ကလေးကစားစရာ အရုပ်လေးများ၏နောက်ကွယ်
မိဘတွေဟာ ကိုယ့်ရင်သွေးငယ်လေးများအတွက် အရုပ်ကလေးတွေ၊ ဘောလုံးလေးတွေစသဖြင့် ကစားစရာမျိုးစုံဝယ်ပေးလေ့ရှိကြပါတယ်။ ဒီဆောင်းပါးမှာတော့ ကလေးရဲ့အသက်အရွယ်နဲ့ ကိုယ်စိတ်ဖွံ့ဖြိုးမှုအပေါ်လိုက်ပြီး ဘယ်လိုကစားစရာလေးတွေ ဝယ်ပေးသင့်လဲဆိုတာကို ဖော်ပြပေးသွားမှာပါ။
အသက် ၆လ
ကလေးအသက်၆လမှာ သူ့ရဲ့အာရုံခံစားမှုကိုလှုံ့ဆော်ပေးနိုင်တဲ့ ကစားစရာများဝယ်ပေးသင့်ပါတယ်။ဥပမာ အသံထွက်တဲ့အရုပ်မျိုး ၊ အရောင်တောက်ပတဲ့အရုပ်မျိုး၊ အထိအတွေ့နူးညံ့ပြီး ကိုင်တွယ်ရလွယ်တဲ့အရုပ်မျိုး ဝယ်ပေးလို့ရပါတယ်။ ပလုပ်တုတ်လိုကိုင်တွယ်ရလွယ်ပြီး အသံထွက်တဲ့အရုပ်မျိုးနဲ့ အရုပ်အသေးလေးတွေဟာ ဒီအသက်အရွယ်အတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။
အသက် ၆လမှ ၁နှစ်
ဒီအရွယ်မှာ ကလေးဟာ ထိုင်နိုင်၊သွားနိုင်၊ မှောက်နိုင်လာပါပြီ။ ဓာတ်ခဲနာရီလေးတွေ ကားလေးတွေ စသဖြင့် သံစုံမည်တဲ့ အရုပ်လေးတွေဟာ ဒီအရွယ်ကလေးတွေနဲ့ သင့်တော်ပါတယ်။ ကလေးဟာ အရုပ်တောင်းထဲကိုလည်း အရုပ်တွေ ထည့်လိုက် ထုတ်လိုက်လည်း လုပ်နိုင်နေပြီဖြစ်ပါတယ်။
အသက် ၁နှစ်မှ ၃နှစ်
ကလေးဟာ အားအင်အပြည့်နဲ့ ပတ်ဝန်းကျင်ကို လည်း စူးစမ်းဖို့ အမြဲ အဆင်သင့်ဖြစ်နေပါတယ်။သူတို့ဟာ ကိုယ်လက်လှုပ်ရှားရတဲ့ ကစားနည်းတိုင်းကိုပျော်ပါတယ်။ မြင်သမျှကို သိချင်၊ ကိုင်တွယ်ချင်ပြီး သင်ယူရတာကို သဘောကျတတ်ပါတယ်။ ဒီအရွယ်ကလေးများအတွက်တော့ သူတို့ ထိုင်လို့ စီးလို့ရတဲ့အရုပ်၊ ဆိုင်ကယ်လေးတွေဟာ သင့်တော်ပါတယ်။ အဲ့လိုကစားစရာအရုပ်တွေက ကလေးရဲ့စွမ်းအားကို ထုတ်သုံးခွင့်ရစေပြီး အတွေးအခေါ်နဲ့ ကိုယ်လက်သန်စွမ်းမှုကို ပိုဖွံ့ဖြိုးစေပါတယ်။
အသက် ၈နှစ်မှ ၅နှစ်
မူကြိုထားလို့ရတဲ့အရွယ်ကလေးများဖြစ်ပါတယ်။ သူတို့ဟာ စိတ်ကူးစိတ်သန်းကို အသုံးချပြီး စဉ်းစားတွေးခေါ်ရတဲ့ ကစားစရာမျိုးကို ကြိုက်နှစ်သက်ပါတယ်။ အရုပ်ဆက်ကစားနည်းမျိုး၊ အံစာတုံးဆက်ကစားနည်းမျိုး၊ ကိုယ်ကြိုက်နှစ်သက်တဲ့ ကားတွန်းကားထဲက ဇာတ်ကောင်ပုံစံ ကစားရတာမျိုးဟာ သူတို့အရွယ်နဲ့ အင်မတန်သင့်တော်ပါတယ်။
