊးနွင့္ မ်က္ခံုးေမႊး, ဆံပင္ပါးလာျခင္း
6)တံေတာင္ဆစ္နွင့္ ဒူးေခါင္းတစ္ဝိုက္ အေရးအေၾကာင္းမ်ားေပၚလာျခင္း
7)ေသြးဆံုးျပီးေသာ အမ်ိဳးသမီးမ်ားကေတာ့ သားေမြးလမ္းေၾကာင္းေျခာက္ေသြ႕ျခင္း, သြားေမြးလမ္းေၾကာင္းနံရံ ပါးလာျခင္း, ေလ်ာ့ရဲလာျခင္းတို႕ အျပင္ အပူအေအးမမ်ွျခင္း, စိတ္အေျပာင္းအလဲျမန္ျခင္း, ရင္သားမ်ားေလ်ာ့ရဲလာျပီး ေသးသြားျခင္း, အိပ္မေပ်ာ္ျခင္း, သတိေမ့တတ္ျခင္း, လိင္စိတ္ေလ်ာ့နဲလာျခင္း, အရိုးပြျခင္း, ဆီးမထိန္းနိုင္ျခင္း, ဆီးခဏခဏသြားျခင္းတို႕အျပင္ သားအိမ္က်ြံက်ျခင္းမ်ား ခံစားလာရတတ္ပါတယ္
အိုမင္းရင့္ေရာ္ျခင္းကို ပိုမိုျမန္ဆန္ေစတဲ႕ အရာေတြကေတာ့-
1)ပူျပင္းေသာ ေနေရာင္ျခည္ထဲ ထြက္၍အလုပ္လုပ္ရျခင္း
2)စိတ္ဖိစီးမႈမ်ားျခင္း, အိပ္ခ်ိန္မမွန္ျခင္း
3)ခႏၶာကိုယ္ကို အႏၱာရာယ္ေပးေသာ အစားအစာမ်ား အသံုးအေဆာင္မ်ားသံုးစြဲျခင္း( ဥပမာ- ဆိုးေဆးပါေသာ အစားအစာမ်ား, တာရွည္ခံေအာင္လုပ္ထားေသာအစားအစာမ်ား, ျပည့္ဝဆီမ်ား စားသံုးျခင္း, ဆံပင္ဆိုးေဆးမ်ား, chemical အျပင္းစားပါေသာ skincare နွင့္ မိတ္ကပ္မ်ား သံုးစြဲျခင္း) တို႕ပဲျဖစ္ပါတယ္
အရြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္ျခင္း မျဖစ္ေအာင္ ကာကြယ္လို႕ရမယ့္ နည္းလမ္းေတြကေတာ့-
1)ေနပူထဲထြက္တိုင္း ေနေလာင္ကာ cream မွန္မွန္လိမ္းေပးျခင္း
2)မိမိအသက္အရြယ္, အသားအေရနွင့္ သင့္ေတာ္ေသာ skincare မ်ားေရြးခ်ယ္အသံုးျပဳေပးျခင္း
3)အသားအေရ စိုေျပေအာင္ အျမဲဂရုစိုက္ စားေသာက္ေပးျခင္း (အသီးအရြက္မ်ားမ်ားစားျခင္း, ေရမ်ားမ်ားေသာက္ျခင္း), moisturizer မွန္မွန္လိမ္းေပးျခင္း
4)လိုအပ္ေသာ ျဖည့္စြက္စာမ်ား မွန္မွန္စားေပးျခင္း (fish oil, astaxanthin, vitamin C အစရွိသျဖင့္)
5)မ်က္လံုးေအာက္ cream မွန္မွန္လိမ္းေပးျခင္း
6)က်ြမ္းက်င္ေသာ အေရျပားနွင့္ အလွအပဆိုင္ရာဆရာဝန္နွင့္ တိုင္ပင္ျပီး Botox , Filler နွင့္ Collagen ၾကိဳးမ်ား, chemical peel, ေသြးရည္ၾကည္, laser စက္မ်ား အသံုးျပဳ၍ ကုသမႈခံယူျပီးေတာ့လဲ ထိန္းသိမ္းေပးနိုင္ပါတယ္
အားလံုး က်န္းမာေပ်ာ္ရႊင္ျပီး ၾကည္လင္လွပတဲ႔ အသားအေရေလး ပိုင္ဆိုင္နိုင္ၾကပါေစ
ရႊန္းလဲ႕ (ေဆး ၂)