All Articlesစိတ်ကျန်းမာရေးဖိုးဖိုးဖွားဖွား ကျန်းမာရေးအထွေထွေရောဂါများ

သက်ကြီးပိုင်းမှာ တွေ့ရတတ်တဲ့ သတိအမေ့လွန်ရောဂါတစ်မျိုး

1 Mins read
သက်ကြီးပိုင်းမှာ တွေ့ရတတ်တဲ့ သတိအမေ့လွန်ရောဂါတစ်မျိုး….
လူတွေဟာ သက်ကြီးပိုင်းရောက်လာပြီဆိုရင် အသက်ကြီးလို့ ရိုးရိုးဟိုမေ့ ဒီမေ့ဖြစ်တတ်တာရှိသလို လုပ်နေကျအလုပ်တွေကိုတောင် မလုပ်နိုင်တော့တဲ့ သတိအမေ့လွန်ရောဂါ Alzheimer’s ဖြစ်လာကြတာလည်းရှိပါတယ်။ Alzheimer’s ရောဂါဆိုတာဟာ ဇာတ်လမ်းတွဲတွေထဲမှာရောအပြင်လူမှုဘဝမှာရော တော်တော်များများ မြင်ဖူးကြားဖူးတဲ့ရောဂါပါ။ အဓိကကတော့
ဦးနှောက်ဆဲလ်တွေတဖြည်းဖြည်းချင်းယိုယွင်းပျက်စီးမှုပိုပိုဆိုးလာလို့ပါပဲ။ ဒီ Alzheimer’s ရောဂါဟာ စစချင်းပိုင်းမှာတော့ လတ်တလောလုပ်ထားတဲ့ကိစ္စတွေ၊ ခုနလေးတင်ပြောလိုက်တဲ့စကားတွေကိုမေ့တာမျိုးရှိပေမယ့် အခြေအနေပိုဆိုးလာတဲ့အခါ မှတ်ဉာဏ်ပိုင်းကိုထိခိုက်လာတာ၊ တစ်နေ့တာလုပ်ငန်းတွေကိုပါ ထိခိုက်လာတာ ရှိတတ်ပါတယ်။
Alzheimer’s ရောဂါလက္ခဏာတွေကတော့….
♍ ပြောပြီးသားအကြောင်းအရာတွေကိုပဲ ထပ်ခါထပ်ခါပြောတာ
♍ ပြောထားတဲ့ကိစ္စတွေအကုန်မေ့ကုန်တာ၊ ရင်းနှီးတဲ့သူတွေ မိသားစုဝင်တွေရဲ့ နာမည်တွေအ လုပ်အကိုင်တွေအားလုံးကြက်ပျောက်ဌက်ပျောက်ဖြစ်သလိုကိုမေ့ကုန်တာ
♍ ပုံမှန်လုပ်နေကျဖြစ်တဲ့အလုပ်တွေ (ဥပမာ-ကားမောင်းတာ)ကိုမလုပ်တတ်တော့တာ
♍ သွားနေကျနေရာတွေသွားရင်လည်း ဘယ်ရောက်နေမှန်းမသိတော့ပဲ လမ်းပျောက်သွားတတ်တာ
♍ အာရုံစူးစိုက်မှုတွေကိုထိခိုက်လာတာ
♍ ကျိုးကြောင်းဆီလျော်အောင် မစဥ်းစားမတွေးခေါ်နိုင်တော့ပဲ မဆုံးဖြတ်နိုင်တော့တာ
(ဥပမာ- ရာသီဥတုအေးလို့ သူများတွေ ၂ ထပ် လောက်ဝတ်ထားရချိန်မှာ ဘောင်းဘီတိုနဲ့နေနေတာမျိုးတွေ)
♍ စိတ်ပိုင်းဆိုင်ရာမှာဆိုရင်လည်း စိတ်အမျိုးမျိုးပြောင်းလဲနေတာ၊ စိတ်ဓာတ်ကျတာ၊ စိတ်တိုစိတ်ဆတ်လွယ်လာတာ၊ တခုခုကိုယုံမှားသံသယ
ဝင်နေတာ၊ လူတွေနဲ့အဆက်အစပ်မရှိတော့ပဲတစ်ယောက်တည်းဖြစ်လာတာ၊ လူတွေကိုမယုံကြည်တော့တာ၊ အိပ်ချိန်တွေပြောင်းလဲလာ တာမျိုးတွေဖြစ် တတ်ပါတယ်။
ကုသမှုအနေနဲ့ကတော့…
♍ Alzheimer’s ရောဂါအခြေအနေဆိုးဆိုးလာတာနှေးသွားအောင်ဆေးပေးတာ
♍ ဦးနှောက်တွင်းဆဲလ်အချင်းချင်းချိတ်ဆက်မှုကောင်းစေတဲ့ဆေးပေးတာ
♍ Alzheimer’s ရောဂါရှိသူကို ဘဝနေထိုင်မှုအဆင်ပြေအောင် support လုပ်ပေးတာ စတာတွေပြုလုပ်ပေးရပါတယ်။
ဘယ်လို support လုပ်ပေးသင့်လဲဆိုရင်….
♍ သွားနေကျနေရာကိုတောင် သွားတဲ့အခါ လမ်းပျောက်တာမျိုးမရှိအောင် ဖုန်းထဲမှာ တည်နေရာ ကြည့်လို့ရတဲ့ဟာ ထည့်ထားတာမျိုး
♍ သတိမမေ့အောင် ချိန်းဆိုထားတဲ့ကိစ္စတွေ၊အရေးကြီးဇယားတွေကို မြင်သာတဲ့နေရာမှာ ချမှတ်ထားတာမျိုး
♍ မှတ်ဉာဏ်ကိုပြန်သတိရအောင် မှတ်ဉာဏ်ကိုကောင်းကောင်းနှိုးဆွပေးနိုင်တဲ့ အမှတ်တရပစ္စည်းတွေကိုထားထားတာမျိုး စတာတွေပြုလုပ်ပေးသင့်ပါတယ်။
ဒေါက်တာစိမ်းလဲ့
MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
Uncategorizedဖိုးဖိုးဖွားဖွား ကျန်းမာရေး

Elderly and sensory impairment

1 Mins read
သက်ကြီးရွယ်အိုနှင့်အာရုံခံမှုချွတ်ယွင်းခြင်း အသက်ကြီးလာလျှင် အာရုံကြောအားနည်းခြင်းများ ဖြစ်လေ့ရှိပါသည်။ အဖြစ်အများဆုံးမှာ အရသာခံစွမ်းရည်ဖြစ်ပြီး ထိတွေ့မှု အနံခံ အမြင် နှငိ့ အကြားအာရုံတို့ပါဝင်ပါသည်။ ၂၀၀၆ US စစ်တမ်းအရ ၆ယောက်တွင်၁ယောက် အမြင်အာရုံ ၄ယောက်တွင်၁ယောက် အကြားအာရုံ အားနည်းလေ့ရှိပြီး ၃ပုံ၂ပုံသည် အာရုံကြောအာရုံ ၂မျိုးနှင့်အထက်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…

Leave a Reply

Your email address will not be published. Required fields are marked *