အသက် ၅နှစ်မှ ၆နှစ်
ဒီအရွယ်ကလေးတို့ဟာ အတုံးဆက်ကစားနည်းမျိုး၊ အဆင့်ဆင့်ပုံဖော်ပြီး အိမ်ဆောက်ရတဲ့ ကစားနည်းမျိုး၊ မိန်းကလေးဆိုရင် အရုပ်ကို အင်္ကျ ီ အဝတ်အစားနဲ့ အစအရာရာ ပြင်ဆင်ပေးရတဲ့ ကစားနည်းမျိုးနဲ့ သင့်တော်ပါတယ်။ ဆေးရောင်ခြယ်ဖို့ အရုပ် ၊ရေဆေးနဲ့ ရောင်စုံခဲတံတွေ ဝယ်ပေးခြင်းဟာလည်း ကလေးတို့ရဲ့ အနုပညာခံစားမှုနဲ့ ဉာဏ်ရည်ကို အထောက်အကူပြုပါတယ်။ ကာတွန်းစာအုပ်တွေ၊ ကလေးသီချင်းမျိုးစုံပါဝင်တဲ့ အခွေလေးတွေလည်းပြပေးလို့ရပါတယ်။
ကစားစရာပစ္စည်းတွေကလေးကို ပေးတဲ့အခါအဲ့ဒီ ပစ္စည်းဟာကလေးတွေအတွက် အန္တရာယ်ဖြစ်စေမယ့်ပစ္စည်း မဟုတ်အောင်တော့ ဂရုစိုက်ရပါမယ်။ အထက်ပါအတိုင်း ကိုယ့်ရဲ့သားသမီးကို အသက်အရွယ်အလိုက် ဝယ်ပေးလို့ရတဲ့ ကလေးကစားစရာများကို ဖော်ပြလိုက်ရပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင် (ဆေး-၁)
(အသက်အရွယ်အလိုက် ကလေးကစားစရာ Educational Toys များကို www.enfanto.com တွင်ဝယ်ယူရရှိနိုင်ပါသည်။)
ကေလးကစားစရာ အရုပ္ေလးမ်ား၏ေနာက္ကြယ္
မိဘေတြဟာ ကုိယ့္ရင္ေသြးငယ္ေလးမ်ားအတြက္ အရုပ္ကေလးေတြ၊ ေဘာလံုးေလးေတြစသျဖင့္ ကစားစရာမ်ိဳးစံု၀ယ္ေပးေလ့ရွိၾကပါတယ္။ ဒီေဆာင္းပါးမွာေတာ့ ကေလးရဲ႕အသက္အရြယ္နဲ႔ ကုိယ္စိတ္ဖြ႔ံၿဖိဳးမႈအေပၚလုိက္ၿပီး ဘယ္လုိကစားစရာေလးေတြ ၀ယ္ေပးသင့္လဲဆုိတာကုိ ေဖာ္ျပေပးသြားမွာပါ။
အသက္ ၆လ
ကေလးအသက္၆လမွာ သူ႔ရဲ႕အာရံုခံစားမႈကုိလံႈ့ေဆာ္ေပးႏုိင္တဲ့ ကစားစရာမ်ား၀ယ္ေပးသင့္ပါတယ္။ဥပမာ အသံထြက္တဲ့အရုပ္မ်ိဳး ၊ အေရာင္ေတာက္ပတဲ့အရုပ္မ်ိဳး၊ အထိအေတြ႕ႏူးညံ့ၿပီး ကုိင္တြယ္ရလြယ္တဲ့အရုပ္မ်ိဳး ၀ယ္ေပးလုိ႔ရပါတယ္။ ပလုပ္တုတ္လုိကုိင္တြယ္ရလြယ္ၿပီး အသံထြက္တဲ့အရုပ္မ်ိဳးနဲ႔ အရုပ္အေသးေလးေတြဟာ ဒီအသက္အရြယ္အတြက္ အသင့္ေတာ္ဆံုးျဖစ္ပါတယ္။
အသက္ ၆လမွ ၁ႏွစ္
ဒီအရြယ္မွာ ကေလးဟာ ထုိင္ႏုိင္၊သြားႏုိင္၊ ေမွာက္ႏုိင္လာပါၿပီ။ ဓာတ္ခဲနာရီေလးေတြ ကားေလးေတြ စသျဖင့္ သံစံုမည္တဲ့ အရုပ္ေလးေတြဟာ ဒီအရြယ္ကေလးေတြနဲ႔ သင့္ေတာ္ပါတယ္။ ကေလးဟာ အရုပ္ေတာင္းထဲကုိလည္း အရုပ္ေတြ ထည့္လုိက္ ထုတ္လုိက္လည္း လုပ္ႏုိင္ေနၿပီျဖစ္ပါတယ္။
အသက္ ၁ႏွစ္မွ ၃ႏွစ္
ကေလးဟာ အားအင္အျပည့္နဲ႔ ပတ္၀န္းက်င္ကုိ လည္း စူးစမ္းဖုိ႔ အျမဲ အဆင္သင့္ျဖစ္ေနပါတယ္။သူတုိ႔ဟာ ကုိယ္လက္လႈပ္ရွားရတဲ့ ကစားနည္းတုိင္းကုိေပ်ာ္ပါတယ္။ ျမင္သမွ်ကုိ သိခ်င္၊ ကုိင္တြယ္ခ်င္ၿပီး သင္ယူရတာကုိ သေဘာက်တတ္ပါတယ္။ ဒီအရြယ္ကေလးမ်ားအတြက္ေတာ့ သူတုိ႔ ထုိင္လို႔ စီးလုိ႔ရတဲ့အရုပ္၊ ဆုိင္ကယ္ေလးေတြဟာ သင့္ေတာ္ပါတယ္။ အဲ့လုိကစားစရာအရုပ္ေတြက ကေလးရဲ႕စြမ္းအားကုိ ထုတ္သံုးခြင့္ရေစၿပီး အေတြးအေခၚနဲ႔ ကုိယ္လက္သန္စြမ္းမႈကို ပိုဖြံ႕ၿဖိဳးေစပါတယ္။
အသက္ ၈ႏွစ္မွ ၅ႏွစ္
မူႀကိဳထားလုိ႔ရတဲ့အရြယ္ကေလးမ်ားျဖစ္ပါတယ္။ သူတို႕ဟာ စိတ္ကူးစိတ္သန္းကုိ အသံုးခ်ၿပီး စဥ္းစားေတြးေခၚရတဲ့ ကစားစရာမ်ိဳးကုိ ႀကိဳက္ႏွစ္သက္ပါတယ္။ အရုပ္ဆက္ကစားနည္းမ်ိဳး၊ အံစာတံုးဆက္ကစားနည္းမ်ိဳး၊ ကုိယ္ႀကိဳက္ႏွစ္သက္တဲ့ ကားတြန္းကားထဲက ဇာတ္ေကာင္ပံုစံ ကစားရတာမ်ိဳးဟာ သူတို႔အရြယ္နဲ့ အင္မတန္သင့္ေတာ္ပါတယ္။
အသက္ ၅ႏွစ္မွ ၆ႏွစ္
ဒီအရြယ္ကေလးတုိ႔ဟာ အတံုးဆက္ကစားနည္းမ်ိဳး၊ အဆင့္ဆင့္ပံုေဖာ္ၿပီး အိမ္ေဆာက္ရတဲ့ ကစားနည္းမ်ိဳး၊ မိန္းကေလးဆုိရင္ အရုပ္ကုိ အက်ၤ ီ အ၀တ္အစားနဲ႔ အစအရာရာ ျပင္ဆင္ေပးရတဲ့ ကစားနည္းမ်ိဳးနဲ႔ သင့္ေတာ္ပါတယ္။ ေဆးေရာင္ျခယ္ဖုိ႔ အရုပ္ ၊ေရေဆးနဲ႔ ေရာင္စံုခဲတံေတြ ၀ယ္ေပးျခင္းဟာလညး္ ကေလးတုိ႔ရဲ႕ အႏုပညာခံစားမႈနဲ႔ ဥာဏ္ရည္ကုိ အေထာက္အကူျပဳပါတယ္။ ကာတြန္းစာအုပ္ေတြ၊ ကေလးသီခ်င္းမ်ိဳးစံုပါ၀င္တဲ့ အေခြေလးေတြလည္းျပေပးလုိ႔ရပါတယ္။
ကစားစရာပစၥည္းေတြကေလးကုိ ေပးတဲ့အခါအဲ့ဒီ ပစၥည္းဟာကေလးေတြအတြက္ အႏၱရာယ္ျဖစ္ေစမယ့္ပစၥည္း မဟုတ္ေအာင္ေတာ့ ဂရုစုိက္ရပါမယ္။ အထက္ပါအတိုင္း ကုိယ့္ရဲ႕သားသမီးကုိ အသက္အရြယ္အလုိက္ ၀ယ္ေပးလုိ႔ရတဲ့ ကေလးကစားစရာမ်ားကုိ ေဖာ္ျပလုိက္ရပါတယ္။
အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။
ေမာင္ (ေဆး-၁)
(အသက္အရြယ္အလိုက္ ကေလးကစားစရာ Educational Toys မ်ားကို www.enfanto.com တြင္ဝယ္ယူရ႐ွိႏိုင္ပါသည္။)